Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
လူငယ်တွေ စိတ်ဝင်စားတဲ့ LCCI Internationnal Qualification စာမေးပွဲများ




LCCI လို့ လူသိများတဲ့ အမှတ်တံဆိပ်လေးက London Chamber of Commerce and Industry လို့ခေါ်တဲ့ လန်ဒန်က ကုန်သည်ကြီးများအသင်းကို ဆိုလိုတာပါ။ ဒီကုန်သည်ကြီးများအသင်းက စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့အရည်အချင်းစစ်ပေးတဲ့ စားမေးပွဲတွေကို (1887) ခုနှစ်မှာ စတင်ပြီးပြုလုပ်ပေးခဲ့တာပါ ခေတ်တွေ ပြောင်းလွဲသွားတဲ့နောက်မှာ တဖြည်းဖြည်းနဲ့ ဒီစာမေးပွဲတွေကို ဦးစီးပြီးလုပ်ပေးတဲ့အဖွဲ့တွေ ပြောင်းလဲလာပေမဲ့ LCCI အမှတ်တံဆိပ်ကိုပဲ ဆက်ပြီး အသုံးပြုလာခဲ့ကြပါတယ်။
Education Development International လို့ခေါ်တဲ့ အဖွဲ့က ဒီစာမေးပွဲတွေကိုလက်ရှိတာဝန်ယူပြီး ဆောင်ရွက်ပေးနေပြီး စာမေးပွဲတွေကိုလည်း
LCCI International Qualification Exam လို့ တရားဝင်ခေါ်ဆိုပါတယ်။နှစ်စဉ် အာရှဒေသအပါအ၀င် ကမ္ဘာအရပ်ရပ်ကနေ LCCI စာမေးပွဲဖြေဆိုသူပေါင်းနှစ်သိန်းကျော်ရှိနေပါပြီ။

တကယ်တော့ LCCI Exam Board ရော Education Development International အဖွဲ့တွေဟာ ကျောင်းတွေ ၊ တက္ကသိုလ်တွေမဟုတ်ကြပါဘူး။
Professional Body လို့ခေါ်တဲ့ အခကြေးငွေယူပြီး စားမေပွဲတွေ စစ်ပေးတဲ့ အဖွဲ့တွေပါ။ သတ်မှတ်ထားတဲ့ Certificate, Diploma စာမေးပွဲအတွက် လိုအပ်တဲ့သင်ရိုးညွှန်တမ်းတွေ ထုတ်ပြန်ပေးတာနဲ့ စာမေးပွဲ စစ်ပေးတဲ့ အလုပ်ပဲလုပ်ပါတယ်။ သူတို့ကိုယ်တိုင်က သင်တန်းပေးတာမျိုးတွေ၊ ဆရာတွေအတွက် သင်ပေးတာမျိုးတွေ လုံးဝမလုပ်ပါဘူး၊ ဆိုလိုတာက ဘယ်သူမဆို LCCI သင်ရိုးညွှန်းတမ်းတွေ နားလည်ရင် LCCI Exam ပြင်ဆင်တဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားနိုင်ပါတယ်

LCCI စာမေးပွဲတွေဟာ စာရင်းအင်းနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေကိုစစ်ပေးတာတင်မကပဲ တခြားဘာသာရပ်တွေဖြစ်တဲ့.........
Bussiness English
Business Administraion
Marketing and Customer Services နဲ့ IT ဘာသာရပ်တွေကိုလည်းစစ်ဆေးပေးပါတယ်။ သင်ပေးနိုင်တဲ့အခြေအနေအရရော စိတ်ဝင်စားမှု အတိုင်းအတာအရပါ Finance and Accounting နဲ့ ပတ်သက်တဲ့ LCCI သင်တန်းတွေ၊စာမေးပွဲတွေကိုပဲ လူငယ်အတော်များများ အကျွမ်းတ၀င်ရှိနေကြတာပါ။

