Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

z3r0c00l

z3r0c00l
Administrator



Administrator
Ajax (shorthand for Asynchronous Javascript and XML) ဆိုသည်မှာ အပြန်အလှန်လုပဆောင်မှုတွေပါဝင်သော Web Application တွေကိုဖန်တီး၍ Client Side ပေါ်တွင်အသုံးပြုသော အပြန်အလှန်ဆက်စပ်မှုရှိသည့် Web Development နည်းပညာတစ်ခုဖြစ်သည်။ Ajax ဖြင့် လုပ်ဆောင်ထားသော Web Application တေသည် Background တွင်မူလရှိနှင့်ပြီးသော page ၏ဖော်ပြချက်နှင့် အသွင်အပြင်များကိုထိခိုက်ခြင်းမရှိပဲနှင့် Server Asynchronous မှ data များကို ပြန်လည်ရယူနိုင်ပါတယ်။ Ajax နည်းပညာကို အသုံးပြုခြင်းသည် Web Page ပေါ်တွင် Screen ၏ Layout ကို ပို၍အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။
Data တွေသည် XML Http Request Object ကိုသုံးသည်။

History
1990 ပြည့်နှစ်များတွင် web browsers နှင့် web sites များသည် user များ၏ experience ကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ပေးမှုများမရှိခဲ့ပေ။ တောင်းဆိုထားသော information များ ၀င်ရောက်လာချိန်မှ web server မှအသိအမှတ်ပြုသည်အထိ onine ၀င်ခွင့်များသည်လည်း ရှည်ကြာစွာ ပျင်းရီငြီးငွေ့ ဖွယ်ဖြစ်နေသည်။ ၀င်ခွင့်အချက်အလားများကို လက်ခံခဲ့ကြရာတွင် ပြဿနာတစ်စုံတစ်ရာရှိပါက user ဆီသို့ ပုံစံတူ Form ထပ်မံပေးပို့ခဲ့သည်။ Information စီးဆင်းမှုနှင့် အတွေ့အကြုံရလဒ်တွေက အနည်းငယ်မျှသာဖြစ်ပြီး အဆက်အစက်လည်းမရှိခဲ့ပေ။ HTTP ၏အခြေအနေကိုလည်း ထင်ဟပ်လာစေသည်။
1995 တွင် Japa Applets သည် Java Language ၏ First Version တွင် အစပြုမိတ်ဆက်ခဲ့သောအခါ Asynchronous Loading သည် အမှန်တကယ်ပင်လက်တွေ့ကျလာခဲ့သည်။ ထိုအရာသည် Web Page ကို Loaded လုပ်ပြီးနောက် web server မှ data asynchronously ကို loading လုပ်ရန် client side code များကို computer နားလည်နိုင်သည့် language အသွင်သို့ ပြောင်းခွင့်ပြုလိုက်သည်။
1996 တွင် Internet Explorer က IFrame Element ကို HTML သို့ စတင်မိတ်ဆက်လိုက်သည်။
1999 တွင် Microsoft က Internet Explorer 5 တွင် XMLHTTP Active X Control ကိုဖန်တီးလိုက်သည်။ ယခု Mozilla, Safari နှင့် XML HTTP Request Object ကဲ့သို့ အခြား browsers များက အထောက်အပံ့ပြုပေးထားသည်။ Google Mail (Gmail) (2004) နှင့် Google Maps (2005) တို့ဖြင့် Ajax ကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်အထိ Asynchronous Web Technologies ကို ကောင်းကောင်းမသိကြသေးပေ
Ajax ကို 2005 တွင်တင်ဖော်ပြခဲ့သည်။ Client တစ်ခုသို့အဆိုတင်သွင်းရာတွင် သင့်တော်သောနည်းပညာကို ဖ်ာပြရန် Shorthand Term တစ်ခုအတွက် Ajax ကိုလိုအပ်သည်ဟု Jesse James Garrett ကအသိအမှတ်ပြုခဲ့သည်။
2006 April 5 တွင် World Wide Web Consortium (W3C) က အရည်အသွေးပြည့်မီသော Official Web တစ်ခုဖန်တီးရန် ကြိုးစားရာတွင် ပထမဆုံး Draft Specification ကို အလွယ်တကူရစေခဲ့သည်။

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com