Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1php first program Empty php first program 20th November 2009, 9:22 pm

ogre

ogre
Moderator



Moderator
သင်၏်ပထမဆုံး Php Program

ကျွန်တော် တို့ရဲ့ ပထမဆုံး Php program ကို မရေးမှီ Php tags တွေ အကြာင်း
နည်းနည်း ရှင်းပြ လို ပါတယ်။
Php code တွေ ကို html code တွေနဲ့ ရော နှော်း ရေး လို့ ရပါ တယ်။
Html code ဆုံး ပြီး php code စတော့ မယ် ဆို ရင် "php start tag" ကို ရိုက်ရ ပါတယ်။
နောက် php code ဆုံးပြီး html code ပြန်စ တော့ မယ် ဆိုရင်လည်း "php end tag" ကို ရိုက်ရပါတယ်။
အသုံး များတဲ့ "php start tag" နဲ့  "php end tag" တို့ ကို အောက် မှာ ဖေါ်ပြထားပါတယ်။




PHP Start and End Tags Tag Style Start Tag End Tag
Standard tags <?php ?>
Short tags <? ?>
ASP tags <% %>
Script tags <script language="php"> </script>


Php Tag ၄ မျိုး အသုံး ချပုံကို အောက်တွင် ကြည့်ပါ:-



<?php
put your php code here;
?>
<?
put your php code here;
?>
<%
put your php code here;
%>
<script language="php">
put your php code here;
</script




အခု ကျွန်တော် တို့ ရဲ့ ပဋ္ဌမ ဆုံး Php Program ကိုရေး ကြည့်ကြ ရအောင်။
MS Notepad ကို ဖွင့်ပြီး အောက် မှာ ဖေါ်ပြ ထားတဲ့ code ကိုရိုက်
ထည့်ပါ၊ အနီ နဲ့ ရေး ထားတဲ့ Php Tag အသုံး ပြုပုံ ကို မှတ်မှတ် သားသား
လေ့လာ ပါ၊ နောင်ကို ခဏခဏ တွေ့ နေ ရမှာ ဖြစ်ပါတယ်။





<html>
<head>
<title>hello</title>
</head>
<body>
<?php
echo "Hello World!";
?>

</body>
</html>






ပြီးလျှင် hello.php ဆိုတဲ့ file name နဲ့ အောက် ဖေါ်ပြပါ "www" folder တွင် save လုပ်ပါ။
php first program Folder11
Notepad ကိုပိတ်ပြီး Browser ကိုဖွင့်ပါ။ Address Box တွင်
http://localhost/hello.php ဟု ရိုက် သွင်းပြီး enter ကို နှိပ် ပါ။ သင်၏
လုပ်ဆောင် ချက်များ မှန်ကန်ပါ က အောက် ပါအတိုင်း တွေ့ ရပါမည်။
php first program Hello_10
ဂုဏ်ယူ ပါတယ် သင်၏ ပထမဆုံး Php Program အောင်မြင် သွားပါပြီး။

(ကူးယူဖော်ပြပါသည်။)

http://www.myanmarhelper.co.cc

2php first program Empty Re: php first program 21st November 2009, 10:50 am

sHa92

sHa92
Founder



Founder
ဆက်ပြီးတော့ ရေးပါဦး။
အဆင်ပြေရင် အခန်းဆက် Tutorial အနေနဲ့ ရေးပေးပါလား။
PHP အခြေခံကစပြီးတော့ ပေါ့။

http://www.myanmaritresource.info

3php first program Empty Re: php first program 21st November 2009, 6:17 pm

C0D3R

C0D3R
MITR Master



MITR Master
အားပေးတယ်ဗျာဆက်ရေးပေးနော်စောင့်ဖတ်မယ်ဗျာ

http://www.myanmaritresource.info

4php first program Empty Re: php first program 21st November 2009, 9:27 pm

ogre

ogre
Moderator



Moderator
စိတ်မရှိကြပါနဲ. ဗျာ ကျွန်တော် မတက်လို့ ပါ.....but လေ.လာလို့  ရ အောင် link ပေး လိုက်ပါတယ်။
Code:
www.phpmyanmar.com

http://www.myanmarhelper.co.cc

5php first program Empty Re: php first program 22nd November 2009, 5:48 am

kyawmin

kyawmin
MITR Reader



MITR Reader
အဲ....ငါ့အစ်ကို ဘယ်လိုဖြစ်တာလဲဗျ ၊ တစ်ခုခုများ အဆင်မပြေတာရှိလို့လား ။

