Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

z3r0c00l

z3r0c00l
Administrator



Administrator
ကျွန်တော် Personal Home Page (သို့မဟုတ်) Perl Hypertext Preprocessor လို့ခေါ်တဲ့ PHP အကြောင်းကို စတင်သင်ကြားမှာဖြစ်ပါတယ်။
ဒီပို့စ်တွေကို ဦးဌေးဝင်းရေးတဲ့
Code:
www.phpmyanmar.com
မှကောက်နှုတ်တင်ပြပါတယ်။ စတင်ရေးသားပေးတဲ့ အန်ကယ်ဦးဌေးဝင်းကိုလဲ ဒီပို့စ်နဲ့ပဲ ကျေးဇူးတင်ကြောင်းပြောကြားရင်း Credit ပေးအပ်ပါတယ်။
*******************************************************************************************************
Php ကို Install လုပ်ခြင်း။

ဤ ဆောင်းပါး မှာ Php run နိုင် တဲ့ web sever တစ် ခု ကို သင် ၏ computer တွင် install လုပ် နည်း ကို ဖေါ်ပြ သွား ပါမည်။
စတင် လေ့ လာ သူ များ အတွက် အလွယ် ကူ ဆုံး က EasyPhp Package ကို သုံး ရုံ ပါ ပဲ။

EasyPhp အကြောင်း။
EasyPhp ဆို တာ တွဲဖက် အလုပ် လုပ် ရ တဲ့ Software ၄ ခု ကို Install လုပ် ရ လွယ် အောင် စုထား တဲ့ package တစ် ခု ဖြစ် ပါ တယ်။
ဒီ Software ၄ ခု ကို folder တစ် ခု ထဲ မှာ install လုပ် ပေး ပြီး လိုအပ် တဲ့ configuration ပါ လုပ် ပေး ပါ တယ်။ (လူ က နည်း နည်း တော့ setting လုပ်ရ ပါ တယ်)

EasyPhp မ ပေါ် မှီ က အခက် အခဲ များ။
ယခင် က ဒီ Software ၄ ခု ကို သီး ခြား စီ install လုပ် ရ ပါ တယ်။ နောက် ဒီ ၄ ခု တွဲ အ လုပ်လုပ် နှိုင် အောင် ခက်ခက် ခဲခဲ configuration လုပ် ရ ပါ တယ်။

ဒီ ဆောင်းပါး မှာ EasyPhp ကို download လုပ် ပြီး windows 9x/ ME/ XP ကို အ ပေါ်မှာ install လုပ် နည်း အဆင့် ဆင့် ကို ရှင်း ပြ ထား တာ ဖြစ် ပါ တယ်။

EasyPhp v5.3.0 package မှာ ပါဝင် သော Software များ။

* Php programming language V5.3.0
* Apache Web Server V2.2.13
* MySql Database System V5.1.37
* Php MyAdmin Database GUI interface V3.2.1

Install လုပ် ရန် ပြင်ဆင် ခြင်း။

* Easy Php ကို အောက်တွင် ဖေါ်ပြ ထားသည့် အတိုင်း download လုပ် ပါ။
* ပိတ် လို့ ရ တဲ့ application အားလုံး ကို ပိတ် လိုက် ပါ။
* C drive မှာ 60 meg လောက် free space ရှိ အောင် ရှင်း ထား ပါ။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------
EasyPhp download လုပ်ပုံ နှင့် Install လုပ် ပုံ အဆင့်ဆင့် ကိုအောက် တွင်ဖေါ် ပြထား ပါသည်.

၁. EasyPhp download လုပ်မည့် link ကို Google Search Page ကို အသုံး ပြုပြီး ရှာပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1016
၂. EasyPhp download link ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1019
၃. နောက်ဆုံး version ကို download လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1017
၎. Desktop ပေါ်သို့ Download လုပ်ပါ။ Download ပြီးသည် အထိ ခေတ္တ စောင့်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1018
၅. EasyPHP ကို install လုပ်ခြင်း။

a. Download လုပ်ထား သော EasyPHP5.3.0 setup.exe အိုင်ကွန် (icon) ကို အောက်ပုံ အတိုင်း တွေ့ရ ပါမည်။

b. Install လုပ်ရန် EasyPhp setup icon ကို double click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1015
၆။ English ကိုရွေးပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1001
၇။ Welcome screen ပေါ်လာမည်၊ Next ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1002
၈။ License agreement form ပေါ်လာ ပါမည်။

I accept the agreement ကိုရွေးချယ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1003
I accept the agreement ကိုရွေး ပြီးနောက် Next ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1004
၉။ Information form ပေါ်လာမည်။ Next ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1005
၁၀။ EasyPHP ကိုဘယ် မှာ install လုပ်ချင် သလဲ မေးပါမည်။

Next ကိုသာ click လုပ်လိုက်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1006
၁၁။ ယခု install လုပ်ရန် အဆင်သင့် ဖြစ်နေ ပါပြီး။ Next ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1007
နောက်ထပ် form တစ်ခု ပေါ်လာ ပါမည်။ Next ကိုသာ click လုပ်လိုက်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1008
၁၂. EasyPhp setup.exe bundle သည် အောက်ပါ software များကို install လုပ်ပေး ပါမည်။
PHP အကြောင်းအသေးစိတ် [Tutorial] 1014
၁၃။ Installation စပါမည်။ ပြီးသည့် အထိ စေါင့်ဆိုင်းပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1009
၁၄။ EasyPhp install လုပ်လို့ ပြီးပါပြီး။ Finish ကို click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1010
၁၅။ ထိုအခါ EasyPHP Help စါမျက်နှာ ပေါ်လာ ပါမည်။ သေသေ ချာချာ ဖတ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1011
၁၆။ Window ၏ task bar တွင် EasyPHP icon ပေါ်နေသည် ကို တွေ့ရ ပါမည်။

