Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Cooling fan Empty Cooling fan 23rd November 2009, 6:01 pm

SilentHill

SilentHill
MITR Reader



MITR Reader
ကျွန်တော့အိမ်ကစက်မှာ စက်စစချင်းဝယ်တုန်းက System Unit နဲ့အတူပါလာတဲ့ cooling fan တစ်ခု ရှိပါတယ်။ မီးရောင်လေးတွေထွက်တယ် [You must be registered and logged in to see this image.]
နောက် cooling fan တစ်ခု ကိုအပြင်မှာဝယ်ပါတယ်။ ရိုးရိုးအမဲရောင်ပါ။ ဒါပေမဲ့ အဲဒီ fan ကနေ လေတောင်သိပ်မထွက်ဘူး။ လည်တယ်ဆိုရုံပဲ။ အဲဒါဘာဖြစ်လို့လဲ။
ဝယ်လာတဲ့ fan ကမကောင်းလို့လား။ Power Supply ပဲမကောင်းလို့လား။ [You must be registered and logged in to see this image.]

2Cooling fan Empty Re: Cooling fan 23rd November 2009, 6:04 pm

sHa92

sHa92
Founder



Founder
fan မကောင်းလို့လို့ထင်ပါတယ်။
ကျနော့်အိမ်က Cooling Pad ကျတော့လည်း အဲလိုပါဘဲ။ လေတောင်သိပ်မထွက်ဘူး။
လက်ကို စက်ပေါ်တင်ပြီး တိုက်ပင်ရိုက်ရင် တော်တော် ဒုက္ခရောက်တာ။ Sad

http://www.myanmaritresource.info

3Cooling fan Empty Re: Cooling fan 23rd November 2009, 6:39 pm

Guest

Anonymous
Guest
တစ်ချို့ Fan တွေက အပြင်ကို လေမထွက်တာတွေလည်းရှိပါတယ်။ သူက chassis ထဲကို blowing air လုပ်တာလေ။ တစ်ချို့ကြတော့လည်း အပြင်ကိုလေထွက်ပါတယ်။

နောက်တစ်ခုက ပန်ကာကလည်တယ်ဆိုရုံလေးဆိုတာက ဖြည်းဖြည်းလေးလည်တာလား။ ဒါဆိုရင်တော့ ဖြုတ်တပ်ပြီး ဖုန်ခါလိုက် ၊ power supply ဖြုတ်တာက နားလည်တဲ့သူနဲ့ ဖြုတ်တပ်တာအကောင်းဆုံးပါပဲ။ Hardware တော်တော်များများ ပျက်တယ် ၊ အလုပ်လုပ်ပုံ ပုံမှန်မဟုတ်ဘူးဆိုရင် အများဆုံးက ဖုန်ကြောင့်ဖြစ်ကြတာများပါတယ်။ Power Supply အကြောင်း အသေးစိတ်ကိုတော့ ကျနော်ပြန်ရှင်းပြပါအုံးမယ်။

4Cooling fan Empty Re: Cooling fan 24th November 2009, 5:02 pm

SilentHill

SilentHill
MITR Reader



MITR Reader
လေထွက်တဲ့ဘက်ကိုစမ်းကြည့်လိုက်ရင် လေထွက်နေတယ်ဆိုတာကို မနည်းသိအောင်ကြိုးစားရတယ် [You must be registered and logged in to see this image.]

5Cooling fan Empty Re: Cooling fan 24th November 2009, 6:55 pm

kyawmin

kyawmin
MITR Reader



MITR Reader
ကိုယ့်ဘာသာဆင်ထားတာလားမသိဘူး ၊ တစ်ချို့က fan ကအရမ်းဆူလို့ RPM ကို BIOS ကနေလျှော့
ထားတတ်ကြတယ် ၊ အဲဒါလေးလဲ တစ်ချက်စစ်ကြည့်အုံး အစ်ကို ။ fan က တစ်သတ်မတ်တည်း လည်
တာလား ၊ ဒါမှ မဟုတ် temperature အလိုက် RPM က auto adjustment လား။ autoajdustment ဆိုရင် သူ့ဘာသူလုပ်ပါလိမ့်မယ် အစ်ကို ။

