Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Go to page : 1, 2  Next

View previous topic View next topic Go down  Message [Page 1 of 2]

mars

mars
Moderator



Moderator
တစ်ခုခုအတွက် အကြံပေးပို့စ်တွေကိုတင်လိုက်တိုင်း သေသေချာချာ ပြောဖြစ်ကြတာ လူကသိပ်မရှိဘူးဖြစ်နေတယ်... $ƴǩǾ ကပဲ ပင်တိုင်လိုဖြစ်နေတယ်နော်... အားလုံးရဲ့စကားသံတွေကို ပြန်ကြားချင်ပါတယ်ဗျာ... လူချင်းတွေ့ပြီး ဆွေးနွေးလို့မရတော့ အခုလိုပဲ ချက်ကျ လက်ကျ ပြောဆိုပေးကြပါလားဗျာ... ဘယ်အပိုင်းကတော့ဖြင့် မဖြစ်နိုင်ဘူးတို့... ဘာကြောင့် ဘယ်လို စသည်ဖြင့် တုံပြန်မှုတွေလိုချင်ပါတယ်... အခုဒါ နည်းပညာနဲ့ဆိုင်တဲ့ဆွေးနွေးမှုတစ်ခုမဟုတ်သေးပါဘူးဗျာ.... အားလုံးနဲ့ဆိုင်မယ်ထင်တာပဲ.... 

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ဟုတ်တယ်ဗျာ။
ကျွန်တော် တစ်ယောက်ထဲ ပင်တိုင်ဖြစ်နေတာတော့ မကောင်းဘူး

အားလုံးကို ပါဝင်ပြီးတော့ ဆွေးနွေးစေချင်ပါတယ်ဗျာ။

ဖိုရမ်ရှေ့ရေး ၊ ကိုယ့်ဖိုရမ်လို ပူပင်ပြီးတော့ ဆွေးနွေးပေါ့။



Last edited by SYKO on 19th April 2010, 9:19 am; edited 1 time in total

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
ကို mars ရဲ့တင်ပြတာလေးတွေကို ကျနော့အမြင်လေးတွေပြောပါ့မယ်

- ဖိုရမ်ကိစ္စရပ်တွေမှာ တတ်ကြွတဲ့ မန်ဘာ၊
ဘယ်နေရာမှတက်ကြွတဲ မန်ဘာကိုပြောတာလဲ မသိ
ကျနော်တွေ့ တာတော့ Oxygen Member နဲ့  Read only မန်ဘာ ဘဲတွေ့ တယ်
Oxygen Member က ခဏပဲ သွေးဆူပေးပြီး ပျောက်ပျောက်သွားလို့ 
Read only Member ကတော့ သိတဲ့အတိုင်း Read only ပဲ။


- ဖိုရမ်မှာတတ်လာတဲ့ error တွေကို အကုန်နီးပါးမဟုတ်တောင် ကူညီပေးနိုင်တဲ့ မန်ဘာ၊
ကျနော်တော့ သိပ်မတွေ့ ဘူး တော်တော်ရှားလို့ ..
“ရှိတော့ရှိတယ် ရှားတယ်”ပေါ့


- နည်းပညာနဲ့ဆိုင်တဲ့ ဆွေးနွေးချက်တွေမှာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးပေးနိုင်တဲ့ မန်ဘာ၊
ဒါကတော့ Admin တို့ သန်ရာသန်ရာလေးတွေ ဦးဆောင်ဆွေးနွေးပေးတာပဲတွေ့ တယ်


- ဆွေးနွေးချက်တွေကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်းမရှိပေမယ့် ၀င်ရောက်မေးမြန်းပြီး စကားဝိုင်းတွေကို မြိုင်ဆိုင်စေတဲ့မန်ဘာ၊
ဒါလဲ ရှားနေသေးတယ်

- ဖိုရမ်အတွက် အသစ်အသစ်သော software & ebook တွေ၊ သတင်းတွေကို တင်ပေးနိုင်တဲ့ မန်ဘာ၊
ကို H3@V3N နဲ့  ကို mars က ပင်တိုင်ပေါ့လေ


- TuT နဲ့ တွေကိုမှန်မှန်အသက်သွင်းပေးနိုင်တဲ့ မန်ဘာ၊
Tut ကတော့ $ƴǩǾ ကို့ ပဲ အားကိုးနေရတဲ့ ဘ၀ပါ


- ကဏ္ဍတိုင်းအလိုက် Feedback ပေးမယ့် မန်ဘာ၊ (followup လုပ်ပေးမယ့် မန်ဘာမျိုး)
ဒါလဲရှားတယ်ဗျာ

mars

mars
Moderator



Moderator
SYKO wrote:အခု Admin Team က သူတွေက Forum ရှေ့ရေးကို ၊ သိပ်မပူပင်ကြဘူး။ အဲဒါက ကိုယ့် Forum လို့ မသတ်မှတ်ထားကြဘဲ ၊ ငါတို့က လာကူနေတာဆိုတဲ့ စိတ်တွေရှိနေလို့ပါ။ ငါတို့ပိုင်တာမဟုတ်ဘူး ၊ ငါတို့ တတ်နိုင်သလောက်လာကူတာ။ အဲဒီ့တော့ မတတ်နိုင်တာ မကူဘူး ဆိုတဲ့ သဘောတွေပါနေလို့ပါ။

 Admin Team ရဲ့ Activity နည်းနေမှတော့ Forum Member Activity တက်လာအောင် လုပ်ဖို့ဆိုတာ အဝေးက အိပ်မက်တစ်ခုဘဲဗျ။ Sad
အဲဒါကတော့ တော်တော်မှန်တာပဲ $ƴǩǾ ... ဟုတ်တယ် အဲလိုမျိုးဖြစ်နေရင်တော့လည်း  မလွယ်ဘူးကွ... ငါလည်းတူတူပါပဲ....   Sad Sad Sad Sad ပြုပြင်ရဦးမယ်... 

http://sidnaing.co.cc/

bluehack

bluehack
Moderator



Moderator
ကိုမား(စ်)ဆွေးနွေးထားတာတွေကိုကျွန်တော် သေသေချာချာဖတ်ရအောင်လို့ Print ထုတ်လိုက်ပါတယ်။
ပြန်လည်ဆွေးနွေးပေးပါ့မယ်။ ကျွန်တော်ကိုယ်တိုင်လဲ တက်ကြွမှုအားနည်းနေတာဖြစ်ပါတယ်။
အဲဒိအတွက်လည်း ဒီနေရာကနေ Admin Team ကိုတစ်ခါတည်းတောင်းပန်ပါတယ်။ အခုလောလောဆယ်ကျွန်တော်နေပြည်တော်ကိုရောက်နေပါတယ်။ သိပ်မကြာခင်ရန်ကုန်ကိုပြန်လာအုံး
မှာပါ။ [You must be registered and logged in to see this image.]

shinthant

shinthant
Moderator



Moderator
ကိုမားရေးထားတာတွေက တကယ်ကောင်းပါတယ် ဖိုရမ်အကျိုးကိုသေချာရေးထားတယ်

ကျနော်လည်းသေချာစဉ်းစားပြီးစာပြန်ပါမယ် ကျနော်က နည်းပညာနဲ့ ပတ်သက်လို့

သေချာဘာမှမသိတော့ ၀င်မရေးဖြစ်တာပါ နောက်ပြီးကိုယ်အလုပ်နဲ့ကိုယ်ရှုပ်နေတော့

သေချာလည်းမလုပ်ဖြစ်တာ တောင်းပန်တယ် ကျနော်တို့တွေ လူညီမှဖြစ်မယ်

ခုလို့တနစ်တောင်ပြည့်ပြီးတဲ့ အထိကြိုးစားခဲ့ကြပြီးမှ အားလုံးသေချာလုပ်ကြရအောင်ဗျာ

နောက်ပြီး မန်ဘာတွေထဲ့က နည်းပညာအကြောင်းကို သေချာတင်ပေးနိုင်မယ်

မန်ဘာ ငါးယောက်လောက်ရှိရင်ကို ဖိုရမ်က အသက်ဝင်ပါတယ်

နောက်တခုက ကျနော် ကိုဆိုက်ကိုေ၇ာ အားလုံးသော အက်မင်အဖွဲက သူတွေအားလုံးကို

တောင်းပန်ပါတယ် ကျနော်ကမော့စ်တယောက်ဖြစ်ပေမယ် မော့စ်တာဝန်မကျေသလို့ဖြစ်တာ

အားနားတယ် အားလုံးကိုလည်းတောင်းပန်တယ် ဖြစ်နိုင်ရင် မန်ဘာတယောက်အနေနဲ့

ဘေးကနေလိုတာကို ကူညီပေးရင်ကောင်းမလား မသိဘူးနော် အဲ့လို့ဘဲ အဆင်ပြေရင်လုပ်လိုက်ပါ

အားလုံးကိုအားနားလို့ နောက်တခုက တနှစ်ပြည့်ကိုတက်ခဲ့တဲ့ သူတွေရဲ့လစ်ကိုလိုချင်ပါတယ်

မြန်မာလို့ နည်းပညာစာအုပ်တွေ ကိုပေးချင်လို့ပါ ကိုဆိုက်ကိုဘဲ့ ဖိုရမ်မှာ ကြော်ငြာပေးလိုက်ပါ

ကိုမားရေးထားတာတွေကိုလည်း သေချာပြန်ဖြေပါမယ်

အားလုံးကို အရမ်းအားနားစွာဖြင့်
ရှင်းသန့်

mars

mars
Moderator



Moderator
ဒါက အားနာစရာမလိုပါဘူးဗျာ... စိတ်ထဲမှာဖိုရမ်နဲ့ပတ်သတ်တာလေးကို နည်းနည်းလောက်ထည့်ထားပေးပြီး ကူညီနိုင်ရင်ကိုဖြစ်မယ်ထင်တာပါပဲ... $ƴǩǾ ကတော့ ဘာတွေပြောလာမလဲမသိသေးဘူး... သူ့ဆီက ပြန်စာကိုလည်းမျှော်နေတယ်... အားလုံးဆီက တောင်းပန်တယ်.. အားနာတယ်... ဆိုတာမျိုးထက် ကျနော်လိုချင်မိတာက ငါကတော့ဖြင့် ဘယ်အပိုင်းတွေကိုရတယ် ငါကူမယ် .. ဘယ်လိုအချိန်မျိုးတွေ ဘယ်လိုရက်မျိုးတွေမှာ အတတ်နိုင်ဆုံးဖိုရမ်မှာ ငါရှိနေပြီး ဖိုရမ်အတွက်လုပ်ပေးမယ်ဆိုတာမျိုးတွေကို တာဝန်ယူပေးမယ့် စကားမျိုးလေးတွေ ကြားချင်မိတာပါ... ဒါမှလည်း ကျနော် စိတ်ကူးမိတဲ့ ဖိုရမ်တစ်ခုဖြစ်လာမယ်ထင်တာပဲ.... 

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
mars wrote:ဘယ်လိုဖိုရမ်မျိုးလဲ ???