6php first program Empty Re: php first program 25th November 2009, 5:06 pm

ogre

ogre
Moderator



Moderator
kyawmin @ မဟုတ်ပါဘူးဗျာ... ကျွန်တော်က မြန်မာလိုကောင်းကောင်းမရတာလဲပါတယ်။
ဟီ ဟီ မတက်တာလဲပါတယ် ။ ပြီးတော. လေုပ်ကလဲသိပ်မအားတာကြောင်.ပါ။ တခြားတော.မ
ရှိပါဘူး။။။ thank ပါဗျာ အခုလိုမေးဖော်ရတာ။

About PHP


  • Php သည် web server ပေါ် ၌ run လုပ်သော server side scripting language တစ်ခုဖြစ် သည်။ ၎င်း ကို အသုံးပြု ပြီး interactive website များ ဖန်တည်း နှိုင် ပါ သည်။
  • Php သည် အလွန် အသုံး များ ပြီး အခမဲ့ သုံး နိုင် သော programming language တစ်ခု ဖြစ်သည့် အပြင် html နှင့် ရော ၍ ရေးသာ နိုင် ပါ သည်။
  • Php အရေး အသား သည် Perl & C တို့နှင့် အလွန် ဆင်တူ ပါ သည်။ Php ကို ခေတ်စား နေ သော Apache web server နှင့်အတူ operating system (OS) အများ အပြား ပေါ်တွင် တွဲ ဖက် အသုံးပြု နိုင် ပါ သည်။


Php ဆိုတာဘာလဲ?


  • Php ဆို သည် မှာ PHP:Hypertext Preprocessor ၏ အတို ကောက်ဖြစ် ပါ သည်။
  • Php သည် server side scripting language တစ်ခုဖြစ်သည်။
  • Php code များကို web server ပေါ်တွင် run လုပ်ပါသည်။
  • Php သည် database အများ အပြား နှင့် တွဲဖက် အသုံးပြု နိုင် သည်။ (MySql, MSSQL, Sybase, PostgreSQL, Oracle, Generic ODBC, etc--)
  • Php သည် open source ဖြစ် သည်။
  • Php ကို အခမဲ့ download လုပ်နှိင်ပြီး မည်သူမဆို အသုံးပြု နိုင် သည်။



Php File ဆိုတာဘာလဲ?


  • Php file ကို "plain text", "html tags" နှင့် "php scripts" များ ဖြင့် ရော နှောရေးသား ထား သည်။
  • Php file ကို execute လုပ်ပြီး ချိန် တွင် ရိုးရိုး html (plain html) ရ ရှိ သည်။
  • Php file များ ၏ extension များ သည် '.php' '.php3' နှင့် '.phtml' တို့ဖြစ်ကြ သည်။



Php ကို ဘာငေ်္ီကာင့်သုံးသင့်သလဲ?


  • Php ကို operating system (OS) မျိုး စုံ ပေါ်တွင် သုံးစွဲနိုင် သည်။ (Windows, Linux, Unix, etc--)
  • Php သည် ယခု ကာလ ခေတ် စားနေ သည့် web server အား လုံး လောက် နီးနီး နှင့် တွဲ ဖက် အသုံးပြု နှိုင် သည်။ (Apache, IIS, etc--)
  • Php ကို ၎င်း ၏ ပင် ရင်း ဖြစ် သော www.php.net မှ အခမဲ့ download လုပ်နှိင်ပြီး မည် သူမ ဆို အ သုံး ပြုနှိုင် သည်။
  • Php ကို အလွယ် တကူ တတ် မြောက် နှိုင် သည့် အပြင် web server ပေါ်တွင် efficiently run လုပ် နှိုင် သည်။



Php ကို စမ်းကြည့် ချင်ပါ သည် ဘာဆက် လုပ်ရ မလဲ?

