Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ရန်ကုန်မြို့တော်ရှိတစ်ခါသုံးဖုန်းကတ်ရောင်းဝယ်ရေးဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ် မှုမရှိဘဲ ဈေးနှုန်းမြင့်မားမှုကြောင့် အဆိုပါဖုန်းများကို ဖြန့်ချိရောင်းချသော Central Marketing ကုမ္ပဏီက တစ်ခါသုံးဖုန်းများကို ဈေးနှုန်းသတ်မှတ်ရောင်းချသွားမည်ဖြစ်ကြောင်းယင်းကုမ္ပဏီ ၏ အထွေထွေမန်နေဂျာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။ “ ပြင်ပမှာ ဈေးတွေမြင့်နေ တာကို ကျွန်တော်တို့ပြန်ပြင်ထားတယ်။(ကျပ်)၂၁,၀၀၀ နဲ့ဝယ်လို့ရအောင်လုပ်ထားပေးတယ်” ဟု ၄င်းကဆိုသည်။
အဆိုပါတစ်ခါသုံးဖုန်းကတ်များသည်ပြင်ပဈေးကွက်များပေါ်ပေါက်လာပြီး ဈေးနှုန်းမြင့်တက်လာခြင်းအပေါ် မတ်လ ၁၃ရက်နေ့မှစတင်ပြီး FEC ၂၀တန်ဖုန်းများကို ကျပ် ၂၁,၀၀၀နှုန်းဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ရှော့ပင်းစင်တာများ၊ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် များတွင် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသောအထောက်အထားဖြင့်တစ်ဦးလျှင်ဖုန်းကတ် တစ်ကတ်နှုန်း Central Marketing ကုမ္ပဏီက ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပါရမီ၊ ဝေ ဇယန္တာ၊ ဗားကရာလမ်းရှိ Elite Tech အရောင်းဆိုင်များ၊ Capital ၊ ယုဇနပလာဇာ အတွင်းရှိ ကျော်မိုဘိုင်းလ်၊ လှည်းတန်း၊ တာမွေ၊ ဆူးလေတို့ရှိ ဖုန်းအပိုပစ္စည်းနှင့် Handset အရောင်း ဆိုင်အချို့တွင် ကျပ် ၂၁,၀၀၀ နှင့် ၀ယ်ယူနိုင်ကြောင်း ဦးစိုင်းခင်မောင်အေးက ပြောကြား သည်။ ရန်ကုန်မြို့တော်တွင် တစ်ခါသုံးဖုန်းကတ် ၀ယ်လိုအား ပိုမိုများပြားပြီး အဆိုပါ တစ်ခါ သုံးဖုန်းများကို လက်လီရောင်းချသော အရောင်းဆိုင်အချို့သည် နေ့စဉ် FEC ပေါက်ဈေးဖြင့် တွက်ချက်ရောင်းချခြင်းမရှိကြောင်း၊ အဆိုပါ တစ်ခါသုံးဖုန်ကတ်များကို စတင် ရောင်းချချိန်မှ စတင်ပြီး ဈေးနှုန်းများမြင့်တက်မှုသည် ကျပ် ၂၃,၀၀၀မှ ကျပ် ၂၈,၀၀၀ထိ ဈေးနှုန်းမြင့်မားခဲ့ ကြောင်း လူကြီးမင်း ဖုန်းအပိုပစ္စည်း အရောင်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦးက ရှင်းလင်း ပြောကြားသည်။ တယ်လီဖုန်းလိုအပ်ချက်ကြီးမားနေပြီး ဈေးနှုန်းများမြင့်မားနေသော မြန်မာ နိုင်ငံ၌ ကျပ်ငါးသိန်းဖြင့်ရရှိနိုင်သော CDMA 800MHz ဖုန်းများနှင့် CDMA ကမ်းရိုးတန်းဖုန်း များကို နယ်မြို့များတွင် ကျပ်ငါးသိန်းဖြင့် ရရှိမှုများကြောင့် တစ်ခါသုံးဖုန်းကတ်ဈေးကွက်ကို ထိခိုက်မှုမကြီးမားကြောင်း၊ အဆိုပါ ကျပ်ငါးသိန်းတန်ဖုန်းများ ချထားပေးမှု အရေအတွက် သည်လည်း နည်းပါးသေး၍ တစ်ခါသုံးဖုန်းကတ်များ ၀ယ်လိုအား သိသိသာသာ လျော့ကျ ခြင်းမရှိကြောင်း ၂၀၁၀ခုနှစ် မတ်လ ၂၂ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထား ပါသည်။

Ref: mtalk

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com