Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
မလေးရှားနိုင်ငံ၏ ပညာရေးစနစ်


Over View
ပညာရေးသည် အစိုးရ၏တာဝန်တစ်ခုဖြစ်သည်။ အမျိုးသားပညာရေးစနစ်တွင်
မူကြိုကျောင်းမှစ၍ တက္ကသိုလ်ထိ ပညာရေးစနစ် ပါဝင်သည်။ Tertiary
ပညာရေးစနစ်သည် အဆင့်မြင့် ပညာရေးဝန်ကြီးဌာန (Ministry of Higher
Education) ၏ တာဝန်တစ်ခု ဖြစ်ပြီး Pre-tertiary ပညာရေး(pre-school မှ
secondary education ထိ) သည် ပညာရေးဝန်ကြီးဌာန၏ တရားဝင် လုပ်ပိုင်ခွင့်
လက်အောက်တွင်ရှိသည်။ အစိုးရ၏ ပညာရေး မျှော်မှန်းချက်မှာ
မလေးရှားနိုင်ငံအား ပညာရေးတွင် အချက်အချာကျ၍ အကောင်းဆုံးသော နိုင်ငံအဖြစ်
ပြုလုပ်ရန်ဖြစ်သည်။

Primary & Secondary Education
Primary Education (၆နှစ်သက်တမ်း)နှင့် Secondary Education (Low
secondary ၃နှစ်နှင့် upper secondary ၂နှစ်အပါအ၀င် ၅ နှစ်) သည် free
ဖြစ်သည်။ Primary Education ပထမနှစ်သို့ ၀င်ရောက်နိုင်ရန်
အသက်အပိုင်းအခြားမှာ (၇)နှစ်ဖြစ်သည်။ Primary School ထားခြင်းသည် အသက် (၇)
နှစ် နှင့် (၁၂)နှစ်ကြားတွင်ရှိသော ကလေးများအားလုံးအတွက် ပြုလုပ်ရမည့်
ကိစ္စဖြစ်သည်။ ကျောင်းသားများသည် primary တန်း၊ lower secondary နှင့်
upper secondary level များ ပြီးဆုံးချိန်တွင် public exam
များဖြေဆိုကြရသည်။

Post-Secondary Education
Secondary Education ပြီးမြောက်ခြင်းတွင် မူတည်၍ ကျောင်းသားများသည်
တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်ခြင်းအတန်း ဖြစ်သော post-secondary education ၁
နှစ်မှ ၂ နှစ် အတန်းများ ကို ရွေးချယ်နိုင်ပါသည်။

Primary & Secondary Education
Tertiary Education level တွင် အဆင့်မြင့်ပညာသင်ယူနိုင်သည့် institute
များက Certificate, Diploma နှင့် Degree များအထိပေးနိုင်သော Course
များကို ပြဋ္ဌာန်းသည်။ Certificate, Diploma, First Degree, Higher Degree
Programmes များ ( at academic and professional fields) သည် public
နှင့် private ပညာရေးကဏ္ဍအားလုံးအတွက် လုံလောက် သည့်
အရည်အချင်းများဖြစ်သည်။ Tertiary Education တွင် အဓိကအပိုင်း (၂)
ပိုင်းပါဝင်သည်။
(၁) အဆင့်မြင့်ပညာအတွက် (အစိုးရမှတည်ထောင်ပေးထားသော) Public Institutions
ဥပမာ - အများပိုင်တက္ကသိုလ်များ၊ အများပိုင်တက္ကသိုလ်ကောလိပ်များ၊
polytechnic များနှင့် ဆရာအတတ်သင်ကောလိပ်များ
(၂) ပုဂ္ဂလိကပိုင်အဆင့်မြင့် (ပုဂ္ဂလိကတည်ထောင်ထားသော) Institutions များ
ဥပမာ - ပုဂ္ဂလိကတက္ကသိုလ်များ၊ တက္ကသိုလ်ကောလိပ်များ၊ နိုင်ငံခြားတက္ကသိုလ်
ကျောင်းခွဲများနှင့် ကောလိပ်များ၊

Post-Secondary Education
မလေးရှားနိုင်ငံတွင်ရှိသော ပုဂ္ဂလိကပိုင်ပညာရေးစနစ် တည်ထောင်သူများကို pre-
school မှ tertiary education ထိ ပညာရေးအဆင့်များပေါ်တွင် မူတည်၍
အုပ်စု၂ခု ခွဲနိုင်သည်။ Institute အုပ်စု၂စုတို့မှာ -
(၁) pre-school, primary နှင့် secondary levels ပညာရေးကိုပေးထားသော
Primary Educational Institutions (PEIs) (သို့) Private Schools
(၂) Certificate, Diploma နှင့် Degree များအထိချီးမြှင့်ရန်
ရည်ရွယ်ထားသော tertiary education ရှိသည့် Private Higher Educational
Institutions (PHEIs) တို့ဖြစ်ကြသည်။

6 EASY STEPS to study in Malaysia .

(၁) နိုင်ငံတကာကျောင်းသားများ လက်ခံရန် ပြည်ထဲရေးဝန်ကြီးဌာန မှ official
approval ရရှိထားသော educational institutions မျာသို့ သက်ဆိုင်ရာ
စာရွက်စာတမ်းများ နှင့်တကွ လျှောက်လွှာတင်ပါ။
(၂) ကျောင်းသားများ၏ လျှောက်လွှာများကို မလေးရှားနိုင်ငံတွင်ရှိသော
Malaysian Immigration Department တွင် student pass အတွက် အကူအညီပေးသော
educational institution ကလက်ခံသည်။
(၃) လက်ခံမှုပေါ်တွင်မူတည်၍ student pass အတွက် အသိအမှတ်ပြုစာကို Malaysian
Immigration Department က educational institution သို့
ထုတ်ပေးပါလိမ့်မည်။
(၄) မလေးရှားနိုင်ငံသို့ မထွက်ခွာခင် လေဆိပ်ဝင်ခွင့်၊ လေယာဉ်လက်မှတ်၊
ရောက်မည့် အချိန်နှင့် နေ့ရက်များကို educational institution များသို့
အကြောင်းကြားပါ။
(၅) မလေးရှားနိုင်ငံလေဆိပ်သို့ ရောက်သောအခါ သက်ဆိုင်ရာကျောင်းမှ
ကိုယ်စားလှယ် က Immigration စစ်ဆေးသော နေ ရာတွင် ကျောင်းသားများကို
လာကြိုပါလိမ့်မည်။
(၆) ရောက်ပြီး ၂ပတ်အတွင်း educational institution က ကျောင်းသား၏
passport ကို student pass sticker အတွက် Immigration Department သို့
ပေးပို့ပါလိမ့်မည်။

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com