ဆက်လုပ် ရမည့် နည်း လမ်း တွေ ကို နောက် ဆောင်းပါး တွေမှာ ဆက်လက် တင်ပြ သွား ပါမည

(ကူးယူဖော်ပြပါသည်။)



Last edited by ogre on 25th November 2009, 5:45 pm; edited 1 time in total

http://www.myanmarhelper.co.cc

7php first program Empty Re: php first program 25th November 2009, 5:26 pm

ogre

ogre
Moderator



Moderator
Php ကို Install လုပ်ခြင်း။

ဤ ဆောင်းပါး မှာ Php run နိုင် တဲ့ web sever တစ် ခု ကို သင် ၏ computer တွင် install လုပ်
နည်း ကို ဖေါ်ပြ သွား ပါမည်။
စတင် လေ့ လာ သူ များ အတွက် အလွယ် ကူ ဆုံး က EasyPhp ကို သုံး ရုံ ပါ ပဲ။ ဘာ မှ မလုပ် ခင် EasyPhp ကို ဒီ [link] မှာ download လုပ် ပါ။
EasyPhp အကြောင်း။

EasyPhp ဆို တာ တွဲဖက် အလုပ် လုပ် ရ တဲ့ Software ၄ ခု ကို Install လုပ် ရ လွယ် အောင် စုထား တဲ့ package တစ် ခု ဖြစ် ပါ တယ်။
ဒီ Software ၄ ခု ကို folder တစ် ခု ထဲ မှာ install လုပ် ပေး ပြီး
လိုအပ် တဲ့ configuration ပါ လုပ် ပေး ပါ တယ်။ (လူ က နည်း နည်း တော့
setting လုပ်ရ ပါ တယ်)
EasyPhp မ ပေါ် မှီ က အခက် အခဲ များ။
ယခင်
က ဒီ Software ၄ ခု ကို သီး ခြား စီ install လုပ် ရ ပါ တယ်။ နောက် ဒီ ၄ ခု
တွဲ အ လုပ်လုပ် နှိုင် အောင် ခက်ခက် ခဲခဲ configuration လုပ် ရ ပါ တယ်။
ဒီ ဆောင်းပါး မှာ EasyPhp ကို download လုပ် ပြီး windows 9x/ ME/ XP
ကို အ ပေါ်မှာ install လုပ် နည်း အဆင့် ဆင့် ကို ရှင်း ပြ ထား တာ ဖြစ် ပါ
တယ်။
EasyPhp v1.8 package မှာ ပါဝင် သော Software များ။

  • Php programming language V4.3.10
  • Apache Web Server V1.3.33
  • MySql Database System V4.1.9
  • Php MyAdmin Database GUI interface V2.6.1

Installer က ပြင်သစ် ဘာသာ နဲ့ ဖြစ် လို့ မြန်မာ များ အတွက် ခက်ခဲ
ရှိနှိုင် ပါ တယ်။ ဒါပေ မဲ့ မှန်းဆ လို့ လွယ်ကူ ပါ တယ်။ ဒီ ဆောင်း ပါး က
လည်း ရှင်း ပြပေး မှာ ဖြစ် ပါ တယ်။
Install လုပ် ရန် ပြင်ဆင် ခြင်း။

  • Easy Php ကို download လုပ် ပါ။
  • ပိတ် လို့ ရ တဲ့ application အားလုံး ကို ပိတ် လိုက် ပါ။
  • C drive မှာ 60 meg လောက် free space ရှိ အောင် ရှင်း ထား ပါ။