အဲဒါက အဓိကအရေးကြီးပါတယ်… ကိုယ့်ဖိုရမ်က ဘယ်လိုဖိုရမ်လဲဆိုတာကို အရင်ဆုံးသုံးသပ်ရပါတယ်… ဟုတ်ပြီ..
ကျနော်တို့ဖိုရမ်ကိုသုံးသပ်ကြည့်ရအောင်… ကျနော်တို့ဖို၇မ်က နည်းပညာသီးသန့်ဖို၇မ်ပါ… အဲဒိထဲကမှ ဘယ်လိုင်းကိုအဓိကအသားပေးရပ်တည်မလဲ ဆိုတာကိုပါ အဆစ်အနေနဲ့ထည့်စဉ်းစားရမယ်…
အဲလိုမှမဟုတ်ရင် ဟိုမရောက်ဒီမရောက်ဖြစ်သွားမှာစိုးတယ်… ဘာလို့လဲဆိုတော့ ကဏ္ဍတိုင်းအတွက် ပင်တိုင်အမာခံလူရှိတယ်ဆိုရင်တော့တစ်မျိုးပေါ့…
အဲဒိတော့ ဘယ်အပိုင်းကို အဓိကထားပြီးလုပ်တဲ့ဖိုရမ်လဲဆိုတာကို ဦးတည်ပြီး အဲဒိ Target ကို အဓိကထားပြီး ကျန်တာတွေကိုလည်း နိုင်သလောက် အရံလေးလုပ်သွားရင်
ကိုယ်အဓိကထားတဲ့ အပိုင်းနဲ့ တိုက်ဆိုင်တဲ့သူတွေက ဒီဖိုရမ်ကို လာပေါင်းရင်းနဲ့ ကြာရင် အင်အားကြီးလာမယ်ထင်ပါတယ်…
အဲဒိအတွက် ကဏ္ဍတိုင်းကတော့ အခုလောလောဆယ်မဖြစ်နိုင်သေးတော့ တစ်ခုခုကို ဇောင်းပေးပြီးလုပ်သင့်တယ်ထင်ပါတယ်….
နို့မို့ရင် ဖိုရမ်တွေ၊ ဆိုက်တွေ များလာတဲ့ဒီခေတ်ရေဆင်းကြောင်းမှာ အုတ်ရောရော ကျောက်ရောရောဖြစ်သွားမယ်လို့ထင်တယ်…

ဘယ်လို Forum မျိုးလဲ ဆိုတော့ နည်းပညာဖိုရမ်။
နည်းပညာဖိုရမ်ထဲမှာမှ ဘယ်လိုဖိုရမ်မျိုးလဲ။ နည်းပညာအားလုံးကို တစ်စုတစ်စည်းထဲ စုစည်းပေးမယ့် ဖိုရမ်။ လောလောဆယ်တော့ ဘာမှမစုစည်းပေးနိုင်သေးလို့ ၊ ပထမအဆင့်အနေနဲ့ Topic Focus စလုပ်ပြီး ၊ ထိရောက်အောင် လုပ်နေပါတယ်။

ကဏ္ဍတော်တော်များများအတွက် ပင်တိုင် အမာခံတွေက ရှိကြပါတယ်။ {C++ (ကို လောရှည်) ၊ *nix & networking & security (ကို xtrm) ၊ Webdev .... သူ့ဟာနဲ့သူ လူတွေ အဆင်သင့်ရှိတယ်ဆိုတာ လေ့လာမိကြမှာပါ။ }
ဒါပေမယ့် မေးမယ့်လူ မရှိကြတာရယ် ၊ ရေးပေးမယ်ဆိုရင်လည်း စာသေချာဖတ်ပြီး ၊ ပြန်မေးမယ့်သူ ၊ ပြန်ဆွေးနွေးမယ့်သူ မရှိကြလို့ဖြစ်ပါတယ်။ ပြီးတော့ သူတို့မှာလည်း Beginner တွေကို အစအဆုံးရေးပေးနိုင်တဲ့ အချိန်မရှိပါဘူး။ သူတို့က လမ်းဘဲညွှန်နိုင်မှာပါ။ အားဘဲပေးနိုင်မှာက။ အခက်အခဲရှိရင် ကူညီပြီးဘဲ ဖြေရှင်းနိုင်မှာပါ။ အစအဆုံး Tutorial လုပ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဘာလို့လဲဆိုတော့ “ပညာမျှဝေချင်တဲ့ Professional တစ်ယောက်က ၊ နောက် လူငယ်တွေကို ကူညီချင်ပါတယ် ၊ အားပေးချင်ကြပါတယ် ၊ မျှဝေချင်ပါတယ် ၊ ဒါပေမယ့် ထိန်းကျောင်းရတဲ့ အလုပ်ကို သူတို့မလုပ်ချင်ကြပါဘူး။ သူတို့မှာလည်း အဲလောက်ထိ လုံလောက်တဲ့ အချိန်မရှိကြလိုံ့ဘဲဖြစ်ပါတယ်။ အဲဒီ့အတွက် လူငယ်တွေက စတင် လမ်းလျှောက်နေရပါမယ်။ လမ်းလျှောက်ရင်းက အခက်အခဲရှိနေမှ Pro တွေကို မေးမြန်းမယ်ဆိုရင် ၊ Pro တွေက ၀မ်းပန်းသသာ ကြိုဆို ၊ ကူညီကြပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘဲ ထိုင်ရာမထ ၊ ဘာမှတောင် မသိသေးဘဲ ၊ Hack ချင်လို့ပါ ဆိုတာမျိုး ၊ မေးနေတာမျိုးကတော့ ၊ ဘယ်သူမှဖြေချင်မှာ မဟုတ်ပါဘူး။”

ကဏ္ဍတစ်ခုစီအတွက်သာ အပြန်အလှန်ဆွေးနွေးမယ့်သူ ၂ ယောက်ဘဲရှိဦး။ ကျနော်တို့ ဖို၇မ်လုံးဝ အသက်ပြန်ဝင်လာပါလိမ့်မယ်။
Forum တွေ ပေါများလာတဲ့ ရေစီးကြောင်းကြီးထဲမှာ အုပ်ရောရော ၊ ကျောက်ရောရော ၊ မဖြစ်ရအောင်ကတော့ ကျွန်တော် တို့ အတူတကွ ကြိုးစားကြရပါလိမ့်မယ်။
အဓိကကတော့ မေးခွန်းမေးမယ့်သူကလည်း Quality ရှိတဲ့ မေးခွန်းမျိုးကို မေးမယ် ဆိုရင် ၊ ပြန်ဖြေမယ့် Professional တွေလည်းတွေ့လာနိုင်ပြီး ၊ အကောင်းဆုံး အဖြေတွေကို ရလာပါလိမ့်မယ်။

mars wrote:နည်းပညာသီးသန့်ဖိုရမ်မှာ ဘာတွေရှိသင့်သလဲ ???

အဲဒါကလည်း ကျနော်တို့စဉ်းစားရမယ်လေ… သေချာစဉ်းစားသုံးသပ်ရမယ်… အဲလိုရှိရမယ့် အမျိုးအစားတွေကို ကျနော်သိသလောက် လေးပြောကြည့်မယ်… လိုတာကိုဖြည့်စွက်ပေးကြပါဗျာ…

- နည်းပညာဆိုင်ရာလေ့လာစရာတွေ သူ့ကဏ္ဍအလိုက်ရှိနေရမယ်…
- TuT နဲ့ ဆောင်းပါးတွေလည်း ပုံမှန်ရှိနေသင့်တယ်…
- ကဏ္ဍအလိုက် ဆွေးနွေးချက်တွေ အသေးစိတ်ဆန်စွာနဲ့ အသက်ဝင်နေရမယ်…
- Software နဲ့ Ebook တွေလည်း စုံလင်ရမယ်…
- အကူညီပေးမှုမြန်ဆန်ရမယ်…

လေ့လာစရာတွေ သူ့ကဏ္ဍနဲ့သူ ပြည့်စုံနေရမယ်ဆိုတာကတော့ အခုစပြီး ဖြည်းဖြည်းချင်းလုပ်နေပြီ။ (Common Problems တွေကို နည်းသည်ထက်နည်းအောင် လုပ်သွားမယ်။)

ပြီးတော့ မနေ့ညက ကျနော် တွေးမိတာလေးတစ်ခုက အခု နောက်ပြောင်းမယ့် Forum Style အသစ် ၊ System အသစ်မှာ HELP ZONE ကို လုံးဝမထည့်ဘူး။
တကယ့် Professional နည်းပညာတွေ ဆွေးနွေးနိုင်အောင်ဘဲ Category ကို ခွဲထားမယ်။
အဆင့်အတန်းရှိတဲ့ တကယ်ကောင်းတဲ့ မေးခွန်းတွေ ၊ ဆွေးနွေးချက်တွေဘဲ ရှိလာအောင်လုပ်သွားမယ်လို့စဉ်းစားတယ်။

Normal User (Internet User) တွေအတွက်ကတော့ Child Forum တစ်ခုထားမယ်။ အဲဒီ့မှာမှ သူတို့အတွက် သီးသန့်ထားပေးမယ်။
အဲဒါဆိုရင် တကယ့် Forum ကြီးမှာ Common PC Problem လေးတွေနဲ့ ပြည့်မနေတော့ဘူးလို့ စဉ်းစားမိပါတယ်။

ဘယ်လို မြင်လဲဆိုတာကိုတော့ ဆက်ပြီး တိုင်ပင်ကြတာပေါ့
mars wrote:ဘယ်လို member မျိုးတွေရှိသင့်သလဲ ???

အဲဒါကတော့ရှိချင်သလိုတွေ ရှိနေမှာပဲလေ… အဲ.. ဒါပေမယ့် ဒီဖိုရမ်မှာရှိနေတဲ့ မန်ဘာတွေကလည်း သူတို့လုပ်နိုင်တဲ့အတိုင်းအတာ တစ်ခုထိပါလာမယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ… အဲဒိတော့ နည်းပညာဖိုရမ်တစ်ခုမှာ ဘယ်လိုမန်ဘာမျိုးတွေရှိနေသင့်သလဲဆိုတာကို
ကျနော်စဉ်းစားမိသလောက်လေးပဲ ချရေးကြည့်မယ်…

- ဖိုရမ်ကိစ္စရပ်တွေမှာ တတ်ကြွတဲ့ မန်ဘာ၊
- ဖိုရမ်မှာတတ်လာတဲ့ error တွေကို အကုန်နီးပါးမဟုတ်တောင် ကူညီပေးနိုင်တဲ့ မန်ဘာ၊
- နည်းပညာနဲ့ဆိုင်တဲ့ ဆွေးနွေးချက်တွေမှာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးပေးနိုင်တဲ့ မန်ဘာ၊
- ဆွေးနွေးချက်တွေကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်းမရှိပေမယ့် ၀င်ရောက်မေးမြန်းပြီး စကားဝိုင်းတွေကို မြိုင်ဆိုင်စေတဲ့မန်ဘာ၊
- ဖိုရမ်အတွက် အသစ်အသစ်သော software & ebook တွေ၊ သတင်းတွေကို တင်ပေးနိုင်တဲ့ မန်ဘာ၊
- TuT နဲ့ တွေကိုမှန်မှန်အသက်သွင်းပေးနိုင်တဲ့ မန်ဘာ၊
- ကဏ္ဍတိုင်းအလိုက် Feedback ပေးမယ့် မန်ဘာ၊ (followup လုပ်ပေးမယ့် မန်ဘာမျိုး)

