Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Perl အကြောင်း လေ့လာမိသလောက်
ရေးသားသူ - $ƴǩǾ
ကျနော်လေ့လာမိသလောက်ရေးပေးပါမယ်။ အခါအခွင့်သင့်တုန်း လေ့လာခဲ့မိတာ လေးတွေပါ။ ကျနော်က Perl Programmer တစ်ယောက်လည်းမဟုတ်သလို ၊ Perl နဲ့ ပတ်သက်လို့ အများကြီးလေ့လာဖူးသူ လည်းမဟုတ်ပါဘူး။ ကျနော်အရင်က ဖတ်ခဲ့ဖူးတာကို မှတ်မိသလောက် ပြန်ရေးပေးတာနဲ့ ၊ အခုလက်ရှိ ကျနော့်ဆီမှာ ရှိနေတဲ့ တစ်ဝက်တစ်ပျက် စာအုပ်တစ်အုပ်ကို ဘာသာပြန်ရေးပေးမှာဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့် အမှားအယွင်း အများကြီးပါနိုင်ပါတယ်။ လိုအပ်တာများအားလုံးကို အားမနာတမ်းဖြည့်စွက်ပြောကြားနိုင်ပါတယ်။

ကျနော်အခုရေးမယ့် Tutorial ကို အောက်ပါ Site များမှလည်း Reference ယူထားပါတယ်။
[You must be registered and logged in to see this link.]
ပြီးတော့ ဖတ်ဖူးခဲ့တဲ့ စာအုပ်အနေနဲ့ကတော့ Perl Cookbook ၊ Learning Perl တို့ဖြစ်ပါတယ်။ အဲဒီ့စာအုပ် ၂ အုပ်ကိုတော့ BC မှာ သွားငှားနိုင်ပါတယ်။ အွန်လိုင်းကနေဆိုရင်တော့ ပိုက်ပိုက်ပေးဝယ်ရလိမ့်မယ် ထင်တယ်။ အနည်းဆုံး $ 30 လောက်တော့ ရှိလိမ့်မယ် [You must be registered and logged in to see this image.]

Perl နဲ့ ပတ်သက်ပြီး မဆွေးနွေးခင် ၊ Perl ရဲ့ နောက်ကြောင်းကို နည်းနည်းပြောချင်ပါတယ်။ (မှတ်မိသလောက် ပြောမှာဖြစ်လို့ အမှားအယွင်းရှိနိုင်ပါတယ်)
Perl ကို Larry Wall ဆိုတဲ့ သူက စတင်ပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။ Perl ရဲ့ အရှည်ကောက်ကတော့ Practical Extraction and Reporting Language လို့ခေါ်ပါတယ်။ (နောက်တစ်မျိုးအနေနဲ့ကတော့ Pathologically Eclectic Rubbish Lister လို့လည်းခေါ်ပါသေးတယ်။) Perl ဟာ Tools အမျိုးမျိုးကိုသုံးပြီးတော့ Script တွေကို ရေးသွားကာ System Administrator တစ်ယောက်ကို အများကြီးအထောက်အကူပြုပေးနိုင်တဲ့ Scripting Language တစ်ခုဖြစ်ပါတယ်။ Windows ၊ Unix/Linux နဲ့ Mac မည်သည့် OS မှာ မဆို Coding ပြောင်းလဲချင်းမရှိဘဲ Run နိုင်တာလဲ Perl ရဲ့ ထူးခြားချက်လို့ ကျနော်ထင်ပါတယ်။

