Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပနေပြီဖြစ်တဲ့ ၂၀၁၀ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြီးဟာ ယခုအခါတော့ နောက်ကွယ်ကနေပံ့ပိုးပေးနေတဲ့ ကုမ္ပဏီကြီးတွေ၊ နည်းပညာကုမ္ပဏီကြီးတွေရဲ့တွန်းအားဂီယာနဲ့ လည်ပတ်နေပါပြီ။
ဒီလို ကုမ္ပဏီကြီးတွေကြားထဲမှာ နည်းပညာကုမ္ပဏီကြီး Atos Origin မှာမစ္စတာအယ်ဗာဆန်ကတော့ အိုလံပစ်ပွဲတော်မှာ အသုံးပြုနေကြတဲ့ PC တွေ၊ ဖုန်းတွေ၊ ဆာဗာတွေကို သေချာစွာ လည်ပတ် အလုပ်လုပ်နိုင်အောင် ကြီးကြပ်ကွပ်ကဲနေသူပါပဲ။ ယခုလို အိုလံပစ်ပြိုင်ပွဲကြီးရဲ့ဆက်သွယ်ရေးနဲ့ အိုင်တီနည်းပညာပိုင်းဆိုင်ရာကိစ္စတွေကို တာဝန်ယူကိုင်တွယ်ပေးနေရတာနဲ့ပတ်သက်လို့ မစ္စတာအယ်လ်ဗာဆန်က “ဒီကမ္ဘာကြီးကိုစောင့်ကြည့်နေတာပါ။ ကျွန်တော်တို့ အဆုံးအရှုံးခံလို့မဖြစ်ဘူး။ ပထမဆုံးကြုံခဲ့တဲ့ အိုလံပစ်ပွဲကတော့ အခက်အခဲဆုံးပေါ့။ ဒါဆိုလုပ်ကိုင်ရတာ ဘယ်အချိန်မဆို လွယ်သထက် လွယ်ကူလာပါပြီ” လို့ ပြောပါတယ်။ ယခုဖော်ပြလိုက်တာကတော့ အဲဒီလို ယခုနှစ်ဆောင်းရာသီအိုလံပစ်ပွဲကြီးကို နည်းပညာပိုင်းကနေ တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနေတဲ့ ပညာရှင်အယ်လ်ဗာဆန်နဲ့တွေ့ဆုံမေးမြန်း ချက်များပဲဖြစ်ပါတယ်။

မေး။ ။ ဆရာတို့လုပ်နေကြတာ လူဘယ်နှစ်ယောက်၊ Server တွေ ဘယ်နှစ်ခုလောက်များရှိပါသလဲ။
ဖြေ။ ။ ဒီ ဗင်ကူးဗားမှာ Atos Origin ကုမ္ပဏီနဲ့အလုပ်လုပ်နေတာ ကျွန်တော်တို့လူပေါင်း ၁၁၅ လောက်ရှိနေပါတယ်။ အကောင်းဆုံး တစ်ချက်ကတော့ဗျာ ဒီ ၁၁၅ ယောက်စလုံးဟာ နိုင်ငံပေါင်း ၃၂ နိုင်ငံကို ကိုယ်စားပြုတဲ့ လူမျိုးစုံ၊ အရောင်အသွေးစုံတွေဖြစ်နေလို့ပါပဲ။ ပြိုင်ပွဲကျင်းပနေစဉ်မှာလည်း ကျန်တဲ့ကုမ္ပဏီကလူတွေရဲ့ အကူအညီကိုလည်း ကျွန်တော်တို့ဆက်ရပါသေးတယ်။ အဓိကပြိုင်ပွဲကြီးတွေမှာဆို နည်းပညာပိုင်းကို အထူးပြုလုပ်ဆောင်ပေးမယ့် လူပေါင်း ၂၅၀ လောက် ကျွန်တော်တို့မှာရှိလာပါလိမ့်မယ်။ ပြိုင်ပွဲအတွက် Server ပေါင်း ၈၀၀ နဲ့ PC ပေါင်း ၆,၀၀၀ လောက်ရှိပါတယ်။ ဒါ့အပြင် networking device ပေါင်း ၈၀၀ လောက်လည်း ရှိပါသေးတယ်။

