Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ဘယ်နိုင်ငံ ၊ ဘယ်နေရာမျိုးမှာမှ မရှိသေးသော ၊ မြန်မာပြည်တွင်သာမက ၊ ကမ္ဘာတွင်ပါ ပထမဆုံးဖြစ်သည့် ကျွန်တော်တို့ရဲ့ Downloading Service ကြီးကို ၂၀၁၀ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ဖို့ အတည်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်။
လိုအပ်နေတဲ့ Data များဟာလည်း အခုဆိုရင် ၅၀% လောက် ပြီးပြည့်စုံနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောလို့ရပါတယ်။

ပြီးတော့ မနေ့က Bar Camp မှာလည်း Downloading Service ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်မည် ဆိုတာကို ကျွန်တော်တို့အနေနဲ့ လူသိရှင်ကြား ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

တစ်ခုထူးခြားတာကတော့ ကျွန်တော်တို့အနေနဲ့ Bar Camp ကို တက်ရောက်ခဲ့တဲ့ ၊ Forum မှာ လက်ရှိရှိပြီးသားဖြစ်တဲ့ Member များ ၊ Forum အကြောင်းကို Bar Camp ရောက်မှ သိပြီး ယခုမှ ၀င်ရောက်လာတဲ့ Member များကိုတော့ ကျွန်တော်တို့ Bar Camp ကျင်းပနေတုန်းမှာ ပြောခဲ့သလိုဘဲ အထူးဝန်ဆောင်မှုပြုလုပ်ပေးမှာဖြစ်ပါတယ်။

အဲလို ပြုလုပ်ပေးရတာလည်း တကယ်တော့ ကျွန်တော်တို့ဘက်က Member များကို ခွဲခြားဆက်ဆံတာ မဟုတ်ပါဘူးဆိုတာ အရင်ပြောချင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် Forum မှာ ရှိတဲ့ Member အားလုံးကို အဲဒီ့ ၀န်ဆောင်မှုပေးလိုက်ချင်တာပါ။

ဒါပေမယ့်လည်း ကျွန်တော်တို့ ဖိုရမ်မှာ ငွေကြေးရံပုံငွေကို ဘယ်သူ့ဘယ်သူဆီကမှ တစ်ပြားတစ်ချပ်မှ မကောက်ခံထားတဲ့အတွက် ၊ ကျွန်တော်တို့ အိတ်စိုက်လုပ်ပေးရမှာဖြစ်လေတော့ အဲလောက် အများကြီးဆို မတတ်နိုင်လို့ပါ။ အားလုံးလည်း သိကြတဲ့ အတိုင်းပါဘဲ ၊ ကျွန်တော်တို့က မိဘဆီက မုန့်ဖိုးလက်ဖြန့်တောင်းနေတုန်း ကျောင်းသားတွေမို့လို့ပါ။ (ကိုယ်ပိုင်ပိုက်ဆံဆိုလို့ကတော့ MITR Member အားလုံးကို ခေါ်ပြီး အလှူလုပ်ပစ်မှာ။ Smile)

အဲဒီ့တော့ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် အတိုင်းအတာတစ်ခုအထိ အားလုံးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးသွားပါမယ်။
Bar Camp လာတဲ့သူတွေကော ၊ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့သူတွေကိုကော အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်သွားပါမယ်။

Bar Camp လာတဲ့ သူတွေ အတွက်ကတော့ ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း CD ခွေနဲ့ ထုတ်ပေးမယ့် ကိစ္စက တကယ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
မလာဖြစ်လိုက်တဲ့သူတွေအတွက်လည်း အကောင်းဆုံး အသင့်တော်ဆုံး ၊ ဘယ်လို အနေအထားနဲ့ ဆောင်ရွက်ပေးနိုင်မယ်ဆိုတာကိုတော့ ကျွန်တော် နဲ့ အခြား Admin အဖွဲ့က သူတွေနဲ့ တိုင်ပင်ညှိနှိုင်းရပါဦးမယ်။

အသေးစိတ် အချက်အလက်များကိုလည်း ဒီရက်ပိုင်းအတွင်း ထပ်မံဖြည့်စွက် ထုတ်ပြန်ပေးသွားပါမယ်။
Downloading Service စပြီဆိုတာနဲ့ အခုတောင်း အခုပေးနိုင်ပြီဖြစ်သော E-Books များ ၊ Software များ ၊ Video Tutorial များ ကိုလည်း စာရင်းပြုစုပေးသွားမှာဖြစ်ပါတယ်။
အရင်က ထုတ်ပြန်ခဲ့တဲ့ Downloading Zone နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်များ ၊ စည်းကမ်းချက်များကိုလည်း အဆင်ပြေမည့်ပုံစံများသို့ ပြောင်းလဲပြင်ဆင်သွားမှာ ဖြစ်ကြောင်းကြိုတင် အသိပေးပါရစေ။

Bar Camp ကို လာရောက် အားပေးခဲ့တဲ့ သူတွေကော ၊ အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ခဲ့တဲ့ သူတွေ အားလုံးကိုလည်း ကျွန်တော်က အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ...
$ƴǩǾ

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forum create on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com