1 registry အကြောင်းနည်းနည်းလေးပါ ... 4th May 2009, 8:45 pm
K0ht3t
Moderator
registry အကြောင်းလေး ကို သိသလောက်က လေး ပြောပြတာပါ .. ကျွန်တော်ထက် သိတဲ့ လူတွေလည်း အများကြီးရှိမှာပါ .. အားလုံးလဲ registry ပိုင်းနဲ့ ပတ်သတ်လို့ ဒီနေရာလေးမှာမျှဝေ ပေးကြပါလို့ ပြောပါရစေ .....
Logical Organization
အောက်မှာ ရေးပြထားတာတွေကတော့ High level key(or) Sub key(or) Main key လို့ခေါ်ပါတယ်....သူ့အောက်မှာနောက်ထပ် Sub key တွေ ရှိပြီးတော့ အောက်ဆုံးအဆင့် မှာ Value တွေရှိပါတယ်။ Value တွေမှာလည်း Value name တွေ ရှိပြီးတော့ Assign လုပ်ထားတဲ့ Data & Data Type တွေရှိတယ်။
-HKEY_CURRENT_USER
- လက်ရှိ logon ၀င်ရောက်နေတဲ့ user နဲ့သက်ဆိုင်တဲ့ အချက်တွေကိုဖော်ပြပေးတယ်။
- လက်ရှိ User ရဲ့ အချက်အလက်တွေကို သိမ်းထားပေးတယ်။
-HKEY_CLASSES_ROOT
- Software နှင့် ၄င်း Software တွေ မည်သို့ ဖွဲ့စည်းထားသည်ကိုဖော်ပြပေးတယ်။
- -HKEY_LOCAL_MACHINE ၏ Sub key တစ်ခုဖြစ်တယ်။
-HKEY_CURRENT_CONFIG
- လက်ရှိ Active ဖြစ်နေတဲ့ Hardware Configuration ကို ဖော်ပြပေးတယ်။
- ၄င်းသည် -HKEY_LOCAL_MACHINE ၏ Sub key နှစ်ခုဖြစ်သော Software & System မှData များကို ထုတ်နှုတ်ဖော်ပြပေးတယ်။
-HKEY_USERS
- လက်ရှိ Logon ၀င်ရောက်နေသော User ရဲ့ ID & Logon Screeen ကို တည်ဆောက်ရန်
လိုအပ်တဲ့ အချက်အလက်တွေကိုပြတာဖြစ်ပါတယ်...........
- User အားလုံးရဲ့ Profile တွေကို သိမ်းပေးတာဖြစ်ပါတယ်......
- -HKEY_CURRENT_USER သည် -HKEY_USERS ၏ Sub key တစ်ခုသာဖြစ်ပါတယ်......
-HKEY_LOCAL_MACHINE
- O.S စတင်တက်ရန် လိုအပ်သော Device များ၊ Device Driver များနဲ့သက်ဆိုင်သော Data
များအပါအ၀င် ကွန်ပျူတာနဲ့သက်ဆိုင်သော Data Configuration များကိုပြပေးပါတယ်.......
- မတူညီသော User များ Logon ၀င်ရောက်နေစဉ်တွင် ၄င်း ရဲ့ အချက်အလက်တွေကို
ပြောင်းမပေးပါဘူး.......