Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကဲ။ ကျွန်တော့်ကို Gtalk မှာ G ကျခဲ့တဲ့ ကိုကို ၂ ယောက်။
ဒီမှာလာပြီး တိုင်ပင်ပါ။ ဘာပွဲကျင်းပချင်လဲ။ ဘယ်နေ့ကျင်းပမလဲ။ ပိုက်ဆံဘယ်လောက်စီ ထည့်ကြမလဲ (Member တွေဆီကတော့ မကောက်ချင်ပါ)

ပွဲကျင်းပမယ်ဆိုရင်တော့ ပွဲလေးကို အကျိုးရှိမယ့် Knowledge Sharing ပွဲလိုလေးလုပ်ချင်တယ်။ အပျော်လေးလည်း နည်းနည်းတော့ ထည့်ပေးမှာပေါ့။


အဓိကတိုင်ပင်ဖို့လိုတာက အချိန်
ကျွန်တော် စာမေးပွဲပြီးမှ လုပ်မယ်ဆိုရင်တော့ရတယ်။ ဒါပေမယ့် ၄ လပိုင်းထဲရောက်သွားပြီ။ MZ ပွဲလည်းရှိနေတယ်။

ပြီးတော့ နောက်တစ်ခုက ရန်ပုံငွေ။ အမှန်အတိုင်းပြောရရင် အစ်ကိုတို့ဆီက တောင်းရတာ အားနာတယ်။


အဲဒီ့တော့ တိုင်ပင်ကြပါ။ ကျွန်တော် ဒီ စနေ ၊ တနင်္ဂနွေ နောက်ဆုံးလောက်ဘဲ အွန်လိုင်းလာဖြစ်တော့မယ်။



Last edited by SYKO on 6th April 2010, 9:26 pm; edited 2 times in total

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
ဘယ်လို ပွဲမျိုး လုပ်မှာလဲ ဟင် ... သိချင်လို့ပါ... ကူညီလို့ရရင် ကူညီချင်ပါတယ် ... Very Happy Very Happy

sHa92

sHa92
Founder



Founder
K0ht3t wrote:ဘယ်လို ပွဲမျိုး လုပ်မှာလဲ ဟင် ... သိချင်လို့ပါ... ကူညီလို့ရရင် ကူညီချင်ပါတယ် ... Very Happy Very Happy

ဟုတ်။ ကျွန်တော်ကတော့ Knowledge Sharing ပွဲလေး လုပ်ချင်တယ်။ Member Gathering လိုလေးလဲ ထည့်ရင်းနဲ့ပေါ့

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
အဓိက ကတော့ အချိန်ပါပဲဗျာ
အချိန်ရရင် ရသလို အားလုံးကို ပြင်ဆင်ခွင့်ရှိကြတာပေါ့
ငွေကအစပေါ့..
လုပ်မယ်ဆိုရင် ညနေပိုင်းပိုကောင်းမယ် နော်

sHa92

sHa92
Founder



Founder
solakoko wrote:အဓိက ကတော့ အချိန်ပါပဲဗျာ
အချိန်ရရင် ရသလို အားလုံးကို ပြင်ဆင်ခွင့်ရှိကြတာပေါ့
ငွေကအစပေါ့..
လုပ်မယ်ဆိုရင် ညနေပိုင်းပိုကောင်းမယ် နော်

အင်း။ ဟုတ်တယ်ဗျ။
ညနေပိုင်းလေးဆို မဆိုးဘူး။

BTW တားတား Avatar လေး ကြိုက်ကြလား။ Razz

http://www.myanmaritresource.info

mars

mars
Moderator



Moderator
သူတို့တွေကျတော့ ပျော်ပျော်ပါးပါးလုပ်ကြတော့မယ်... ငါကျတော့ ...
ကဲထားပါ.. အလကားအပျော်စတာပါဗျာ.. Razz အဲလိုစုစည်းပြီး ပျော်ပျော်ပါးပါး လုပ်ခဲ့တာလေးတွေ ကိုမှတ်တမ်းတင်ဓာတ်ပုံလေးတွေ ရိုက်ခဲ့ပေးပါ... ပြီးတော့ ဖိုရမ်မှာ တင်ပေးပါလို့... ကျနော်က အပေါင်းအသင်းနည်းနည်းမင်တယ်... အဲလိုမျိုးဆို ရန်ကုန်မှာများရှိလို့ကတော့ အလွတ်ကိုမခံဘူး... ပျော်စရာကြီးနေမှာ... လုပ်ဖြစ်ပါစေဗျာ...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
အကြံလေးတွေလည်း ပေးကြဦးလေ။