မေး။ ။ ဒါတွေအားလုံးကို တစ်စုတစ်စည်းတည်း အကောင်အထည်ပေါ်အောင်လုပ်ဖို့ အခက်အခဲဆုံးအပိုင်းက ဘယ်တွေများဖြစ်မလဲ။
ဖြေ။ ။ ကျွန်တော်တို့က နည်း ပညာကုမ္ပဏီတစ်ခုဖြစ်တယ်။ အ ခက်အခဲဆုံးဆိုတာကတော့ ကျွန်တော်အထင် နည်းပညာမဟုတ်ပါဘူး။ လူတွေ၊ ဖြစ်စဉ်တွေ၊ လုပ်ကိုင်ရမယ့် လုပ်ငန်းအစီအစဉ်အဆင့်ဆင့်တွေကို တကယ်စနစ်တကျပေါင်းစည်းပေးနိုင်ဖို့သာ အခက်အခဲဆုံးကိစ္စပါ။ ကျွန်တော်တို့ဟာ ကြီးမားတဲ့ကုမ္ပဏီစုကြီးပါပဲ။ Atos Origin က ဥရောပကုမ္ပဏီဖြစ်တယ်။ ကနေဒါမှာပြိုင်ပွဲကိုလုပ်တော့ ပွဲကျင်းပရေးကော်မတီက ကနေဒါလူမျိုးတွေချည်းပါပဲ။ ကျွန်တော်တို့ရဲ့ပါတနာတွေထဲမှာတော့ ကိုရီးယားက Samsung နဲ့ဂျပန်က Panasonic ရှိတယ်။ ကျွန်တော်တို့လိုနေတာက လူတိုင်းကို အသင်းတစ်သင်းထဲအဖြစ် စုစည်းဖို့၊ ညီညွတ်စွာ အလုပ်လုပ်ဖို့ပေါ့လေ။ ဒီဆောင်းရာသီအိုလံပစ်ကတော့ ရာသီဥတုအပေါ်မှာလည်း အများကြီးမှီခိုရပါတယ်။ အခုဆို မီဒီယာတွေထဲမှာ ကစားကွင်းတွေထဲမှာ နှင်းတွေကျတာ လုံလုံလောက်လောက်မရှိလို့၊ ဆောင်းရာ သီကစားနည်းတွေ ကျင်းပဖို့ခက်နေတယ်လို့ ဆိုပါတယ်။ ဒါဟာကျွန်တော်တို့လို နည်းပညာပိုင်းဆောင်ရွက်ပေးနေသူ provider တွေအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဥပမာများ သူတို့အားကစားသမားတွေက ရာသီဥတုပေါ်မူတည်လို့ နေရာတွေပြောင်းရပြီဆိုရင် ကျွန်တော်တို့အတွက်လည်း ကေဘယ်ကြိုးသွယ်တာတွေကအစ ပြန်လုပ်ရတော့မှာပဲလေ။

မေး။ ။ လုံခြုံရေးပိုင်းကလည်း အရေးအကြီးဆုံးတွေထဲက တစ်ခုပါပဲ။ ဒီအတွက် ရင်းနှီးမြှပ်နှံမှု ကြီးကြီးမားမားရှိပါသလား။
ဖြေ။ ။ လုံခြုံရေးအကြောင်းတော့ အများကြီးမပြောနိုင်ပါဘူး။ ပြိုင်ပွဲမတိုင်ခင်တော့ ကျွန်တော်တို့ ဘာမှလုပ်လေ့မရှိပါဘူး။ အခြေခံအားဖြင့်တော့ ကျွန်တော်တို့အရင်ပြိုင်ပွဲတွေမှာ သုံးခဲ့တဲ့နည်းစနစ်ကိုပဲ ဆက်လက်မွမ်းမံသုံးစွဲပါတယ်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာတုန်းကလည်း လုံခြုံရေးပိုင်းအရ အများကြီးလုပ်ခဲ့တယ်။