Install လုပ် ပုံ အဆင့်ဆင့်။
၁ ။ Download လုပ် ထား တဲ့ easyphp1-8_setup.exe ကို ဒီပုံ မျိုး တွေ ပါ မည်။

php first program Easyph10 <== ၎င်း ကို click လုပ် ပါ။
၂ ။ Default language ရွေး ရ မည်။
php first program 210<== Default English, Ok ကို Click လုပ် ပါ။

၃ ။ Welcome Screen တက်လာ မည်။
php first program 310<== Next ကို Click လုပ် ပါ။
၎ ။ License agreement form တက်လာ မည်။
php first program 410<== I agree ကို ရွေး ပါ။ Next ကို click လုပ် ပါ။
၅ ။ Warning Screen တက် လာ မည်။
php first program 510<== သေချာ စွာ ဖတ် ပြီး Next ကို Click လုပ် ပါ။
၆ ။ Select install directory တက်လာ မည်။
php first program 610
Default C:\Program file\Easy Php-8 ဖြစ် ပါ သည် ဘာ မှ မပြင် ဘဲ Next ကို click လုပ် ပါ။
၇ ။ Name of Start menu တက်လာ ပါ မည်။
php first program 710<== ဘာ မှ မပြင် ဘဲ next ကို check လုပ် ပါ။
၈ ။ Confirm Setting form တက်လာ မည်။
php first program 810<== install ကို click လုပ် ပါ။
၉ ။ Installation လုပ် နေစဉ် ပြီး အောင် ခေတ္တ စောင့် ပါ၊ မပြီး မချင်း ဘာ ကိုမှ မလုပ်မိ ပါ စေ နှင့်။php first program 910

၁၀ ။ အားလုံး ပြီး သွား ပါ ပြီ။ php first program 1010<== Finish ကို click လုပ် ပါ။

Installation က တော့ ပြီးသွား ပါ ပြီ။ EasyPhp ကို startup လုပ်နည် ကို ဆက်လက် ဖော်ပြ ပါ မည်။

(ကူးယူဖော်ပြပါသည်။)

http://www.myanmarhelper.co.cc

8php first program Empty Re: php first program 25th November 2009, 5:37 pm

ogre

ogre
Moderator



Moderator
EasyPhp ကို start လုပ်ခြင်း

EasyPhp ကို start မလုပ် မှီ သင်၏ computer တွင် open လုပ်ထား သော အခြား Server များ ရှိ နေပါက ပိတ်ပြစ်ပါ။
အချို့Windows OS များတွင် Internet Information Server (IIS) သည်
default အနေ ဖြင့် start up လုပ်သည့် အချိန် တွင် Auto Start လုပ်ပြီး Run
လုပ် နေတတ် ပါသည်။ ထိုသို့ဖြစ်နေ လျှင် ရှာပြီး ပိတ်ပြစ်ပါ။
အခြား Database Server များ run လုပ်နေ ပါက အာလုံး ကိုပိတ်ပါ။
ထို့ နောက် အောက်ပါ အတိုင်း ဆက်လုပ်ပါ။
Start->Programs->EasyPhp->EasyPhp.exe ကို click လုပ် ပါ။php first program Easyph10
EasyPhp start up form ပေါ် လာ မည်။php first program Easyph11
Apache နှင့် MySql , started ဟု ဖေါ်ပြ သော "green light" များပေါ်လာ သည် အထိ ခေတ္တ စောင့် ပေးပါ။php first program Easyph12
ထို့ နောက် minimize button ကို click လုပ် ပြီး ပိတ် ပါ။php first program Easyph13
ထိုအခါ EasyPhp icon သည် status bar ညာဘက် အောက် တွင် သွား ပေါ် ပါ လိမ်မည်။php first program Easyph14
EasyPhp ကောင်းမွန် စွာ အလုပ်လုပ် နေပါက ၎င်း icon ၏ ညာဘက် အောက် ထောင့် ရှိ red spot လေး သည် မှိတ်တုတ် မှိတ်တုတ် blink ဖြစ် နေပါ မည်။php first program Easyph15
ထို အချိန် တွင် Server သည် အလုပ်လုပ် ရန် အဆင်သင့် ရှိ နေပြီဖြစ်ပါသည်။

