Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
အာရှပစိဖိတ် စကောလားရှစ်ပ်အဖွဲ့ချုပ်ဆိုသည် မှာ ထိုင်း၊ ဟောင်ကောင်၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များရှိ တက္ကသိုလ်များ ချိတ်ဆက်ထားသော ကွန်ရက်အဖွဲ့ တစ်ခုပင်ဖြစ်ပြီး၊၄င်းမှနေ၍ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ပညာလိုလားသော
လူငယ်များအတွက် အရည်အချင်းပြည့် ဘွဲ့လွန်သင်တန်းများ တက်ရောက် နိုင်ရန် ဘွဲ့လွန်ပညာသင်ဆု စကောလားရှစ်ပ်များ
(Master
Scholarship) များ ထောက်ပံ့လျက်ရှိပါသည်။


အာရှပစိဖိတ်ဒေသတွင်း လူမှုရေးသိပံ္ပနယ်ပယ်နှင့် ပတ်သက်၍ ဘွဲ့လွန်သင်ကြားမှု (post-graduate study) တိုးမြှင့်ရန်ရည်ရွယ်၍ APSC ကို
၂၀၀၇ ခုနှစ်တွင် တည် ထောင်ခဲ့သည်။ APSC မှ ၂၀၀၈ ခုနှစ်တွင် ပညာသင်ဆုကို ကျောင်းသား (၁၅)ဦးအားပေးအပ်ခဲ့ပြိး ၂၀၀၉ ခုနှစ်တွင် ကျောင်းသား(၃၀)ယောက်အထိ ပညာသင်ဆု ပေးနိုင်ခဲ့ သည်။ ၂၀၀၈ ခုနှစ် APSC မှ စကောလားရှစ်ပ်ရရှိသူများ မှာ မြန်မာများပင် ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်တွင် ကမ္ဘောဒီးယား နှင့် လာအိုတို့မှပါရရှိခဲ့ကြသည်။


ခွင့်ပြုသော ဘာသာရပ်များနှင့် တက်ရောက်နိုင်သည့် တက္ကသိုလ်များ

(Approved Subjects and Universities)


လျှောက်ထားသူသည်ဟောင်ကောင်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံများရှိ တက်ရောက်ခွင့်ရှိသော တက္ကသိုလ်များနှင့် ၄င်းတက္ကသိုလ်များမှ သင်ကြားနေ သော ဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။ လျှောက် ထားသူ လေ့လာသင်ကြားမည့်
ဘာသာရပ်၊ တက္ကသိုလ် နှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ APSC ဆု ရွေးချယ်ရေးကော်မတီမှသာ ဆုံးဖြတ်လိမ့်မည်ဖြစ် ပါသည်။

APSC မှ လေ့လာခွင့်ပြုသော ပညာရပ်နယ်ပယ်နှင့် ဘာသာရပ်များမှာ -

1. Community Health (Gerantology, Health Social Science, public Health)
2. Development(Community Development, Development Management, Development policy, Development studies, Human Resource Development, local Governance and Development, Rural Development Management, Sustainable Development)
3. Education(Agricultural Education, Comparative International Education and Development, Early Childhood Education,
Educational Administration, Education Leadership and Management, English Language Teaching, General Education studies, Instructional Management, Learning and Teaching, Measurement and Evaluation, Science Educatiion, Values Education and Development)

4. Environment(Agriculture, Environmental Management, Environmental Studies, Social Forestry, Wildlife studies)
5. Humanities and Social Science (ASEAN studies, Mekong studies, Migration studies, political science)
6. Media(Development Communication, International jouranlism studies, journalism)
7. Policy& Administration (Economics,International Public Affairs, human resource development, law public
Administration, strategy planning and public policy)

8. Social work (Family psychology, Guidance & Counseling, Psychology, Social work, Social policy & Social Development)

အထက်ပါဘာသာရပ်များကို သင်ကြားပေးသည့် ကျောင်းများနှင့် တည်ရှိသည့် နိုင်ငံများကတော့ -


Hong Kong
City university of Hong Kong, Hong Kong Baptist University, Hong Kong polytechnic university, university of Hong Kong.

Malaysia
University of Malaysia

Philipines
Dela salle University, Miriam College, university of the philippines los Banos, University of the philippines Dilliman.

Thailand

Chiang Mai Univeristy, ChulalongKon University, Mahidol University, Khon Kean University, Rangist University, Ubon Ratchathani University.

