1 Installation guide to Ubuntu [Tips & Tricks] 27th March 2009, 4:36 pm
ζ. ζ. †
MITR Reader
linux နဲ့ vista ကို တစ်ပြိုင်နက်တည်းသုံးချင်သူတွေအတွက် ဒီ Post လေးကို တင်ပေးလိုက်ပါတယ်။
ပထမဦးဆုံး My Computer ကို right click နှိုပ်ပြီး Manage ကနေတစ်ဆင့် Disk Management ကို သွားလိုက်ပါ။ vista တင်ထားတဲ့ partition ပေါ်ကို right click နှိပ်ပြီး shrink Volume ဆိုတာကို ရွေးလိုက်ပါ။ အဲဒါဆိုရင် window ကနေ Vista တင်ထားတဲ့ Partition ကို ဘယ်လောက်ထိချုံ့လို့ရလဲ ဆိုတာ တွက်ပေးလိမ့်မယ်။ linux အတွက် က space 10 GB လောက်ဆိုရင်လောက်ပါတယ်။ the amount of space to shrink in MB နေရာမှာ ၁၀၂၄၀ လို့ရိုက်လိုက်ပေါ့။ အဲဒီလောက်မှ မရှိဘူးဆိုရင် တော့ hard disk အသစ်ဝယ်ရမှာပဲ။ နောက် shrink ကို နှိပ်လိုက်ပါ။ vista တင်ထားတဲ့ partition ကို ချုံ့ပေးလိမ့်မယ်။ ပြီးသွားရင်တော့ shutdown ချလိုက်ပါ။
[You must be registered and logged in to see this image.]
နောက် Ubuntu ကို boot တက်နိုင်တဲ့ CD ထည့်လိုက်ပါ။ ပြီးရင်တော့ bios မှာ first bootable device နေရာကို CD Drive လို့ ရွေးပြီး boot တက်လိုက်ပါ။ နောက် "Install Ubuntu" ကို ရွေးလိုက်ပါ။ ကဲခုကစပြီးတော့ ubuntu ကို စသွင်းလို့ရပါပြီ။ နောက်ပိုင်းတွေက vista installation နဲ့ ဆင်တူပါတယ်။

ပထမဦးဆုံး Language ကို ရွေးရပါတယ်။ ပြီးရင် time zone နဲ့ keyboard layout ရွေးရလိမ့်မယ်။ နောက် သူက ဘယ်မှာ Install လုပ်မလဲလို့မေးခဲ့ရင် ခုနက ကျွန်တော်တို့ ချုံ့ခဲ့တဲ့ နေရာမှာသွင်းလိုက်ပါ။ပြီးရင် သူ က နာမည်ရယ် log in name ရယ် password ရယ်တောင်းလိမ့်မယ်။ အဲဒီမှာဖြည့်ပြီးလို့ vista မှာ အခြားအကောင့်တွေရှိသေးရင် အဲဒီအကောင့်တွေကိုလည်း ubuntu ထဲထည့်ဖို့ပြောလိမ့်မယ်။ ပြီးရင် ready to install ဆိုပြီး သွင်းဖို့သေချာအောင် ပြန်မေးပါတယ်။ install နှိုပ်လိုက်တာနဲ့ စပြီး install လုပ်ပါလိမ့်မယ်။
install လုပ်ပြီးသွားရင် restart ကျသွားလိမ့်မယ်။ ပြန်တက်လာရင် GRUB boot menu ကိုတွေ့ရလိမ့်မယ်။ အဲဒီboot menu ထဲက other operating system အောက်မှာ vista ကိုတွေ့ရလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ OS ကိုရွေးပြိး enter ခေါက်လိုက်ရင်တက်လာပါလိမ့်မယ်။ အကယ်၍ ဒီအတိုင်းဘာမှမရွေးဘဲထားထားလို့ ၁၀ စက္ကန့်ကြာရင် linux အလိုလိုတက်လာလိမ့်မယ်။ ဒိထက်အစုံအလင်သိချင်သေးရင် ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ [You must be registered and logged in to see this link.]
ကျွန်တော့်ရဲ့ post လေးက linux ကို စမ်းသုံးချင်သူတွေအတွက် အထောက်အပံ့ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။