1 Reflection Text လေးကို AAA Logo Software လေးသုံးပြီးတော့ လုပ်ကြည့်ရအောင် 29th July 2009, 6:51 pm
sHa92
Founder
ဒီပိုစ့်ကို အစကတော့ ရေးဖို့စိတ်ကူးမရှိဘူးဗျ.... စာမေးပွဲတွေရယ် ၊ VB 2008 အတွက် Tutorial တစ်ခုရေးနေတာနဲ့ ဘယ်ဟာကိုမှ လှည့်မကြည့်နိုင်ဘူးဖြစ်နေတာ....
မနေ့က ကိုထက် က စာသားကို Reflection လုပ်တာနဲ့ ပတ်သက်လို့မေးလာတော့ ကျနော်လည်း မအားတာနဲ့ ပြန်မဖြေဖြစ်ခဲ့ဘူး (Game ဆော့နေတာ ဟီး)
အဲဒါ ဒီနေ့ ရေးပေးမယ်လို့ ကတိပေးထားတော့ မရေးပေးရင် MOD ကြီး စိတ်ဆိုးမှာဆိုးလို့ ရေးပေးလိုက်ရပါတယ်... ကျနော် ကတိတည်ပါတယ်နော်... ဖိုရမ်ကို သေချာ စောင့်ရှောက်ပေးရမယ်နော်....
ဒါတောင်မှ Photoshop နဲ့ GIF ပုံလုပ်တာမရေးပေးရသေးဘူး... အဲဒါကတော့ နောက်နေ့မှထပ်ရေးပေးပါ့မယ်... အခုတော့ ကျနော်က စာမေးပွဲဖြေနေရလို့ ခွင့်လွှတ်ပေးပါနော်....
Reflection Text လေးကို AAA Logo Software လေးသုံးပြီးတော့ လုပ်ကြည့်ရအောင်
ပထမဆုံး ကျနော် ပေးထားတဲ့ Link လေးကနေ သွားပြီးတော့ AAA Logo 2008 ဆိုတာလေးကို Download ဆွဲလိုက်ပါ...
Download ဆွဲပြီးရင်တော့ တခြား Software တွေ သွင်းသလိုပါဘဲ Installation လုပ်ရတာလွယ်ပါတယ်...
ကဲ Installation လုပ်ပြီးသွားပြီလို့ သတ်မှတ်လိုက်ရအောင်။ ကျနော် တို့ AAA Logo 2008 ကို စဖွင့်ပါမယ်.......
Loading တက်ရင် သူက Logo Design လေးတွေ ရွေးခိုင်းပါတယ်... ဘာမှ မရွေးဘဲ ESC နှိပ်ပြီးတော့ ထွက်လိုက်လို့ရပါတယ်... သုံးချင်ရင်လည်း သူ့ Design လေးတွေ ယူသုံးလို့ရပါတယ်....
ကျနော်ကတော့ ESC နှိပ်ပြီးထွက်လာပါပြီ။...
အဲဒီ့မှာ စာရွက်ဖြူတစ်ရွက်နဲ့ တွေ့ရပါလိမ့်မယ်...........
အောက်က ပုံမှာပြထားသလို Object>>New Text ဆိုပြီးတော့ နှိပ်လိုက်ပါ။
[You must be registered and logged in to see this image.]
စာရိုက်ဖို့ ကျလာပါလိမ့်မယ်....ကိုယ်လိုချင်တဲ့စာတွေ Font Size တွေ Color တွေ အကုန်ချိန်းလို့ရပါတယ်...
စိတ်ကြိုက်ရပြီဆိုရင်တော့ OK ပေးပြီးထွက်လိုက်ပါ....

ဒါဆို စာသားရလာပါပြီ.... ကျနော်တို့ Effect လှလှလေး တွေထည့်ဖို့အတွက် Background Color က အဖြူဆိုရင် အဆင်မပြေပါဘူး... အဲဒီ့အတွက် အရင်ဆုံး Background Color ကို Change ရပါမယ်...
Edit>>Background Color ဆိုပြီးသွားလိုက်ပါ... ပြီးရင် အမဲဖြစ်ဖြစ် ကြိုက်တဲ့အရောင်ရွေးလိုက်ပါ... အမဲကတော့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်....

စာသားကို စတင်မွမ်းမံ အလှဆင်ပါတော့မယ်... အောက်က ပုံမှာပြထားသလို Gradient ဆိုတဲ့ Button ကို နှိပ်လိုက်ပါ...

Box တစ်ခုကျလာပါလိမ့်မယ်.... စိတ်ကြိုက် Color ကို ချိန်ပါ.....ပြီး၇င် OK ပေးပါ...

စာလုံးက သိပ်မလှသေးပါဘူး... နောက်ထပ် Effect တွေထပ်ဖြည့်ဖို့လိုနေပါသေးတယ်.... ခုနက Gradient Button ဘေးနားမှာ Effect ဆိုတဲ့ Button ရှိပါတယ်... နှိပ်လိုက်ပါ...

Effect Option ဆိုတဲ့ Box ကျလာပါလိမ့်မယ်... အဲဒီ့မှာတော့ Outline နဲ့ Shadow တို့ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်...

အဲဒါပြီးရင်တော့ အတော်အသင့်လှတဲ့ စာသားတစ်ခုရရှိနိုင်မှာပါ.... အခု ကျနော်တို့ Reflection လုပ်တဲ့ အပိုင်းကို စပါမယ်...
အဲဒီ့မှာ လုပ်နည်းကတော့ နှစ်မျိုးရှိပါတယ်..
Object>>Has Reflection ဆိုပြီးတော့ နှိပ်ရင် ချိန်ပြီးသား Default Reflection Style ကိုရမှာဖြစ်သလို...
နောက်တစ်ခုကတော့ Edit>>Reflection ဆိုတာကို နှိပ်ရင်တော့ စိတ်ကြိုက်ပြုပြင်ချိန်ဆနိုင်တဲ့ Reflection Box ကျလာမှာပါ...
ပုံတွေမှာလေ့လာကြည့်ပါ.....
အောက်မှာတော့Default Style ကနေရရှိလာတဲ့ပုံပါ

Default ကနေရရှိထားတဲ့ Style ကို မကြိုက်လို့ ပြန်ပြုပြင်ခဲ့တဲ့ပုံပါ....

နောက်ဆုံးမှာတော့ အပြီးသတ် Reflection လုပ်ထားတဲ့ စာသားလေးကိုရရှိမှာဖြစ်ပါတယ်....

ဥာဏ်ရှိသလို ကွန့်မြူးအသုံးချနိုင်ကြပါစေ.... ကိုထက် ပြောတဲ့ စာလုံးလိုမျိုးတော့ ပုံစံတူမထွက်လာပေမယ့်.. အကျိုးရှိမယ်ထင်ပါတယ်... ဒါမှ မဟုတ်သေးရင်တော့ ကျနော် Photoshop နဲ့ Reflection လုပ်တာလေး တင်ပေးပါဦးမယ်.....
ကျနော်က စာအရေးအသားသိပ်မကောင်းလေတော့ နားမလည်ရင်တောင်းပန်ပါတယ်ဗျာ.... နည်းနည်းသည်းခံပြီးတော့ ဖတ်ပေးပါ... ကျနော် အားလုံးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ရေးပေးနေမှာပါ....
ကျနော့်ရဲ့ ပိုစ့်ကို အချိန်ကုန်ခံပြီးတော့ လာရောက်ဖတ်ရှုပေးတဲ့သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ....
~SYKO~