မည်သည့်ဘာသာရပ်ကို မည်သည့်တက္ကသိုလ်က သင်ကြားပေးနေသည်ကို အသေးစိတ်သိရှိရန်အတွက် http://www.apsconsortium.org သို့ ၀င်ရောက် ကြည့် ရှုနိုင်ပါသည်။


ပေးအပ်သောထောက်ပံ့မှုများ

(Award Structure)

အာရှပစိဖိတ် စကောလားရှစ်အဖွဲ့ချုပ် (APSC)မှ ထောက်ပံ့သော စကောလားရှစ်ပ်သည် အပြည့်အထောက်ပံ့သော ပညာသင်ဆု (Fully funded Scholoship) ပင်ဖြစ်ပြိး အောက်ဖော်ပြပါ အချက်များပါဝင်ပါသည်။
- သတ်မှတ်ထားသော သင်တန်းကာလအတွင်း ပညာသင်ကြားမှုစရိတ် (စာမေးပွဲကြေးနှင့် စာတမ်းပြုစုမှု ကုန်ကျစရိတ်အပါအ၀င်)
- စကောလားရှစ်ပ်ရရှိသူအတွက် လစဉ် နေထိုင် စားသောက်မှုစရိတ် (ပညာသင်ဆုရရှိသမှလွဲ၍ အခြား မိသားစု မှီခိုသူများအတွက်မပါဝင်ပါ)
- သင်တန်းကာလအတွင်းကျန်းမာရေးအာမခံ
- ပညာသင်ကြားရေးနှင့် ပတ်သက်သော အထောက် အကူပြုပစ္စည်းများအတွက် ကုန်ကျစရိတ်
- စကောလားရှစ်ပ်ရရှိသူ မိခင်နိုင်ငံမှ သင်ကြားရမည့် ကျောင်းသို့ ခရီးစရိတ်နှင့် သင်တန်းပြီးဆုံးပြီး နောက် ကျောင်းမှ မိခင်နိုင်ငံသို့
အပြန်ခရီးစရိတ်

- ပညာသင်ကြားမှုကာလအတွင်း ကျောင်းသားဗီဇာ နှင့် ပတ်သက်သော ကုန်ကျစရိတ်များ
- ပညာရေးဆွေးနွေးပွဲ သို့မဟုတ် ပညာရပ်ဆိုင်ရာ ဂျာနယ်များမှာယူခြင်း အစရှိသော ပညာရေးတိုး တက်မှုအတွက် လိုအပ်သောထောက်ပံ့မှု
- မိခင်နိုင်ငံတွင်စာတမ်းသုတေသနပြုလုပ်ချင်သော ကျောင်းသားများအတွက် သုတေသနရန်ပုံငွေ ထောက်ပံ့မှု။

APSC အတွက် သတ်မှတ်အရည်အချင်းများ (Eligibility & Restriction)


အာရှပစိဖိတ် စကောလားရှစ်ပ်အဖွဲ့ချုပ်မှ ထောက် ပံ့သော ပညာသင်ဆုအတွက် သတ်မှတ်ထားသော အရည်အချင်းများမှာ -
- လျှောက်ထားသူသည် ဘွဲ့ဒီဂရီတစ်ခု ရရှိပြီး ရမည် ဖြစ်ပြီး၊ ထူးချွန်သော ပညာရေးမှတ်တမ်းရှိရမည်။
- မြန်မာ၊ ကမ္ဘောဒီးယား သို့မဟုတ် လာအိုနိုင်ငံများမှ နိုင်ငံသား ဖြစ်ရမည်။
- လျှောက်ထားသူသည်ကိုယ့်နိုင်ငံတွင်းတွင် ဖွံ့ဖြိုးမှု ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိရမည်။
- အင်္ဂလိပ်စာ ကျွမ်းကျင်ရမည်။
- သင်တန်းပြီးဆုံးပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာ ကာ၊ သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ရမည်။

လျှောက်ထားမှုအစီအစဉ်
(Application Procedure)


လျှောက်ထားသူသည်APSC မှ သတ်မှတ်ထား သော လျှောက်လွှာနှင့် ထောက်ခံမှုအတွက် (APSC Application and Reference Form) တို့ကို ပြည့်စုံစွာဖြည့်သွင်း ပြီး apsconsortium@gmail.com သို့ အီးမေးလ်ဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။ Application
နှင့် Reference Form တို့ကို http://www.apsconsoritum.org သို့မဟုတ်
apsconsortium@gmail.com တို့မှ ရယူကာ online ပေါ်မှာ ပင် ဖြည့်သွင်း၊ ပေးပို့ခြင်းသည် အထိရောက်ဆုံးနှင့် အမြန်ဆုံးပင် ဖြစ်သည်။

ထိထိရောက်ရောက် လိုတိုရှင်းဖြည့်သွင်းလျှောက် ထားသူများကို အင်္ဂလိပ်စာ စစ်ဆေးခြင်းနှင့် လူတွေ့စစ် ဆေးတို့အတွက် APSC မှ
ဆက်သွယ်လိမ့်မည် ဖြစ်ပါ သည်။အောင်မြင်သော လျှောက်ထားသူများကို APSC မှ သက်ဆိုင်ရာ တက္ကသိုလ်သို့ ထောက်ခံပေးပို့မည် ဖြစ်ပါ သည်။ ၀င်ခွင့်ရလျှောက်ထားသူများကို သက်ဆိုင်ရာ တက္ကသိုလ်မှ လိုအပ်သော ဖြည့်သွင်းမှုများအတွက် အကြောင်းကြားပါလိမ့်မည်။