၎င်း icon ကို right click လုပ်ပါ။
PHP အကြောင်းအသေးစိတ် [Tutorial] 1012
၁၇။ အောက်တွင် ဖေါ်ပြပါ form ပေါ်ပြီး မီစိမ်း ၂ခု လင်းနေ ပါက EasyPHP အလုပ်လုပ် နေ ပါပြီ။
PHP အကြောင်းအသေးစိတ် [Tutorial] 1013



Last edited by z3r0c00l on 28th April 2010, 9:47 am; edited 1 time in total

z3r0c00l

z3r0c00l
Administrator



Administrator
သင်၏်ပထမဆုံး Php Program

ကျွန်တော် တို့ရဲ့ ပထမဆုံး Php program ကို မရေးမှီ Php tags တွေ အကြာင်း နည်းနည်း ရှင်းပြ လို ပါတယ်။
Php code တွေ ကို html code တွေနဲ့ ရော နှော ရေး လို့ ရပါ တယ်။
Html code ဆုံး ပြီး php code စတော့ မယ် ဆို ရင် "php start tag" ကို ရိုက်ရ ပါတယ်။
နောက် php code ဆုံးပြီး html code ပြန်စ တော့ မယ် ဆိုရင်လည်း "php end tag" ကို ရိုက်ရပါတယ်။
အသုံး များတဲ့ "php start tag" နဲ့  "php end tag" တို့ ကို အောက် မှာ ဖေါ်ပြထားပါတယ်။

Code:

Standard Tags
Start Tags                              <?php
End Tags                              ?>

Short Tags
Start Tags                              <?
End Tags                              ?>

ASP Tags
Start Tags                              <%
End Tags                              %>

Script Tags
Start Tags                              <script language="php">     
End Tags                                </script>

Php Tag ၄ မျိုး အသုံး ချပုံကို အောက်တွင် ကြည့်ပါ:-

Code:
<?php
      put your php code here;
?>
<?
      put your php code here;
?>
<%
      put your php code here;
%>
<script language="php">
      put your php code here;
</script>

အခု ကျွန်တော် တို့ ရဲ့ ပထမ ဆုံး Php Program ကိုရေး ကြည့်ကြ ရအောင်။

MS Notepad ကို ဖွင့်ပြီး အောက် မှာ ဖေါ်ပြ ထားတဲ့ code ကိုရိုက် ထည့်ပါ၊ အနီ နဲ့ ရေး ထားတဲ့ Php Tag အသုံး ပြုပုံ ကို မှတ်မှတ် သားသား လေ့လာ ပါ၊ နောင်ကို ခဏခဏ တွေ့ နေ ရမှာ ဖြစ်ပါတယ်။

Code:
<html>
    <head>
        <title>hello</title>
    </head>
    <body>
        <?php
            echo "Hello World!";
        ?>
    </body>
</html>

ပြီးလျှင် hello.php ဆိုတဲ့ file name နဲ့ C:\Program Files\EasyPHP5.3.0\www Folder အောက်တွင် save လုပ်ပါ။

Notepad ကိုပိတ်ပြီး Browser ကိုဖွင့်ပါ။ Address Box တွင်
Code:
http://localhost/hello.php
ဟု ရိုက် သွင်းပြီး enter ကို နှိပ် ပါ။
ဂုဏ်ယူ ပါတယ် သင်၏ ပထမဆုံး Php Program အောင်မြင် သွားပါပြီး။

C0D3R

C0D3R
MITR Master



MITR Master
ဟာဗျာ သိတတ်လိုက်တာလွန်ရော ကျွန်တော်ဘာလေ့လာနေလဲဆိုတာသိနေတယ်ထင်တယ်

အတော်ပဲ့နော် နောက်လည်းတင်ပေးဦး

ဒါနဲ့ perl အကြောင်းရောမြန်မာလိုရှင်းပြတဲ့ ဆိုက်လေးရှိရင်လက်တို့နော် +rep

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
PHP ဆိုပါလား...စိတ်ဝင်စား စရာကောင်းလိုက်ပါပေ့...ရောက်မယ့်ရောက် ဟိုဘက်ကမ်းရောက်အောင်ပို့နော်... လမ်းတစ်ဝက်မှ လက်ပစ်ကူးပေတော့ မလုပ်လိုက်နဲ့ Very Happy

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
Variables

Variables များကို "Hello World!" ကဲ့သို့ သော string များ နှင့် တစ်၊ နှစ်၊ သုံး ကဲ့သို့ သော ဂဏန်း အချက် အလက် (values) များကို သိမ်းဆည်း ရန် အသုံး ပြုသည်။

အဆိုပါ string များ နှင့် ဂဏန်း အချက် အလက် များကို ထပ်ပြန် တလဲလဲ ရိုက်နှိပ် ရန် မလို ဘဲ variables များကို သုံးခြင်း ဖြင့် အလုပ် သက်သာ စေ ပါသည်။

PHP သည် variable များကို အောက်ပါ ပုံစံ ဖြင့် အသုံး ပြုသည်။
Code:
 $variable_name = Value;

Variable အမည် ၏ ရှေ့တွင် $ sign တခု အမြဲ ရှိ ရမည် ကို သတိပြု ပါ။

Variable ကို အောက် ပါ အက္ခရာ သင်္ချာ ဥပမာ ဖြင့် နှိုင်းယှဉ် လေ့လာ ကြည့်ပါ။

Code:
a=5 , b=2 ,c=4

a + b = 5 + 2 = 7
a x c = 5 x 4 = 20

a,b and c in Algebra are like variables in Php.