လုပ်ချင်တယ်ဆိုပြီး ဘူမှလည်း အကြံထွက်ကြဘူးလား။
တားက ဒီတစ်ပတ်ဘဲ ၀င်မှာနော်။ ဒါတောင် စာကျက်ချင်စိတ် ပျောက်နေလို့ လာနေနေတာ။

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
K0ht3t wrote:ဘယ်လို ပွဲမျိုး လုပ်မှာလဲ ဟင် ... သိချင်လို့ပါ... ကူညီလို့ရရင် ကူညီချင်ပါတယ် ... Very Happy Very Happy
ဟီး...အဓိကလိုတဲ့အကူအညီကတော့ငွေကြေးပါပဲ။ Razz
ဒီပွဲမျိုးလုပ်ရင် ပိုက်ပိုက်ကတော်တော်ကုန်မှာ....
နေရာကို မြကျွန်းသာ လိုနေရာမျိုးဆိုရင်ဆိုရင်ကော.....ပြီးတော့ ကျွေးဖို့ရှိသေးတယ်
ဒန်ပေါက်ပဲကျွေးဦး တစ်ပွဲကို 1500 ဆယ့်နှစ်ပွဲဆိုရင် 15000. (5 ပွဲဝယ်ရင် 1 ပွဲအပိုလေ)
ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်အိမ်မှာ ကြာဇံကြော်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်လုပ်ပြီးတော့ ထည့်လာရင်ကော။ ဖော့ဘူးလေးတွေနဲ့။
အဲဒီလိုဖိတ်လိုက်ရင် တော်တော်များများလာကြမှာ။ နေရာကိုတော့ မြကျွန်းသာ ရဟတ်ကြီးဘေးနားမြက်ခင်ပြင် ဆိုရင်မဆိုးဘူး။
ဒါမှမဟုတ် ပြည်သူ့ရင်ပြင်ဆိုရင်လဲ ၀င်ကြေးသိပ်မကုန်ဘူး။ ကန်တော်ကြီးလဲရတာပဲ။ ဆိုလိုတာက ခန်းမ နဲ့ဘာနဲ့မလုပ်ချင်ဘူးပြောတာ။
အဲဒီမှာပျော်ပွဲရွှင်ပွဲအနေနဲ့ကတော့ ပါဆယ်ဂိမ်းလိုမျိုး၊ ပြီးတော့ Knowledge Question လိုမျိုးတွေ ......ကစားပြီး ဆုပေးတာမျိုး။
ဆုပေးတာကိုလဲ လိုဂိုရိုက်ထားတဲ့ T-Shirt တွေပေးရင်ကော။ဘယ်လိုသဘောရကြလဲ။ ကျွန်တော်ကုန်ကျစရိတ်ကို ပြန်တွက်ပါဦးမယ်။

sHa92

sHa92
Founder



Founder
[quote="z3r0c00l"]
K0ht3t wrote:ကိုယ့်ဘာသာကိုယ်အိမ်မှာ ကြာဇံကြော်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်လုပ်ပြီးတော့ ထည့်လာရင်ကော။ ဖော့ဘူးလေးတွေနဲ့။
အဲဒီလိုဖိတ်လိုက်ရင် တော်တော်များများလာကြမှာ။ နေရာကိုတော့ မြကျွန်းသာ ရဟတ်ကြီးဘေးနားမြက်ခင်ပြင် ဆိုရင်မဆိုးဘူး။
ဒါမှမဟုတ် ပြည်သူ့ရင်ပြင်ဆိုရင်လဲ ၀င်ကြေးသိပ်မကုန်ဘူး။ ကန်တော်ကြီးလဲရတာပဲ။ ဆိုလိုတာက ခန်းမ နဲ့ဘာနဲ့မလုပ်ချင်ဘူးပြောတာ။
အဲဒီမှာပျော်ပွဲရွှင်ပွဲအနေနဲ့ကတော့ ပါဆယ်ဂိမ်းလိုမျိုး၊ ပြီးတော့ Knowledge Question လိုမျိုးတွေ ......ကစားပြီး ဆုပေးတာမျိုး။
ဆုပေးတာကိုလဲ လိုဂိုရိုက်ထားတဲ့ T-Shirt တွေပေးရင်ကော။ဘယ်လိုသဘောရကြလဲ။ ကျွန်တော်ကုန်ကျစရိတ်ကို ပြန်တွက်ပါဦးမယ်။

အင်း။ အကုန်ထောက်ခံတယ်။
ကြာဇံကြော် အိမ်ကကြော်လာတာလည်း ထောက်ခံတယ်။ (but ဘယ်သူကြော်မှာတုန်း။ ကိုဇီးရိုး မဟေသီ?)