တကယ်တော့ Member ဆိုတာ Forum တစ်ခုရဲ့ အသက်ပါ။
ကျနော် အပေါ်မှာ ပြောသလိုဘဲ System အသစ်နဲ့ Forum ကို ၂ ခြမ်းခွဲပေးလိုက်မယ် ဆိုရင်တော့ လူတန်းစား ၂ မျိုး ၊ သူ့အလိုလို ကွဲသွားပါလိမ့်မယ်။
Professional ဖြစ်ချင်တဲ့ ၊ ဖြစ်အောင်လုပ်နေတဲ့ ၊ ဖြစ်ပြီးတဲ့ သူတွေက သပ်သပ် ။ Normal User (Internet ဘဲ သုံးပြီးတော့ Professional မလုပ်မယ့် User) ဆိုပြီးတော့ပေါ့
အဲဒီ့ ၂ မျိုးကမှ ထပ်ကွဲရမှာက အစ်ကို ပြောခဲ့တဲ့ Member အမျိုးအစားတွေဖြစ်ပါတယ်။

mars wrote:အားလုံးဆီက တောင်းပန်တယ်.. အားနာတယ်... ဆိုတာမျိုးထက် ကျနော်လိုချင်မိတာက ငါကတော့ဖြင့် ဘယ်အပိုင်းတွေကိုရတယ် ငါကူမယ် .. ဘယ်လိုအချိန်မျိုးတွေ ဘယ်လိုရက်မျိုးတွေမှာ အတတ်နိုင်ဆုံးဖိုရမ်မှာ ငါရှိနေပြီး ဖိုရမ်အတွက်လုပ်ပေးမယ်ဆိုတာမျိုးတွေကို တာဝန်ယူပေးမယ့် စကားမျိုးလေးတွေ ကြားချင်မိတာပါ... ဒါမှလည်း ကျနော် စိတ်ကူးမိတဲ့ ဖိုရမ်တစ်ခုဖြစ်လာမယ်ထင်တာပဲ.... 

ဟုတ်ပါတယ်ဗျာ။ ကျနော်လည်း အမြဲတမ်းပြောတဲ့ စကားဖြစ်ပါတယ်။
အခုကတော့ တစ်ခုခုမပြောလိုက်နဲ့ ၊ ပြောလိုက်တာနဲ့ တောင်းပန်တယ် ၊ အားနာတယ် ၊ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ အကြောင်းအမျိုးမျိုးထွက်လာကြတယ်ဗျ။

အဓိကကတော့ အပေါ်က ကျွန်တော်ပြောခဲ့သလိုဘဲ ၊ မေးခွန်းတွေကို မေးပါ၊ မေးရင်လည်း တန်ဖိုးရှိမယ့် စကားမျိုး ၊ မေးခွန်းမျိုးကိုဘဲမေးကြပါ။
ပြန်ဖြေမယ့်သူတွေက အဆင်သင့်ရှိပြီးသားဖြစ်ပါတယ်။ မေးဖို့နဲ့ သူတို့ရေးထားတာတွေ မျှဝေထားတာတွေကို ပြန်ဆွေးနွေးကြဖို့ဖြစ်ပါတယ်။



Last edited by SYKO on 19th April 2010, 12:21 pm; edited 1 time in total

http://www.myanmaritresource.info

လင်းထက်

လင်းထက်
MITR Reader



MITR Reader
စွမ်းထက် .....
ဖိုရမ်ကို နှစ်ပိုင်းခွဲထုတ်လိုက်တာကို အကိုကြိုဆိုတယ်...ဖြစ်သင့်တယ်....ဟုတ်တယ် pro ကျကျဆွေးနွေးမှုတွေထဲ မှာ တစ်ခါတစ်လေ ကလေးကလား ဆန်ဆန် ဖြေတာတွေ ကို ကိုယ်လဲ လက်မ
ခံဘူး....။ နောက်ပြီး အကို့ ညီတော်နောင်တော်တွေ ဖိုရမ်ကို ပြင်ဆင်နေချိန် အတွင်းမှာ ဖိုရမ်ကနေ
( ၃ ) လ ဝန်းကျင် ထွက်ခွာနေမယ်.....။ ဖိုရမ်ထဲ ကမှမဟုတ်ဘူး..online ပေါ်ကို မတက်မှာ။ အဲ့ အချိန်အ
တွင်း အကိုလဲ ကိုယ့်ကိုကိုယ် ပြင်ဆင်စရာရှိတာပြင်ဆင်မယ်....။ ပြီးရင် ဖိုရမ်အသစ်မှာ ဘယ်အပိုင်းကို
ဖြင့်တတ်နိုင်တယ် တာဝန်ယူတယ်ဆိုတာမျိုး..ပြောနိုင်အောင်လုပ်မယ်။ အခုဟာက အကိုလဲ ရောကျော်ဖြစ်နေတယ်။
ဒါကြောင့် အချိန်ယူပြင်ဆင်ပြီး တော့ အကုန်လုပ်ကြမယ်။ အခုကတော့ လုပ်ချင်စိတ်ရှိတယ်..ဒါပေမယ့်
လုပ်နိုင်တဲ့အနေအထားနဲ့၊ လုပ်နိုင်တဲ့အရည်အချင်းမရှိသေးဘူး.....
ယောင်ယောင် လဲမလုပ်ချင်ဘူး...
ဒါကြောင့်ဒီနေရာကနေပဲ မန်ဘာအားလုံးကို ခဏတာနှုတ်ဆက်ခဲ့ပါတယ်....။

ကိုမားစ်........
ကဏ္ဍတိုင်းအလိုက် Feedback ပေးမယ့် မန်ဘာ၊ (followup လုပ်ပေးမယ့် မန်ဘာမျိုး)
အဲ့လိုဖြစ်အောင်ကျွန်တော် ကြိုးစားကြည့်ခဲ့ပါတယ်.....။ဒါပေမယ့် mod တစ်ချို့ က တစ်ကြောင်းပိုစ့်
မတင်ဖို့ မင်နီနဲ့ သတိပေးခဲ့လို့ နောက်ပိုင်း ကျွန်တော်feedback ပြန်ပေးဖို့တောင် တော်တော် စဉ်း
စားရတဲ့ အနေအထားရောက်သွားတယ်...။ဒါကြော့င် ဖိုရမ် အသစ်မှာ ဒါမျိုးလေးတွေကိုလဲ ပြင်ဆင်ပေးနိုင်အောင် ကြိုးစားကြပါနော်..။



Last edited by လင်းထက် on 19th April 2010, 11:51 am; edited 1 time in total

solakoko

solakoko
Moderator



Moderator
Pros တွေလဲ ခလေးကလားဘ၀ကိုဖြတ်ကျော်ခဲ့ကြတာပါပဲ
ဘယ်သူမှ မွေးကတည်းက Pros အရည်အချင်းတွေနဲ့ မွေးခဲ့တာမဟုတ်ပါဘူး
ဘ၀မမေ့ကြပါနဲ့ လို့ ပြောချင်ပါတယ်

Member တွေ Active မဖြစ်တာကိုလက်ခံတယ်
ဒါပေမဲ့ သူတို့ အားသန်ရာ အပိုင်းလောက်ပဲ Active ဖြစ်ပေမပေါ့
ဥာဏ်မီသလောက် ပဲ ၀င်ဆွေးနွေးလို့ ရပေမပေါ့

Active ဘာကြောင့်မဖြစ်ရသလဲဆိုတာ ကိုယ်တိုင် ကြုံတွေ့ မှ ကိုယ်ချင်းစာကြပေတော့
ခုတော့ ကိုယ်ချင်းစာမှုတွေ နားလည်မှုတွေ ချောင်ထဲသာ ထိုးထားလိုက်ပါ
ကိုယ်ဦးနေတုန်း ပြောချင်သလိုပြောထားကြပါ။
Sad

Forum (၂) ပိုင်းခွဲတဲ့နေ့  ပြောပါ
ခွဲတဲ့နေ့ ကစပြီး ဘယ်အပိုင်းမှ ကျနော်မလာတော့ပါဘူး
အကြောင်းအမျိုးမျိုးကြောင့် နည်းပညာပိုင်းမှာချို့ ယွင်းနေကြတာကို တတ်နိုင်သလောက်တွဲခေါ်မယ်မရှိပဲနဲ့ 
ခွဲခြားခွဲခြား လုပ်မဲ့အဖြစ်မျိုး ကျနော်မနှစ်မြို့ ပါဘူး
ခွဲခြားတဲ့ နေ့  ကျနော် တရားဝင် အသင်းဝင်အဖြစ်မှ နုတ်ထွက်ပါမည်။
အားလုံးကို
ကျေးဇူးတင်ပါ၏။

zawmin

avatar
MITR Reader



MITR Reader
ဟဟ ဘာတွေဖြစ်နေကြတာလဲဗျာ....
သေသေချာချာ ဆွေးနွေးသင့်တယ်ဗျာ..
meeting ခေါ်လိုက်ရင်ပိုကောင်းမယ်လို့ အကြုံပြုတယ်ဗျာ.. Sad

shinthant

shinthant
Moderator



Moderator
ကိုဆိုလာရေ ဘယ်လိုဖြစ်လို့လည်း စိတ်လျော့ပါအုံး

Pros တွေလဲ ခလေးကလားဘ၀ကိုဖြတ်ကျော်ခဲ့ကြတာပါပဲ
ဘယ်သူမှ မွေးကတည်းက Pros အရည်အချင်းတွေနဲ့ မွေးခဲ့တာမဟုတ်ပါဘူး
ဘ၀မမေ့ကြပါနဲ့ လို့ ပြောချင်ပါတယ်
အဲဒါတော့အမှန်ဘဲ

ဟုတ်ပါတယ်ဗျာ။ ကျနော်လည်း အမြဲတမ်းပြောတဲ့ စကားဖြစ်ပါတယ်။
အခုကတော့
တစ်ခုခုမပြောလိုက်နဲ့ ၊ ပြောလိုက်တာနဲ့ တောင်းပန်တယ် ၊ အားနာတယ် ၊
ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ အကြောင်းအမျိုးမျိုးထွက်လာကြတယ်ဗျ

ကျနော်က ကျနော်မလုပ်ပေးနိုင်တာကို ရိုးရိုးသားသား အားနားမှုနဲ့ပြောတာပါ

လုံးဝအကြောင်းပြတာမဟုတ်ဘူး အကြောင်းပြတယ်လို့ထင်နေရင်တော့ စိတ်မကောင်းစရာဘဲ့

ကျေးဇူးတင်ပါတယ်

mars

mars
Moderator



Moderator
ဒီလိုအမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောလာတော့ လုပ်ရတာပိုပြီး အဆင်ပြေပါတယ်... $ƴǩǾ ပြောပြထားတဲ့ ဖိုရမ်ကို နှစ်ပိုင်းခွဲမယ်ကိစ္စကို ကျနော်လည်း ဘယ်လိုပုံစံမျိုးနဲ့ Feedback လာမလဲဆိုတာကို နားထောင်နေတုန်းပါ... ကိုယ်တိုင်လည်း ပြန်ပြောဖို့အတွက်စဉ်းစားနေတုန်းပါ... ကျန်တဲ့သူတွေလည်း အခုလိုမျိုး ကိုယ့်အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာမယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်... ကိုဆိုလာပြောသွားသလို အကြောင်းပြချက်လေးနဲ့ ဘယ်အပိုင်းတော့ဖြင့် မကြိုက်ဘူးဆိုပြီးတော့ပေါ့... အကြောင်းပြချက်တွေမပေးပဲနဲ့ ကြိုက်တယ် မကြိုက်ဘူးဆိုပြီးလုပ်ရင် ပြုပြင်မယ့်သူတွေအတွက် စဉ်းစားရနည်းနည်းအခက်တွေ့စေလို့ပါ... ဘယ်ကိစ္စမဆို အကောင်းနဲ့အဆိုးနှစ်ပိုင်းခွဲပြီးရှိနေမှာပါ... အားနည်းချက် အားသာချက်တွေနဲ့ယှဉ်ပြီး ကျနော်စဉ်းစားကြည့်ဦးမယ်... $ƴǩǾ လည်းပြန်ပြီးသုံးသပ်ထားကြည့်ပါဦး...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ကျနော် ဖြေတာ လိုသွားလို့ထင်တယ်။
နားလည်မှုလွဲကုန်ကျပီ။

