Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
[You must be registered and logged in to see this link.]


WordPress Blog မှာ မြန်မာလိုကောင်းစွာပေါ်ဖို့ အတွက် အသုံးပြုမယ့်
theme ရဲ့ style.css မှာ ဇော်ဂျီဖောင့် Assign လုပ်ပေးရပါမယ်။ ဒါဆိုရင်
ဇော်ဂျီဖောင့် ရှိတဲ့ ကွန်ပြူတာတိုင်းမှာ မြန်မာလို
ကောင်းစွာမြင်ရပါလိမ့်မယ်။ ဇော်ဂျီဖောင့်မရှိတဲ့ စက်တွေအတွက် eot
လုပ်ပေးထားချင်သေးတယ် ဆိုရင်တော့ [You must be registered and logged in to see this link.]
အတိုင်း style.css ရဲ့ ပေါ်ဆုံးမှာ ထည့်ပေးလို့ရပါတယ်။ ဒါဆို ဇော်ဂျီဖောင့်
မရှိလဲ ဖတ်လို့ရပါပြီ။ သတိပြုရမှာက eot လုပ်ထားပေမယ့် ဇော်ဂျီကို
sytle.css မှာ Assign လုပ်မထားရင်တော့ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး။
ဇော်ဂျီဖောင့်ကိုလဲ ကောင်းစွာ Assign လုပ်ထားပြီးပြီ ဒါပေမယ့် ???????
တွေပဲ မြင်နေရတယ် ဆိုလျှင် MySQL database မှာ ပြသနာ တတ်တာ
ဖြစ်နိုင်ပါတယ်။ MySQL Database Character Encodinig ဟာ UTF-8 ဖြစ်ကို
ဖြစ်ရပါမယ်။ မဟုတ်ရင် ဘယ်လို ဇော်ဂျီဖောင့် Assign လုပ်လုပ် မြန်မာလို
မြင်ရမှာ မဟုတ်ပါဘူး။
Hosting တွေက ပေးထားတဲ့ Script နဲ့ WordPress Install လုပ်တဲ့အခါ MySQL
Encoding က UTF-8 မဟုတ်ပဲ အခြားဟာတွေ ဖြစ်နေတတ်ပါတယ် ( ဥပမာ။
000webhosting ) ။ MySQL UTF-8 ဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့အတွက် Hosting
ရဲ့ Control Panel / PHP Admin ကို ၀င်ကြည့်ရပါမယ်။ UTF-8 နဲ့ မတွေ့ပဲ
ဒီလိုမျိုး latin1_general_ci သို့မဟုတ် အခြားတခုခု ဆိုရင် MySQL
ကြောင့်ဆိုတာ သေချာပါပြီ။

[You must be registered and logged in to see this image.]

ဒီပြသနာကိုဖြေရှင်းဖို့အတွက် Hosting Control Panel / MySQL မှာ လက်ရှိ
MySQL database ကို ဖျက်ပစ်လိုက်ပါမယ်။ ပြီးရင် ဒေတာဘေ့စ် အသစ် တစ်ခု
တည်ဆောက်ပါမယ်။ database name, user, password, MySQL host စတာတွေကို
မှတ်ထားပါမယ်။ file manager ကို ၀င်ပါမယ်။ wp-config.php ဆိုတဲ့ file ကို
ဖျက်ပစ်ပါမယ်။ brower မှာ မိမိ blog ကို ၀င်ကြည့်ရင် wp setup
တတ်လာပါလိမ့်မယ်။ မှတ်ထားတဲ့ database name, user, password, MySQL host
တွေဖြည့်ပေးပြီး wp blog အသစ် တည်ဆောက်သလို ဆက်လုပ်သွားရပါမယ်။ ဒါဆိုရင်
အဆင်ပြေလောက်ပါပြီ။ ဇော်ဂျီဖောင့် Assign လုပ်ထားတဲ့ theme ကိုပြောင်းပြီး
မြန်မာလို ပို့စ် အစမ်းတင်ကြည့်ရင် မြန်မာလို အဆင်ပြေပြေ မြင်ရတာကို
တွေ့ရပါလိမ့်မယ်။



Last edited by ET on 13th August 2011, 4:01 pm; edited 1 time in total

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Wordpress မှာ Post တွေကို ramdom ပြဖို့ sidebar.php မှာ ဒီ code တွေကို ဖြည့်ထည့်နိုင်ပါတယ်။

