Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Go to page : Previous  1, 2

View previous topic View next topic Go down  Message [Page 2 of 2]

sHa92

sHa92
Founder



Founder
First topic message reminder :

အားလုံးစောင့်မျှော်နေကြတဲ့ (မျှော်လားမမျှော်လားတော့ မသိဘူး) MITR 2.0 ရဲ့ ပြောင်းလဲမှု Plan လေးကို တစ်ဆင့်ချင်းလုပ်သွားပါမယ်။

ကျွန်တော့်အနေနဲ့ ကြိုတင်မေတ္တာရပ်ခံချင်တာ တစ်ခုကတော့ အားလုံးရဲ့ ပူးပေါင်းပါ၀င်မှုကို လိုချင်ပါတယ်ခင်ဗျာ။

ပထမဆုံးအနေနဲ့ ကျွန်တော် ပြောင်းမယ့်ပုံစံအတွက် လိုအပ်မယ့်ဟာတွေကို Step by Step သွားကြပါမယ်။

Step 1

အရင်ကပြောခဲ့ဖူးသလို Forum ကို နှစ်ပိုင်းမခွဲတော့ပါဘူး။
ဒါပေမယ့် Category ကို အတတ်နိုင်ဆုံး နည်းနည်းဘဲထားပါမယ်။ (များလို့ရှိရင် Cover မဖြစ်လို့ပါ။ ရေးနိုင်တဲ့သူများလာမှ ထပ်ချဲ့ပေးမယ်လို့ စိတ်ကူးပါတယ်။)

အဲဒီ့လို Category ကို နည်းနည်းဘဲထားမယ်လို့ ကျွန်တော် စဉ်းစားမိတဲ့ အခါမှာ ပထမဆုံးတွေ့ရတဲ့ အခက်အခဲကတော့ စာဖတ်မယ့်သူက Post ရှာရတာပါ။
Post ကို ရှာတဲ့ အခါမှာ ကျွန်တော်တို့က Category ကို အစုံမခွဲပေးထားတော့ ရောနေလို့ ရှာရခက်ပါမယ်။
အဲဒီ့ အတွက် ဘယ်လို အဆင်ပြေအောင် လုပ်ရမလဲဆိုတာကို ကျွန်တော် ၃ရက်လောက် စမ်းသပ်ပြီးတော့ ၊ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး အဖြေကို စဉ်းစားမိတာလေးကတော့ Post Title (သို့) Post Description လေးတွေမှာ Post Tag လေးတွေ ထားပေးခြင်းပါဘဲ။

Post Tag ထားတာ ဘယ်လိုလဲဆိုတာကို သိချင်ရင် အောက်က CSS Category ကို ကြည့်ကြည့်ပါ။

Code:
http://www.myanmaritresource.info/cascading-style-sheet-f30/

အဲဒီ့ Category နဲ့ အချို့သော Category တွေမှာ ကျွန်တော် နည်းမျိုးစုံစမ်းပြီးတော့မှ ဒီ Post ကို တင်တာဖြစ်ပါတယ်။
အဲဒီ့ Category မှာ လုပ်ထားသလိုမျိုး Post Tag တွေကို လုပ်လိုက်ခြင်းအားဖြင့် Post ရှာမယ့်သူက အဲဒီ့ Tag လေးတွေကို ရှာလိုက်ရုံပါဘဲ။
အရမ်းကို လွယ်ကူလွန်းပါတယ်။

အဲဒီ့အတွက် ကျွန်တော်တို့မှာ ဘာအခက်အခဲရှိသွားပြန်သလဲဆိုတော့ အခု Forum ပေါ်မှာ Topic 2000 ကျော်ရှိပါတယ်။
Topic 2000 လုံးကို Post Tag လိုက်တပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီ့အတွက် ကျွန်တော်လိုအပ်နေတာ လူအင်အားဖြစ်ပါတယ်။ Member တွေကလည်း ကိုယ့် Post လေးတွေကို Tag လေးတွေ လိုက်တပ်ခြင်းဖြင့် ကူညီပေးနိုင်သလို ၊ Moderator & Admin တွေကလည်း အားရင်အားသလို တပ်ပေးသွားဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဘယ်လို Tag မျိုးတွေ တပ်ရမလဲဆိုတာကိုတော့ အောက်က Link မှာ ကျွန်တော် ခွဲပြပေးထားပါတယ်။
အကြမ်းသဘောဘဲရှိလို့ မပြည့်စုံသေးပါဘူး။ ထပ်ပြီးတော့လည်း အမြဲတမ်းစဉ်းစားမိတိုင်း ဖြည့်ပေးနေပါတယ်။
အစ်ကိုတို့ရဲ့ အကြံပေးချက်တွေကိုလည်း ကြိုဆိုနေပါတယ်ခင်ဗျာ။

Code:
http://www.myanmaritresource.info/Topic-Title-Tag-Rule-h15.htm

ဒီ အဆင့်ပြီးမှ ကျွန်တော်လည်း ရှေ့ဆက်တက်လို့ရမှာပါ။
Category ကို ဘယ်လိုပုံစံထားမယ် ၊ ဘယ်လောက် ခြုံ့နိုင်မယ်ဆိုတာ ဒီ အဆင့်ပေါ်မှာ မူတည်နေပါတယ်။
အဲဒီ့အတွက် အားလုံးရဲ့ လုပ်အားကို လိုချင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ထင်ပါတယ်။

ဘာမှမခက်ခဲပါဘူး ၊ တစ်ရက်ကို ၅ ပိုစ့်လောက်ဘဲ Edit လုပ်ပေးသွားရင်တောင်မှ Post 100 ရှိရင် ရက် ၂၀ ဆို ပြီးပြတ်ပါတယ်။ (Post 100 ရှိတဲ့ Member ကလည်း လက်ချိုးရေလို့ရတော့ ၊ အခြား Member တွေက ရက် အနည်းငယ်နဲ့ ပြီးပြတ်သွားမှာပါ)

အားလုံး ကူညီပေးကြပါခင်ဗျာ။ တတ်နိုင်သလောက်လေး လုပ်ပေးကြပါ။ Step 1 ပြီးရင် Member တွေ အလုပ် Mod တွေ အလုပ် ကုန်ပြီလို့ထင်ပါတယ်။
အဲဒါသာပြီးရင် ကျွန်တော့်ဘက်က ဆက်တိုက် ဖြည့်ပေးစရာဘဲကျန်ပါတော့တယ်။

နားမလည်တာ ၊ အကြံပေးချင်တာရှိရင် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း အကြံပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
$ƴǩǾ



Last edited by sHa92 on 26th August 2011, 10:50 pm; edited 3 times in total

http://www.myanmaritresource.info

sHa92


Founder



Founder
wtf where????????? which photo did u mean?

http://www.myanmaritresource.info

Fox

Fox
MITR Reader



MITR Reader
lynndragon ဒီပိုစ့်မှာတင်ပေးထားတဲ့ ပုံကိုပြောပါတယ်
တစ်ချက်လောက် ကလစ်နှိပ်ကြည့်ပါ့လား

sHa92

sHa92
Founder



Founder
အာ.... အဲဒါ Upload တင်တဲ့သူက အဲလို သတ်မှတ်ပေးလို့နေမှာပါ.. Smile


Sponsored content


View previous topic View next topic Back to top  Message [Page 2 of 2]

Go to page : Previous  1, 2

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com