1 Tips to Find Unauthorized Activity on Your Email Account 4th August 2009, 8:32 pm
Cryptonyte
MITR New User
ဒီနေ့ အင်တာနက်မွှေရင်း တွေ့လာတဲ့ ပို့စ်တစ်ခုကို နတ်သဘင် ဘလော့ဂ်ဖတ်ရှုသူတွေအတွက် မျှဝေပေးချင်လို့ပါ။
တစ်ခါတစ်လေ ကိုယ့် Email Account ကို ကိုယ်မဟုတ်တဲ့သူတစ်ယောက်၊
ကိုယ်နဲ့မသိတဲ့သူတစ်ယောက်က ခိုးသုံးနေတယ်လို့ထင်မိနေတတ်ကြမယ်။ ဒါပေမယ့်
ဘယ်လိုကာကွယ်ရမှန်းမသိဘူး။ တကယ်ခိုးသုံးနေတာ ဟုတ်လားမဟုတ်ဘူးလားလဲ
မသေချာဘူးလေ။ အဲဒါမျိုးဆိုဘယ်လိုလုပ်မလဲ? ကိုယ့် Private Data တွေ
ကိုယ်မသိတဲ့သူလက်ထဲ ရောက်သွားမှာ ဘယ်သူမှကြိုက်မှာမဟုတ်ပါဘူး။
ဟုတ်တယ်မလား? ကဲဒါဆို ဘယ်လိုသိအောင်လုပ်မလဲ?
တကယ်ခိုးသုံးခံနေရတယ်ဆိုရင်ရော ဘယ်လိုကာကွယ်မလဲ?
ခိုးသုံးခံနေရတာ ဟုတ်မဟုတ် သိနိုင်မယ့်အချက်တွေ
၁။ သင်မဖတ်ရသေးတဲ့ Mail အသစ်တွေက Inbox ထဲမှာ Read လို့ပြနေမယ်။
၂။ Mail တွေ Trash ထဲရောက်နေမယ်။ ဒါမှမဟုတ် ဖတ်တောင်မဖတ်ရသေးဘဲ အဖျက်ခံရမယ်။
၃။ သင်မသိတဲ့ Email Address တစ်ခုဆီ သင့် Mail တွေ Forward လုပ်ထားတာတွေ့မယ်။
၎။ သင့်ရဲ့ Secondary Email ပြောင်းနေမယ်။
အဲဒီအချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင် သင့် Email အခိုးခံထားရတာသေချာပါပြီ။
ကဲဒါဆိုရင်ဘယ်လိုကာကွယ်မလဲ?
အခိုးခံနေရပြီဆိုတာသေချာရင် ဘယ်လိုကာကွယ်မလဲ? လွယ်ပါတယ်။
၁။ Password ကိုပြောင်းလိုက်ပါ။
၂။ Security Question ပြောင်းပါ။
၃။ မသိတဲ့ Email Address တွေကို ဖြစ်နိုင်ရင် Account ထဲက အားလုံးထုတ်ပစ်ပါ။ Chat List ထဲမှာရှိနေရင်တောင်ထုတ်ပစ်လိုက်ပါ။
၎။ သင့်ရဲ့ Secondary Email Address ကို တကယ်သုံးတဲ့ အခြား Email Address နဲ့ပဲထားပါ။ ၀င်လို့မရတဲ့ Email မျိုးတွေနဲ့ မထားပါနဲ့။
၅။ သင့် Secondary Email ရဲ့ Password နဲ့ Security Question ကိုလည်း ပြောင်းလိုက်ပါ။
ဒါကတော့ အခိုးခံနေရတဲ့ Email Account ကို တခြားသူတစ်ဦးအသုံးပြုခြင်းမှ ကာကွယ်တဲ့နည်းလမ်းတွေပါ။
Credits: [You must be registered and logged in to see this link.]