Code:
query_posts(array('orderby' => 'rand', 'showposts' => 1));
if (have_posts()) :
    while (have_posts()) : the_post();
        the_title();
        the_excerpt();
    endwhile;
endif; ?>



Last edited by ET on 13th August 2011, 4:01 pm; edited 1 time in total

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
iblogger မှာ WP upgrade လုပ်မယ်



WordPress 2.5 stable version ထွက်လာပြီ ဆိုတော့ ကျွန်တော်တို့ ဇတ်လိုက်ကြီး iblogger မှာ upgrade လုပ်ကြည့်ကြရအောင်ဗျာ။ ထုံးစံအတိုင်း မမေ့မလျော့ လုပ်ရမှာက backup ပေါ့။ တခုခု ချွတ်ချော်ခဲ့ရင် ကယ်လို့ပြုလို့ ရတာပေါ့။ [You must be registered and logged in to see this link.] က ဒေါင်းလုပ်ချထားတဲ့ wp installation zip ဖိုင်ကို iblogger ရဲ့ file manager နဲ့ upload တန်းတင်မယ်ဆိုရင် ပြသနာနည်းနည်းလေး ရှိတယ်ဗျ။



သူက root folder ထဲကိုမရောက်ပဲ /urblogname.iblogger.org/htdocs/wordpress ဆိုတဲ့ folder ထဲကို ရောက်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ upload တင်ပြီးလဲ ဘာမှ မထူးပဲ ဒီတိုင်းက ဒီတိုင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် file manager မှာ move နဲ့ ဖိုင်တွေကို root အောက်ကို ရွှေ့ချင်ရွှေ့ ဒါမှမဟုတ် upload မလုပ်ခင် မိမိကွန်ပြူတာမှာ ဒေါင်းလုပ်ချထားတဲ့ zip ဖိုင်ကိုဖြေချလိုက်ရင် wordpress-2.5 ဆိုတဲ့ folder ကိုရမယ်၊ သူ့ထဲမှာ wordpress ဆိုတာကို တွေ့ရမယ်၊ အဲဒီထဲဝင်လိုက်ပြီး wp-admin,wp-contact, အစရှိတဲ့ ဖိုင်တွေ ဖိုဒါတွေ အားလုံးကို select လုပ်ပြီး zip ဖိုင် အသစ်ထုပ်ပိုးရပါမယ်။ ပြီးတော့မှ ရလာတဲ့ zip ဖိုင်အသစ်ကို file manager နဲ့ /urblogname.iblogger.org/htdocs/ အောက်ကို upload တင်ပေးရမယ်။ အဆင့်တွေ ပိုလုပ်ရတာပေါ့ဗျာ ( ရေးထားတာ ကိုယ့်ဟာကိုယ်တောင် ဖတ်ပြီးခေါင်းမူးနေတယ် Razz ) အဲဒီ အဆင့်တွေ ခေါင်းစားတယ် ရှုပ်တယ် ဆိုရင်တော့ ကျွန်တော် zip ပြန်လုပ်ထားတဲ့ဟာကို [You must be registered and logged in to see this link.] ရယူနိုင်ပါတယ်။ wordpress ရဲ့ build-in smilies တွေအစား ပိုပြီးချစ်ဖို့ကောင်းတဲ့ ပုံလေးတွေနဲ့ အစားထိုး ပေးထားသေးတယ် [You must be registered and logged in to see this image.]





1.. WordPress v.2.5 ကို ဒေါင်းလုပ်ချပါ။



2.. iblogger ရဲ့ cpanel မှ file manager ကိုသွားပါ။



3.. မိမိ upgrade လုပ်ချင်တဲ့ sub-domain ဖိုဒါ ကိုသွားပါ။ ့htdocs ထဲကိုဝင်ပါ။ ပုံပြထားတဲ့ အတိုင်း upload ကိုနှိပ်ပါ။




[You must be registered and logged in to see this image.]




4.. ဒေါင်းလုပ်ချထားတဲ့ zip ဖိုင်ကို upload တင်ပေးပါ။








[You must be registered and logged in to see this image.]