စာမေးပွဲအချိန်
နှစ်စဉ် Series လို့ခေါ်တဲ့ စာမေးပွဲ အကြိမ်ရေ လေးခုရှိပြီး ဧပြီလ၊ ဇွန်လ နဲ့ နိုဝင်ဘာလတွေမှာရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ
LCCI စာမေးပွဲတွေကို ဗြိတိသျှကောင်စီက ဦးစီးပြီး ကျင်းပပေးပါတယ်။ သတ်မှတ်ချိန်မဟုတ်တဲ့ ကြားကာလတွေမှာ ကိုယ်က သီးသန့်ဖြေချင်တယ်ဆိုရင်လည်း ဗြိတိသျှကောင်စီက ဖြေဆိုနိုင်အောင်စီစဉ်ပေးလို့ရပေမယ့် မေးတဲ့မေးခွန်းတွေက သာမန်စာမေးပွဲအချိန်တွေမှာဖြေရတဲ့ မေးခွန်းတွေလို မဟုတ်ပဲ သီးသန့်မေးခွန်းကို ဖြေရမှာပါ။ဒီမေးခွန်းက ပုံမှန်ထက်ခက်တယ်လို့ ဖြေတဲ့သူတွေ ပြောကြပေမဲ့ ဘယ်လိုခက်တယ်၊ ဘယ်လောက်ခက်တယ်ဆိုတာတော့ တိတိကျကျမသိပါဘူး။ အရေးကြီးတာက ကိုယ်တက်မဲ့သင်တန်းနဲ့ ကိုယ်ဖြေနိုင်မဲ့အခြေအနေနဲ့ ချိန်းထိုးပြီးတော့ အကောင်းဆုံးပြင်ဆင်နိုင်ဖို့ အရေးကြီးပါတယ်။

LCCI မှာပုံမှန်အားဖြင့် Level (4)ခု ရှိပြီးတော့ မြန်မာနိုင်ငံမှာတော့ အများစုက Level(3) အထိသာဖြေကြပါတယ်။
Level တစ်ခုပြီးမှတစ်ခု ဖြေရတာမဟုတ်ပဲ Level(3)သုံးကိုလည်း တိုက်ရိုက်ဖြေဆိုနိုင်ပါတယ်။စာမေးပွဲဖြေသူတော်တော်များများကတော့ Accounting &Finance တွေနဲ့ ပတ်သက်ပြီး အခြေခံရအောင် Level(1) နဲ့Level(2) ကိုသင်တန်းပဲတတ်ပြီးလည်း စာမေးပွဲတော့ မဖြေကြပါဘူး။ပြီးမှပဲ Level(3)ကိုတတ်ပြီး Level(3) စာမေးပွဲတန်းဖြေကြပါတယ်။ စာမေးပွဲကြေးသက်သာသလို စားမေးပွဲ နှစ်ကြိမ်ဖြေရတာ သက်သာသွားတာပေါ့။

Level(3) အောင်ရင်တော့ LCCI Diploma ရမှာဖြစ်ပါတယ်
Level(1) မှာ ဘာသာရပ်နှစ်ခုရှိပါတယ်။
- Commercial Calculations
-Book Keeping ဘာသာရပ်တစ်ခုခုကို ရွေးပြီးဖြေရပါတယ်။

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Level(2)မှာကျတော့
-Book Keeping & Account
-Business Calculations
-Cost Accounting
-Computrized Accounting ဆိုပြိး ကိုယ်နှစ်သက်တဲ့ဘာသာရပ်တစ်ခုကို ရွေးပြီးဖြေလို့ရတယ်။

Level(3) အနေနဲ့ကတော့ ဘာသာရပ်(6)ခုရှိပြီးတော့ ဒီအထဲက(3)ဘာသာက Level(2) မှာပါတဲ့ ဘာသာရပ်နောက်ဆုံးသုံးခုပါပြီးတော့
အသစ်အနေနဲ့ .........
-Accounting(AIS),
-Advanced Business Calculation,
-Management Accounting တွေပါလာပါတယ်။