ပျော်ပွဲရွှင်ပွဲသက်သက်တော့မလုပ်ချင်ဘူး။ အကျိုးရှိမယ့်ဟာ တစ်ခုခုလောက်တော့ ဟောပြောပွဲလိုလုပ်ပေးချင်တယ်။
ဥပမာ။ ။ ကျွန်တော်ဆို Reverse Engineering အကြောင်း ပြောချင်တယ်။

ကစားတာလည်း ကစားတာပေါ့။

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
$ƴǩǾ wrote:
အင်း။ အကုန်ထောက်ခံတယ်။
ကြာဇံကြော် အိမ်ကကြော်လာတာလည်း ထောက်ခံတယ်။ (but ဘယ်သူကြော်မှာတုန်း။ ကိုဇီးရိုး မဟေသီ?)

ပျော်ပွဲရွှင်ပွဲသက်သက်တော့မလုပ်ချင်ဘူး။ အကျိုးရှိမယ့်ဟာ တစ်ခုခုလောက်တော့ ဟောပြောပွဲလိုလုပ်ပေးချင်တယ်။
ဥပမာ။ ။ ကျွန်တော်ဆို Reverse Engineering အကြောင်း ပြောချင်တယ်။

ကစားတာလည်း ကစားတာပေါ့။
မဟေသီ ကြော်မှာမဟုတ်ဘူး။ ယောက္ခမကြီးကြော်လိမ့်မယ်။ z3r0c00l မဟေသီကြော်တာစားပြီး ဒီတစ်သက် ကြာဇံကြော်ကို လှည့်ကြည့်ချင်မှာမဟုတ်ဘူး။ Razz
(ဘုရား...ဘုရား......ဒီပို့စ်ကို ဟာသ၊ ကျော်ခိုင်၊ ကိုဇေ တို့ဖတ်မိပြီး င့ါမဟေသီကိုပြန်မချွန်ပါစေနဲ့ ဘုရား.....)
$ƴǩǾ wrote:ပျော်ပွဲရွှင်ပွဲသက်သက်တော့မလုပ်ချင်ဘူး။ အကျိုးရှိမယ့်ဟာ တစ်ခုခုလောက်တော့ ဟောပြောပွဲလိုလုပ်ပေးချင်တယ်။
ဥပမာ။ ။ ကျွန်တော်ဆို Reverse Engineering အကြောင်း ပြောချင်တယ်။

ကစားတာလည်း ကစားတာပေါ့။
အဲဒါကိုလည်းလက်ခံတယ်။ ကောင်းတယ်။ Reverse Engineering အကြောင်းနဲ့ ကိုယ်ပိုင် Programming Language တစ်ခုဘယ်လိုတီထွင်မလဲဆိုတာကို ပြောလိုက်။ ငါ PHP ပြောမယ်။ (အလွတ်ကျက်ပြိးတော့ .. Razz)
ပြီးတော့ လူဘယ်နှစ်ယောက်လောက်ဖိတ်မှာလဲ။ လာမယ့်လူတွေစာရင်းပေးခိုင်းလိုက်ရင်ကောင်းမယ်နော်။ ငါ ပိုက်ဆံတွက်ရမယ်။ ဘယ်လောက်ကုန်မလဲဆိုတာကို...အဲဒီအတွက် အပြင်မှာတစ်ခေါက်တွေ့ဖို့လိုလိမ့်မယ်။

sHa92

sHa92
Founder



Founder
ကျပြီ။

သေချာတယ်။ ဒီတစ်ခါတော့ မောင် $ƴǩǾ တို့။ AGTI နဲ့ ဘ၀ဆုံးပြီ။

IDCS ကျတုန်းကလည်း ဒီလိုမျိုးလေးဘဲ။ Razz

http://www.myanmaritresource.info

solakoko

solakoko
Moderator



Moderator
ကောင်းတယ် ကောင်းတယ်

ဘယ်သူက ဦးဆောင်မှာလဲ
ဘယ်သူတွေလာမှာလဲ ဆိုတာသေချာမသိဘူး..
လုပ်မယ်ဆိုရင်
လာမဲ့လူ စာရင်းလေးကောက်လိုက်ပေါ့

အဲဒါသိမှ စီစဉ်လို့ ရမှာလေ..

