Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1How to make a proper website Empty How to make a proper website 28th January 2010, 10:23 am

firef0xxx

firef0xxx
MITR New User



Web standard terms များကို အမျိုးမျိုးသော အဖွဲ့ အစည်များ ပညာရှင်များ လူပုဂ္ဂိုလ်များမှ အမျိုးမျိုး ထောက်ဆိုပြကြပါလိမ့်မယ် ဥပမာ Table-free-site, မှန်ကန်သော Coding များ အစရှိသဖြင့်ဖြစ်နိုင်ပါတယ် ဒါပေမဲ့ Webstandard ဟာ အလွန်ကျယ်ပြန့်ပြီး နက်နဲတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ် ထို့ကြောင့် standard ကျတဲ့ page တစ်ခုဟု အတိအကျပြောဆိုရန် ခက်ခဲနိုင်ပါတယ် Webstandard တစ်ခုနဲ့ ညီမျှတဲ့ site တစ်ခုကို ဖန်တီးမည်ဆိုပါက အောက်ပါ (HTML, XHTML, XML, CSS, XSLT, DOM, MathML, SVG အစရှိတဲ့) Standard code များကို ထည့်သွင်းပြီး (valid code, accessible code, semantically correct code, user-friendly URLs စတဲ့ code များ ) လုပ်ဆောင်မှု များ ရှိရန်လိုအပ်ပါတယ် အကျည်းအားဖြင့် Webstandard ကျသော site တစ်ခုဖြစ်ရန် ကျစ်လစ်မှု, သပ်ရပ်မှု, CSS ကို အခြေခံပြီး ရေးသားခြင်း, အသုံးပြုနိုင်မှု, မှန်ကန်သော လင့်ခ်များ ချိတ်ဆက်ထားရှိမှု, search လုပ်နိုင်မှု အပေါ်မှာ တည်ရှိနေပါတယ်
အောက်ပါ အချက်အလက်များကို စစ်ဆေးသုံးသပ်ပြီး standard web တစ်ခုကို တည်ဆောက်ကြည့်ပါ
webdesign ကို စတင်လေ့လာနေကြသူများ, standard ကျသော web တစ်ခုကို တည်ဆောက်နေကြသော webdesigners များနှင့် Standard ကျသော website တစ်ခုကို ပြုလုပ်လိုသူများအတွက် အထောက်အကူ ဖြစ်မှာပါ