Perl ကို လေ့လာတဲ့ သူတွေကတော့ များသောအားဖြင့် Computer Science ကိုသင်ကြားနေသောသူတွေဖြစ်ပြီးတော့ C ကို သင်ဖူးတဲ့ သူတွေ အနေနဲ့လဲ ဆက်လက်လေ့လာလေ့ရှိတဲ့ Language တစ်ခုဖြစ်ပါတယ်။
Perl ရဲ့ Coding ၉၉ % ဟာ C ရဲ့ Code တွေနဲ့ တူပါတယ်။ ကျနော်တို့ အနေနဲ့ C Programming Language ကိုသာ သိနေမယ်ဆိုရင်တော့ Perl နဲ့ Program ရေးရတာကို တော်တော်သဘောကျမှာပါ. အဲဒါတွေ အပြင် C ရဲ့ Standard Library ထဲက Function တွေဟာလည်း အနည်းငယ်ပြောင်းလဲမှုလောက်ဘဲရှိပြီးတော့ Perl မှာအကုန်ပါဝင်တယ်လို့ သိရပါတယ်။
နောက်တစ်ခု ထူးခြားချက် အနေနဲ့ကတော့ ကျနော်တို့ဟာ C/C++ တို့ရဲ့ Coding တွေထဲမှာ Perl Code တွေကို ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။ အဲဒါအပြင် JAPH ဆိုတဲ့ Perl နဲ့ Java ကို အတူတူ အလုပ်လုပ်နိုင်အောင် ဆောင်ရွက်နေတဲ့ Project တစ်ခုရှိတယ်လို့လည်း ဖတ်ဖူးပါတယ်။ အခုတော့ အဲဒီ့ Project ပြီးမပြီးမသိဘူး။
Perl ကို Install လုပ်ရတာလဲ လွယ်ပါတယ်။ သူ့ရဲ့ မူရင်းဆိုဒ်ကနေ သွားပြီးတော့ Source ဒါမှမဟုတ် pre-compiled binaries တစ်ခုခုကို Download ချ ၊ ပြီးရင် Install လုပ် ။ ကိုယ် Run မယ့် Perl ရဲ့ PATH လမ်းကြောင်းပြောင်းပေး။ Compile လုပ်မယ့် PATH လမ်းကြောင်းလည်း ပြောင်းပေးလိုက်ရင် သုံးလို့ရပါပြီ။

ဒီလောက်ဆိုရင် Perl အကြောင်း Intro ၀င်တာ နည်းနည်းစုံသွားပြီဖြစ်လို့ ကျနော်တို့ Perl ရဲ့ Code တွေ အလုပ်လုပ်ပုံတွေကို အနည်းငယ်လေ့လာကြည့်ရအောင်။
အခုကျနော်ရေးပေးမယ့် Tutorial ကတော့ Bennik ဆိုသူရေးထားတဲ့ Tutorial ကို သင့်လျော်သလို ဘာသာပြန်ပေးမှာဖြစ်ပါတယ် ၊ ကျနော့်ဟာကျနော် ဖြည့်ရေးတာတွေလည်း အများကြီးပါမှာပါ။ မူရင်းက ကျနော့်ဆီမှာ တ၀က်ဘဲရှိလို့ ၊ စာအုပ်နာမည်လည်းမသိတော့ သူ့မူရင်းပြီးသွားရင် ကျနော် သိသလောက် ဖြည့်ပြီးဆွေးနွေးပေးပါမယ်။

ကျနော် Perl ကို စလေ့လာဖြစ်တာက သူ့ရဲ့ အသံထွက်လေးကို ကြိုက်လို့ပါ။ [You must be registered and logged in to see this image.] နောက်တော့ လေ့လာရင်းလေ့လာရင်းနဲ့ C ရဲ့ Code တွေနဲ့ ခပ်ဆင်ဆင်လေးတွေ တွေ့လာရတော့ စာအုပ် ၂ အုပ်လောက် ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။ အစ်ကို/အစ်မ တို့လည်း ဘာကြောင့်လေ့လာတယ်ဆိုတာ မသိပေမယ့် ၊ ကျနော်သိထားတဲ့ အသိလေးတွေထဲကနေ တစ်ခုခုရသွားတယ်ဆိုရင်ဘဲ ကျနော် ကျေနပ်ပါပြီ။

စတင်လေ့လာခြင်း
Programming Language တစ်ခုကို သင်တဲ့ Tutorial တစ်ခုကိုစရေးတိုင်းမှာ တွေ့နေရတဲ့ Program လေးနဲ့ဘဲ ကျနော်တို့လည်း Perl ကို စတင်ပါမယ်။ အဲဒါကတော့ Hello World ပါ။

Code:

#! /usr/local/bin/perl
#
# prints a greeting.
#
print 'Hello World.' ;        # Print a message

