1 Cmd မှ Folder ဖျောက်နည်း 11th March 2009, 6:47 pm
alt.332
Administrator
ဒါကတော့ ကျွန်တော် ဒုတိယမိရေးခြင်းပေါ့ဗျာ....ပထမတစ်ခါကတော့ ကျွန်တော် အရင်က လက်ကမြင်းခဲ့တဲ့ ning မှာရေးထားတာပါ....
ဒီနည်းကလည်းလွယ်ပါတယ်...
ပထမဦးဆုံး....Run ကနေပြီးတော့ cmd လို့ရိုက်ပြီး enter ခေါက်လိုက်ပါ...
cmd box ပေါ်လာပါလိမ့်မယ်
အဲဒီလိုပေါ်လာပြီဆိုရင် မိမိဖျောက်ချင်တဲ့ Folder ရှိတဲ့ location ကိုသွားလိုက်ဗျာ
ဥပမာ- C ထဲမှာဆိုရင် C: ၊ D ထဲမှာဆိုရင် D:ပေါ့ဗျာ....
ပြီးသွားရင် Dir လို့ရိုက်ထည့်လိုက်ပါ....C: ဆိုရင် C: ထဲမှာရှိတဲ့ Folder တွေကို တွေ့ရပါလိမ့်မယ်..D: ဆိုရင်တော့ D: ထဲက Folder တွေပေါ့ဗျာ
ပြီးရင် attrib +s +h (မိမိဖျောက်လိုသော Folder အမည်) အဲဒါကို ရိုက်ပြီးတော့ enter ခေါက်လိုက်ပါ....
ဥပမာ- မိမိဖျောက်လိုသော Folder အမည်က Music ဆိုလျှင် attrib +s +h Music ပေါ့ဗျာ....(သတိပေးချင်တာက ကိုယ်ဖျောက်ချင်တဲ့ Folder Location ကို အရင်ရိုက်ဖို့မမေ့ပါနဲ့)
အဲဒါဆိုရင် Music ဆိုတဲ့ Folder ပျောက်သွားမှာဖြစ်ပါတယ်....အကယ်လို့ပြန်ဖော်ချင်ရင်တော့ cmd ကနေပဲ ခုနက Music Folder ရှိတဲ့ Location ကိုပြန်ရိုက်ပါ
D: ဆို D: ပေါ့ဗျာ....
ပြီးရင် attrib -s -h Music လို့ပြန်ရိုက်ပေးလိုက်ရင် Folder ပြန်ပေါ်လာပါပြီ
အဆင်ပြေပါစေဗျာ....
အဆင်မပြေရင်လည်း ပြန်မေးနိုင်တယ်နော်.....