Admin အဖွဲ့  က Knowledge Share ချင်တယ်ဆိုလဲ Share ပေါ့..
ကျနော်တို့ က တော့ဘာမှမသိလို့  ၀င်မ Share နိုင်ဘူး..
လိုက်နားထောင်ပေးမယ် နော့်

လာမဲ့ သူတွေရဲ့ စာရင်း သိမှ ဆက်စီစဉ်လို့ ရမှာဖြစ်လို့ ..
စာရင်းလေးတွေ တော့ကောက်စေချင်တယ်ဗျ

:shout

ပိုက်ဆံကတော့ နဲသည်များသည် သဘောမထား..ပဲ တစ်ယောက် (ငါးထောင်)လောက်ပဲ ကောက်စေချင်တယ်
(၁၀)ယောက်လာရင် ငါးသောင်း

အဲဒီငါးသောင်းနဲ့  လွတ်လွတ်လပ်လပ် ဖြစ်နိုင်တဲ့ တစ်နေရာ သွားပြီး...
နေကြာစေ့ စားတာပဲဖြစ်ဖြစ်... ယမကာ..ဘီယာ..သင့်တော်သလိုစီစဉ်ကြပေါ့ဗျာ


ဘယ်သူမှ မလာလဲ ရှိတဲ့ သူလေးနဲ့ ၊ ရှိသလောက် ပိုက်ပိုက်လးနဲ့ ဘီယာဆိုင် တစ်ဆိုင်သွားပြီး.. ..................................... ဂလု..................ဂလု...................ဂလု.........................etc...

သြော်....အရှိန်လွန်သွားပြန်ပြီ...Brake..Brake..Brake

sHa92

sHa92
Founder



Founder
လုပ်ကြ။ လုပ်ကြ။
အကူအညီလိုရင်ပြော။

တားတော့ ဦးမဆောင်နိုင်ဘူးနော်။ Very Happy ဟိ

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
$ƴǩǾ wrote:ကျပြီ။

သေချာတယ်။ ဒီတစ်ခါတော့ မောင် $ƴǩǾ တို့။ AGTI နဲ့ ဘ၀ဆုံးပြီ။

IDCS ကျတုန်းကလည်း ဒီလိုမျိုးလေးဘဲ။ Razz
မင်းဘ၀မဆုံးစေရဘူး $ƴǩǾ ရ.....ရ...ရ....ရ (Echo သံ.....)
မလုပ်ပါနဲ့ဆိုက်ကိုရာ.....ဒီအချိန်ကအရေးအကြီးဆုံးပဲ။ စာမေးပွဲပြီးမှလုပ်ရင်လဲလုပ်ကြတာပေါ့။ စာမေးပွဲတော့အကျမခံပါနဲ့ကွာ။

bluehack

bluehack
Moderator



Moderator
z3r0c00l wrote:
မဟေသီ ကြော်မှာမဟုတ်ဘူး။ ယောက္ခမကြီးကြော်လိမ့်မယ်။ z3r0c00l မဟေသီကြော်တာစားပြီး ဒီတစ်သက် ကြာဇံကြော်ကို လှည့်ကြည့်ချင်မှာမဟုတ်ဘူး။ Razz
(ဘုရား...ဘုရား......ဒီပို့စ်ကို ဟာသ၊ ကျော်ခိုင်၊ ကိုဇေ တို့ဖတ်မိပြီး င့ါမဟေသီကိုပြန်မချွန်ပါစေနဲ့ ဘုရား.....)