Level(3)မှာတော့ အရင်လို Level(1) နဲ့(2) လိုမဟုတ်ပဲနဲ့ စုစုပေါင်း သုံးဘာသာဖြေဆိုရပါတယ်။ သုံးဘာသာထဲမှာမှ ကိုယ်စိတ်ကြိုက်ဘာသာရပ်ကို
Major ဘာသာရပ်ဆိုပြီး အရင်ဆုံးရွေးရပါတယ်။ Level(3) ပြီးသွားတဲ့အခါမှာ ကိုယ်ရွေးချယ်ထားတဲ့Major ဘာသာရပ်နဲ့ပဲ LCCI Diploma ရမှာဖြစ်လို့ ကိုယ်ရွေးတဲ့ Major Subject ကို သေသေချာချာစဉ်းစားပြီးရွှေးဖို့လိုပါတယ်။ ဒါ့အပြင် ဖြေဆိုရမယ့် ဘာသာရပ်သုံးခုမှာ ကိုယ်ရွေးချယ်ထားတဲ့ Major Subject က ကျသွားပြီး အခြားဘာသာရပ်တွေအောင်ပေမဲ့ LCCI Group Diploma ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခြားစည်းမျဉ်းတစ်ခုက စုစုပေါင်း(6)ဘာသာထဲက (3)ဘာသာကို တစ်နှစ်အတွင်းအောင် အောင်ဖြေရင် Diploma in Business Studies ဆိုတာ ရနိုင်ပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံက LCCI Level(3) ဖြေဆိုသူတွေအတော်များများကတော့ Major Subject အပါအ၀င် စုစုပေါင်းတစ်နှစ်အတွင်း လေးဘာသာဖြေကြပါတယ်. အကယ်၍ ခြေချောလက်ချော Major Subject ကျသွားခဲ့ရင်လည်း အခြားဘာသာရပ်သုံးခုအောင်တဲ့အတွက် LCCI Group Diploma မရပေးမယ့်လည်း သူတို့အနေနဲ့ Diploma in Business Study တော့ ရနိုင်မှာပါ။

စာမေးပွဲကြေးအနေနဲ့ကတော့
Level(1) ကတော့ အမေရိကန်ဒေါ်လာ 30 ပေးရပြီး
Level(2) ကတော့ အမေရိကန်ဒေါ်လာ 35 ကြပါတယ်။
Level(3) မှာက ဆိုခဲ့သလိုပဲ အနည်းဆုံးလိုအပ်ချက် သုံးဘာသာဖြေရမှာဖြစ်ပြီး တစ်ဘာသာစီအတွက် စာမေးပွဲကြီးက ဒေါ်လာ 40 စီ ကုန်ကြမှာဖြစ်ပါတယ်။

သင်တန်းကြေးတွေအနေနဲ့ကတော့
သင်တန်းကျောင်းတွေအလိုက် အနည်းနဲ့အများ ကွာခြားမှုလေးတွေတော့ရှိတတ်ပါတယ်။
အကြမ်းဖျင်းအားဖြင့် Level(1) နဲ့ Level(2)ကို ပေါင်းပြိး သင်လေ့ရှိကြပြီး သင်တန်းကြေးကတော့ သင်တန်းကာလ (6)လ အတွက် (၄၀၀၀၀)ကျပ်နဲ့ (၅၀၀၀၀)ကျပ်ကြားမှာ ရှိတတ်ပါတယ်။

Level(3) ကျတော့ သင်တန်းဖြေရမယ့်ဘာသာရပ်ကလည်း (3)ဘာသာဖြစ်တာရယ်၊ သူရဲ့အအောင်အကျကလည်း Diploma ရ/မရ နဲ့ တိုက်ရိုက်ပတ်သက် ဆက်စပ်နေတော့ Level(1) နဲ့ (2) ထက် သင်တန်းကြေးပိုမြင့်ပါတယ်. ...
ဘာသာရပ်အလိုက်ယူရတဲ့ သင်တန်းကျောင်းတွေမှာ အနည်းဆုံးတစ်ဘာသာကို သင်တန်းကာလ (6)လ နီးပါးအတွက် သင်တန်းကြေးကို လေးသောင်းကနေ ငါးသောင်းအထိရှိတတ်ပြီး သုံးဘာသာယူတဲ့သူတွေအတွက်က တစ်သိန်းနှစ်သောင်းကနေ တစ်သိန်းခွဲ အထိရှိတတ်ပါတယ်။
အများဖြေသလို (4)ဘာသာဖြေမယ့်သူဆိုရင်တော့ တစ်ဘာသာစာပိုကုန်ကျမှာပေါ့။

Level(4) ကတော့ မြန်မာပြည်မှာတော့ ဖြေလို့မရတော့ဘူး၊စာရင်းကိုင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်မယ့်လူငယ်အတော်များများကတော့ LCCI Level(3) အောင်သွားပြီးရင် စာရင်းအင်းနဲ့ပတ်သက်တဲ့ Professional အဆင့် နိုင်ငံတကာစာမေးပွဲတွေဖြစ်တဲ့ CAT နဲ့ ACCA စာမေးပွဲတွေကို အလုပ်လုပ်ရင်း အပိုင်းလိုက်ဖြေသွားကြပါတယ်။