6Cooling fan Empty Re: Cooling fan 24th November 2009, 6:59 pm

kyawmin

kyawmin
MITR Reader



MITR Reader
٨††∂¢қєř wrote:
power supply ဖြုတ်တာက နားလည်တဲ့သူနဲ့ ဖြုတ်တပ်တာအကောင်းဆုံးပါပဲ။
အစ်ကို ၊ အဲဒါလေး နားမလည်လို့ပါ ။ ဘာလို့ power supply ဖြုတ်ခိုင်းတာလဲ မသိဘူး ။
٨††∂¢қєř wrote:

Power Supply အကြောင်း
အသေးစိတ်ကိုတော့ ကျနော်ပြန်ရှင်းပြပါအုံးမယ်။
ဟုတ်ကဲ့...အစ်ကို ၊ ကျွန်တော် စောင့်ဖတ်ပါ့မယ် ။ ကျေးဇူးပါ ကို /-tt@Ck3r ။

7Cooling fan Empty Re: Cooling fan 24th November 2009, 7:03 pm

sHa92

sHa92
Founder



Founder
kyawmin wrote:
٨††∂¢қєř wrote:
power supply ဖြုတ်တာက နားလည်တဲ့သူနဲ့ ဖြုတ်တပ်တာအကောင်းဆုံးပါပဲ။
အစ်ကို ၊ အဲဒါလေး နားမလည်လို့ပါ ။ ဘာလို့ power supply ဖြုတ်ခိုင်းတာလဲ မသိဘူး ။

ဖြုတ်ပြီး ဖုန်ခါခိုင်းတာထင်တာဘဲ။ Very Happy
ဒါမှမဟုတ်ရင်လည်း PowerSupply မကောင်းဘူးထင်ရင် ဖြုတ်လဲဖို့ အကြံပေးတာထင်ပါတယ်။
ကာယကံရှင်ကိုယ်တိုင် ဖြေရင်တော့ ရှင်းသွားမှာပါ။



Last edited by $ƴǩǾ on 24th November 2009, 7:14 pm; edited 1 time in total

http://www.myanmaritresource.info

8Cooling fan Empty Re: Cooling fan 24th November 2009, 7:05 pm

kyawmin

kyawmin
MITR Reader



MITR Reader
$ƴǩǾ wrote:
kyawmin wrote:
٨††∂¢қєř wrote:
power supply ဖြုတ်တာက နားလည်တဲ့သူနဲ့ ဖြုတ်တပ်တာအကောင်းဆုံးပါပဲ။
အစ်ကို ၊ အဲဒါလေး နားမလည်လို့ပါ ။ ဘာလို့ power supply ဖြုတ်ခိုင်းတာလဲ မသိဘူး ။

ဖြုတ်ပြီး ဖုန်ခါခိုင်းတာထင်တာဘဲ။ Very Happy
ဒါမှမဟုတ်ရင်လည်း PowerSupply မကောင်းဘူးထင်ရင် ဖြုတ်လဲဖို့ အကြံပေးတာထင်ပါတယ်။
ကာယကံရှင်ကိုယ်တိုင် ဖြေရင်တော့ ရှင်းသွားမှာပါ။

ဟုတ်ကဲ့ အစ်ကို ၊ အခုလို ဝင်ဖြေပေးတာကျေးဇူးတင်ပါတယ် ။ ကို /-tt@Ck3r ကဘာလို့ power supply ကိုဖြုတ်ခိုင်တာလဲဆိုတာလေးကိုသိချင်တာပါ ။

9Cooling fan Empty Re: Cooling fan 25th November 2009, 5:22 pm

Guest

Anonymous
Guest
Computer သုံးတာကြာလာတာနဲ့ Power Supply က DC Output ထုတ်ဝေမှုဟာ လျှော့လာတတ်ပါတယ်။ သတ်မှတ်ထားတဲ့ Power ကိုလည်း အပြည့်အ၀ထုတ် ပေးနိုင်စွမ်းမရှိတော့ဘူးပေါ့။ ဒီလိုအချိန်မျိုးမှာ အဓိကတရားခံက ဖုန်ပဲလေ။ Power Supply မှာ ဖုန်တွေနဲ့ ပြည့်နေမယ် ၊ ဒါမှမဟုတ် power supply က ပန်ကာကသာ ကြပ်နေမယ်ဆိုရင် သေချာပေါက် Device တွေရဲ့ Life ကိုလျှော့စေမှာပါ။