ထို့ကြောင့် လျှောက်ထားသူသည် မိမိရွေးချယ်ရာ တက္ကသိုလ်သို့ တိုက်ရိုက်ဆက်သွယ် လျှောက်ထားစရာ မလိုပါ။ သက်ဆိုင်ရာ တက္ကသိုလ်ဆီသို့ မှတ်ပုံတင်ခြင်းနှင့် သွားရောက်ခြင်းတို့အတွက် ကုန်စရိတ်များကိုလည်း APSC
မှ ထောက်ပံ့လိမ့်မည် ဖြစ်ပါသည်။


လျှောက်လွှာနှင့် ပူးတွဲပေးပို့ရမည့်အရာများ


(Required Attachments)

1. APSC စကောလားရှစ်ပ်လျှောက်လွှာ
2. ပညာရေးထောက်ခံစာတစ်စောင် (APSC Reference Form ကို အသုံးပြုရမည်)
3. အလုပ်အကိုင်မှထောက်ခံစာတစ်စောင် (APSC Reference Form ကို အသုံးပြုရမည်)
4. ယခင်က သင်ကြားခဲ့သော ပညာရေးမှတ်တမ်း (Scanned Copies of all previous educational transcripts)
5. TOEFL သို့မဟုတ် IELTS စာမေးပွဲရမှတ် (အကယ် ၍ ရရှိခဲ့လျှင်)
6. ဘွဲ့လက်မှတ်မိတ္တူနှင့်နောက်ဆုံးစာမေးပွဲ ရမှတ် စာရင်းမိတ္တူ။
7. လျှောက်ထားသူ၏ ဓာတ်ပုံပါဝင်သော နိုင်ငံကူး လက်မှတ် မိတ္တူတစ်စောင်။


စကောလားရှစ်ပ်အတွက် နောက်ဆုံးရက်

(2010 Intake Dead Line)


အာရှပစိဖိတ်စကောလားရှစ်ပ်အဖွဲ့ချုပ် (APSC) မှ ပေးအပ်သော စကောလားရှစ်ပ်အတွက် ၂၀၁၀ ခုနှစ် ပညာသင်နှစ်
အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

- အောက်တိုဘာ(၁)ရက်၊၂၀၀၉ ခုနှစ် လျှောက်လွှာစတင်ထုတ်ဝေခြင်း

- ဒီဇင်ဘာ(၁)ရက်၊ ၂၀၀၉ခုနှစ် လျှောက်လွှာတင်သွင်းရမည့်နောက်ဆုံးရက်
- ဇန်န၀ါရီလ(၁၁)ရက်၊ ၂၀၁၀ ခုနှစ် ရွေးချယ်ခံရသော လျှောက်ထားသူသည်များအား အင်္ဂလိပ်စာ စစ်ဆေးရန် အကြောင်းကြားခြင်း
- ဇန်န၀ါရီလ (၂၃-၂၄)ရက် ၂၀၁၀ အင်္ဂလိပ်စာစစ်ဆေးခြင်း
- ဇန်န၀ါရီလ (၂၅)ရက်၊ ၂၀၀၀အင်တာဗျူးစစ်ဆေးခြင်း
- ဖေဖော်ဝါရီ (၈-၁၁)ရက်၊ ၂၀၁၀ အောင်မြင်သောကျောင်းသားဆီသို့အကြောင်း ကြားခြင်း။
- မတ်-မေ၊ ၂၀၁၀ စကောလားရှစ်ပ်ရရှိသော ကျောင်းသားသည် သက်ဆိုင်ရာ တက္ကသိုလ်သို့ သွားရောက်ရန် ပြင်ဆင်ခြင်း။



ဆွေးနွေးတိုင်ပင်စုံစမ်းခြင်း


ဘာသာရပ်ရွေးချယ်ခြင်း၊ သင်ကြားမည့်တက္ကသိုလ် ရွေးချယ်ခြင်း၊ လျှောက်လွှာလျှောက်ထားခြင်း စသည့် ကိစ္စ များအတွက်
မေးမြန်းစုံစမ်းနိုင်ရန် APSC မှ Academic counselling ဖွင့်လှစ်ပေးထားပြီး၊ apsconosrtium@gmail. com သို့ မေးလ်ဖြင့်
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဤသို့ ဆက်သွယ်စုံစမ်းရာတွင် လျှောက်ထားသူ၏ မိမိအမည်၊ နိုင်ငံ၊ သင်ကြားချင်သည့် ဘာသာရပ်နှင့် အင်္ဂလိပ်စာ (TOEFL or IELTS) ရမှတ်တို့ ပါဝင်လျှင် ပိုမို အဆင်ပြေလိမ့်မည်ဟုလည်း APSC Academic Support Counseler မှ ဆိုပါသည်။

ခရီးဝေးသွားစရာမလို၊ အဆင့်မြင့်ပညာရပ်များကို မိမိနေထိုင်ရာ အာရှပစိဖိတ်ဒေသအတွင်းမှာပင် သင်ယူ ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် Asia Pacific Scholarship Consortium မှ ပေးကမ်းသော စကောလားရှစ်ပ်အကြောင်း လက်တို့လိုက်ခြင်း ဖြစ်ပါသည်။

ကျော်ကျော်ဦး



Ref: apsconsortium.org

myanmarstrdyabroad.org


Ref: knowledgebridge

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com