5.. ဖိုင်တွေကို over write လုပ်မလားဆိုရင် yes ပေးရပါမယ်။



6.. ဖိုင်တွေ upload တင်ပြီးပြီဆိုရင် ကျွန်တော်တို့ ဘလော့ဂ်ကို log-in လုပ်ရပါမယ်။ file တွေ upload လုပ်တာ အကုန်မှန်တယ်ဆိုရင် အောက်ဖေါ်ပြပါ ပုံလိုမျိုး log-in page ပုံစံအသစ်လေးကို တွေ့ရပါမယ်။




[You must be registered and logged in to see this image.]





7.. log-in လုပ်ပြီး ပေါ်လာတဲ့ Upgrade WordPress ကိုနှိပ်ပေးလိုက်ရင် upgrade လုပ်ငန်းစဉ် အောင်မြင်ပါပြီ။



Last edited by ET on 13th August 2011, 4:03 pm; edited 1 time in total

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
[You must be registered and logged in to see this image.]


ကျွန်တော် zip ပြန်လုပ်ထားတဲ့ဟာနဲ့ မဟုတ်ပဲ wordpress.org က တိုက်ရိုက် download လုပ်ထားတဲ့ zip ဖိုင် ဆိုရင် အဆင့် 4 အပြီးမှာ အောက်ပါအတိုင်း ပြုလုပ်ပေးရပါမယ်။





4.1… file manager မှ /urblogname.iblogger.com/htdocs/wordpress ထဲကိုဝင်ပါ။ ပုံမှာ အနီရောင် အဝိုင်းပြထားတဲ့အတိုင်း All ကိုနှိပ်ပြီး directories, files အားလုံးကို select လုပ်ပါ။ ပြီးရင် အနီမြှားပြထားတဲ့ move ကိုနှိပ်ပါ။


[You must be registered and logged in to see this image.]


4.2.. ပုံမှာ hi light လုပ်ပြထားတဲ့အတိုင်း /urblogname.iblogger.org/htdocs/wordpress မှာ wordpress ဆိုတာကို ဖျက်လိုက်ပြီး set all targetdirectories ကိုနှိပ်ပေးပါ။





[You must be registered and logged in to see this image.]





4.3.. Move drectory wp-admin to: စတာတွေရဲ့ အောက်က Target directory: ရဲ့ box တိုင်းမှာ /urblogname.iblogger.org/htdocs/ ဖြစ်မဖြစ် သေချာအောင် စစ်ဆေးပြီး move အမှန်ခလုပ်လေးနှိပ်ပြီး move လုပ်ပါ။






[You must be registered and logged in to see this image.]





အဆင့် 5 အတိုင်း ဆက်လုပ်လိုက်ရင် upgrade လုပ်ငန်းစဉ် အောင်မြင်ပါပြီ။ WordPress 2.5 နဲ့ ပျော်ရွှင်ပါစေ။



Last edited by ET on 13th August 2011, 4:04 pm; edited 1 time in total

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Blogger to WordPress, WordPress to Blogger


Blog Service တစ်ခုမှ တစ်ခုသို့ Post တွေ Comment တွေ ပြောင်းပေးနိုင်တဲ့
Converter တစ်ခုကို Google Code မှ ဖန်တီးပေးလိုက်ပြီ။ Google Blog
Converters ကို အသုံးပြုပြီး Blogger မှ ပို့စ်တွေကို WordPress သို့
ယခင်ထက် ပိုမိုအဆင်ပြေစွာ ပြောင်းလဲ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။
ထို့အတူပဲ ယခင်က ပြုလုပ်ဖို့ အခက်အခဲများစွာ ရှိတဲ့ WordPress,
LiveJournal, Movable Type တို့မှ ပို့စ်တွေ ကောမန့်တွေကို Blogger သို့
ပြောင်းလဲတင်ပို့ ပေးနိုင်ပြီ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များကို [You must be registered and logged in to see this link.] မှာ ဖတ်ရှုနိုင်ပြီး လက်တွေ့ စမ်းသပ်ကြည့်ချင်တယ် ဆိုရင်တော့ [You must be registered and logged in to see this link.] နဲ့ [You must be registered and logged in to see this link.] တို့မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။



Last edited by ET on 13th August 2011, 4:06 pm; edited 2 times in total

http://alinkarnya.blogspot.com/

6WordPress နဲ့ မြန်မာဖောင့် Empty WordPressMU 17th May 2009, 7:14 pm

ET

ET
Moderator



Moderator
[You must be registered and logged in to see this link.]