ဖတ်ပြီးပြီညနေရအောင်ကျပ်ထားလိုက်မယ်။ ပြောဖြစ်အောင်ကိုပြောပေးပမယ်။စိတ်ချထား :shout

အစီအစဉ်အားလုံးကိုကြိုက်တယ်။ဒါပေမယ့်အဲဒိရက်မှာအားပါ့မလားပဲ
အခုတောင်နေ့လည် (၁)နာရီထိုးရင်နေပြည်တော်ကိုသွားရမှာ။
တားတားကို ခွင့်လွှတ်ပေးကြပါနော်။
တားတားကတော့ ပွဲမှာပါဖြစ်ရင် ဖိုရမ်ကူလီလေးလိုမျိုး ဂျိုတာ ပဲလုပ်ဖြစ်ဖို့များတယ်။
တားတားမတိတာတွေများနေလို့ Razz

sHa92

sHa92
Founder



Founder
စာမေးပွဲပြီးမှ လုပ်ရင်ကျတော့ နောက်ကျနေသလားလို့။

အစ်ကိုတို့ သဘောပါ။

လောလောဆယ်တော့ စာကျက်ချင်စိတ်လုံးဝမရှိ။

http://www.myanmaritresource.info

Htet Naing

Htet Naing
Moderator



Moderator
ကဲ..ကဲလာမယ့်သူတွေ လက်ညိုးထောင်နော်။ ကျွန်တော်လည်း လက်ညိုးထောင်ထားတယ်နော်။
ကူညီပါရစေနော်။(not "Police") Razz

alt.332

alt.332
Administrator



Administrator
Thread ကြီးတစ်ခုလုံးမှာ ဘီယာရယ် ကြာဇံကျော်ရယ်ပဲ မြင်လိုက်တယ်...ကျန်တာတွေဘာမှန်းမသိလိုက်ဘူး Very Happy

http://www.myanmaritresource.info

shinthant

shinthant
Moderator



Moderator
ကျနော်လည်းပြောပြီးဗျို့ ကျနော်လည်းလာမယ် အကူအညီလိုအပ်ရင်လဲပြောကြပါ

ကျနော်လုပ်ပေးနိုင်သမျှအစွမ်းကုန်ကူညီပါမယ် နည်းပညာပိုင်းတွေမပါ...

ကူလုပ်ပေးလို့ရတာ မှန်သမျှပြောနိုင်ပါသည် အဓိကပွဲလေး အောင်အောင်မြင်မြင် ဖြစ်စေချင်ပါသည်

ζ. ζ. †

ζ. ζ. †
MITR Reader



MITR Reader
မဟေသီ ကြော်မှာမဟုတ်ဘူး။ ယောက္ခမကြီးကြော်လိမ့်မယ်။ z3r0c00l မဟေသီကြော်တာစားပြီး ဒီတစ်သက် ကြာဇံကြော်ကို လှည့်ကြည့်ချင်မှာမဟုတ်ဘူး။
(ဘုရား...ဘုရား......ဒီပို့စ်ကို ဟာသ၊ ကျော်ခိုင်၊ ကိုဇေ တို့ဖတ်မိပြီး င့ါမဟေသီကိုပြန်မချွန်ပါစေနဲ့ ဘုရား.....)
ချွန်ရမှာပေါ့ ဒါက ချွန်သင့်ချွန်ထိုက်တယ် Smile
တွေ့တိုင်း ချွန်မှာ print screen လေးပါ ဖမ်းသွားရင်ကောင်းမယ် alt ရေ
$ƴǩǾ တုန်းကလိုပေါ့

နာလည်းပါမယ်နော် ချန်မထားကြနဲ့

alt.332

alt.332
Administrator



Administrator
ငါအဲ့လိုတွေ မလုပ်တော့တာ ကြာပါပြီကွာ... အဲ့ဒီ့နေ့ မနက် ငါ့အိမ်လာခဲ့ Vinyl လာသယ် Razz

http://www.myanmaritresource.info

ET

ET
Moderator



Moderator
ညီရေ အကိုအပေါ်က ပြောတာ သဘောတူတယ်

လူအင်အားစာရင်းကို ကောက်မနေနဲ့တော့
ဖိတ်ပဲဖိတ်လိုက်တော့

အကိုတို့လုပ်ရမှာက
အသင်းဝင် အားလုံးခန့်မှန်း(...........)
အပြင်ကိုဖိတ်မယ့် လူအင်အားခန့်မှန်း(..........)