# ဆိုတာလေးတွေကတော့ Comment ရေးရင် သုံးတာပါ။ Perl ရဲ့ မကောင်းတဲ့ အချက်တစ်ချက်ကတော့ တခြား Programming Language တွေလိုမျိုး Comment ကို စာပိုဒ်လို ရေးချင်ရင်ရေးလို့မရတာပါ။ Comment တစ်ခုရေးတိုင်းမှာ # ကို ခံပေးရပါတယ်။
C တို့ Java တို့လိုမျိုးဘဲ Perl ဟာ Statement တစ်ခု အဆုံးမှာ ; ခံပေးရပါတယ်။ C နဲ့ မတူတာတစ်ခုကတော့ C မှာ ရှည်လွန်းတဲ့ Statement တစ်ခုကို ခွဲတော့မယ်ဆိုရင် \ သုံးပေမယ့် Perl မှာတော့ သုံးလို့မရပါဘူး။ Perl ရဲ့ Statement အားလုံးဟာ ; နဲ့သာ အဆုံးသတ်ပေးရပါမယ်။

Perl Program များအား Run ခြင်း
ခုနက ဥပမာပေးခဲ့တဲ့ Program ကို ကျနော်တို့ Run ကြည့်ပါမယ်။ အရင်ဆုံး text editor တစ်ခုခုမှာ ခုနက code တွေကို ရေးပါ ၊ ပြီးရင် save ပါ။ အဲဒီ့ Code မှာ ပထမဆုံး Line ကတော့ ပုံမှန် Shell Code တွေရဲ့ ပုံစံလိုပါဘဲ ၊ interpreter ကို ခေါ်ထားပါတယ် ၊ ပြီးတော့ ကျန်ရှိနေတဲ့ Code တွေကိုတော့ Interpreter ရဲ့ Input တစ်ခုအနေနဲ့ ဖော်ပြထားပါတယ်။
ခုနက code တွေကို Save လုပ်ပြီးသွားပြီဆိုရင်တော့

Code:
chmod u+x progname

အနေနဲ့ execute လုပ်ပါမယ်။ အဲဒီ့မှာတော့ progname ဆိုတာက ကျနော်တို့ပေးထားတဲ့ Program ရဲ့ နာမည်ဖြစ်ပါတယ်။

UNIX မှာ Run မယ်ဆိုရင်တော့ အောက်က Code ကို သုံးပြီး Run ရပါတယ်။

Code:
 perl progname
./progname
progname

Compile လုပ်ရာမှာ error တစ်ခုခု တက်မယ်ဆိုရင်တော့ error message ကိုမြင်ရပါလိမ့်မယ်။
အကယ်လို့များ ကျနော်တို့ဟာ Warning Message နဲ့ Program ကို Run မယ်ဆိုရင်တော့ အောက်က Code ကို ရေးရပါလိမ့်မယ်။

Code:

perl -w progname

အဲဒီ့လို run လိုက်မယ်ဆိုရင်တော့ ကျနော်တို့ဟာ Warning တစ်ခုခု ဒါမှမဟုတ်ရင် အကျိုးရှိစေမယ့် Message တစ်ခုခုကို Prompt မှာ မြင်ရပြီးမှ Program ကို Run မှာပါ။ -w ဟာ တော်တော်လေးကို အသုံးဝင်တယ်ဆိုတာကို Perl အကြောင်းဆက်လက်လေ့လာရင် ပိုပြီးသိသွားပါလိမ့်မယ်။ ကျနော် သိသလောက်ကတော့ -w ဟာ အသုံး မပြုတော့တဲ့ variable တွေ ၊ မှားယွင်းနေတဲ့ Statement တွေကို ဖော်ပြပေးပါတယ်။
အကယ်လို့များ ကျနော်တို့ဟာ ကိုယ့်ရဲ့ Perl Program တစ်ခုခုကို Debugger နဲ့ ဖွင့်ချင်တယ်ဆိုရင်တော့ အောက်မှာရှိတဲ့ Code ကို အသုံးပြုပေးရပါလိမ့်မယ်။

Code:
perl -d progname

ဒီလောက်ဆိုရင် Perl နဲ့ ရေးထားတဲ့ Coding တွေကို run တဲ့နည်းကိုသိသွားပါပြီ။

ကျနော် အားရင်အားသလို ဒီ Tutorial ကို ဆက်ရေးပေးပါမယ်။ ဒီနေ့တော့ ဒီလောက်နဲ့ အဆုံးသတ်ပါရစေ။
ကျေးဇူးတင်စွာဖြင့်
$ƴǩǾ