Variable သုံးပုံ ဥပမာ တခု

variables ($hello, $a_number and $otherNumber) တို့ကို ညီမျှခြင်း သင်္ကေတ [ = ] အသုံးပြုပြီး တန်ဖိုး(value) သတ်မှတ် ပုံကို အောက်ပါ ဥပမာ တွင် ကြည့်ပါ။
PHP Code:
Code:
<?php
    $hello = "Hello World!";
    $a_number = 4;
    $otherNumber = 8;
?>


PHP တွင် variables အသုံး မပြုမှီ declare လုပ်ရန် မ လိုပါ။
PHP Variable များကို အမည် ပေးပုံ စနစ် သို့မဟုတ် Naming Convention စနစ်။

PHP variables များ အမည်ပေ ရာတွင် အောက်ပါ နည်းစနစ် များ ကို လိုက်နာ ရန် လိုအပ် ပါသည်။.
အစ စာလုံး သည် ABCDE ကဲ့ သို့သော letter သို့မဟုတ် underscore "_" သာဖြစ် ရမည်။

Variable အမည်တွင် space မရှိရ။

အစ စာလုံး မှအပ ကျန် စာလုံး များကို letter, underscoresနှင့် number တွဲသုံး နိုင် သည်။ (alpha-numeric like a-z, A-Z, 0-9, or _ )

စကားလုံး (word) တလုံး ထက်ပို သော variable name များကို underscores သို့မဟုတ် capital letter အသုံးပြုပြီး တခု နှင့် တခု ခွာထား သင့်သည်။ ($my_variable or capatalized , $myVariable)

z3r0c00l

z3r0c00l
Administrator



Administrator
Echo

echo လို့ ခေါ်တဲ့ PHP function သည် web browser တွင် စာများ၊ အရုပ်များ ဖြစ်ပေါ် စေရန် ဆောင်ရွက် ပေးသော function တခု ဖြစ်ပါသည်။

echo function သည် အခြားသော function များထက် အသုံးများ သော function တခုဖြစ် ပါသည်။
String တခုကို browser တွင် မြင်ရ စေရန် ဆောင်ရွက်ခြင်း

echo function ကိုသုံး၍ web browser တွင်မြင်ရ စေရန် အောက်ပါ အတိုင်း ဆောင်ရွက် ပါသည်။
Code:
<?php

    $myString = "Hello!";
    echo $myString;
    echo "<h5>I love using PHP!</h5>";
?>
Display:
Code:
Hello!
I love using PHP!
အထက်ပါ ဥပမာ တွင် text များကို browser သို့ web page အဖြစ် ပေးပို့ ကြောင်း တွေ့ရ ပါမည်။

ဒုတိယ echo စာကြောင်းတွင် echo ကိုအသုံး ပြု၍ Html <H5></H5> ကို output လုပ်ထား ပုံကို လေ့လာပါ။

ထိုသို့ ပြုလုပ် ရန်အတွက် string ၏ ထိပ်တွင် <H5> ကို ရေးပြီး string ၏ အဆုံး၌ </H5> ကိုပိတ်၍ ရေးသား ခြင်းဖြင့် လွယ်ကူစွာ ဆောင်ရွက် နိုင် ပါသည်။
Quote [ " ] များကို echo လုပ်ရာတွင် သတိထား ရန်များ

Quote များကို HTML code များနှင့် သော်၎င်း အခြားသော string နှင့်တွဲ ၍ သော်၎င်း သုံးလျင် အထူး သတိထား ရန်လို အပ် ပါသည်။

* ဖြစ်နိုင်လျင် string များတွင် quote များကို ထည့်သွင်းအသုံးမပြု ပါနှင့်။
* အကယ်၍ quotes ထည့်သွင်း ရမည် ဆိုပါက slash [ \ ] ကို သုံးပြုပြီး excape လုပ်ပါ။ [ quote ၏ရှေ့တွင် \" ထည့်ပါ ]
* Single quotes (apostrophes) များကို တတ်နိုင်သမျှ အသုံးပြုပါ။

Quote များ အသုံးပြုပုံကို အောက်ဖေါ်ပြပါ ဥပမာ တွင် ဖေါ်ပြထား ပါသည်။
PHP Code:
Code:
<?php

    echo "<h5 class="specialH5">I love using PHP!</h5>";
  //won't work because of the quotes around <H5></H5>

    echo "<h5 class=\"specialH5\">I love using PHP!</h5>";
  //OK because we escaped the quotes!

    echo "<h5 class='specialH5'>I love using PHP!</h5>";
  //OK because we used an apostrophe '.