အဲ့ Power Supply ကိုဘာကြောင့်ဖြုတ်ခိုင်းသလဲဆိုတော့ ဖုန်တွေကိုရှင်းထုတ်ပစ်ဖို့ပါပဲ။ ဒီနေရာမှာ အသုံးပြုတာတော်တော်ကြာတဲ့ power supply မျိုးဆိုရင် ပန်ကာကို သန့်ရှင်းရေးလုပ်တိုင်းလည်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ power supply အထဲမှာကို ဖုန်တွေရှိနေပြီး ပန်ကာလည်တာနဲ့ အထဲက ဖုန်တွေက ပြန်ထလာမှာပါ။ ဒီတော့ power supply အထဲကိုပါ သန့်ရှင်းရေးလုပ်ဖို့လိုပါပြီ။ ဒီလိုနေရာမျိုးမှာ နားကြပ်တံနဲ့ပဲလုပ်လုပ် ၊ လေမှုတ်ဘူး (Air Duster) ၊ လေစုတ်စက် (Vacuum) နဲ့ပဲလုပ်လုပ်ရပါတယ်။ အရေးကြီးတာက ဖုန်တွေပြောင်ဖို့ပါပဲ။

နားလည်တဲ့လူနဲ့ဖြုတ်ခိုင်းရတာကတော့ ရိုးရိုး ATX Power Supply တွေမှာဆိုရင် သိပ်တော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် AT Power Supply မှာဆိုရင်တော့ Hard Power Switch ကိုပါဖြုတ်ရပါမယ်။ ဒီလိုဖြုတ်တဲ့နေရာမှာ Hard Power Switch နေရာမှာ ဗို့က AC 200W ကျော်ရှိပါတယ်။ နောက်ပြီး ကိုယ်က သေသေချာချာနားမလည်ဘဲ ဖြုတ်လို့ရှိရင် ဖြုတ်ရတာလွယ်သလောက် ပြန်တပ်တဲ့နေရာမှအခက်အခဲရှိမှာပါ။ နောက်လျှပ်စစ်နဲ့ပါတ်သတ်ပြိး လုပ်နေရတာဖြစ်လို့ မီးကိုမပိတ်ဘဲ လုပ်မိရင် အသက်အန္တရာယ်ပါဖြစ်နိုင်တာကို စိတ်ပူမိလို့ပါ။

Power Supply အကြောင်းကို ကျနော်ရှင်းပြမှာပါ။ ဒါပေမယ့် Power Supply အကြောင်းကို ရှင်းမယ်ဆိုရင် Motherboard Form Factor တွေကိုပါ ပူးတွဲရှင်းရမှာဖြစ်လို့ နည်းနည်းလောက်တော့ စောင့်ပေးပါ။ နောက်လမကုန်ခင် ပြီးစေရပါမယ်။

10Cooling fan Empty Re: Cooling fan 31st July 2011, 11:37 am

iris

iris
MITR New User



ကြည့်ရတာ Desktop ထင်ပါတယ် ..တစ်ခုတော့ရှိတယ် .. Fan ကို ကြိုးပြောင်းတတ်ကြည့်ပေါ့
ကြိုးဆိုတာက Power Supply ရဲ့ Molex ကိုပြောတာပါ ။ ကျွန်တော်လည်းဖြစ်ဖူးပါတယ် ။
Power Supply ကကြာလာတာနဲ့ အမျှ 5volt ဆို 5volts အပြည့်မပေးနိုင်တာတွေရှိပါတယ် ။
ဘယ်လိုသိနိုင်လဲဆိုတော့ Meter ထောက်ပြီးစမ်းနိုင်ပါတယ် ။ တစ်ကြိုးကို Ground မှာထားပြီး နောက်တစ်ကြိုးနဲ့ စမ်းကြည့်ရင်သိနိုင်ပါတယ် ။ Shocked

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com