ကြာဆံကြော်တစ်မျိုးပဲလား
နောက်ဘာပါဦးမလဲ
လာတဲ့သူမပြင်းရိရအောင် တစ်ခြားဘာအစီစဉ်ရှိသေးလဲ
ပျော်ရွင်စရာတစ်ခုခုနဲ့နီးတဲ့နေ၇ာ မှာဆိုရင်ပိုကောင်းမယ်
အကိုတို့ဘက်က Service ပေးမယ်

ကုန်ကျငွေကိုတွ့က်မယ်
ဘယ်သူတွေ ဘယ်လောက်ထည့်နိုင်မလဲ
ဘယ်လောက်ရယ်လို့ မသတ်မှတ်နဲ့တော့
ဖိုရမ်အတွ့က်ပဲဆိုတော့ကြိုးစားကြတာပေါ့


အကို့လည်း ရန်ပုံငွေထည့်မယ်
မေလ်းပို့ပေးထားပါ
ညီ $ƴǩǾ ရေ
[You must be registered and logged in to see this link.]
ဘဏ်မရှိတဲ့အတွက် လာပို့ရမဲ့ လိပ်စာသာ ထည့်ပေးပါ
အကိုလူကြုံနဲထည့်ပေးမယ်
ကြိုပြီးတော့ အကြောင်းကြားပေးပါ

http://alinkarnya.blogspot.com/

samurai

samurai
Moderator



Moderator
စရင်းက မကောက်လို့မဖြစ်ဘူး အကို ။ ကောက်ထားမှ ရမယ် ။ အနားနီးလာလို့ ကိုယ်ခန့်မှန်းထားတဲ့ လူဦးရေ

ထက်ကျော်နေရင် ကျွန်တော်တို့ ထပ်ပြီးစီစဉ်စရာ ရှိသာကို စီစဉ်လို့ ရအောင် စရင်းတော့ ကောက်ထားရမယ်အကို ။

ကျွန်တော်တို့က အကျွေးအမွေးတင် မဟုတ်ဘူး ၊ လာတဲ့လူကို လက်ဆောင်ပေးမှာမို့ စရင်းမကောက်ထားဘဲ

ဒီတိုင်းလုပ်မယ်ဆို ကျွန်တော်တို့ခန်းမှန်းထားတာနဲ့ ပိုသွားရင် လက်ဆောင်ပစ္စည်းကို ရတဲ့လူကရပြီး ၊ မရတဲ့လူက

မရရင် ကျွန်တော်တို့တောင် အပြောခံရအုံးမယ် ။ သူ့ကျပေးပြီး ငါ့ကျမပေးဘူးဆိုပြီး အပြစ်ပြောသံတွေ ထွက်လာလိမ့်

မယ်အကို ၊ အဲ့ဒါကြောင့် စရင်းကောက်ထားတာပါ ။ အကိုလည်း ပိုက်ပိုက်ထည့်မယ်ဆိုလို့ ကျွန်တော်တို့ အားလုံးက

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည် ။ ကျွန်တော်တို့ ပိုတဲ့ပိုက်ဆံကို တခြား အစီအစဉ် အသစ် ထပ်လုပ်ပေးမှာပါ ။

http://www.deltafcfans.goodoles.com

mars

mars
Moderator



Moderator
အင်း ကျနော်လည်း ရန်ပုံငွေကို ထည့်ပေးချင်တယ်... ရှေ့လထဲမှာတော့ မြန်မာပြည်ပြန်မယ့်လူကြုံရှိလိမ့်မယ်... အကိုတို့ဆီမှာက ငွေလွှဲရတာ ခက်တယ်... ဘဏ်မရှိလို့လေ... မြန်မာလည်း ဒီမှာကနည်းတယ်... ဒူဘိုင်းလောက်သာများတာလေ.... ကြိုပြောပါလို့... အကယ်၍ လူကြုံမပြန်ဖြစ်ရင်တောင် တစ်ခုခုနဲ့ ဖြစ်အောင် ၊ အဆင်ပြေအောင် အကိုလုပ်ပေးပါမယ်... အဆင်ပြေသလောက်လေးပေါ့... ( ကြိုပြောကြပါနော်.. မေးပို့ထားပေး)

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ဒါဆို အခုကစပြီး အလှူငွေကောက်ရင်ကောင်းမယ်။ Mod တွေ Admin တွေဘဲပေါ့။ (Member တွေဆီကတော့ ကောက်ချင်ဘူး)

ငွေကိုင်က ဘယ်သူလုပ်မလဲ။ ၂ ယောက်လောက်တော့ လုပ်တာကောင်းမယ်ထင်တယ်။

ငွေစာရင်းနဲ့ သေချာလေးလုပ်လို့ရအောင်ပေါ့။

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
$ƴǩǾ wrote:ဒါဆို အခုကစပြီး အလှူငွေကောက်ရင်ကောင်းမယ်။ Mod တွေ Admin တွေဘဲပေါ့။ (Member တွေဆီကတော့ ကောက်ချင်ဘူး)