?>

Variables များကို echo လုပ်ခြင်း

အောက်ဖေါ်ပြပါ ဥပမာ တွင် variable များကို browser သို့ echo လုပ်ပုံ ကိုဖေါ်ပြ ထား ပါသည်။
PHP Code:
Code:
<?php

    $my_string = "Hello Bob. My name is: ";
    $my_number = 4;
    $my_letter = a;

    echo $my_string;
    echo $my_number;
    echo $my_letter;

?>
Display:
Code:
Hello Bob. My name is: 4a

Variables များကို Text Strings များနှင့် ပေါင်းပြီးမှ echo လုပ်ပုံ

Variables များကို text strings များနှင့် period( . ) ကိုအသုံးပြု ပြီး ပဋ္ဌမ join လုပ်ပြီး မှ echo လုပ်နိုင် ပါသည်။ အောက်ဖေါ်ပြပါ ဥပမာ ကို လေ့လာပါ။
PHP Code:
Code:
<?php

    $my_string = "Hello Bob. My name is: ";
    $newline = "<br>";

    echo $my_string."Bobettta".$newline;
    echo "Hi, I'm Bob. Who are you? ". $my_string.$newline;
    echo "Hi, I'm Bob. Who are you? ". $my_string."Bobetta";

?>
Display:
Code:
Hello Bob. My name is: Bobetta
Hi, I'm Bob. Who are you? Hello Bob. My name is:
Hi, I'm Bob. Who are you? Hello Bob. My name is: Bobetta

Strings များကို join လုပ်သည့် နည်းလမ်းကို concatenation ဟု ခေါ် ပါသည်။

z3r0c00l

z3r0c00l
Administrator



Administrator
Strings

သင်၏ PHP သက်တမ်း တလျောက်တွင် string များကို ကြိမ်ဖန် များစွာ အသုံးပြုရ ပါလိမ့်မည်။.
ထို့ကြောင့် string တို့၏ အခြေခံ သဘောတရား များကို နားလည် ထားရန် အလွန် အရေးကြီး ပါသည်။

String များဖန်တည်းခြင်း

String များကို တိုက်ရိုက် သော်၎င်း variable များတွင် သိုမှီး၍ သော်၎င်း အသုံးပြု လေ့ရှိ ပါသည်။
ဆက်လက် ဖေါ်ပြမည့် ဥပမာ နှစ်ခု တွင် string တခုကို နှစ်မျိုး ပုံဖေါ် ပြထား ပါသည်။
First Example -- String ကို ဦးစွာ variable တွင် သိုမှီး ပြီးမှ echo လုပ်ခြင်း။
PHP Code:
Code:
<?php

$my_string="PhpMyanmar.com-Unlock your potential!";
echo $my_string;

?>
Display:
Code:
PhpMyanmar.com - Unlock your potential!

Second Example -- String တခု ကို တိုက်ရိုက် echo လုပ်ခြင်။
PHP Code:
Code:
<?php

echo "PhpMyanmar.com-Unlock your potential!";

?>
Display:
Code:
PhpMyanmar.com - Unlock your potential!

Single Quotes သုံး၍ string ဖန်တည်းခြင်း။

အထက်တွင် strings များ ဖန်တည်းရန် double-quotes များကိုသာ တောက် လျောက် အသုံးပြုလာ ခဲ့ပါသည်။ သို့သော် single-quotes, (apostrophes) သုံး၍လည်း string များကို ဖန်တည်း နိုင်ပါ သေးသည်။
PHP Code:
Code:
<?php

$my_string = 'PhpMyanmar.com - Unlock your potential!';
echo 'PhpMyanmar.com - Unlock your potential!';
echo $my_string;

?>

String တခုတွင် single-quote ကိုထည့်သွင်းဖေါ်ပြ လိုပါက backslash [ \ ] ခံ၍ ဖေါ်ပြ နိုင် ပါသည်။ ဤသို့ ဆောင်ရွက် သည်ကို escape လုပ်သည်ဟု ခေါ် ပါသည်။!
PHP Code:
Code:
<?php

echo 'PhpMyanmar.com - It\'s super';

?>

Double-Quotes သုံး၍ string ဖန်တည်း ခြင်း။

String များဖန်တည်း ရာတွင် double-quotes များကို ဦးစားပေး ၍ အသုံးပြု သင့် ပါသည်။

Double-quotes ကိုသုံး ခြင်းဖြင့် single-quote နှင့် မသုံးနိုင်သော characters အများအပြား ကို escape လုပ်၍ အသုံးပြု နိုင် ပါသည်။

အောက်တွင် backslash များကို သုံးပြီး အချို့ characters များကို escape လုပ်ထား ပုံများ ကိုဖေါ်ပြ ထား ပါသညိ။
PHP Code:
Code:
<?php

$newline = "A newline is \n";
$return = "A carriage return is \r";
$tab = "A tab is \t";
$dollar = "A dollar sign is \$";
$doublequote = "A double-quote is \"";

?>

အထက် ဖေါ်ပြပါ escape လုပ်ထားသော character များမှာ HTML များတွင် သိတ်အသုံး မဝင်ပါ။ HTML သည် tab, newline နှင့် carriage return များကို white space များအဖြစ် သတ်မှတ် ပြီး လျစ်လျူရှု ပါသည်။

သို့သော် လူ့မျက်လုံး ဖြင့် ဖတ်နိုင်သော file များကို ရေးသာ သောအခါ (when writing to a file) တွင်လွန်စွာ အသုံးဝင် ပါသည်။

Heredoc ကိုသုံး၍ string ဖန်တည်းခြင်း။

PHP တွင် အလွန် အသုံးဝင်သော heredoc ဟုခေါ်သော string creation tool တခုရှိ ပါသည်။

Heredoc သုံး၍ multi-line strings များကို quot များ မသုံးပဲ ဖန်တည်း နိုင် ပါသည်။
PHP Code:
Code:
<?php

$my_test_string = <<<MYTEST
PhpMyanmar.com,
Php Tutorials,
Try it.
MYTEST;

echo $my_test_string;