၂ ပိုင်းခွဲတာ အဲလိုကြီး ၊ လုံးလုံး ကွဲသွားတာကို ပြောတာဟုတ်ဘူးလေရယ်။

Recent Topic တွေမှာလည်း Pro Recent , Beginner Recent ရယ်လို့ရှိမယ်ဂျ

ပြီးတော့ ခွဲမယ်ဆိုတာ Pro နဲ့ Beginner ခွဲမှာမဟုတ်ဘူးလေ။
လက်တွဲခေါ်တဲ့အခါမှာ တကယ်ထိမိစေဖို့ အတွက် Normal User (Internet User) & Career User (တကယ်ဒီ လမ်းကြောင်းကို လိုက်စားနေတဲ့ User) ဆိုပြီး ခွဲမှာပါ

ဟိုလိုကြီး ၊ လူတန်းစားခွဲခြားတာမှ မဟုတ်တာရယ်။

Forum က တစ်ခုထဲ။ နေရာခွဲထားမှာပြောတာပါ။
Child forum ခွဲသလိုပေါ့ ၊ တစ်ခုအောက် တစ်ခုရှိနေမှာပါ။
လာချင်တဲ့နေရာ ၊ လာချင်သလိုလာလို့ရပါတယ်။

ဟူးးးး ၊ နားလည်မှုတွေလွဲပြီ။

“ဒီပေါ်မှာပြောနေလို့ကတော့ ပြီးမှာကို မဟုတ်တော့ဘူး”

မကြာခင် NATO ဖြစ်တော့မယ်။

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
shinthant wrote:
ဟုတ်ပါတယ်ဗျာ။ ကျနော်လည်း အမြဲတမ်းပြောတဲ့ စကားဖြစ်ပါတယ်။
အခုကတော့
တစ်ခုခုမပြောလိုက်နဲ့ ၊ ပြောလိုက်တာနဲ့ တောင်းပန်တယ် ၊ အားနာတယ် ၊
ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ အကြောင်းအမျိုးမျိုးထွက်လာကြတယ်ဗျ

ကျနော်က ကျနော်မလုပ်ပေးနိုင်တာကို ရိုးရိုးသားသား အားနားမှုနဲ့ပြောတာပါ
လုံးဝအကြောင်းပြတာမဟုတ်ဘူး အကြောင်းပြတယ်လို့ထင်နေရင်တော့ စိတ်မကောင်းစရာဘဲ့
ကျေးဇူးတင်ပါတယ်

အင်း။ နားလည်မှုလွဲပြန်ပြီ
ကျနော် ပြောချင်တာက ၊ အကြောင်းပြတာကို အပြစ်မတင်ဘူး။ အကြောင်းပြနေတယ်လို့လည်း မထင်ပါဘူး။ အားလည်း မနာနဲ့။
ဖြစ်စေချင်တာက အကောင်းဆုံးလေး အကြံပြုစေချင်တာ။

ဒီလိုမျိုး စကားများနေမယ့်အစား ၊ ဘာကြိုက်တယ် ၊ ဘာမကြိုက်ဘူး။ အကြံပြုကြပေါ့။

http://www.myanmaritresource.info

xtrm

xtrm
VIP Member



VIP Member
Member တွေဘက်က ကျနော်ကတော့ forum ကြီးအတွက် ဒါတွေ လုပ်ပေးပါမယ်လို့ commitment ပေးမယ့်လူ ရှိမှာမဟုတ်ဖူး။ Forum ဘက်ကလည်း ဒါတွေပဲမေးပါလို့လည်း ပြောလို့မရဘူး။ တခါတလေ အဖြေတွေမှာ အမှားတွေရှိရင်ရှိမယ်။ ဒါပေမယ့် ဒီလိုပဲ ထားလိုက်ရတယ်။ မှားနေတယ်လို့ ဝင်ပြောရင် ထပ်ဝင်မပြောတော့မှာမျိုးဖြစ်မှာ မလိုလားဘူး။ ဆွေးနွေးဖို့ encourage လုပ်ပေးရမှာပဲ။ ဒါပေမယ့် မေးတယ့်သူရော ဖြေတယ့်သူရောဘက်က စိတ်ရင်းမှန်ဖို့လည်း လိုမယ်ထင်တယ်။ ဆွေးနွေးမှုဖြစ်ဖို့ ၊ ခနဲ့တယ့် ရိတယ့်စကားဝိုင်းမဖြစ်ဖို့ကတော့ forum က ဘာမှလုပ်ပေးလို့ မရဘူး။ Member တွေရဲ့ maturity ပေါ်မှာပဲ မူတည်တယ်။

နှစ်ပိုင်းခွဲဖို့ကိုတော့ ကျနော်မထောက်ခံဘူး။ အခုတောင် လူသိပ်မရှိတာ။ မင်းက beginner ငါတို့စကားဝိုင်းလာမပါနဲ့ဆိုတာမျိုးတော့ လုပ်လို့မရဘူး။ အားလုံးကိုယ့် attitude နဲ့ကိုယ်ပဲရှိပါစေ။ ကိုယ်က လိုက်ကန့်သတ်ရတာ မကောင်းပါဘူး။ Basic တွေအတင်းလာမေးရင်လည်း တွဲခေါ်လို့ရတယ့် သူကို တွယ်ခေါ်ပြီး၊ neglect လုပ်သင့်တယ့် သူကို neglect လုပ်ပြီး စကားဝိုင်းက ဆက်လို့ရပါတယ်။ ကျော်ဖတ်လိုက်ရုံပေါ့။

MITR မှာ လူများလာဖို့ လိုနေသေးတယ်။ လူများရင် ပေါက်ကရ / ပုံမှန် computer ကြီးဘာဖြစ်လို့ ညာဖြစ်လို့ thread တွေအတွက် သူ့ဟာသူ ဖြေမယ့်လူရလိမ့်မယ် ။ အဲဒါက တကယ့် technical support သမား မရှိလည်းဖြစ်တယ် ။ User အချင်းချင်း အတွေ့အကြုံ ဖလှယ်ရင်းဖြစ်တယ်။ ဒါဆို လူများလာအောင် member များလာအောင် ဘယ်လိုလုပ်မ လည်း ? ဒါက မုန့်လုံး စက်ကူကပ် ၊ Post များမှ လူများမယ်။ ဒါမှမဟုတ် စိတ်ဝင်စားစရာ အကြောင်းအရာမျိုးကို သေချာ ရေးနိုင်ရင် ရကောင်းရမယ်။ တစ်ယောက်ထဲ၊ နှစ်ယောက်ထဲ ရေးတယ့် blog တွေတောင် daily visitor 1000 ကျော်တွေရှိသေးတာ။ အနည်းဆုံး visitor များရင် သေချာ လေ့လာတယ့် သူတွေ ပါမှာပါပဲ။

Post တွေကို လွယ်လွယ်ကူကူ ခွဲခြားနိုင်ဖို့ Category ပိုင်းက ပြန့်ကြဲဖြစ်နေတယ်။ သေချာ ခွဲနိုင်ရင် မဖတ်ချင်တာတွေ မဖတ်ရုံပဲ။ Board ပေါ်မှာ topic ပဲဖြစ်ဖြစ် reply ပဲဖြစ်ဖြစ် ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုတာမျိုး သိပ်မကောင်းဘူး ထင်တယ်။

....
ဒီလို ဟာမျိုးက admin office မှာပြောရမှာ ။ member တွေဆီ ချပြရတာ မကောင်းဘူး။ စိတ်ဓာတ်ရေးရာ ထိခိုက်တယ်။ ဆွေးနွေးပြီး မှ ကျနောတို့ ဒီလို changes တွေလုပ်ပါမယ် ဆိုတာမျိုး ဖြစ်သင့်တယ် ထင်တယ်။

mars

mars
Moderator



Moderator
$ƴǩǾ ရေ .... မင်းအနေနဲ့ ဖိုရမ်အသစ်မှာပါမယ့် ကဏ္ဍတွေကို
တစ်ခုခြင်းစီ စဉ်းစားထားတဲ့ဟာတွေကို ချပြလိုက်တော့.... အသေးစိတ်...
ဘယ်အပိုင်းမှာတော့ ဘာပါမယ်... ဘာတွေကိုတော့ဖြင့် မပါတော့ဘူးဆိုပြီး... အဲဒိကနေမှ
ကဏ္ဍအလိုက် အကြံပြုချက်တွေကိုတောင်းလိုက်... နို့မို့ရင် ကွဲတော့မယ်...
အဲဒိဟာတွေကိုအခြေခံပြီးလည်း တစ်ခုခု လုပ်ပေးလို့ရကြမယ်ထင်တာပဲ...

http://sidnaing.co.cc/

လင်းထက်

လင်းထက်
MITR Reader



MITR Reader
ဒီလို ဟာမျိုးက admin office မှာပြောရမှာ ။ member တွေဆီ ချပြရတာ
မကောင်းဘူး။ စိတ်ဓာတ်ရေးရာ ထိခိုက်တယ်။ ဆွေးနွေးပြီး မှ ကျနောတို့ ဒီလို
changes တွေလုပ်ပါမယ် ဆိုတာမျိုး ဖြစ်သင့်တယ် ထင်တယ်
ဒါကိုလဲထောက်ခံတယ်.....ခေါင်းဆောင်ကောင်းတွေရဲ့နောက် ကိုလိုက်တဲ့ နောက်လိုက်ကောင်းပဲဖြစ်ချင်ပါတယ်...။ ကိုယ့်ရဲ့ မဖြစ်စလောက်အတွေး အခေါ်၊ အသိအမြင်လေးနဲ့လဲ
ကိုယ့်ထက်တော်တဲ့ လူတွေကို စောက်ကားရာကျမှာ ကို စိုးရိမ်မိပါတယ်......