မှန်ကန်သော document type များကို အသုံးပြုမှု [Html,Xhtml,...]
မည်သည့် Charset ကိုအသုံးပြုနေသနည်း ဥပမာ UTF8, ANSI
မှန်ကန်သော HTML code များပါဝင်မှု
မှန်ကန်သော CSS code များပါဝင်မှု
မလိုအပ်သော Classes များ Id များဖြင့် ခွဲခြားခြင်း
Coding များအစီအစဉ်တစ်ကျ တည်ရှိနေမှု
မှားယွင်းမှုရှိသော လင့်ခ်များ, ချိတ်ဆက်ထားခြင်းမရှိသော လင့်ခ်များ
page size အနေတော်ဖြစ်ခြင်း
Javascript error များပါဝင်ခြင်း
မိမိဆိုဒ်တွင် ပါဝင်သော အကြောင်းအရာများ ခေါင်းစဉ်းများကို မာတိကာ ခွဲခြားထားခြင်း
မိမိ တင်ပြထားသော Presentation များရဲ့ fonts, color, padding, borders အစရှိတဲ့ coding များကို CSS ဖြင့် အသုံးပြုထားခြင်း
images များအားလုံးကို CSS ဖြင့် လှပစွာ ထိမ်းချုပ်ထားခြင်း html coding မှာ ပုံများကို CSS ဖြင့်  ထိမ်းချုပ်နိုင်ခြင်း
ပုံများ၏ ဖော်ပြချက် ALT attribute ကို ပုံတိုင်းတွင် အသုံးပြုထားခြင်း
text size မှာ ကြီးမားနေခြင်း အလွန်အမင်း သေးငယ်နေခြင်း
popup ကြော်ငြာများအတွက် skip menu ပါရှိခြင်း
users များအတွက် form ပုံစံများ ပါဝင်မှု
လှပစွာ color များဖြင့် တန်ဆာဆင်ခြင်း မှေးမှိန်နေမှု မရှိခြင်း
အရေးကြီးသော Information များကို သိသာထင်ရှားစွာ ဖော်ပြနိုင်ခြင်း
နှေးကွေးမှုရှိသော dropdown menu များ
အင်တာနက် သုံးစွဲမှု ကျွမ်းကျင်ခြင်း မရှိသေးသော users များအတွက် links များကို သိသာထင်ရှားစွာ ဖော်ပြပေးခြင်း
မိမိ ဆိုဒ်မှာ Version အဟောင်းbrowser အဟောင်များနှင့် Version မြင့် browser အသစ်များတွင် တူညီစွာ အလုပ်လုပ်နိုင်မှု
text browser များ ဥပမာ Lynx တွင် အလုပ်လုပ်နိုင်မှု
print area ကို သတ်မှတ်ထားနိုင်မှု Print ထုတ်ယူလိုသူ များအတွက် အလုပ်လုပ်နိုင်ခြင်း
အသေးစိတ် ရှင်းလင်းထားသော Metadata များ အသုံးပြုထားခြင်း
မိမိ site မှာ Window size area အတွင်းတွင် အံဝင်ခွင်ကျစွာ ကြည့်ရှုနိုင်ခြင်း
အကြောင်းအရာများကို အစီအစဉ်အလိုက် တင်ပြနိုင်မှု
ခေါင်းစဉ်များကို သိသာစွာ ခွဲခြားနိုင်ခြင်း
Navigation အကြောင်းအရာများ ညီညွတ်ခြင်း
Navigation များမှာ သိသာစွာ နားလည်းနိုင်ခြင်း နားလည်ရန် လွယ်ကူခြင်း
မိမိ အသုံးပြုထားသော site language မှာ ဆီလျော် မှန်ကန်မှုရှိခြင်း မည်သည့် language ကို အသုံးပြုထားခြင်းကို သိသာစွာ ဖော်ပြခြင်း
Sitemap နှင့် Contact page အစရှိသော pages များကို ရှာဖွေ ရန်လွယ်ကူခြင်း
ကြီးမားသော Site ဖြစ်ပါက Search လုပ်နိုင်ခြင်း
မည်သည့် Page ကိုမဆိုရောက်နေပါစေ Home page ကို ချက်ခြင်း သွားနိုင်ရန် link ပါဝင်ခြင်း
page များ မှားယွင်းမှုရှိပါက 404 error page အလုပ်လုပ်နိုင်ခြင်း
မိမိ site ၏ error pages များ အလုပ်လုပ်နိုင်ခြင်း ဥပမာ 404-notfound, 500-error server configuration
www မပါဝင်ဘဲ မိမိ site အား ခေါ်ယူကြည့်ရှုနိုင်ခြင်း
site တွင် favicon icon ကိုအသုံးပြုထားခြင်း

အစရှိတဲ့ အချက်အလက်များကို ကြည့်ရှုစစ်ဆေးပြီး မိမိ site နှင့် ကိုက်ညီမှု ရှိအောင် လုပ်ဆောင်ပါက မိမိ site မှာ standard web တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်

အထက်ပါအချက်အလက်များအားလုံး အွန်လိုင်းမှ ရှာဖွေထားခြင်းဖြစ်ပါသည်။
တူညီတိုက်ဆိုင်မှုရှိပါက SHARE လုပ်ပေးချင်သော ဆန္ဒဖြစ်ပါသောကြောင့် နားလည်ခွင့်လွှတ်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်။

http://www.mmityouth.ning.com

2How to make a proper website Empty Re: How to make a proper website 28th January 2010, 10:53 am

solakoko

solakoko
Moderator



Moderator
မှတ်သားလောက်ပါတယ်ဗျာ
Website လုပ်ဖြစ်ရင် သတိထားရမည့် အချက်တွေပါပဲ
Thank you :cheer

3How to make a proper website Empty Re: How to make a proper website 31st January 2010, 2:21 pm

kyawzwathant

kyawzwathant
MITR Reader



MITR Reader
ဟူးးးးးးးးးးးးးးးးး
မလွယ်ပါလား မှတ်သားလောက်ပါတယ်

4How to make a proper website Empty Re: How to make a proper website 1st February 2010, 1:57 am

K0ht3t

K0ht3t
Moderator



Moderator
ကောင်းတယ် ကို FF ရေ ... နောက်လည်း အဲလို ဗဟုသုတကလေးတွေ ရေးပါဦးဗျာ ... ကျေးဇူး တင်ပါတယ် .။

5How to make a proper website Empty Re: How to make a proper website 15th March 2010, 11:48 am

sHa92

sHa92
Founder



Founder
Topic Moved to appropriate category.

BTW Thanks for your contribution. Smile

http://www.myanmaritresource.info

6How to make a proper website Empty Re: How to make a proper website 28th February 2012, 8:44 pm

စိုးစံအောင်

စိုးစံအောင်
MITR New User



တော်တော် မလွယ်တဲ့ ကိစ္စကြီးပါလားဗျာ။
ခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com