?>

Heredoc ကိုသုံးသော အခါ တွင် လိုက်နာ ရမည့် စည်းမျဉ်း အချို့။

* Heredoc ကိုသုံးရာတွင် စာကြောင်းကို <<< နှင့် စပြီး identifier တစ်ခု ဖြင့် တွဲဖက် အသုံးပြု ရ ပါမည်။ အောက် ဖေါ်ပြပါ ဥပမာ တွင် MYTEST ကို identifier အဖြစ် သုံးထား ပါသည်။
* နောက်ဆုံး စာကြောင်းတွင် identifier MyTEST ကို semicolon [ ; ] ဖြင့် အဆုံး သတ် ပြီး ပိတ်ရေး ရပါမည်။
* နောက်ဆုံးမှ ပိတ်ရေးသည့် MyTEST; သည် တကြောင်းတည်း သီးခြား ဖြစ်ရ ပါမည်။ Indent ခံ၍ မရပါ။ (Last identifier must occur on a line by itself and cannot be indented)

Display:
Code:
PhpMyanmar.com, Php Tutorials, Try it.

z3r0c00l

z3r0c00l
Administrator



Administrator
Operators

Variable များနှင့် တန်ဖိုးများ (values) အား ပြုပြင် ပြောင်းလဲ ရန် operator များကို အသုံးပြု သည်။

Php တွင် operator အများအပြား အသုံးပြု ပါသည်။ အမျိုးအစား အချို့ ကို အောက်တွင် ဖေါ်ပြအပ် ပါသည်။

Code:
    * Assignment Operators
    * Arithmetic Operators
    * Comparison Operators
    * String Operators
    * Combination Arithmetic & Assignment Operators


Assignment Operators

Assignment operator များကို variable တစ်ခုအား တန်ဖိုးသတ်မှတ် (set) လုပ်ရန် နှင့် variable များအား အခြား variable တန်ဖိုးဖြင့် set လုပ်သည့် အခါများ တွင် အသုံးပြု ပါသည်။

တန်ဖိုး များကို assign (set) လုပ်ရာ တွင် "=" ညီမျှခြင် (equal) သင်္ကတ ကိုအသုံးပြု ပါသည်။ ဥပမာ :-
Code:

    * $my_variable = 18;
    * $another_variable = $my_variable


ယခု $my_variable နှင့် $another_variable တို့၏ တန်ဖိုး သည် 18 ဖြစ်နေ ပါပြီး။ Assignment operators များကို arithmetic (သင်္ချာ) operators များနှင့် လည်း တွဲဖက် အသုံးပြု နိုင် ပါသည်။
Arithmetic (သင်္ချာ) Operators
Code:

Operator    English          Example
    +     Addition            2 + 4
    -     Subtraction    6 - 2
    *          Multiplication    5 * 3
    /     Division          15 / 3
  %     Modulus          43 % 10
PHP Code:
Code:
<?php

$addition = 2 + 4;
$subtraction = 6 - 2;
$multiplication = 5 * 3;
$division = 15 / 3;
$modulus = 5 % 2;

echo "Perform addition: 2 + 4 = ".$addition;
echo "Perform subtraction: 6 - 2 = ".$subtraction;
echo "Perform multiplication: 5 * 3 = ".$multiplication;
echo "Perform division: 15 / 3 = ".$division;
echo "Perform modulus: 5 % 2 = " . $modulus . "[ Modulus is the remainder after the division operation has been performed.In this case it was 5 / 2, which has a remainder of 1].";

?>
Display:
Code:
Perform addition: 2 + 4 = 6
Perform subtraction: 6 - 2 = 4
Perform multiplication: 5 * 3 = 15
Perform division: 15 / 3 = 5
Perform modulus: 5 % 2 = 1 [Modulus is the remainder after the division operation has been performed. In this case it was 5 / 2, which has a remainder of 1.]
Comparison (နှိုင်းယှဉ်) Operators

Comparison operator များကို variable အချင်းချင်း သော်၎င်း၊ variable နှင့် တန်ဖိုး (value) တို့ကို စစ်ဆေး နိုင်းယှဉ် ရာတွင် အသုံးပြု ပါသည်။

Comparison operators များကို conditional statements နှင့်တွဲဖက် ပြီး true or false ဟုတ်မဟုတ် အဖြေထုတ်၍ လည်းသုံးလေ့ ရှိ ပါသည်။

Php ၏ အရေးကြီးသော comparison operator များကို အောက်တွင် ဖေါ်ပြ အပ်ပါသည်။
Code:

Operator    English                                Example    Result
==            Equal To                              $x == $y    false
!=          Not Equal To                      $x != $y     true
<          Less Than                              $x < $y            true
>        Greater Than                      $x > $y     false
<=        Less Than or Equal To              $x <= $y    true
>=        Greater Than or Equal To      $x >= $y    false
String Operators

String operator တစ်ခုသာ ရှိပါသည်။ ["." the period]

၎င်း operator ကို strings နှစ်ခုအား ဆက်ရာတွင် အသုံးပြု သည်။ အဆိုပါ period အား concatenation operator ဟုလည်း ခေါ်သည်။
PHP Code:
Code:
<?php

$x_string = "Hello";
$y_string = " Cindy";
$output_string = $x_string . $y_string;

echo $output_string . "!";

?>
Display:
Code:
Hello Cindy!
သင်္ချာ (Arithmetic) နှင့် Assignment Operators တို့အား တွဲဖက် အသုံး ပြုခြင်း။

Program များရေး ရာတွင် တဖြေးဖြေး ကြီးသွားသော သို့မဟုတ် တဖြေးဖြေး ငယ်သွားသော counter များကို သုံးလေ့ ရှိ ပါသည်။