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
Data Types

အခု ကျနော် ပြောပြပေးမှာကတော့ Perl မှာ ပါဝင်တဲ့ ကြေငြာလို့ရနိုင်တဲ့ data type တွေ အကြောင်းပါ။
အခြား Programming Language တွေလိုပါဘဲ ၊ Perl မှာ Data types တွေရှိပြီးတော့ ၊ သက်ဆိုင်ရာ value တွေ ထည့်သွင်းလို့ရပါတယ်။ ဒါပေမယ့် Perl ရဲ့ မတူညီတဲ့ ကွဲပြားချက်တစ်ခုကတော့ Perl ရဲ့ data types ဟာ နည်းလွန်းသလို memory ပေါ်မှာလည်း နေရာယူရာမှာ သူ့ type နဲ့ သူ အစီအစဉ်တကျ မဖြစ်ပါဘူး ၊ နောက်တစ်ခုကတော့ program run-time မှာဘဲ အဲဒီ့ value တွေက တည်ရှိနေပါလိမ့်မယ်လို့ လေ့လာခဲ့ဖူးပါတယ်။ (မှန်ချင်မှလည်းမှန်မယ်နော်)

Perl မှာ Data type (၃) မျိုးရှိပါတယ်။ scalar, hashe, array တွေဘဲဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်ပြီးတော့ တစ်ခုချင်းစီကို ကျနော်သိသလောက် ပြောကြည့်ပါမယ်။ Variable ကြေငြာရင်ဘယ်လိုပုံစံနဲ့ ကြေငြာသင့်တယ်ဆိုတဲ့ ကန့်သတ်ချက်တွေကတော့ တခြား language တွေနဲ့တူတူဘဲမို့လို့ ကျနော်မရေးပြတော့ပါဘူး။ အချိန်တိုတိုနဲ့ Perl အကြောင်းကို အခြေခံလောက် စမိသွားအောင်ဘဲရေးပြပေးမှာမို့လို့ပါ...

Scalar

ပထမဆုံး Perl မှာ အခြေခံ အကျဆုံးဖြစ်တဲ့ scalar ကနေစပြောပါမယ်။
Scalar ဆိုတာကတော့ Perl ရဲ့ အခြေခံအကျဆုံး data type ဆိုပြီးပြောလည်း မမှားနိုင်ပါဘူး... ဘာလို့လဲဆိုတော့ သူ့ကို စွယ်စုံသုံးလို့ရလို့ပါ။ ဘယ်နေရာတွေ အတွက်လည်းဆိုတော့ number, character, string တွေ အတွက်ပါ။
အခြား Programming Lanugage တွေမှာဆိုရင် ကျနော်တို့ဟာ variable တစ်ခုကြေငြာမယ်ဆိုရင် သူ့ရဲ့ အသုံးပြုချင်တဲ့ data type ကို လိုက်ပြီး integer, float, character, string စသည်ဖြင့် အမျိုးမျိုးခွဲပြီးကြေငြာခဲ့ရပါတယ်။ ဒါပေမယ့် အခု Perl မှာဆိုရင်တော့ ကျနော်တို့ အဲလို အသုံးပြုရတဲ့ ဒုက္ခကနေ လွတ်မြောက်လာပါပြီ... scalar($) ကို သုံးလိုက်ပြီဆိုတာနဲ့ ကြိုက်တဲ့ variable က ကြိုက်တဲ့ data type နဲ့ လာ ၊ သူကတော့ program run-time မပြီးသေးသ၍ လက်ခံထားပါလိမ့်မယ်။ အောက်က ဥပမာလေးနဲ့ လေ့လာကြည့်ရအောင်...

Code:
$age = 17;

အဲဒီ့အပေါ်က ကုဒ်မှာဆိုရင် age ဆိုတဲ့ variable ရဲ့ ရှေ့မှာ $ ဆိုတဲ့ သင်္ကေတလေးနဲ့ age ကို scalar အဖြစ်ကြေငြာထားပါတယ်။ အဲဒီ့နောက်မှာတော့ 17 ဆိုပြီးတော့ age ထဲကို ထည့်ထားပါတယ်။ အဲဒါကတော့ integer ကို သတ်မှတ်တဲ့ ပုံစံပါ... အောက်မှာ ဆက်လေ့လာကြည့်ပါ...