Last edited by လင်းထက် on 19th April 2010, 12:12 pm; edited 1 time in total

လင်းထက်

လင်းထက်
MITR Reader



MITR Reader
အင်းလေ နှစ်ပိုင်းခွဲတယ်ဆိုတော့... ကျွန်တော်တို့က ကလေးတွေလေ ဒါကြောင့် ကလေးနေရာကနေပြီး
လူကြိးတွေပြောတာကို အနှစ်ရှိရှိနားထောင်ကြမယ်လေ.....ကျွန်တော်တို့ကလေးချင်းလဲ....ကိုယ်ထင်ရာ
ပြောခွင့်ရမယ်လေ.....ကိုယ်နေရာမှာပေါ့....တစ်ချိန်ကိုယ်လူကြီးဖြစ်လာတော့လဲ....လူကြိးဝိုင်းထဲဝင်ပေါ့
နော့....ဒါကြောင့်ပါ.....ခွဲလိုက်တာကောင်းပါတယ်.....လို့ပြောတာ။ လူတန်းစားခွဲခြားတာ မှမဟုတ်ပဲ။
ပညာတန်းစားခွဲခြားတာတော့ ဖြစ်သင့်ပါတယ်လို့.... [You must be registered and logged in to see this image.]

mars

mars
Moderator



Moderator
ကို xtrm တို့၊ ကိုဆိုလာတို့ စိတ်ထဲမှာရှိတာလေးတွေနဲ့ အမြင်တွေကိုကြားရတာ ကျနော်ပျော်ပါတယ်... ဒီဖိုရမ်ကိုသာ စိတ်မ၀င်စားကြဘူး ကိုယ်နဲ့မဆိုင်သလိုတွေသာနေမယ်ဆိုရင် အခုလိုမျိုးဝင်ရောက်ရေးသားမယ်လို့ ကျနော်မထင်ဘူး... ဖိုရမ်ကဘာဖြစ်နေနေ ကိုယ်ဘာသာပဲ အေးအေးဆေးဆေးနေတော့မှာပေါ့... အခုတော့ အားလုံးပြောဆိုတာတွေက သဘာဝကျ နည်းလမ်းကျစွာနဲ့ ဖိုရမ်ရဲ့ ပုစ္ဆာကိုဝိုင်းပြီးအဖြေထုတ်ပေးလို့ စဉ်းစားပြီးရှေ့ဆက်လုပ်မယ့် $ƴǩǾ တို့အတွက် အဆင်ပြေမယ်ထင်ပါတယ်... နောက်ပြီးဆွေးနွေးပေးဦးမယ်လို့ ပြောသွားသေးတဲ့ ကိုအသဲကွဲလူသားတို့၊ ကိုရှင်းသန့်တို့လည်း ပြောပေးပါဦးနော်... ကျနော်ပြောချင်တာလေးတွေကို meeting တတ်ပြီးပြောခွင့်မရလို့ ကျနော်အခုလိုဖိုရမ်မှာပို့စ်တင်ပြီး အော်နေရတာပါ... နောက်ပြီးဘယ်သူ့ဘယ်သူ့ကိုမှ ရည်ရွယ်ပြီးပြောချင်လို့မဟုတ်ပါဘူးဗျာ... ကျနော်ဆို ကွန်ပြူတာနဲ့ပတ်သတ်ပြီးသိတာက zero ပါဗျာ... ကိုဆိုလာတို့လောက်တောင် ဖြစ်လာတဲ့ပြဿနာတွေကို မရှင်းတတ်သေးဘူး... 

http://sidnaing.co.cc/

mars

mars
Moderator



Moderator
ကို xtrm
ပြောသွားသလို ဖိုရမ်မှာ နဂိုကတည်းက active member တွေနည်းသေးတဲ့အပြင် နှစ်ပိုင်းခွဲလိုက်ရင်
အဆင့်ခွဲခြားထားသလိုဖြစ်တော့ မန်ဘာတွေအတွက် စိတ်ဓာတ်ကို effect တစ်ခုခုဝင်စေမယ်လို့ထင်ပါတယ်…
အဲဒိတော့နှစ်ပိုင်းခွဲမယ့်အစီအစဉ်ကို နည်းနည်းပြန်စဉ်းစားသင့်တယ်လို့ထင်တယ်… ဖိုရမ်မှာ
အခု $ƴǩǾ လုပ်ချင်မယ့်ဟာတွေကို အားလုံးအသေးစိတ်မသိပေမယ့် လောလောဆယ်သိရသလောက်ကတော့ Discussion
Room တစ်ခုအနေနဲ့ထားလိုက်ရင်ကိုပဲ ရမယ်နဲ့တူတယ်နော်… ဘယ်လိုထင်လဲ ??? နောက်ပြီး
admin team မှာရှိတဲ့သူတွေကော မန်ဘာဝင်တွေပါ အားလုံးပဲ တစ်စိတ်တစ်ဝမ်းထဲပါဝင်လာရင်
ကောင်းမယ်ထင်တယ်… အခုလိုဖိုရမ်မှာ ပါဝင်လာကြပါ ပါဝင်လာကြပါဆိုပြီးအော်နေရုံနဲ့ မပါနိုင်ဘူးဆိုတာလည်း
ကျနော်သိပါတယ်… အဲဒိတော့ပါဝင်လာအောင်လို့ ဘယ်လိုပို့စ်မျိုးတွေတင်ပြီး ဆွယ်ရမလဲဆိုတာကိုလည်း
ကျနော် ပို့စ်တစ်ခုအနေနဲ့ ဆွေးနွေးပေးထားပါတယ်… အဲဒိတော့ ဒီခရီးကို $ƴǩǾ တစ်ယောက်တည်းနဲ့လည်းသွားလို့
မဖြစ်ပါဘူး… အားလုံးကြိုးစားပေးမှပါ… ကျနော်လည်းအခု တတ်သမျှလေးနဲ့ ကူညီနိုင်အောင် လုပ်ပေးသွားပါမယ်…
ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းမှာ active မဖြစ်တာကတော့ ကိုဆိုလာပြောသလို ဘယ်တတ်နိုင်ပါ့မလဲဗျာ…
ကျနော်တို့တွေလည်း ဖြစ်နိုင်ရင် ဖိုရမ်ကိုအကောင်းဆုံးတွေချည်းပဲဖြစ်ချင်တာပေါ့… မြန်မာနိုင်ငံကွန်နက်ရှင်အနေနဲ့ကလည်း
လုပ်ရကိုင်ရတာ အဆင်မပြေဘူးဆိုတာကို နားလည်ပေးရမှာပေါ့ဗျာ… ကိုဆိုလာ ပြောသလို ချောင်ထိုးထားလိုက်တော့
ဆိုတာမျိုးတော့ မဟုတ်လောက်ဘူးထင်ပါတယ်… အားလုံးအဆင်ပြေပြေလေးနဲ့ လူငယ်တွေပီပီခရီးဆက်ကြရအောင်ဗျာ…
ကျနော်ရေးမှားပြောမှားဆိုမှားရှိရင် ဒီနေရာကနေပဲ အားလုံးကိုတောင်းပန်ပါတယ်… ဘယ်သူ့ဘယ်သူကိုမှ
မရည်ရွယ်ပါဘူးလို့… ကျနော်ထပ်ပြောပါရစေဗျာ…



 


အားလုံးကိုလေးစားစွာဖြင့်

mars    

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
လောလောဆယ် ပြောဖို့အတွက် အရှိန်ယူနေတယ်။
အနည်းဆုံး (၂၄) နာရီ လောက်ထိယူရလိမ့်မယ်။ Smile

ကျန်တဲ့သူတွေ ပြောတာကိုတော့ နားထောင်နေပါတယ်...

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
ဖိုရမ်ကောင်းကျိုးအတွက်တိုင်ပင်နေကြတာလက်ခံပါတယ်

ဒါပေမဲ့ Topic စစချင်းမှာ တခြားသူတွေ ဘယ်သိဦးမလဲဗျာ
မသိတော့ ဘယ်လိုလုပ် ၀င်ဆွေးနွေးလို့ ရမလဲ
အခုချိန် Topic တစ်ခုတင်လိုက်ရင် အခု Online ၀င်နေတဲ့သူတွေလောက်ပဲ ၀င်ဖတ်လို့ ရမှာပေါ့
အလုပ်သွားနေတဲ့သူတွေ၊သင်တန်းတက်နေတဲ့သူတွေ...etc..ဘယ်လိုလုပ်သိမတုန်း.ဘာဝင်ဆွေးနွေးလို့ ရမတုန်း
အားလို့ အဆင်ပြေလို့ ဝင်လာမှဝင်ဆွေးနွေးလို့ ရမှာပေါ့
ဖိုရမ်ကို ဦးဆောင်ပြီးလုပ်နေတဲ့ သူတွေပဲ ဒီလောက်တော့ နားလည်ပေးဦးပေါ့

အခုက
Topic စတယ်
Online မှာ (၂) ယောက်ပဲရှိလို့  ကျန်တဲ့ သူတွေငါတို့ (၂)ယောက်လောက် Active မဖြစ်ပါဘူးဆိုတဲ့ သဘောမျိုးမပြောကြနဲ့ လေ
ငါတို့ (၂)ယောက်ပဲ ရှိတယ် ဘယ်လိုဆက်လုပ်ချင်လဲ မလုပ်နဲ့ လေဗျာ
ဒီလိုသဘောထားမျိုးတွေရှိမယ်လို့ လုံးဝကို မထင်ခဲ့တာ

(၂)ယောက်ထဲရှိတယ်ဆိုပြီးပြောချင်သလိုပြော
ပြီးမှလူဆုံမှ ရေးပြီးသား Post တွေ edit လုပ်တာတွေ delete လုပ်တာတွေကျနော်မကြိုက်ပါဘူး
နောက်တစ်ခါ ရှေ့ နောက်ကြည့်ပြီးပြောကြပါလို့  ပြောပါရစေဗျာ

ပြောတာလွန်သွားတယ်ထင်ရင် ကျနော့်အား Admin Team ကသာ ပယ်လိုက်ပါ
User ဘ၀နဲ့ ပဲ လွတ်လွတ်လပ်လပ်ဝင်ကြည့်တော့မယ်
Admin Team ကိုတ်ာတော်လဲ စိတ်ပျက်သွားပြီ

samurai

samurai
Moderator



Moderator
ဒီတော့ပစ်ကို Admin Office ကိုရွှေ့လိုက်ပါပြီ ။

အားလုံးအဲ့မှာ တိုင်ပင်ကြတာပေါ့နော် ။

http://www.deltafcfans.goodoles.com

z3r0c00l

z3r0c00l
Administrator



Administrator
အားလုံးပဲစိတ်လျှော့ပါဗျာ။ တောင်းပန်ပါတယ်။ အကုန်လုံး ကောင်းကျိုးအတွက်လုပ်နေကြတာပဲ။ အမြင်တွေ မလွဲကြပါနဲ့။ တောင်းပန်ပါတယ်။

mars

mars
Moderator



Moderator
solakoko wrote:အခုက 
Topic စတယ်
Online မှာ (၂) ယောက်ပဲရှိလို့  ကျန်တဲ့ သူတွေငါတို့ (၂)ယောက်လောက် Active မဖြစ်ပါဘူးဆိုတဲ့ သဘောမျိုးမပြောကြနဲ့ လေ
ငါတို့ (၂)ယောက်ပဲ ရှိတယ် ဘယ်လိုဆက်လုပ်ချင်လဲ မလုပ်နဲ့ လေဗျာ
ဒီလိုသဘောထားမျိုးတွေရှိမယ်လို့ လုံးဝကို မထင်ခဲ့တာ

