Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
မိုဘိုင်းဖုန်းတွင် ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် ဂိမ်းကစားနိုင် 1zn2z9w

ကျန်းမာရေးအတွက်သင့်တော်ပြီး ကိုယ်တိုင်လှုပ်ရှားမှုတစ်ခုဖြင့် ကစားရသော Wii ဂိမ်းကဲ့သို့ဂိမ်းအား မိုဘိုင်းဖုန်းများတွင် ကစားနိုင်ပြီဖြစ်ကြောင်းသိရသည်။
၎င်းဂိမ်းများအား Sony Ericsson ဖုန်းများတွင် အဓိကကစား နိုင်မည်ဖြစ်ပြီး Nokia ၏အချို့ဖုန်းများတွင်လည်း ယင်းစနစ်ပါဝင်လာပြီဖြစ်သည်။ ယင်းစနစ်သည် ဖုန်း၏ကင်မရာစနစ်အား အခြေခံကာပြုလုပ်ပေးထားသော စနစ်တစ်ခုဖြစ်ပြီး ကင်မရာ၏ Sensor စနစ် Motion စနစ်ဖြင့် ကစားရသော ကစားနည်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းဂိမ်းစနစ်အား Motion ဂိမ်းစနစ်ဟုခေါ်ပြီး Gesture Gaming or Gesture or Motion Gaming စနစ်ဟုလည်းခေါ်တွင်ကြောင်း သိရသည်။ ယင်း Gesture Gaming စနစ်သည် ဖုန်းအတွင်းတွင် Original ဖွင့်ထားပေးပြီးသားစနစ်တစ်ခုဖြစ်ပြီး ကိုယ်တိုင်ဖွင့်ရန်မလိုပဲ ပိတ်၍လည်းမရကြောင်းသိရသည်။ Motion Sensor နှင့် ဖုန်း၏ Screen တွင်ရှိသော Accelerometer Sensor တို့အား အ ခြေခံကာ ပြုလုပ်ထားသောစနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ “ဖုန်းတွေထဲမှာ ဂိမ်းကို ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို Sony ရဲ့ဖုန်းတွေမှာ စပြီးပါဝင်လာတာပါ။ Sony Ericsson F305 မော်ဒယ်ကနေစပြီး ပါလာတာပါ။ Gesture Gaming စနစ်လို့ခေါ်ပြီး ကင်မရာရဲ့ Motion စနစ်နဲ့ ကစားရတာပါ။ ဒီဂိမ်းအတွက်ကတော့ အပြင်ကနေထပ်ပြီး ထည့်သွင်းတဲ့ဂိမ်းတွေကို ကစားနိုင်မှာမဟုတ်ပါဘူး။ သူ့အတွက် Motion ဂိမ်းဆိုပြီး သပ်သပ်ရှိပါတယ်။ ဒီလိုဂိမ်းအမျိုးအစားတွေကတော့ ဖုန်းထဲမှာ နဂိုက Original Default ပါဝင်လာတဲ့ဂိမ်းတွေမှာပဲ အများဆုံးကစားနိုင်ပါတယ်။ ဖုန်းကို ကိုယ်နဲ့ မျက်နှာချင်းဆိုင်တစ်နေရာရာမှာ ထောင်ထားပြီးတော့ ဖုန်းနဲ့မလှမ်းမကမ်းနေရာကနေ ကိုယ်က ကိုယ်ကိုယ်တိုင် ခန္ဓာကိုယ်ကိုလှုပ်ရှားပြီး ကစားနိုင်ပါတယ်။ တင်းနစ်ရိုက်တဲ့ ကစားနည်းလိုဟာမျိုးတွေကိုလည်း ကိုယ်တိုင် ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ကစားနိုင်ပါတယ်။ ဒီဂိမ်းကိုကစားဖို့အတွက် Wii ဂိမ်းလို Game Player သက်သက်မလိုပါဘူး။ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှု ဒါမှမဟုတ် လက်ရဲ့လှုပ်ရှားမှုနဲ့တင် ကစားနိုင်ပါတယ်။ ဒီစနစ်က ဖုန်းရဲ့ကင်မရာက ကိုယ့်ရဲ့ပုံရိပ်ကိုဖမ်းပြီး ကစားတာဖြစ်တဲ့အတွက် Game Player တွေမလိုအပ်တာပါ။ တင်းနစ်ကစားနည်းမှာဆိုရင်လည်း ကိုယ့်ရဲ့လက်နဲ့တင် ဘောလုံးကိုပြန်ရိုက်နိုင်ပါတယ်။ နှင်းစကိတ်စီးတဲ့ကစားနည်းမှာဆိုရင်လည်း ကိုယ်က ကိုယ်တိုင် လူကိုယိမ်းနွဲ့ပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါတယ်။ ဂိမ်းမှာသတ်မှတ်ထားတဲ့ စားရမယ့်ပစ္စည်းတွေကိုလည်း ကိုယ်ကိုယ်တိုင် ပဲ ရွှေ့လျားပြီးစားရမှာဖြစ်ပါတယ်” ဟု Mr.Fone မှတာဝန်ရှိသူ ကိုစည်သူမှရှင်းပြသည်။
၎င်းဂိမ်းအား Sony Ericsson ၏ နောက်ပိုင်းထွက်ဖုန်းအသစ်ဖြစ်သော Yari ဖုန်းတွင် ကောင်းမွန်စွာကစားနိုင်မည်ဖြစ်ပြီး အခြား Motion ဂိမ်းစနစ်ပါဝင်သော ဖုန်းများဖြစ်သည့် Sony Ericsson F305, Sony Ericsson Yari, Aino နှင့် X2 တို့တွင် ကစားနိုင်မည်ဖြစ်ပြီး Nokia ဖုန်းများတွင် Nokia N95 8GB တို့တွင် ယင်းစနစ်ပါဝင်ပြီး ကစားနိုင်ကြောင်းသိရသည်။


ref; myanmarinternetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com