(ကူးယူဖော်ပြပါသည်။)



Last edited by ogre on 25th November 2009, 6:18 pm; edited 1 time in total

http://www.myanmarhelper.co.cc

9php first program Empty Re: php first program 25th November 2009, 5:47 pm

ogre

ogre
Moderator



Moderator
PHP Link For Study

PHP Links


Essential Links
Code:
[url=http://www.php.net/]http://www.php.net/[/url]
[url=http://www.zend.com/]http://www.zend.com/[/url]


Tutorials
Code:
[url=http://www.developer.com/lang/php/article.php/900521]Learning PHP: by Elizabeth Fulghum[/url]
[url=http://webmonkey.com/01/48/index2a.html]PHP from the Ground Up: by Tim Ziegler[/url]
[url=http://www.freewebmasterhelp.com/tutorials/php/]A Short Tutorial[/url]
[url=http://www.php.net/docs.php]Php Manual[/url]


Installtions
Code:
[url=http://lineman.net/installwebserver.html]easyPhp[/url]
[url=http://www.wampserver.com/en/index.php]Wamp5[/url]


Html Tutorial
Code:

[list]
[*][url=http://www.w3schools.com/html/default.asp]w3schools html tutorial[/url]
[/list]


Other Useful Links
Code:
[url=http://hotwired.lycos.com/webmonkey/programming/php/]Webmonkey's PHP collection[/url]
[url=http://www.faqts.com/knowledge_base/index.phtml/fid/51/]PHP Knowledge Base[/url]
[url=http://www.phpbuilder.com/]PHPBuilder [/url]
[url=http://www.devshed.com/]http://www.devshed.com/[/url]
[url=http://www.hotwired.com/webmonkey/99/21/index2a.html]http://www.hotwired.com/webmonkey/99/21/index2a.html[/url]
[url=http://webreference.com/perl/xhoo/php1/]http://webreference.com/perl/xhoo/php1/[/url]
[url=http://www.web2010.com/tutorial/]http://www.web2010.com/tutorial/[/url]
[url=http://www.phpwizard.net/]http://www.phpwizard.net/[/url]
[url=http://www.phpclasses.org/]http://www.phpclasses.org/[/url]
[url=http://hotwired.lycos.com/webmonkey/99/46/index1a.html]Server Side Scripting Shootout[/url]
(ကူးယူဖော်ပြပါသည်။)

http://www.myanmarhelper.co.cc

10php first program Empty Re: php first program 25th November 2009, 6:02 pm

sHa92

sHa92
Founder



Founder
Link လေးကို Code ခံပြီး တစ်ချက်လောက် ပြန်ပြင်ပေးပါခင်ဗျာ။

http://www.myanmaritresource.info

11php first program Empty Re: php first program 25th November 2009, 6:06 pm

ogre

ogre
Moderator



Moderator
Php ပရိုဂရမ်မင်း
အကြောင်း
ဟောပြော ပွဲအပြီး
ပြုလုပ် သော questioning အချိန် ၌ PHP အကြောင်း သိလို သည်များ ကို စိတ်ဝင် စားစွာ
မေမြန်း သွား ကြ သည့်  မေးခွန်းများကို downlad လုပ်ပြီး ပညာယူကြပါ.......