(၂)ယောက်ထဲရှိတယ်ဆိုပြီးပြောချင်သလိုပြော
ပြီးမှလူဆုံမှ ရေးပြီးသား Post တွေ edit လုပ်တာတွေ delete လုပ်တာတွေကျနော်မကြိုက်ပါဘူး
နောက်တစ်ခါ ရှေ့ နောက်ကြည့်ပြီးပြောကြပါလို့  ပြောပါရစေဗျာ
ဟုတ်ကဲ့ ကျနော်ပဲ အဲဒိ topic ကိုစလိုက်တာပါ... စပြီးတော့ရေးတဲ့အကြောင်းအရာတွေထဲမှာလည်း ဒီဖိုရမ်မှာ ဘယ်သူကဖြင့် ဘာဖြစ်နေပါတယ်ဆိုပြီး မရေးထားပါဘူး... ဖိုရမ်ကောင်းတစ်ခုမှာ ရှိသင့်ရှိထိုက်မယ်လို့ ကျနော်ယူဆတဲ့အချက်လေးတွေကို တင်ပြပေးရုံပါ... အဲလိုရေးပြီးတဲ့နောက်မှာ စာပြန်တဲ့သူက များသောအားဖြင့် ကျနော်ရေးတိုင်းစာပြန်နေကြဖြစ်တဲ့ $ƴǩǾ ပဲဖြစ်လို့ အားလုံးပါဝင်လာအောင် ပြန်ပေးရင်ကောင်းမယ်လို့ပဲ ကျနော်ပြောခဲ့မိပါတယ်... နောက်ပြီး မန်ဘာတွေ active ဖြစ်တာမဖြစ်တာကို ကျနော်အဓိကထားပြီး မရေးသွားသလို မပြောခဲ့ဘူးထင်ပါတယ်... နောက်တစ်ခုက active ဖြစ်တိုင်းလည်း ဖိုရမ်အတွက် အလုပ်လုပ်ပေးနိုင်တာမဟုတ်ဘူးလို့ထင်ပါတယ်... ကျနော်ဆိုတစ်ခါတစ်လေ အမြဲတမ်းရှိနေတယ်... ဒါပေမယ့် တတ်လာတဲ့ပို့စ်တွေက ကျနော်လို ဘာမှမသိတဲ့သူမျိုးအတွက် ဘာမှမလုပ်ပေးနိုင်လို့ ဘာမှ အကျိုးမရှိ ဖိုရမ်စောင့်တစ်ယောက်သာသာ နေနေတာ ကျနော်ကိုယ်ကျနော်အသိဆုံးပါ... active ဖြစ်ပြီးရှိနေတာသာ ရှိတာပါ.... အဲဒိအတွက် အမြဲတမ်း active ဖြစ်မှုအကြောင်းကို ကျနော်ထည့်ပြီးမဆွေးနွေးထားမိပါဘူး... 

http://sidnaing.co.cc/

solakoko

solakoko
Moderator



Moderator
ထားလိုက်ပါတော့
မသိရင်ကျနော်အရူးလိုလို ဂွတွေပဲ ပြောနေသလိုလိုပဲ
Post တစ်ခုဘာကြောင့်ပျောက်သွားလဲ ဘယ်သူဖျက်လိုက်လဲဆိုတာလဲ မသိချင်တော့ဘူး
ကျန်တဲ့ အမြင်လေးတွေဆက်ပြောသွားမယ်
အမှားတွေလဲ ရှိကောင်းရှိနိုင်တဲ့အတွက် အားလုံးကိုကြိုတောင်းပန်ထားမယ်
ဖိုရမ်နဲ့ ပတ်သတ်နေသေးသမျှ အမြင်မတော်ဘူးထင်ရင်လဲ ပြောသွားပါဦးမယ်
Member တွေ Active မဖြစ်လို့  ဖိုရမ်ကို Child Forum တစ်ခုထပ်ခွဲမယ်ဆိုတာသဘာဝကမကျဘူးထင်တယ်
အဲသလိုသာခွဲလိုက်မယ်ဆိုရင်
Username တပ်ပြီး ဘယ်သူက ဘယ်အကန့် မှာပဲ ဆွေးနွေးပါ၊ဘယ်သူကတော့ Pro တွေနဲ့ ဝင်ဆွေးနွေးပါလို့  တစ်ခါတည်းကြေငြာပေးမှရမယ်
ဘာကြောင့်လဲဆိုတော့
ကိုယ်ဘာအဆင့်ရှိသလဲဆိုတာ ဘာနဲ့ တိုင်းရမလဲ မသိလို့ ပဲ
ဘယ်လိုလုပ်မလဲ
မန်ဘာတွေစဉ်းစားကြည့်
ဘယ်အကန့် မှာ သင်ဝင်ဆွေးနွေးမှာလဲ
စဉ်းစားလို့  ကိုမရဘူး။

Pro တွေပါ ဆိုတဲ့သူတွေကော
ကိုယ့်ကိုယ်ကို ဘာပေတံနဲ့ တိုင်းပြီး Pro တစ်ယောက်လို့ သတ်မှတ်ပြီး ဘာတွေဆွေးနွေးပြမတုန်း
Pro ပါဆိုတဲ့သူတွေကကော ဘယ်နှစ်ယောက်ရှိနေလို့ တုန်း
ခလေးကလား child forum ထဲက post တွေကကော pro တွေပြောတဲ့ post တွေလောက် ဘယ်သောအခါမှအရည်အချင်းမမီဘူးလို့ တစ်ထစ်ချ ပြောလို့ ရမလား
တစ်ကယ့် pro တွေပါဆိုတဲ့ ဖိုရမ်တွေမှာ ကော
ရယ်စရာကောင်းတဲ့ မေးခွန်းတွေ. ခလေးကလားဆန်တဲ့ တင်ပြမှုတွေ မတွေ့ ကြဖူးဘူးလား ??
ပြောစရာတွေအများကြီးပါ

မန်ဘာတွေ Active မဖြစ်တာရှင်းရှင်းလေး
သူတို့ စိတ်ဝင်စားတာမတွေ့ လို့ 
အဲဒီတော့ Active ဖြစ်လာအောင် စိတ်ဝင်စားစရာကောင်းတဲ့ Post ထူးခြားဆန်းသစ်တဲ့ Post တွေတင်နိုင်အောင် ကြိုးစားကြဖို့ ပဲလိုတယ်
တစ်နေ့ တစ်နေ့ မန်ဘာ လေးငါးရာ နဲ့ ချီပြီးဝင်သွားကြတဲ့ဖိုရမ်တွေမှာတောင် သရဲခြောက်မယောင် ဖြစ်နေသေးတာပဲ
ကျနော်တို့ ဖိုရမ်ရှိ လူအားလုံးပေါင်းမှ နှစ်ထောင်တောင်မပြည့်ဘူး
ဒီလောက်အင်အားနဲ့  ဒီလောက်ပဲ Active ဖြစ်နိုင်ကြပေမပေါ့
နေမကောင်းတာကို ဇွတ်လုပ်ခိုင်းနေလို့ ဘယ်ရမလဲဗျာ
စဉ်းစားကြပါဦး။
Mitr ပွဲမှာလူတွေမလာတာနဲ့  အသင်းသားတွေ Active မဖြစ်တာ တခြားဆီပါဗျာ
ဒီရောဂါက ပွဲမှာ လူမလာရာကနေစတဲ့ရောဂါပဲ
ဘာမှကိုမဆိုင်ဘူးလို့ ထင်တယ်။
မီးပျက်နေလို့  အများကြီးမပွါးတော့ဘူး
ပွါးချင်စိတ်လဲ မရှိတော့ပါ။

samurai

samurai
Moderator



Moderator
ကွန်ပျူတာတစ်လမ်းထဲကို မသွားဘဲ တခြား လူစိတ်ဝင်စားမဲ့ ကွန်မြူနတီပိုင်းကို ထည့်ပေးလိုက်ရင်

မန်ဘာတွေလည်းစိတ်ဝင်စားမှုများသွားနိုင်တယ် ၊ ဖိုရမ်ရဲ့ လူဝင်နည်းမှုကိုလည်း

ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ် ။ ကွန်ပျူတာ တစ်လမ်းထဲ

ကျတော့ ဒီမှာရှိတဲ့မန်ဘာတွေက လူငယ်တွေများတယ် ၊ တစ်လမ်းထဲ သွားလို့မရနိုင်ဖူး ကြာရင်

ပျင်းသွားမယ် ၊ အဲ့တော့ပျင်းတဲ့လူကိုပျော်အောင်ထားနိုင်ဖို့ကြိုးစားရမယ် ၊ လူစိတ်ဝင်စားမဲ့

ကွန်မြူနတီလိုမျိုးကို အသုံးပြုလိုက်ရင် လူလည်းစိတ်ဝင်စားသွားမယ် ။ ကွန်ပျူတာဘက်မှာ

ညီးငွေ့လာတဲ့အခါ ကွန်မြူနတီပိုင်းမှာ ပျော်လာမယ် ။ အဲ့လိုအလှည့်အပြောင်းလေး လုပ်ပေးသင့်တယ်

ဗျာ ။ ကျန်တဲ့လူတွေလည်း ၀င်ပွါးပေးပါအုံးနော်

http://www.deltafcfans.goodoles.com

mars

mars
Moderator



Moderator
ဒီအောက်ကလင့်လေးမှာ ဘယ်လိုပို့စ်တွေနဲ့တင်ပြီး ဘယ်လိုတွေလုပ်မလဲဆိုတာကို ကျနော်ထပ်ပြီးဆွေးနွေးပေးထားသေးပါတယ်... တစ်ချက်လောက် ၀င်ပြီးဆွေးနွေးပေးပါဦး... လိုအပ်တာလေးတွေကို ၀ိုင်းပြီးအပေါက်ဖြည့်ရအောင်ဗျာ...
Code:
http://myanmaritresource.darkbb.com/office-f91/-t3054.htm#15329

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ကို sola တော်တော် အမြင်လွဲနေပြီခင်ဗျ

နောက်ဆုံးတော့ ကျနော် နားလည်လိုက်တယ်။ အစ်ကို ဘာကြောင့် စိတ်ဆိုးသွားတယ်ဆိုတာ

Post ပျောက်သွားလို့? ပြီးတော့ အဆင့်ခွဲတယ်လို့ ထင်သွားလို့? ဟုတ်တယ်ဟုတ်။

Post က ကျနော် ဖျက်လိုက်တာလေ။ ကျနော် ပြောထားတယ်လေ Member Section ကို ရွှေ့ရင် မလိုတာဖျက်ပြီး ရွှေ့မယ်ဆိုတာလေ။
အဲဒီ့ စာတောင် ကျနော် ဖျက်ပြီး ရွှေ့လိုက်တာပါ။ မပြောဘဲရွှေ့တာ ၊ မလိုချင်လို့ ဖျက်တာ မဟုတ်ရပါဘူး။
စိတ်ဆိုးသွားရင် တောင်းပန်ပါတယ်။

နောက်တစ်ခု Forum 2 ခု ခွဲတာ။
အဲဒါက ကျနော် ဘယ်လိုရှင်းပြပြ နားလည်တော့လောက်ဘူး။
ကျနော့် စိတ်ကူးကို ကျနော်ကလွဲ ဘယ်သူမှ နားမလည်ကျဘူး ၊ နားလည်အောင်လဲ မပြောတတ်ဘူး ဖြစ်နေတယ်။ လုပ်ပြမှဘဲရမယ်။ ဒါပေမယ့် အချိန်က တစ်လလောက် ယူပြန်ဦးမယ်။
အဲဒီ့တော့ အဲဒီ့ကိစ္စကို ပြန်ရုတ်သိမ်းပါတယ်။
ပြီးတော့ လူတန်းစား ၊ အဆင့်ခွဲတာ မဟုတ်ဘူးဆိုတာလည်း ဒီကနေ ထပ်ပြောပါတယ်။
နားလည်မှုလွဲသွားရင် တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်။

