Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
Microsoft က သုံးစွဲသူများ တိုက်ခိုက်မှုဘေးရန်မှ ကင်းဝေးစေရန်လည်းကောင်း အသုံးပြုမှု အဆင်ပြေစေရန်လည်းကောင်း ရည်ရွယ်၍အခြေခံ PDF Viewer ကိုထည့်သင့်သည်ဟု လုံခြုံရေးဆိုင်ရာသုတေသီများက ပြောဆိုလိုက်သည်။ Apple က Preview ကြည့်နိုင်ရန် ပြုလုပ်ပေးခဲ့သလို Microsoft ကလည်းပြုလုပ်ပေးသင့်ကြောင်း F-Secure ၏ မြောက်အမေရိကလုပ်ငန်းဌာနမှ လုံခြုံရေးဆိုင်ရာအကြံပေးဖြစ်သူ Sean Sullivan ကပြောသည်။ “Reader က JavaScript ကိုအထောက်အကူပေးသလို Lunch function အတွက်ပေးထားတဲ့ PDF သတ်မှတ်ချက်များက တိုက်ခိုက်သူကိုလမ်းဖွင့်ပေးနေတဲ့ ချို့ယွင်းချက်တွေဖြစ်နေခဲ့တယ်” ဟု လုံခြုံရေးသုတေသီများကဆိုသည်။ McAfee ၏အဆိုအရ PDF ၌ဖြစ်ပေါ်ခဲ့သော ချို့ယွင်းမှုများက ၂၀၀၉ ခုနှစ်အတွင်း ရှစ်ကြိမ်ထက်မနည်းရှိခဲ့ကြောင်း သိရသည်။ Sullivan က “F-Secure security blog ၌ Dear Microsoft ဟုခေါင်းစဉ်တပ်ပြီး သင့်ဖောက်သည်တွေဟာ PSD reader ကြောင့် ယခုအခါမှာ အမြတ်ထုတ်ခံရမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ မောပန်းနေပါပြီ” ဟု ပြောဆိုရေးသားထားခဲ့သည်။ “ဒီကိစ္စတွေကိုဖြေရှင်းဖို့ကတော့ Operating System ထဲမှာ ထည့်သွင်းတည်ဆောက်ပေးစရာ မလိုပါဘူး။ Office အတွက် Save As PDF add-in ကို ပြုလုပ်ပေးခဲ့သလို ရွေးချယ်ပြီး download ပြုလုပ်နိုင်အောင်သာ လုပ်ပေးဖို့လိုပါတယ်” ဟု Sullivan ကပြောဆိုခဲ့သည်။ Office ၌ PDF document တွေကို third-party ဆော့ဖ်ဝဲများ သို့မဟုတ် add-on များမရှိဘဲနှင့် မဖွင့်နိုင်ပါ။ Windows 7 နှင့် Windows Vista ၌လည်း PDF များကို preview ပြုလုပ်နိုင်ရန် feature မပါရှိပေ။ ၎င်းကိစ္စအတွက် Microsoft မှ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း သိရှိရသည်။


Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com