WordPressMU ဆိုတာ register လုပ်ယုံနဲ့ WordPress Blog တစ်ခု အဆင်သင့်
သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ WordPress.org ရဲ့ ထုတ်ကုန်တစ်ခုပဲ
ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့ဂ်လောကမှာလဲ MU နဲ့ service ပေးနေတာ
သိသလောက် ၂ ခု ရှိနေပါပြီ။ mzblog.net, mmgenius.com တို့မှာ
စမ်းသုံးကြည့်နိုင်ပါတယ်။ နောက်ထပ် service ပေးသူ ထပ်တိုးလာဖို့ရှိပါတယ်။
မြန်မာ အချင်းချင်း ဆားဗစ် ပေးတာကြောင့် Install လုပ်ရတာတွေ font ကိစ္စတွေ
ဦနှောက်ချောက်စရာ မလိုတော့ပါဘူး။ အလွယ်တကူ အသုံးပြုယုံပါပဲ။ WordPressMU
တစ်ခု စမ်းသပ်တည်ဆောက်လိုသူတွေ အတွက် Ebook တစ်ခုတွေ့လို့ share
ပေးလိုက်ပါတယ်။ အောက်က လင့်ခ် မှာ download ရယူနိုင်ပါတယ်။
[You must be registered and logged in to see this link.]



Last edited by ET on 13th August 2011, 4:07 pm; edited 1 time in total

http://alinkarnya.blogspot.com/

7WordPress နဲ့ မြန်မာဖောင့် Empty Link Jumps to More or Top of Page 17th May 2009, 7:29 pm

ET

ET
Moderator



Moderator
Link Jumps to More or Top of Page

WordPress မှာ ပို့စ် အရမ်းရှည်နေလျှင် ပို့စ်ခေါက်ဖို့ (သို့) ပို့စ်ခေါင်းစဉ်ကို နှိပ်မှ အပြည့်အစုံ ဖတ်နိုင်စေဖို့ More tag ထည့်သွင်းပေးထားနိုင်ပါတယ်။

[You must be registered and logged in to see this image.]

ပိုစ် အပြည့်အစုံ ဖတ်ရှုဖို့ ၀င်ရောက်လိုက်လျှင် More tag ထည့်ထားတဲ့ နောက်ပိုင်းကို တန်းရောက်သွားပြီး စာမြည်းအဖြစ် ဖော်ပြထားတာတွေ ပြန်ဖတ်ဖို့ Scroll up ပြန်ဆွဲပေးနေရတာ သတိပြုမိကြပါလိမ့်မယ်။ Post title (သို့) More… ဆိုတာလေးကို နှိပ်လိုက်ရင် ပို့စ်အစ ကနေ စပြီး ဖေါ်ပြချင်တယ်ဆိုရင် ⁄wp-includes/post-template.php မှာ အနည်းပြောင်းလဲပေးရပါမယ်။

Code:
. “#more-$id\”>$more_link_text”;
ဆိုတဲ့ ကုဒ် ကိုရှာပြီး
Code:
.”\”>$more_link_text”;

နဲ့အစား ထိုးပေးလိုက်ရင် အဆင်ပြေပါပြီ။ တစ်ခုပဲ သတိပြုရမှာက WordPress Upgrade လုပ်လိုက်ရင် ပြုလုပ်ထားတာ ပျောက်သွားမှာဖြစ်ပါတယ်။





Last edited by ET on 13th August 2011, 4:07 pm; edited 1 time in total

http://alinkarnya.blogspot.com/

8WordPress နဲ့ မြန်မာဖောင့် Empty Designing the More Tag 17th May 2009, 7:39 pm

ET

ET
Moderator



Moderator
Designing the More Tag

More Tag နဲ့ခေါက်ထားတဲ့ ပို့စ်မှာ More… , Read more… ဆိုတာတွေအစား နှစ်သက်ရာ ပြောင်းလဲချင်တယ် ဆိုရင် အသုံးပြုထားတဲ့ Theme ရဲ့ Index.php မှာ ပြောင်းပေးရပါမယ်။



Code:

အဲဒီက Read more ဆိုတဲ့နေရာမှာ လိုချင်သလို ပြောင်းရေးပေးလိုက်ရင် အဆင်ပြေပါပြီ။ Post title ကိုပါ ဖော်ပြချင်တယ်ဆိုရင်