တစ်ကြိမ်လျင် ၁ တိုးသွားသော counter တခု ဖန်တည်းရန် အောက်ပါ အတိုင်း ရေးသား နိုင် ပါသည်။
Code:

    * $number = $number + 1;
Assignment နှင့် arithmetic operator နှစ်ခု ကိုတွဲဖက် အသုံး ပြုပြီး အောက်ပါ အတိုင်း အတိုကောက် ရေး၍ လည်းရ ပါသည်။
Code:

    * $number += 1;
အောက်ပါ ဇယားတွင် အတိုကောက် ရေးတားသော နမူနာ အချို့ကို ဖေါ်ပြထား ပါသည်။ အများ အာဖြင့် "+=" and "-=" တို့မှာ အသုံး များသော တွဲဖက် သင်္ကေတ များ ဖြစ်ကြ ပါသည်။.
Code:

Operator    English                   Example                      Equivalent Operation
 +=            Plus Equals             $x += 2;               $x = $x + 2;
-=          Minus Equals           $x -= 4;               $x = $x - 4;
*=            Multiply Equals       $x *= 3;                    $x = $x * 3;
/=       Divide Equals         $x /= 2;               $x = $x / 2;
%=     Modulo Equals            $x %= 5;             $x = $x % 5;
.=       Concatenate Equals    $my_str.= "hello";    $my_str = $my_str . "hello";
Pre/Post-Increment & Pre/Post-Decrement

အထက်ဖေါ်ပြပါ ဇယား ထက်ပင် တိုတုတ် သော ရေးသားနည်း များရှိပါ သေးသည်။.

Variable တခုသို့ ၁ ပေါင်းထည့် ရန် "++" operator ကိုသုံးနိုင် ပါသည်။
Code:

$x++;
Which is equivalent to $x += 1; or $x = $x + 1;
Variable တခုမှ ၁ နှုတ်ရန် "--" operator ကိုသုံးနိုင် ပါ သည်။
Code:

$x--;
Which is equivalent to $x -= 1; or $x = $x - 1;
ထို့ပြင် အတိုး အလျှော့ ကို မည်သည့် အချိန်တွင် ပြုလုပ် မညိကို လည်းသတ်မှတ် ပေးနိုင် ပါ သေးသညိ။
Code:

    * Code ကို execute မလုပ်မှီ အတိုး/အလျှော့ လုပ်ခြင်။
    * Code ကို execute လုပ်ပြီးမှ အတိုး/အလျှော့ လုပ်ခြင်။
အောက် ဖေါ်ပြပါ ဥပမာများ တွင် အတိုး/အလျှော့ လုပ်ပုံ နှစ်မျိုး ကိုလေ့လာ နိုင် ပါသည်။
PHP Code:
Code:
<?php

$x = 4;
echo "The value of x with post-plusplus = " . $x++;
echo "The value of x after the post-plusplus is " . $x;

$x = 4;
echo "The value of x with with pre-plusplus = " . ++$x;
echo "The value of x after the pre-plusplus is " . $x;

?>
Display:
Code:
The value of x with post-plusplus = 4
The value of x after the post-plusplus is = 5
The value of x with with pre-plusplus = 5
The value of x after the pre-plusplus is = 5
ပထမ code စာကြောင်းတွင် post-increment "$x++" ကို execute မလုပ် သေးသဖြင့် ရလာဘ် မှာ ၄ ဖြစ် ပါသည်။

သို့သော် နောက် code စာကြောင်းမှာ pre-increment "++$x" ကို execute လုပ်ပြီး ဖြစ်သဖြင့် ရလာဘ် မှာ ၅ ဖြစ် ပါသည်

z3r0c00l

z3r0c00l
Administrator



Administrator
Making Comments

မှတ်ချက် (comments) များအဖြစ် ရေးထား သော စာများကို PHP engine မှ လှစ်လျှူရှု ပါသည်။

မှတ်ချက် များသည် browser တွင် မပေါ် သဖြင့် မမြင် ရပါ။

Php code များတွင် ရှင်းလင်းချက် မှတ်ချက် များ ရေးခြင်း ဖြင့် code များကို ပို၍ နားလည် စေ ပါသည်။.

တကြောင်း မှတ်ချက် (single-line comments) ၏ အစ တွင် slashes (//) နှစ်ခု သို့မဟုတ် hash (#) တခု ရှိရ ပါမည်။
Code:
// this is a comment

# this is another comment

တကြောင်း ထက်ပို သော မှတ်ချက်များ (multiline comments) သည် forward slash & asterisk (/*) ဖြင့် စပြီး asterisk & forward slash (*/) ဖြင့် အဆုံးသတ် ပါသည်။ အောက်ပါ ဥပမာ ကို ကြည့်ပါ။
Code:
/*
this is a comment
none of this will
be parsed by the
PHP engine
*/

မှတ်ချက် (comment) ရေးပါ
မူလ ရေးသား စဉ်က ရှင်းလင်း နေသည်ဟု ထင်ရသော code များကို နောင် ၆ လ ခန့် အကြာတွင် ပြန်ဖတ် သောအခါ နားမလည် နိုင်အောင် ဖြစ်တတ် ပါသည်။

code များ၏ သင့်တော် သောနေရာ များတွင် မှတ်ချက် (comments) များစနစ် တကျ ရေးသွင်း ခဲ့ခြင်းဖြင့် နောင်အခါ ပြင်ရန် လိုအပ် ပါက လွယ်ကူပြီး အချိန်သက်သာ စေ ပါသည်။