ငွေကိုင်က ဘယ်သူလုပ်မလဲ။ ၂ ယောက်လောက်တော့ လုပ်တာကောင်းမယ်ထင်တယ်။

ငွေစာရင်းနဲ့ သေချာလေးလုပ်လို့ရအောင်ပေါ့။
အခုလိုအကုန်လုံးက အားတက်သရောကူညီကြတာကို အရမ်းဝမ်းသာပါတယ်ဗျာ။ ဒါပေမယ့် အလှူငွေထည့်ဖို့ကိစ္စကို အဆင်ပြေအောင် ဘယ်လိုလုပ်ရပါ့မလဲ။ အော်...$ƴǩǾ ငါ ကျော်ခိုင့်ဆီကလဲ အလှူငွေကောက်ထားသေးတယ်ကွ။ ထည့်မယ်ဆိုပဲ။ Very Happy

sHa92

sHa92
Founder



Founder
ကျွန်တော်တာဝန်ခွဲပေးရမလား???

ငွေစာရင်းကိုင်ကို ကျွန်တော်သတ်မှတ်ပေးရမလား???

သဘောတူမတူကတော့ Vote ကြပေါ့

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
$ƴǩǾ wrote:ကျွန်တော်တာဝန်ခွဲပေးရမလား???

ငွေစာရင်းကိုင်ကို ကျွန်တော်သတ်မှတ်ပေးရမလား???

သဘောတူမတူကတော့ Vote ကြပေါ့
ကောင်းပါတယ်။ အဲဒီလိုပဲလုပ်လိုက်ပါ။ Vote လဲလုပ်မနေပါနဲ့တော့။ အချိန်ကြာတယ်။ ဒီလိုတာဝန်ခွဲပေးထားတယ်။ အဆင်မပြေရင်ပြန်ပြောပါ လို့ပြောပေါ့။ အဲဒီတာဝန်ခွဲတဲ့အထဲမှာ $ƴǩǾ နဲ့ alt.332 မပါစေနဲ့။ ကိုယ့်စာကိုယ်ကျက်။