Code:
called ” . get_the_title(”, ”, false)); ?>

ဒီလို ပြောင်းပေးလို့ရပါတယ်။ ပုံလေးတွေပါ ထည့်ချင်တယ်ဆိုရင်


Code:
alt=”read more” title=”Read more…” />’); ?>


အခုလိုထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ။






Last edited by ET on 13th August 2011, 4:09 pm; edited 1 time in total

http://alinkarnya.blogspot.com/

aprilkaunglay

aprilkaunglay
MITR New User



ဖိုင်တွေကို C panel ကနေမဟုတ်ပဲ upload လုပ်ချင်လို့ရှိရင် [You must be registered and logged in to see this link.] ကနေတင်လို့ရပါတယ်။ ကျွန်တော်သုံးကြည့်သလောက်တော့ တော်တော်လေးအဆင်ပြေပါတယ်။ plugin တွေ၊ image တွေတင်တဲ့အခါ wordpress ရဲ့ Dashboard ကနေမဟုတ်ပဲ ဒီ net2ftp နဲ့တင်တာက ပိုပြီး အဆင်ပြေ ချောမွေ့တာတွေ့ရပါတယ်ဗျာ။

sHa92

sHa92
Founder



Founder
ကျနော်လည်း Wordpress နဲ့ Wallpaper Site လေးလုပ်နေတာရှိတယ်

ဒါပေမယ့် Plugin သုံးရတာသိပ်အဆင်မပြေဘူးဗျာ....
အစ်ကိုပေးတဲ့နည်းလေးနဲ့ သုံးကြည့်လိုက်ဦးမှဘဲ....

http://www.myanmaritresource.info

blueviruz5

blueviruz5
MITR New User




WordPress 2.5 stable version ထွက်လာပြီ ဆိုတော့ ကျွန်တော်တို့ ဇတ်လိုက်ကြီး iblogger မှာ upgrade လုပ်ကြည့်ကြရအောင်ဗျာ။ ထုံးစံအတိုင်း မမေ့မလျော့ လုပ်ရမှာက backup ပေါ့။ တခုခု ချွတ်ချော်ခဲ့ရင် ကယ်လို့ပြုလို့ ရတာပေါ့။ [You must be registered and logged in to see this link.] က ဒေါင်းလုပ်ချထားတဲ့ wp installation zip ဖိုင်ကို iblogger ရဲ့ file manager နဲ့ upload တန်းတင်မယ်ဆိုရင် ပြသနာနည်းနည်းလေး ရှိတယ်ဗျ။

iblogger မှာ account အသစ်လုပ်တာ activation လုပ်လို့မရဘူး။ account အသစ်ထပ်ဖွင့်ပါလို့ပဲ ပြောနေတယ်။ ဘန်းကျော်နဲ့လည်းမရဘူး။ ကိုယ်ပိုင် VPS နဲ့လည်းမရဘူး။ ဘယ်လိုလုပ်ကြတာလဲဗျ အဲဒီမှာ။

manawthar

manawthar
MITR New User



[You must be registered and logged in to see this link.]ကျွန်တော် နဲနဲ ၀င်ရှုပ်ဦးမယ်ဗျာ ..။ အရမ်းကြီးတော့ အသုံးမဝင်ပါဘူး..။ WP နဲ့ Blog သူများ Log In form ထည့်ချင်သူများအတွက်ပါ။ လုပ်နည်းက လွယ်ပါတယ်..။ အောက်မှာ ပေးထားတဲ့ ကုဒ်ကို Header ( header.php ) အပေါ်ဆုံးမှာ ထည့်ပေးလိုက်ပါ။ Pro တော့ ကျမယ် မထင်ဘူး..။ ဒါပေမယ့် အဆင်တော့ ပြေတယ် .. [You must be registered and logged in to see this image.]

Code:

echo "";
}
else {
auth_redirect();
};
?>


ခင်မင်စွာဖြင့်

မနောသား

http://www.manawthar.com

ဝေယံလင်း

ဝေယံလင်း
MITR New User



wordpress က ခေါင်းစီးမှာ swf ဖိုင်လေးတင်ချင်ပါတယ်။ကိုယ်.ဘာသာလုပ်ကြည်.တာအဆင်မပြေလို. နည်းနည်းလောက်ပြောပြပေးပါလား။
[You must be registered and logged in to see this link.]



Last edited by ေ၀ယံလင္း on 11th December 2009, 2:12 pm; edited 1 time in total

linnlinn

linnlinn
MITR New User



အကို ဘယ်လို hosting ကိုသုံးသင့်လဲ freeeကိုပြောတာ

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com