မေး။ ။ လူတော်တော်များများက Atos Origin အကြောင်းမကြားဖူးကြပါဘူး။ ကုမ္ပဏီအကြောင်းကို နည်းနည်းလောက်ရှင်းပြပေးပါ။
ဖြေ။ ။ Atos Origin ဆိုတာဟာ ကမ္ဘာတစ်ဝန်းမှာ ဖြန့်ကျက်လုပ်ကိုင်နေတဲ့ IT Service ကုမ္ပဏီတစ်ခုပါ။ အခြေခံဌာနချုပ်ထားတာကတော့ ပြင်သစ်နိုင်ငံပါရီမှာပါ။ နိုင်ငံပေါင်း ၄၀ ကျော်မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းပေါင်း ၅,၀၀၀ ရှိတယ်။ အိုလံပစ်ပွဲတွေမှာ ကျွန်တော်တို့ပထမဆုံးစတင်ပါဝင်တာကတော့ ၁၉၉၂ ခုနှစ် ဘာစီလိုနာအိုလံပစ်မှာပါ။ အဲဒီကနေ ၂၀၀၀ ခုနှစ်အထိကတော့ အိုလံပစ်တိုင်းမှာပါပေမယ့် ကန်ထရိုက်တာအဖြစ်နဲ့သာ ပါခဲ့တာပေါ့။ ၁၉၉၈ ခုနှစ်မှာတော့ နိုင်ငံတကာအိုလံပစ်ကော်မတီ IOC ကလည်း သူတို့နဲ့ပူးပေါင်းဖို့ IT ပါတနာတစ်ဦးရှာတော့ ကျွန်တော်တို့လည်း ကန်ထရိုက်ရတယ်။ ဒီလိုနဲ့ ၂၀၀၂ အိုလံပစ်ကစလို့ IT ပိုင်းတွေလုပ်ပေးလာရတာ ပြီးခဲ့တဲ့ ပေကျင်း ၂၀၀၈ အိုလံပစ်အထိပဲပေါ့။ ၂၀၀၅ ခုနှစ်တုန်းကလည်း IOC နဲ့ကျွန်တော်တို့ ကန်ထရိုက်သက်တမ်းတိုးထားခဲ့တော့ လာမယ့် ၂၀၁၂ လန်ဒန်အိုလံပစ်နဲ့ ၂၀၁၆ ရီယိုဒီဂျေနေရိုပွဲတွေအထိ ဆက်လုပ်သွားဦးမှာပါ။

မေး။ ။ ပြိုင်ပွဲကစတင်ပြီဆိုရင် ဘယ်အချိန်က အလုပ်အများဆုံးဖြစ်မလဲ။
ဖြေ။ ။ အလုပ်အများဆုံးအချိန်ကတော့ ပထမလေး၊ ငါးရက်ပါပဲ။ အခုတော့ ပွဲအတွက်လိုအပ်မယ့် ဆက်သွယ်မှုအခြေခံတွေ အကုန်လုံးတပ်ဆင်ပြီးထားပြီး။ Systems တွေထဲမှာလည်း information တွေထည့်ဖို့ အဆင်သင့်ရှိထားဖို့လိုတယ်။ အားကစားနည်းတွေ၊ ကွင်းတွေ၊ ဒိုင်လူကြီးတွေအတွက် နောက်ခံသတင်းအချက်အလက်တွေလည်း လိုအပ်တယ်။ အဲဒါတွေအားလုံးကို ပြင်သစ်ဘာသာပြန်ပေးဖို့လည်း လိုအပ်ပါတယ်။

ref; myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com