Code:
$age = 'seventeen';

အပေါ်က ကုဒ်ဟာဆိုရင်တော့ age ထဲကို String data type ဖြစ်တဲ့ seventeen ဆိုတဲ့စာသားကို ထည့်တာပါ။ ဒါ့အပြင် scalar data type ဟာ ကိန်းဂဏန်းတွေကို ပေါင်း၊နှုတ်၊မြှောက်၊စား လုပ်တာကိုပါ သူက လုပ်ပေးနိုင်ပါသေးတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆက်လေ့လာလိုက်ပါ။
Array အကြောင်းဆက်မပြောခင် ကျနော် သိထားဖူးတယ် scalar ရဲ့ နည်းလေးတစ်ခုတော့ ပြောချင်ပါသေးတယ်... Perl ကိုလေ့လာဖူးတဲ့ သူတွေ သိရင်လည်းသိမှာပါ။ ကျနော်ကတော့ အခုမှလေ့လာမယ့်သူတွေကို ရည်ရွယ်လို့ ပြောပြပေးလိုက်ရပါတယ်... အဲဒါကတော့
Code:
($a, $b) = ($c, $d);
အဲလိုကြေငြာထားတယ်ဆိုရင် a=c ဖြစ်ပြီးတော့ b=d ဖြစ်ပါတယ်။ သိပြီးသားဆိုရင်လည်း sorry နော်။ ကျနော့်တုန်းကတော့ အဲဒီ့နည်းလေးကို သဘောကျသွားပြီးတော့ Perl ကို နည်းနည်း စိတ်ဝင်စားသွားလို့ လေ့လာဖြစ်ခဲ့တာပါ။ (အဲလိုလုပ်လို့ရတဲ့ ပုံစံတူတွေ အများကြီးရှိသေးတယ်။ ကျနော် သတိရရင်ရသလို ပြန်ရေးပေးပါ့မယ်။)

Array

Perl ရဲ့ Array နဲ့ ပတ်သက်ပြီးတော့ ကြေငြာပုံနဲ့ အသုံးပြုပုံတွေကို ကျနော် သိပ်မသိဘူးခင်ဗျ။ ကျနော်ကိုယ်တိုင် Perl ကို အတွင်းကျကျ မလေ့လာဖူးတာလည်းပါတယ်။ ဒါပေမယ့် ကျနော် အတတ်နိုင်ဆုံး ကြိုးစားပြီးရှင်းကြည့်ပေးပါမယ်။ အကယ်လို့ ဖိုရမ်ထဲမှာ တတ်ကျွမ်းနားလည်တဲ့ ဆရာကြီးတွေရှိရင်တော့ ကျနော့်ကို ၀ိုင်းဝန်းကူညီ အားဖြည့်ပေးကြပါနော်။

Array ရဲ့ သင်္ကေတက @ ဖြစ်ပါတယ်။ နည်းနည်းစာနဲ့ ရှင်းရင် ရှုပ်ကုန်မှာဆိုးလို့ ကျနော် ဥပမာနဲ့တွဲပြီးတော့ ရှင်းကြည့်ပါမယ်။
အောက်က ဥပမာလေးကို လေ့လာကြည့်ပါ....
Code:

@mitr = ("programming", @pzone, "cracking");
@mitr = ("programming", "tutorial", "tools", "cracking");
အပေါ်က ကုဒ်မှာ ပထမလိုင်းကို အရင်ကြည့်မယ်ဆိုရင် mitr ဆိုတဲ့ array list ထဲမှာ programming , cracking ဆိုတဲ့ data တွေ အပြင် pzone ဆိုတဲ့ array ထဲမှာ ရှိနေတဲ့ data(value) တွေပါ ရှိနေမှာပါ။
ဥပမာ @pzone ထဲမှာ tutorial နဲ့ tools ဆိုတဲ့ data တွေရှိနေတယ်ဆိုပါစို့.....
အဲလိုဆိုရင် ကျနော်တို့ရဲ့ ပထမလိုင်းက ကုဒ်နဲ့ ဒုတိယလိုင်းက ကုဒ်တွေဟာ တူသွားပြီပေါ့ဗျာ။ နားလည်ရဲ့လားမသိဘူး???
လွယ်လွယ်ပြောရရင် Array တစ်ခုထဲကို နောက်ထပ် Array တစ်ခုက တန်ဖိုးတွေကိုခေါ်ထည့်ချင်ရင် ခေါ်ထည့်လို့ရတယ်ဆိုတာ ပြောချင်တာပါ။