Admin Team ကို အစ်ကို က အခုမှ စိတ်ကုန်တာ ကျနော် စိတ်ကုန်တာ ဖိုရမ် စထောင်ပြီးကတည်းကဘဲ။ Sad

အခုကတော့ ကျနော်လည်း လုပ်ရမယ့် ကိစ္စ ၊ လုပ်သင့်တဲ့ ကိစ္စတိုင်းကို အကောင်းဆုံး ပြန်စဉ်းစားနေတယ်ခင်ဗျ။

အစ်ကိုတို့ ပြောတာတွေကိုလည်း လစ်လျူမရှုထားဘူး ၊ အချိန်ပြည့် နားထောင်နေတယ် ၊ အမြဲတမ်း ပိုစ့်စစ်နေပါတယ်ခင်ဗျာ။

ကျနော့် Team Member တွေ အားလုံးကို ကျနော် လေးစားပါတယ်။ တစ်ခါမှ မစော်ကားဖူးသလို ၊ တစ်ခါမှ လည်း နှိမ်ပြီး မဆက်ဆံခဲ့ပါဘူး။
ကျနော် အစ်ကိုတို့ကို ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာ အစ်ကိုတို့ အရင်ကိစ္စတွေ ကစလို့ ပြန်စဉ်းစားရင် သိပါလိမ့်မယ်။ ကျနော့်ကိုယ်ကျနော် မင်ဘာတစ်ယောက်လိုဘဲနေပြီး ဆက်ဆံခဲ့တာပါ။

မင်ဘာ ၁၀၀၀၀၀ လောက်ရှိလည်း သရဲခြောက်တယ်ဆိုတာ ၊ အခုချိန်မှာ မြန်မာဖိုရမ်တွေအားလုံး၇ဲ့ အခက်အခဲပါ။ အဲဒီ့အခက်အခဲက ရုန်းထွက်ရမှာ ကျနော်တို့ ပြဿနာပါ။
အဲဒီ့ ဖိုရမ်တွေကိုတိုင်လည်း Plan တွေ ချနေကြပါတယ်။ သူတို့လည်း တော်တော် အခက်တွေ့နေပါတယ်။ ဒါပေမယ့် သူတို့လို လူအင်အား ကျနော့်မှာ ရှိရင် ကျနော်ဆို သူတို့ထက် အဆ ၁၀၀ သာအောင် လုပ်နိုင်မှာကို ကျနော်သိတယ်။ အဲဒါကြောင့် သူတို့လို လူအင်အားရလာအောင် ကျနော် ရှာနေတယ်။ ကိုယ်တိုင် ပျိုးထောင်နေတယ်။

အခုတော့ ကျနော် သွားစရာရှိနေလို့ ခဏသွားလိုက်ပါဦးမယ်။ အစ်ကိုတို့ ရေးသမျှကို အလေးထားပြီး နားထောင်နေပါတယ်ခင်ဗျာ...

လေးစားစွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
အားလုံးတာင်းပန်ပါတယ်ဗျာ
အမြင်လွဲသလိုဖြစ်သွားခဲ့တဲ့အတွက်
ကောင်းသလိုစီစဉ်ကြပါ
အားလုံးပဲ တက်တက်ကြွကြွလေးလုပ်ကြပါ

alt.332

alt.332
Administrator



Administrator
တစ်ကယ်တော့ ဒီကိစ္စကြီးတစ်ခုလုံးက Forum ကို Split ခွဲဖို့ကို လက်မခံကြရာကနေ နည်း၂ လေး နားလည်မှုလွဲသွားကြတာပါ Smile Split လုပ်မယ်ဆိုတာကိုတော့ ကျွန်တော်လည်း လက်မခံပါဘူးဗျာ....ကဲ split လုပ်လိုက်ပါပြီတဲ့....ကျွန်တော်ဆိုရင် beginner အဆင့်ပဲရှိတယ်...ဒီတော့ beginner ထဲမှာပဲနေမယ်..ဒါပေမယ့် ကျွန်တော့်အနေနဲ့ဆိုရင်တော့ ၀င်ရင်းဝင်ရင်း စိတ်ဓာတ်ကျလာမှာပဲ....အရိုးသားဆုံး ၀န်ခံတာပါ.... ဘာလို့လဲဆိုတော့ ကိုယ်က beginner ပဲရှိတယ်... Pro အဆင့်ကို တစ်နေ့ရောက်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုး ထားနိုင်ပေမယ့်...ဒီလို မျိုး ၂ ပိုင်းခွဲထားတာကြီးမြင်နေရတော့ တဖြည်း၂ စိတ်ဓာတ်ကျလာမှာပဲဗျာ....နောက်ဆုံး ၀င်ချင်စိတ်ပါပျောက်သွားမှာ....

split လုပ်ဖို့ ထက်...အားလုံး စည်းစည်းလုံးလုံးနဲ့ ပျော်ဖို့ကောင်းတဲ့ Community တစ်ခု ပိုပြီးဖြစ်ချင်တယ်ဗျာ...ဒီကိစ္စ တွေ ဒီနေရာမှာပဲထားလိုက်တော့မယ်....နားလည်မှု လွဲသွားကြတာလေးပါပဲ Smile ကျန်တဲ့သူတွေလည်း ဒီနေရာမှာတင်ထားခဲ့ကြပါလို့ request လုပ်ပါတယ်

နောက်တစ်ခုက ကို mars ရဲ့ စစဦးဆုံး Post ကို Forum ပေါ်ပြန်ုထုတ်လိုက်မယ်..ကျန်သော member တွေဖတ်ဖို့ပေါ့.....အဲ့ဒီ့အောက်က Post တွေကိုတော့.. office ထဲမှာပဲ သိမ်းထားလိုက်တော့မယ်..... Smile

Have a nice day my brothers.

http://www.myanmaritresource.info

mars

mars
Moderator



Moderator
အဲဒိအစီအစဉ်က အကောင်းဆုံးပဲ... $ƴǩǾ ရဲ့ အစီအစဉ်သစ်ကို သူချပြတော့မှပဲ ဆက်ပြီးဆွေးနွေးကြမယ်... လောလောဆယ် လက်ရှိအခြေအနေတစ်ခုထပ်ပြီး ပြည့်စုံအောင် မွမ်းမံမယ်... မလိုတာတွေဖြုတ်ပြီး ထပ်ပေါင်းသင့်တာတွေထပ်ပေါင်း ပေးပါဦးဗျာ... အားလုံးအဆင်ပြေမယ်ထင်ပါတယ်... စိတ်မဆိုးကြေးနော်... နှစ်သစ်အစမှာ... အခုတော့ အားလုံးနားလည်မှုရပြီနော်... ကဲ outsider တစ်ဖြစ်လဲလေးရေ လုပ်စရာရှိတာလုပ်လိုက်တော့... အခုအားလုံးသိပြီ...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ကျနော် မချပြခင်မှာလည်း ဆွေးနွေးထားပေးကြပါခင်ဗျာ

ကျနော် အစ်ကိုတို့ပြောတာတွေထဲကနေလည်း ယူလို့ရတာ ယူထားမှာပါ။

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
အဟီး...Sykoရဲ့ reply တစ်ခုတော့ del ထဲပါသွားတယ်နော်...သူ reply အရှည်ကြီးရေးမယ်ဆိုတဲ့ post ပါ..ကို mars ရဲ့ Post ပြီးတော့လာတဲ့ Post ပါ Very Happy Move လုပ်ရမှာပျင်းလို့ del ချလိုက်ပါတယ် Very Happy

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
သိပါတယ်
သိပါတယ်
ကြည့်ပြီးပြီ ဟွန်း

နင်လည်း HP ရမှ ဘဲ ဖိုရမ်ထဲ ပြန်ဝင်လာတော့တယ်

http://www.myanmaritresource.info

mars

mars
Moderator



Moderator
နာ့ရဲ့ မူရင်းပို့စ် (အဓိကရေးထားတဲ့အကြောင်းက) ဘယိကိုရောက်သွားလဲဟင်... ငါရှာလို့မရတော့ဘူး... လုပ်ကြပါဦးဗျို့

http://sidnaing.co.cc/

alt.332

alt.332
Administrator



Administrator
အဟီး.. Internet Knowledge ထဲ မှာ ပါ Very Happy တားတား ပြန်ပြောဖို့မေ့သွားတယ် Very Happy

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျနော် ဒီနေ့မှ အချိန်ရလို့ ကိုယ့် Post ကို သေချာနဲ့ အေးအေးဆေးဆေး ပြန်ဖတ်မိတယ်။
တကယ်တော့ အကုန်လုံးက ကျနော် ရေးထားတာကို သေချာ မဖတ်ဘူးဆိုတာ ရှင်းနေတယ်ဗျ။ (အဲ။ ရန်ဖြစ်ချင်လို့ ပြန်စတာမဟုတ်ဘူးနော်။ ကျနော့်ကို စိတ်ဆိုးသွားကြလို့ ကျနော်တော်တော် စိတ်မကောင်းဖြစ်လို့ ၊ ထပ်ရှင်းပြမို့ပါဗျာ။)

ကျနော် ရေးထားတာ ရှင်းရှင်းလေးပါခင်ဗျာ... သေချာ ပြန်ဖတ်ပေးပါခင်ဗျာ။ Quote တော့ ထပ်မလုပ်တော့ဘူး။

အဆင့်အတန်းခွဲထားတာ မဟုတ်ဘဲနဲ့ ၊ Professional ဖြစ်ချင်တဲ့ ၊ ဖြစ်အောင်လုပ်နေတဲ့ ၊ ဖြစ်ပြီးတဲ့ သူတွေက သပ်သပ် လို့ ပြောခဲ့ပါတယ်။
ဖြစ်အောင် နဲ့ ဖြစ်ချင်နေတဲ့သူတွေ ဆိုကတည်းက Beginner တွေ ပါပြီးသားပါခင်ဗျာ။
အဲဒီ့ Forum ပေါ်မှာ တကယ့်ကို ကောင်းမွန်တဲ့ Technical Discussion တွေဘဲ ဆွေးနွေးကြမယ်လို့ ပြောတာပါ။

နောက်တစ်ခုပြောတာကတော့ Normal User (Internet ဘဲ သုံးပြီးတော့ Professional မလုပ်မယ့် User) ဆိုပြီးတော့ ပြောခဲ့ပါတယ်။
Internet ဘဲ သုံးနေတဲ့သူ ၊ ဆော့ဝဲတွေဘဲ လာယူတဲ့သူ ၊ ဒါမှမဟုတ် ၊ ဗိုင်းရပ်စ် အကြောင်းလေး အခက်တွေ့နေလို့ မေးချင်တဲ့သူမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

လုံးဝ(လုံးဝ) Beginner & Pro ခွဲတာမျိုး မဟုတ်ဘဲနဲ့ ၊ Technician & User ခွဲခြင်းသာလျှင်ဖြစ်ပါတယ်။
အဲလို ခွဲလိုက်ခြင်းအားဖြင့် Beginner များကိုလည်း Pro များက သေသေချာချာ အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပြီးတော့ Normal Internet User အချင်းချင်းလည်း ကူညီနိုင်မယ့် နေရာလေးရသွားမယ်လို့ ယုံကြည်ပါတယ်။