Organizer - NaviStar Myanmar (Professional Web Hosting & Design)

ppt slides on discussion of Php



(ကူးယူဖော်ပြပါသည်။)



Last edited by ogre on 25th November 2009, 6:25 pm; edited 1 time in total

http://www.myanmarhelper.co.cc

12php first program Empty Re: php first program 25th November 2009, 6:12 pm

ogre

ogre
Moderator



Moderator
$ƴǩǾ @ sorry ဗျာ အလုပ်လုပ်ရင်းတင်ပေး လိုက်လို့  မေ့ ပါသွားတာ....း)

http://www.myanmarhelper.co.cc

13php first program Empty Re: php first program 25th November 2009, 6:17 pm

sHa92

sHa92
Founder



Founder
ဟုတ်ကဲ့
ရပါတယ်ခင်ဗျာ။ ကျနော်လည်း ဒီတိုင်းဆို ဘာမှမပြောဘဲ ပြင်ပေးပါတယ်။
အခုက ကျနော်လည်း သိပ်မအားလို့ပါ။
အခုလို မျှဝေပေးတာနဲ့ တင်ကျေးဇူးတင်နေပါတယ်ခင်ဗျာ။

http://www.myanmaritresource.info

14php first program Empty Re: php first program 25th November 2009, 6:24 pm

ogre

ogre
Moderator



Moderator
PHP strings များတွင် 'single quote' နှင့် 'double quote' တို့အား အသုံး ပြုပုံ

စာလုံး အက္ခရာ အတွဲလိုက် အစုအဝေး များ ကို PHP တွင် string ဟု ခေါ်ပါ သည်။

Strings များတွငိ အောက်ပါ တို့ ပါဝင် ပါသည်။


  • စာလုံး အက္ခရာ များ
  • ASCII သင်္ကေတ များ
  • နံပါတ် များ
  • variables များ

စာလုံး အက္ခရာ အတွဲ (strings)
များ ကို variable တွင် assign လုပ် သည့် အခါ (သို့မဟုတ်)
စာလုံး အက္ခရာ အတွဲ (strings)
များ ကို echo သုံး၍ computer screen ပေါ်တွင် ပုံဖေါ် သည့် အခါ တွင် သေါ် ၄င်း string ၏ အစ (start) နှင့် အဆုံး (end) တို့ကို မှတ်သား ပေး ရသည်။.


၎င်း အမှတ် အသားကို single quote ( ' ) သို့မဟုတ် double quote ( " ) အသုံးပြု ဆောင်ရွက် သည်။

1. Single Quotes:
echo 'Hi there';


2. Double Quotes:
echo "Hi there";
အထက် ပါ နည်းလမ်း ၂ ရပ်မှာ တူသရောင် ရှိ သေါ်လည်း လုပ်ဆောင် ပုံ အ နည်းငယ် ကွဲပြား ပါသည်။








$name = "Sally";
echo "My name is
$name";
echo "
";
echo 'My name is
$name';
?>




အထက် ဖေါ်ပြ ပါ PHP code သည် အောက် ဖေါ်ပြ ပါ အတိုင်း screen ပေါ်တွင်
လါပေါ် ပါမည်။ နည်းလမ်း ၂ ရပ် လုပ်ဆောင် ပုံ မတူ သည်ကို သေချာစွာ လေ့လာ ပါ။


My name is Sally
My name is $name


ပထမ code လိုင်းတွင် variable ကို
double quote နှစ်ခု အကြား တွင် ထား ပါသည်။ Screen တွင် Sally ဟူသော စာစု လာပေါ် ပါမည်။

echo "My name is $name"; => My name is Sally
ဒုတိယ
code လိုင်းတွင် variable ကို single quote နှစ်ခု အကြား တွင် ထား ပါသည်။
Screen တွင် Sally ဟူသော စာစု မပေါ်ပဲ $name ဟု လာပေါ် ပါမည်။

echo 'My name is $name'; => My name is $name

Single quote နှင့် double quote ကို သုံးပြီး string များ ကို အမျိုးမျိုး ကစား ကြည့် ပါက ပိုမို နားလည် လာပါ လိမ့်မည်။

(ကူးယူဖော်ပြပါသည်။)

http://www.myanmarhelper.co.cc

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Forumotion's free forums | ©phpBB | Free forum support | Report an abuse | Forumotion.com