mars

mars
Moderator



Moderator
အကို ဆရာဝင်လုပ်တာတော့မဟုတ်ဘူးနော်.. ကြိုပြောထားတယ်... ဒါပေမယ့် ပြောစရာတော့မလိုပါဘူး... $ƴǩǾ တို့ အကို့ကို နားလည်မှာပါ... အကိုအခုပြောချင်တာက ဒီလိုပွဲမျိုးဆိုတာ ဒီတစ်နှစ်ထဲလုပ်မှာမဟုတ်ဘူးနော်... ပြီးတော့ လုပ်တိုင်းကိုလည်း အခုလို လိုက်ပြီးတော့ စုရုံးနေရရင် အချိန်လည်းကုန်မယ်... နောက်ပြီးတော့ အကိုတို့လို လူမျိုးတွေအတွက်ကျတော့ ငွေလွှဲတာတွေက နည်းနည်း ခက်တယ်... အိမ်ကိုတောင် ငွေလွှဲလို့ အဆင်ပြေမယ့် အခါမျိုးတွေကျမှ စုပြီး ပေါင်းပြီးလွှဲတာ.. လူကြုံနဲ့ငွေထည့်ပေးတာမျိုးလေးတွေလုပ်နေရတာဆိုတော့ အကိုဖြစ်စေချင်တာက (ဒီဖိုရမ်က ရေရှည်သွားမယ့် စီမံကိန်းလည်းဖြစ်နေလို့ ပြောတာပါ) ဖိုရမ်နာမည်နဲ့ ဘဏ်အကောင့်တစ်ခုလုပ်ထားလိုက်ပါလို့ အကြံပေးချင်တာပါ... နောက်ပြီး မန်ဘာတွေဆီကမကောက်ချင်တာ $ƴǩǾ ဘာလို့မကောက်ချင်တာလဲဆိုတာကို အကိုသိတယ်... ဒါပေမယ့် သူတို့ဘက်ကနေ ပြန်ပြီးတော့ စဉ်းစားပေးချင်တယ်... အဆင်မပြေလို့ ၊ နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မထည့်တာ ကိစ္စမရှိဘူး... ထည့်ဝင်ချင်ပြီးဖိုရမ်နဲ့ တစ်စိတ်တည်းတစ်သားတည်းဖြစ်ချင်တဲ့ မန်ဘာမျိုးတွေအတွက်ကျတော့ သူတို့ကိုနေရာမပေး ဘေးဖယ်ထားရာရောက်သလို ခံစားမရနိုင်ဘူးလား... အကိုက သူတို့နေရာကနေ၀င်ပြောတာပါ... နည်းတယ်များတယ်မဟုတ်ပဲ အားလုံးဝိုင်းပြီး ပွဲလေးပြီးသွားမယ်.. နောက်ပွဲတွေအတွက်ပါ အချိန်မရွေး အတွက် ရန်ပုံငွေပုံစံလေးတွေလုပ်ထားမယ်ဆိုရင် ဖိုရမ်ရဲ့ရှေ့ဆက်မယ့်ကဏ္ဍမှာ နည်းနည်းချောသွားမယ်ထင်တယ်... စိတ်သွားတိုင်းကိုယ်ပါနိုင်မယ်ထင်တယ်... နောက်ပြီးတစ်ခုခုလုပ်ချင်တိုင်း မနိုင်မနင်ဖြစ်မယ့် ပုံစံလေးတွေနည်းနည်းတော့ လျှော့သွားမယ်ထင်တာပဲ... ဘဏ်အကောင့်ကတော့ လုပ်လို့ရပါတယ်... တစ်ယောက်တည်းမဟုတ်ပဲ 3 ယောက်စုံမှထုတ်လို့ရမယ့် အကောင့်မျုးတွေကို ဖိုရမ်နာမည်နဲ့လုပ်ထားလို့ရတယ်... အပ်ငွေကိုတော့ စာရင်းဇယားတွေအတွက်ကတော့ နည်းနည်းအလုပ်ပိုလာမယ်.. ဒါကတော့ တာဝန်ယူမယ့်သူကိုရှာရမှာပေါ့... လုပ်ငန်းကြီးလာလေ တာဝန်ကြီးလာလေတော့ရှိပါတယ်... အခုကတော့ လုပ်တာက ပြီးတာကတော့ ပြီးသွားမှာပါပဲလေ... ရေရှည်အတွက် စဉ်းစားဖို့ပါ... ဒါက အကြံပေးတာပါဗျာ.... နားလည်မှု အမြင်မတူတာတွေရှိရင် ခွင့်လွှတ်ပေးပါ...

http://sidnaing.co.cc/

sHa92

sHa92
Founder



Founder
ကို Mars ကိုတော့ ကျွန်တော်တို့ဖိုရမ်ရဲ့ အတိုင်ပင်ခံရာထူးပေးရတော့မယ်။

အစ်ကို အကြံပေးတာတွေက ထိမိတယ်ဗျာ။ Smile

ဟုတ်ကဲ့။ အစ်ကိုပေးတဲ့ အကြံကို လက်ခံပါတယ်။
ကျွန်တော် အခု တာဝန်စခွဲပေးနေပါပြီ။ ကျေးဇူးပါဗျာ

Code:
http://www.myanmaritresource.info/office-f91/1st-anniversary--t2804.htm#13855

http://www.myanmaritresource.info

deep471

deep471
Moderator



Moderator
ကျွန်တော်ခုတစ်လောသိပ်အဆင်မပြေဘူးဗျာ အလုပ်တွေအရမ်းကိုထပ်နေတယ်။ ကျွန်တော်အက်ဒမင်တွေ့ဆုံပွဲတွေမလာနိုင်တာကိုခွင့်လွှတ်ကျပါ။ ဒေါင်းလုတ်လုပ်ပေးစရာများရှိပါက ကျွန်တော့်ထံပီအမ်ပို့ထားပေးကြပါ။ ပွဲတစ်ပွဲလောက်တော့ကျင်းပဖြစ်တာကောင်းပါတယ်။

ET

ET
Moderator



Moderator
အားလုံးစီစဉ်ပြီးပြီဆိုရင် အကောင်အထည် ဖော်ကြတော့လေ
ပြင်ရဆင်ရမှာနဲ့ဆိုတော့
အခုကတည်းက အဆင်ပြေပြီ

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum free | ©phpBB | Free forum support | Report an abuse | Forumotion.com