နောက်ဆက်တွဲရလဒ်ကတော့
LCCI International Qualification နဲ့ပတ်သက်တဲ့Diploma အဆင့် အောင်မြင်ပြီးသူတွေဟာ UK နိုင်ငံအပါအ၀င် နိုင်ငံတကာတက္ကသိုလ်တွေမှာ
သက်ဆိုင်ရာဘာသာပ်တွေရဲ့ ပထမနှစ်သင်တန်းတွေကို တက်ရောက်ခွင့်ရနိုင်မယ်လို့ဆိုပါတယ်။ (ဥပမာအားဖြင့် မြန်မာနိုင်ငံမှာအဖြေများတဲ့
Finance & Accounting နဲ့ပတ်သက်တဲ့ ပထမနှစ်သင်တန်းတွေကို တက်လို့ရပါတယ်။) ဒီလိုပဲ LCCI ရဲ့ အခြားဘာသာရပ်တွေမှာလည်း ထိုနည်းတူစွာပဲ။

ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ဆက်လက်ပညာသင်ယူမယ်လို့ရည်ရွယ်ချင်ရှိသူတွေအနေနဲ့ကလည်း LCCI စာမေးပွဲတွေဖြေမယ်လို့ ဆုံးဖြတ်ကတည်းက နိုင်ငံတကာတက္ကသိုလ်တွေမှာ ၀င်ခွင့်ရနိုင်တဲ့အခြေအနေတွေရှိတာကြောင့် စနစ်တကျနဲ့ သင်ကြားဖြေဆိုမယ်ဆိုရင် ကိုယ်တိုင်လည်းတတ်ကျွမ်းလာမှာဖြစ်သလို ကျောင်းသွားတတ်ဖို့အတွက်လည်း အကောင်းဆုံးပြင်ဆင်နိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုရင်း

အားလုံးအဆင်ပြေပါစေဗျာ

http://alinkarnya.blogspot.com/

သင်ဇာ

သင်ဇာ
MITR New User



MYOB Computerized Accounting အကြောင်းလေးလဲ ဆက်ရေးပေးပါအုံးနော်။ ကျေးဇူးပါပဲ။

mars

mars
Moderator



Moderator
ကျနော်သိရသလောက်တော့ MYOB ဆိုတာက Accounting Software တစ်ခုပဲဖြစ်လို့ အဲဒိ Software ကိုသုံးတတ်အောင်သင်ပေးတဲ့ သင်တန်းပဲရှိမယ်လို့ထင်ပါတယ်... ဘာတွေဘယ်လိုပဲသင်သင် ဘယ်လို Software တွေပဲသုံးသုံး ကိုယ့်မှာအခြေခံ Accounting knowledge ရှိနေမှကိုရပါမယ်... ကျန်တာကတော့ Software သဘောတရားအတိုင်း လုပ်ဆောင်သွားရုံပါပဲ... အဲဒိအတွက်နဲ့ပတ်သတ်ပြီး နိုင်ငံခြားလက်မှတ်စာမေးပွဲဖြေရတယ်လို့တော့ ကျနော်မကြားမိဘူး... (ကျနော်မသိတာဖြစ်မယ်... စာနဲ့ပြတ်နေတာကြာပြီလေ) နောက်ဆုံးတော့လည်းဗျာ ဘာတွေဘယ်လိုပဲသုံးသုံး Manual စာရင်းတွေကိုပြစ်ပယ်လို့မရပါဘူး... သူက hard copy လေ... Very Happy MYOB မှမဟုတ်ပါဘူး... တခြားစာရင်းကိုင်သုံး software တွေလည်း အများကြီးရှိပါသေးတယ်.. Peachtree တို့ ၊ UBS တို့၊ Master တို့လည်းသုံးကြပါတယ်... အလုပ်ပိုင်ရှင်တွေရဲ့ရွေးချယ်မှုပေါ်မူတည်ပြီး ကွာသွားတာပါ... အားလုံးကတော့ ဒီသဘောတရားတွေပါပဲဗျာ... တခြားသိချင်တာတွေရှိရင်လည်း တတ်နိုင်သလောက်စုံစမ်းမေးမြန်းပြီးဖြေပေးပါ့မယ်... (ကျနော်ကိုယ်တိုင်လည်း သိပ်မသိသေးလို့ပါ..)

သြ... MYOB နဲ့ပတ်သတ်တာတွေသိချင်ရင်
Code:
http://www.brothersoft.com/downloads/myob-accounting.html
အဲဒိမှာလည်း နည်းန်ညးဝင်ပြီးလေ့လာလို့ရပါတယ်...

http://sidnaing.co.cc/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com