ထပ်ပြောရမှာက Forum ၂ ခု ခွဲတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုမျိုး Child forum, Sister Forum တွေခွဲပြီး Community အကြီးကြီးလှုပ်ရှားနေကြတာပါ။
မြန်မာတွေနဲ့ အရင်းနှီးဆုံးဆိုရင် Hack Forum ပေါ့။ သူ့ sister Forum က Support Forum ပါ။ နောက်ထပ် အခွဲတွေရှိပါသေးတယ်။ မမှတ်မိတော့လို့။
အဲလို လုပ်မှာဖြစ်ပါတယ်။ ဘယ်သူမဆို ၊ ဘယ်နေရာမှာ မဆို လွတ်လပ်စွာ နေလို့ရပါတယ်ခင်ဗျာ။

ကျနော် ကိုယ်တိုင် စိတ်မြန်တဲ့ အတွက် အဲဒီ့အပြစ်ကို Member တွေရှေ့မှာ ခံခဲ့ရပါတယ်။ နောက်ကိုတော့ ကျနော် သေချာဆင်ခြင်ပြီးမှ Post တစ်ခုကို တင်တော့မယ် ၊ Reply ပြန်ရင်လည်း သေချာဆင်ခြင်ပြီးမှ ပြန်မယ်။ စိတ်မြန်တာ တော်တော် ဒုက္ခပေးတယ်။ အခုလည်း ဒီ Thread က အလကားနေရင်းနဲ့ အမြင်တွေစောင်းကုန်ရတယ်။

အားလုံး အမြင်မရှင်းသေးရင် ထပ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ။

ကျနော် MITR 2.0 မှာ လုပ်ဆောင်မယ့် Future Plan တွေကိုလည်း စပြီးတော့ရေးနေပါပြီခင်ဗျာ။ step 2 ထိလည်း စဉ်းစားပြီးပြီ ဖြစ်ပါတယ်။ သေသေချာချာ အသေးစိတ်နဲ့ အချိန်ယူစဉ်းစားနေပါတယ်။
အဲဒီ့ Future Plan ကို အစ်ကိုတို့ဆီ ချပြဖို့အတွက်လည်း Testing Area Page လေး လုပ်ထားပါတယ်...
Code:
http://www.myanmaritresource.info/MITR-20-Project-Plan-h14.htm
Post အနေနဲ့ မတင်ဘဲ အဲဒီ့လို HTML Page နဲ့ တင်ပါမယ်။ Comment ကိုတော့ Post ကနေ လက်ခံပါမယ်။ ဖြည့်စရာရှိရင် အဲမှာဘဲ သွားပြီး ဖြည့်ပါမယ်။
အဲလိုလုပ်လိုက်မယ်ဆိုရင် ကျနော်တို့အတွက် သေချာ သပ်ရပ်တဲ့ Plan လေး တစ်ခု ရလာမယ်လို့ မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
$ƴǩǾ

မှတ်ချက်။ ။ ဟို Page မှာ စာတွေတော့ မတင်ရသေးဘူး။ အမှားပါမှာစိုးလို့ ထပ်ခါထပ်ခါ စစ်နေတယ်။ နေ့တိုင်းလည်း ထပ်စဉ်းစားနေပါတယ်။ Layout တော့ ချထားတယ်။ Smile
ပြီးတော့ ဒီ Post ကို Member Section ချပြသင့်တယ်လို့ ထင်ပါသလားခင်ဗျာ?

http://www.myanmaritresource.info

mars

mars
Moderator



Moderator
$ƴǩǾ မနေ့ညကတင်လိုက်တဲံ ပို့စ် တစ်ခုပျောက်သွားသလိုပဲနော်... ????

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ပြန်ခွဲလိုက်တာ။ ပျောက်ပါဘူး။ Very Happy

အောက်ကလင့်ခ်ကို ပြန်ခွဲလိုက်တာ။ Member တွေပါ သိစေချင်လို့။ Smile

Code:
http://www.myanmaritresource.info/joke-of-it-f114/evil-monsters-have-overrun-mitr-j-t3078.htm

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျနော့် ဆိုလိုရင်းတွေ နားမလည်ကြဘူးထင်တယ်နော်။ Smile

http://www.myanmaritresource.info

ET

ET
Moderator



Moderator
ဖိုရမ်မှာရှိသော အုပ်ချုပ်သူ သူငယ်ချင်း ခင်ဗျာ
ဖိုရမ်အောင်မြင်ဖို့ကို တစ်ခုစဉ်းစားမိလို့ပါ
ကျနော် ဂျာနယ်တစ်စောင်မှာ ကွန်ပျူတာနဲ့ပက်သတ်တဲ့နည်းပညာအကြောင်းတွေ ရေးနေပါတယ်
ရေးတာတော့မကြာသေးပါဘူး
အောက်တိုဘာလ(၁၅)ရက်နေ့မှ ဂျာနယ်မှာပါလာမယ်
ကျနော်ရေးတာက အင်တာနက်စသုံးတဲ့သူတွေအတွက် အဆင်ပြေအောင်
အခြေခံက စရေးပြီး ဂျာနယ်ကိုရေးပို့တာပါ
ကျနော်ကလောင်နာမည်ကို ညအလင်္ကာလို့သုံးထားပါတယ်
အခုနောက်ပိုင်းကစပြီး
MITR ဖိုရမ် နာမည်ပဲ ထည့်ချင်ပါတယ်
အဲ့ဒါဆို MITR ဖိုရမ်က နည်းပညာတွေ ဂျာနယ်က တဆင့်လည်း
အများပြည်သူတွေသိလာနိုင်တယ်
နာမည်လည်းရလာနိုင်မလားလို့ပါ
အားလုံးနဲ့တိုင်ပင်ကြည့်တာပါ

ခင်မင်စွာဖြင့်
ET

http://alinkarnya.blogspot.com/

z3r0c00l

z3r0c00l
Administrator



Administrator
ET wrote:ဖိုရမ်မှာရှိသော အုပ်ချုပ်သူ သူငယ်ချင်း ခင်ဗျာ
ဖိုရမ်အောင်မြင်ဖို့ကို တစ်ခုစဉ်းစားမိလို့ပါ
ကျနော် ဂျာနယ်တစ်စောင်မှာ ကွန်ပျူတာနဲ့ပက်သတ်တဲ့နည်းပညာအကြောင်းတွေ ရေးနေပါတယ်
ရေးတာတော့မကြာသေးပါဘူး
အောက်တိုဘာလ(၁၅)ရက်နေ့မှ ဂျာနယ်မှာပါလာမယ်
ကျနော်ရေးတာက အင်တာနက်စသုံးတဲ့သူတွေအတွက် အဆင်ပြေအောင်
အခြေခံက စရေးပြီး ဂျာနယ်ကိုရေးပို့တာပါ
ကျနော်ကလောင်နာမည်ကို ညအလင်္ကာလို့သုံးထားပါတယ်
အခုနောက်ပိုင်းကစပြီး
MITR ဖိုရမ် နာမည်ပဲ ထည့်ချင်ပါတယ်
အဲ့ဒါဆို MITR ဖိုရမ်က နည်းပညာတွေ ဂျာနယ်က တဆင့်လည်း
အများပြည်သူတွေသိလာနိုင်တယ်
နာမည်လည်းရလာနိုင်မလားလို့ပါ
အားလုံးနဲ့တိုင်ပင်ကြည့်တာပါ

ခင်မင်စွာဖြင့်
ET
ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပါတယ်ခင်ဗျာ။ အခုလို ဖိုရမ်အောင်မြင်ဖို့ကို ကူညီစဉ်းစားပြီးတတ်နိုင်တဲ့ဘက်က လုပ်ပေးတဲ့အတွက် ကျေးဇူးလဲတင်ပါတယ်။ အစ်ကို့အနေနဲ့ ဂျာနယ်ကိုစာရေးပြီးပို့တဲ့နေရာမှာ ဒီဖိုရမ်က ကောင်းနိုးရာရာပို့စ်လေးတွေကိုပါ ရေးပြီးပို့နိုင်ပါတယ်။အဲဒီလိုပို့တဲ့နေရာမှာလဲ ကျွန်တော်တို့ဖိုရမ်နာမည်နဲ့ ဖိုရမ်မှာရေးထားတဲ့ ရေးသားသူရဲ့ နာမည်ကိုပါ Credit ပေးပြီးပို့ရင်ပိုကောင်းမလားလို့ စဉ်းစားမိပါတယ်။ ကျန်တဲ့သူများလဲ ၀င်ရောက်ဆွေးနွေးပေးပါဦး။

ET

ET
Moderator



Moderator
ဟုတ်ပါတယ်
ကျနော်ကလည်း အဲ့လိုမျိုးဖြစ်စေချင်တာပါ
သဘောထားကိုအရင်မေးထားတာပါ
Admin ကတော့သဘောတူပြီ
ညီ $ƴǩǾ (Founder) ကော
ကျန်တဲ့သူငယ်ချင်း MOD အားလုံးကျန်သေးတယ်

http://alinkarnya.blogspot.com/

solakoko

solakoko
Moderator



Moderator
ကောင်းပါတယ်ဂျာ
မပြောပဲ ယူတာထက်စာရင် ပြောပြီးမှ ယူတင်ပေးတာပဲ
ကျနော်တော့ အားပေးတယ် ခင်ဗျ
ကျန်တဲ့သူတွေတော့ မပြောတတ်...

Htet Naing

Htet Naing
Moderator



Moderator
ET wrote:ဟုတ်ပါတယ်
ကျနော်ကလည်း အဲ့လိုမျိုးဖြစ်စေချင်တာပါ
သဘောထားကိုအရင်မေးထားတာပါ
Admin ကတော့သဘောတူပြီ
ညီ $ƴǩǾ (Founder) ကော
ကျန်တဲ့သူငယ်ချင်း MOD အားလုံးကျန်သေးတယ်

ကို ET ရဲ့ အကြံကကောင်းပါတယ်။ အားလုံးလည်း သဘောတူကြမှာပါ။

samurai

samurai
Moderator



Moderator
သဘောတူပါတယ် ကို ET

အကိုက ဖိုရမ်ကောင်းဖို့အတွက်လုပ်လာဖြစ်တဲ့အတွက်

အားလုံးက သဘောတူပါတယ် ။

http://www.deltafcfans.goodoles.com

Htet Naing

Htet Naing
Moderator



Moderator
ဒါနဲ့ forum မှာ tag အသစ်ထည့်ရင်ကောင်းမလားလို့ ပါ။
အမေးအဖြေနဲ့  ပတ်သက်တဲ့ post တွေအတွက် [Questions and Answer] ဆိုပြီးထည့်ရင်ကောင်းမယ်နဲ့ တူတယ်။

ET

ET
Moderator



Moderator
အင်းကောင်းတယ် မဆိုးဘူး ကျနော်လည်း သဘောတူတယ်
တစ်ပတ်တစ်ခါ (သို့)တစ်လတစ်ခါ ပြန်ပိတ်မယ်
ပိုစ်လည့်မဖောင်းပွရအောင်လို့

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 2]

Go to page : 1, 2  Next

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com