အခြား programmer များမှ သင်၏ code များကို ပြုပြင် သည့်အခါ တွင်လည်း များစွာ အထောက် အကူ ဖြစ်စေ ပါသည်။

alt.332

alt.332
Administrator



Administrator
ဒါမှ ငါ့ယောက္ခမကြီးကွ...ရေးထား...ပြီးတာနဲ့ PDF တန်းထွက်ပေးမယ်

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
If .....Else Statement
If...Else Statements ဆိုတာကတော့ အလွယ်ပြောရရင် ဒါမဟုတ်ရင်ဒါ ဆိုတဲ့သဘောပါပဲ။

If...တကယ်လို့ ဒါဖြစ်ရင် ဒါဖြစ်မယ်
Else...မဟုတ်ခဲ့ရင် ဒါဖြစ်မယ်
အဲဒီသဘောပါပဲ။

Code:

if (condition)
  code to be executed if condition is true;
else
  code to be executed if condition is false;
အဲဒါသူ့ရဲ့ရေးသားပုံပါ။
ကျွန်တော် Examples တစ်ခုထပ်ပြပါ့မယ်။

If.... Statement သုံးပုံ
Code:

<html>
<body>

<?php
$d=date("D");
if ($d=="Fri") echo "Have a nice weekend!";
?>

</body>
</html>
အဲဒီကုဒ်ရဲ့သဘောကတော့ Browser ကိုဖွင့်လိုက်တာနဲ့ သင့်ရဲ့ CMOS Date ကိုစစ်ပါလိမ့်မယ်။ Date ဟာ သောကြာနေ့ဖြစ်နေရင် သင့်ရဲ့ Browser မှာ "Have a nice weekend!" ဆိုတာပေါ်လာပါလိမ့်မယ်။
မဟုတ်ရင်တော့ မပေါ်ဘူးပေါ့။
ဒါကိုပဲ If..else Statement သုံးပြီးရေးကြည့်ရအောင်။

If ... else staement
Code:
<html>
<body>

<?php
$d=date("D");
if ($d=="Fri")
  echo "Have a nice weekend!";
else
  echo "Have a nice day!";
?>

</body>
</html>
ခုနလိုပါပဲ။ သောကြာနေ့ဆိုရင် Have a nice weekend ဆိုတာပြပြီးတော့
မဟုတ်ရင်တော့ Have a nice day ဆိုတာပြပါလိမ့်မယ်။
ဒါဟာ If....else Staement ပါပဲ။
ဒါကိုပဲ အများကြီးချဲ့သုံးလို့ရပါတယ်။
ဥပမာ - if....elseif...else statement ပေါ့
ဒီကုဒ် ကိုထပ်ကြည့်ပါ။
Code:
<html>
<body>

<?php
$d=date("D");
if ($d=="Fri")
  echo "Have a nice weekend!";
elseif ($d=="Sun")
  echo "Have a nice Sunday!";
else
  echo "Have a nice day!";
?>

</body>
</html>
ခုနလိုပါပဲ။ သိပ်တော့မထူးခြားပါဘူး။
သောကြာနေ့ဖြစ်ရင်....Have a nice weekend
တနင်္ဂနွေနေ့ဖြစ်ရင်....Have a nice sunday
အဲဒီနှစ်နေ့မဟုတ်ရင်..Have a nice day
လွယ်ပါတယ်။
ခင်ဗျားအခု If..else Statement ကို ကျွမ်းကျင်သွားပါပြီ။ ဆက်လက်လေ့ကျင့်ကြည့်ပါဦး။
Good Bye!!!

z3r0c00l

z3r0c00l
Administrator



Administrator
Switch Statement
Switch Statement ဆိုတာကတော့ သင်ဟာ အခြေအနေတွေ ကိုကျော်ဖြတ်ပြီး သင်လိုတာကို ယူမယ် ဆိုတဲ့ Statement ပါပဲ။ Switch Statement ဟာ အခြေအနေပါင်း ၂၀၀ ခန့်ကို တစ်ပြိုင်နက်တည်းစစ်ဆေးနိုင်ပါတယ်။
နမူနာတစ်ခုလောက် လေ့လာကြည့်ရအောင်။
Code:

$destination = "Tokyo";

switch ($destination)
{
    case "Las Vegas":
        echo "Prepare to lose money";
        break;
    case "Amsterdam":
        echo "Bring an open mind";
        break;
    case "Egypt":
        echo "Bring hats and umbrellas";
        break;
    case "Tokyo":
        echo "Bring lots of money";
        break;
    case "Caribbean Islands":
        echo "Bring a swimsuit";
        break;
}
ဒီ Code ကိုလေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့အရာ Destination ကို Tokyo လို့သတ်မှတ်လိုက်ပါတယ်။ OK.
ပြီးရင် Switch Statement ကို စသုံးပါပြီ။ အရင်ဆုံး Las Vegas ကိုကြည့်မယ်။ မဟုတ်သေးဘူး ကျော်လာမယ်
ဒီလိုနဲ့ ကြည့်ရင်းကြည့်ရင်းနဲ့ Tokyo ကိုတွေ့ပြီ။ OK. ဒါဆိုရင်တော့သူ့ရဲ့ Display က ဒီလိုဖြစ်ပါလိမ့်မယ်။
Code:
Traveling to Tokyo
Bring lots of money
Case တစ်ခုရဲ့နောက်မှာ break; မမေ့ဖို့တော့အရေးကြီးတယ်နော်။ မဟုတ်ရင်.....Very Happy Very Happy Very Happy Very Happy Very Happy