နောက်တစ်ခုကတော့ push ဆိုတဲ့ function ကို သုံးပြီးတော့ ရှိပြီးသား Array ထဲကို နောက်ထပ် data ထပ်ဖြည့်တာပါ... အောက်က ဥပမာလေးကို လေ့လာကြည့်ပါ...
Code:

push(@mitr, "software")
အပေါ်က ကုဒ်မှာဆိုရင်တော့ mitr ဆိုတဲ့ array ရဲ့ နောက်ဆုံး အခန်းမှာ software ဆိုတဲ့ data နဲ့ အခန်းတစ်ခန်းထပ်ယူလိုက်တာပါ။
Code:

push(@mitr, @pzone);
အပေါ်က ကုဒ်ကတော့ mitr ဆိုတဲ့ array ရဲ့ နောက်ဆုံးခန်းကနေစပြီးတော့ pzone ဆိုတဲ့ array ကို ထပ်ဖြည့်လိုက်တာဖြစ်ပါတယ်။ Array တစ်ခု ကြေငြာပုံ ကြေငြာနည်းနဲ့ ပတ်သက်လို့ ကျနော်ရှင်းတတ်တာတော့ ဒီလောက်ပါဘဲ။ နားမလည်ရင်လည်း အပေါ်မှာ ကျနော်ပေးထားတဲ့ ဆိုဒ်တွေကို သွားရောက်လေ့လာနိုင်ပါတယ်။

ဒီတစ်ခါ Array ရဲ့ နောက်ဆုံးခန်းက data ကို ဖျက်ထုတ်တဲ့ နည်းကို နဲနဲပြောချင်ပါတယ်။ Perl ရဲ့ pop ဆိုတဲ့ function ကို သုံးသွားပါတယ်။ အောက်က ကုဒ်တွေနဲ့ တွဲပြီးလေ့လာကြည့်ပါ။
Code:

$grup = pop(@mitr);
အပေါ်ကကုဒ်မှာဆိုရင်တော့ mitr ဆိုတဲ့ array ထဲက နောက်ဆုံးခန်းမှာရှိနေတဲ့ cracking ဆိုတဲ့ကောင်က grup ဆိုတဲ့ variable ထဲရောက်သွားပါပြီ။

ဒီတစ်ခါမှတော့ arrays တွေကို မော်နီတာမှာ ဖော်ပြတာနဲ့ ပတ်သက်လို့ပြောပေးပါမယ်။
array ကို အဖြေထုတ်ပုံထုတ်နည်း အမျိုးမျိုးရှိတာကို သိစေချင်လို့ အခုလို ပြောပြရတာပါ။ ထုတ်တာကတော့ print နဲ့ထုတ်တာဘဲ။ နောက်က ရေးသားတဲ့ပေါ်မူတည်ပြီး အဖြေတွေ ပြောင်းလဲတတ်ပါတယ်။
Code:

    print @mitr;    # By itself
    print "@mitr";        # Embedded in double quotes
    print @mitr."";      # In a scalar context
အပေါ်ကကုဒ်မှာဆိုရင် အပေါ်ဆုံးလိုင်းက mitr ဆိုတဲ့ array ထဲမှာ ရှိသမျှကို ရိုက်ထုတ်ပါလိမ့်မယ်။
ဒုတိယကုဒ်ဟာဆိုရင်တော့ mitr array ခန်းတစ်ခုလုံးကို "" ထဲမှာထည့်ပြီးတော့ ရိုက်ထုတ်မှာပါ။
တတိယအကြောင်းဟာဆိုရင်တော့ mitr aray ခန်း တစ်ခုလုံးကို scalar ပုံစံ data type ကိုပြောင်းပြီးတော့ ရိုက်ထုတ်တာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Array အကြောင်းလည်း နားလည်သွားပြီလို့ ယူဆပါတယ်။ အခု Tutorial မှာ မပါဝင်ဘဲ လိုအပ်တာတွေတော့ အများကြီးပါ။ ကျနော် ကိုယ်တိုင် အပြည့်အစုံမလေ့လာဖူးလို့ မရေးပေးနိုင်တာပါ ၊ ၀ါသနာပါသူများ ဆက်လေ့လာကြပါလို့ ပြောချင်ပါတယ်။

အစကတော့ ဒီနေ့ Variable အကြောင်းအကုန်ရေးပေးမလို့ ၊ အခုတော့ အချိန်မရတော့လို့ နောက်နေ့တွေမှ ဆက်ပါဦးမည်.....

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Cookies | Forumotion.com