Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ဆံပင်ပြုပြင်ခြင်းနှင့် အချက်အပြုတ် အသက်မွေးဝမ်းကျောင်းဘာသာရပ်များဖြင့် သြစတြေးလျနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားသူ နိုင်ငံခြားကျောင်းသားနှစ်သောင်းခန့်အား သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးပြုပြင်မှုတစ်ရပ်အဖြစ် ရုတ်တရက်ပယ်ချလိုက်ကြောင်း AT&S Co., ltd. မှသိရှိရသည်။ အင်္ဂလိပ်ဘာသာစကားပြောသူများနှင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်သူများအပေါ် အရေးပေး ထားသော ပြောင်းရွှေ့နေထိုင်ခွင့်ဥပဒေကို သြစတြေးလျမှတင်းကျပ်လိုက်ပြီး ဆရာဝန်များနှင့် အင်ဂျင်နီယာများကို ၎င်းတို့ပိုမိုလိုအပ်ကြောင်း သြစတြေးလျနိုင်ငံက ကြေငြာခဲ့ကြောင်းသိရသည်။
အင်္ဂလိပ်စာအရည်အသွေး ပိုမိုကောင်းမွန်ရန်လိုအပ်ပြီး ထူးချွန်ထက်မြက်မှုကို အဓိကထားသော ဥပဒေသစ်ထွက်ပေါ်လာချိန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Chris Evans က နိုင်ငံခြားမှ ကျောင်းသားနှစ်သောင်းခန့်ရဲ့ သြစတြေးလျဒေါ်လာ ၁၄ သန်းခန့်ရှိတဲ့ စရိတ်တွေကို ပြန်လည်ပေးအပ်ရန်ရှိနေပါတယ်။ လက်ရှိအမှတ်ပေးစနစ်ဟာ နိုင်ငံအားကျောင်းသားများအား ရေတိုအသက်မွေးဝမ်းမှုအရည်အချင်းမှ အဆင့်မီပညာတတ်အသိုင်း အ၀ိုင်းသို့ ရှေးရှုစေရန် တွန်းအားပေးသည်ဟု” ပြောကြားသွားကြောင်း Today သတင်းစာတွင် ဖော်ပြထားကြောင်း AT & S မှသိရသည်။
တိုင်းတာချက်များအရ သြစတြေးနိုင်ငံတွင် အခြေချရန်မျှော်လင့်ထားသော သြစတြေးလျကောလိပ်များသို့ စာရင်းသွင်းပြီးဖြစ်သည့် နိုင်ငံခြားကျောင်းသားများကို တွေဝေသွားစေနိုင်သလို ၎င်းစနစ်ပြောင်းလဲချက်သည် သြစတြေးလျနိုင်ငံတွင် အိန္ဒိယသားလူဦးရေ ရုတ်ချည်းမြင့်တက်လာမှုနှင့် အိန္ဒိယကျောင်းသားများအပေါ် ပရမ်းပတာတိုက်ခိုက်နှောက်ယှက်မှုဖြစ်ရပ်များ၏ နောက်ဆက်တွဲအနေဖြင့် ထွက်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သောငါးနှစ်ခန့်က ပြောင်းရွှေ့ခွင့်ရပြီးသော စာရင်းကိုင်ပညာရှင် ၄၀,၀၀၀ ၏ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်မှုနှင့် ဘာသာစကားကိုလိုအပ်ချက်များကြောင့် သြစတြေးလျနိုင်ငံအနေဖြင့် စာရင်း ကိုင်လိုအပ်ချက်သည် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု Mr.Evans မှပြောကြားခဲ့သည်။ အာရှနိုင်ငံမှကျောင်းသားများကို ရည်ရွယ်ထားသည့် သြစတြေးလျနိုင်ငံ၏ ကြီးမားသော နိုင်ငံခြားပညာရေးအခန်းကဏ္ဍသည် နိုင်ငံ၏ စတုတ္တမြောက် အကြီးမားဆုံးနိုင်ငံခြားဝင်ငွေအဖြစ် အောင်မြင်ခဲ့ကြောင်း AT& S မှထပ်မံသိရှိရသည်။ Manash တက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာရှင် Andrew Markus မှ ပြောင်းရွှေ့မှုပေါ်လစီပေါ်တွင် ကျောင်းသားစာရင်းသွင်းမှု လျော့ကျနိုင်ကြောင်း၊ အကြောင်းအရင်းမှာ နိုင်ငံခြားကျောင်းသား ၇၀ ရာခိုင်နှုန်းခန့်မှာ သြစတြေးလျနိုင်ငံတွင် အမြဲတမ်းအခြေချရန် စီစဉ်ထားသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံမှ နိုင်ငံခြား ကျောင်းသားအရေအတွက်မှာ ၂၀၀၂ ခုနှစ်တွင် တစ်သိန်းငါးသောင်းခန့်ရှိရာမှ ၂၀၀၉ ခုနှစ်တွင် လေးသိန်းခန့်အထိရောက်ရှိလာပြီး အိန္ဒိယကျောင်းသား/သူများသည် ယခင်က လျှောက်ထားသူအများဆုံးဖြစ်သော တရုတ်နိုင်ငံကိုကျော်ဖြတ်ပြီး ယခုနှစ်အောက်တိုဘာလတွင် တစ်သိန်းတစ်သောင်းခုနှစ်ထောင်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း AT & S မှ ပညာရေးအတိုင်ပင်ခံက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်များအတောအတွင်း ဗြိတိန်နိုင်ငံမှလည်း ၎င်းတို့၏ ကျောင်းသားဗီဖာစည်းမျဉ်းအား တင်းကျပ်မှုတစ်ရပ်ပြုလုပ်လိုက်သဖြင့် အမှန်တကယ်ကျောင်းတက်မည့် ကျောင်းသားများအတွက် မထိခိုက်နိုင်သော်လည်း ဥပဒေနှင့်မညီ အလုပ်လုပ်ကိုင်နေသူများနှင့် စည်းမျဉ်းစည်းကမ်းမလိုက်နာသူများကို ကာကွယ်ပြီးဖြစ်လိမ့်မည်ဟု AT & S မှ ထပ်မံသိရှိရသည်။ သြစတြေးလျတွင် ပညာသင်ယူလိုသူ မြန်မာကျောင်းသားများအနေဖြင့် မည်သည့်ဘာသာရပ်များသည် အမြဲတမ်းနေထိုင်ခွင့် PR ရရှိနိုင်မည်ဆိုသည်တို့ သိရှိလိုပါက သြစတြေးလျပညာရေးကျွမ်းကျင် AT & S Co.,Ltd. ဖုန်း-၅၂၁၁၂၅၊ ၆၅၂၂၈၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ref; myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum free | ©phpBB | Free forum support | Report an abuse | Forumotion.com