နောက်တစ်ခုထပ်စမ်းကြည့်ရအောင်။ အကယ်၍များကိုယ်ရှာတာကိုမတွေ့ခဲ့ရင် Switch Statement မှာ Default လဲပါပါသေးတယ်။ ဒါကတော့ Default ဆိုတဲ့ Statement တစ်ခုထည့်ရေးလိုက်ရုံပါပဲ။ မတွေ့ခဲ့ရင် Default က Text ကို Display လုပ်ပြမှပေါ့။ ဒီ Code ကိုကြည့်ပါဦး။
Code:
$destination = "New York";

switch ($destination)
{
    case "Las Vegas":
        echo "Prepare to lose money";
        break;
    case "Amsterdam":
        echo "Bring an open mind";
        break;
    case "Egypt":
        echo "Bring hats and umbrellas.";
        break;
    case "Tokyo":
        echo "Bring lots of money";
        break;
    case "Caribbean Islands":
        echo "Bring a swimsuit";
        break;
    default:
        // execute this if there are no matched case statement
        echo "Travelling to nowhere;
        echo "I wish you luck!";
        break;
}
ဒါကတော့ Default Case ထည့်ရေးထားတာပါ။ New York ကိုရှာမတွေ့ရင် ဒီလိုပြပါလိမ့်မယ်။
Code:
Traveling to nowhere
I wish you luck!
ဒီလိုနည်းနဲ့နောက်ပိုင်းမှာ PHP က block ထားတဲ့ Statement တွေကို Switch Statement သုံးပြီး ကိုယ့်ဘာသာကိုယ် Manul ဖွင့်ပြီး ရေးနိုင်ပါတယ်။ နောက်ပိုင်းမှာဆက်လက်ဆွေးနွေးကြပါစို့။

z3r0c00l

z3r0c00l
Administrator



Administrator
Include Files

အပြင်က Files တွေကို PHP File တစ်ခုထဲမှာခေါ်သုံးနိုင်ဖို့အတွက် Including Files Method ကိုသုံးရပါတယ်။ Include Files Command ဟာအရမ်းလွယ်ကူရိုးရှင်းပါတယ်။ HTML မှာလောက်နီးနီးကို လွယ်ကူပါတယ်။ သူ့ရဲ့ Syntax ကတော့
Code:

include("name.php")
နမူနာတစ်ခုလောက်လုပ်ကြည့်ရအောင်။
Code:

<html> <body>
<a
href="test1.php">Test1</a> -
<a
href="test2.php">Test2</a> -
<a
href="test3.php">Test3</a> -
<a
href="about.php">About</a> <br/>
အဲဒါတွေဟာ ကျွန်တော်တို့ PHP Files နောက်တစ်ခုမှာသုံးမယ့် Include Files Command အတွက် ခေါ်သုံးရမယ့် Files ပါ။ အဲဒါကို *.inc extension နဲ့ Save လုပ်ပါမယ်။ OK
ကျွန်တော်က ဒါဆို Test.inc နဲ့ Save လုပ်လိုက်ပါမယ်။
အဲဒီ Files တွေကို နောက်ထပ် PHP Files မှာပြန်ညွှန်းပါမယ်။ နောက် PHP Files မှာကျတော့ ကျွန်တော် Save လုပ်ခဲ့တဲ့ ဒီ Test.inc ဆိုတဲ့ Files ကို Including Files Method ကိုသုံးပါမယ်။
နမူနာကြည့်ရအောင်
Code:

<?php
include("Test.inc"); ?>
    <p>
       
Good Luck!!!!!
    </p>
</body>
</html>

ဒါကိုတော့ ခုန Test.inc Save လုပ်ထားတဲ့ Directory အောက်မှာပဲ Index.php ဆိုတဲ့ နာမည်နဲ့သိမ်းပါ။
ပြီးရင် ပြန်ဖွင့်ကြည့်ပါဦး။ တကယ်စမ်းသပ်လားဆိုတာသိရအောင် Display ကိုတော့ မပြတော့ပါဘူး။
Razz

အားလုံး အဆင်ပြေပါစေ။

syatanar

syatanar
MITR New User



http://localhost/hello.php ဆိုပြီး.web browser မှာ.ဖွင့်ကြည့်ပါတယ်..software ( easy PHP) ကိုလည်း.. install လုပ်ပြီးပါပြီ..ဒါပေမဲ့.ဖွင့်လိုက်ရင်.. "Hello World!" ဆိုပြီး..ပေါ်မလာပါဘူး..
Error တတ်ပြီး.. Not Found ဆိုပြီး..ပေါ်ပါတယ်..အဲ့ဒါဘာဖြစ်လို့လဲမသိဘူး.. easy PHP လည်းအလုပ်လုပ်နေပါတယ်.. started ဆိုပြီးတော့..

syatanar

syatanar
MITR New User



ဆု..မေးထားတာလေးကို..ပြန်ဖြေပေးကြပါဦးနော်....အရေးကြီးလို့ပါ..http://localhost/hello.php ဆိုပြီး.web browser မှာ.ဖွင့်ကြည့်ပါတယ်..software ( easy PHP) ကိုလည်း.. install လုပ်ပြီးပါပြီ..ဒါပေမဲ့.ဖွင့်လိုက်ရင်.. "Hello World!" ဆိုပြီး..ပေါ်မလာပါဘူး..
Error တတ်ပြီး.. Not Found ဆိုပြီး..ပေါ်ပါတယ်..အဲ့ဒါဘာဖြစ်လို့လဲမသိဘူး.. easy PHP လည်းအလုပ်လုပ်နေပါတယ်.. started ဆိုပြီးတော့..

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com