1 အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော်ရဲ့  3D Animation 20th December 2009, 8:38 am
solakoko
Moderator
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အခြေစိုက် Standard Chartered Bank မှ
ပံ့ပိုးသော Standard chartered bank anti HIV Animation ပြိုင်ပွဲမှာ
မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် ရဲ့ 3D animation က
ပထမဆု ရရှိတယ်လို့ ပြိုင်ပွဲဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နိုဝင်ဘာ (၂၆) ရက်က
ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အလုပ်သင်ဆရာဝန်တစ်ဦးလည်းဖြစ်သူ မြန်မာပြည်က Neutron ( ကိုအောင်ရဲကျော် ) က
ပထမ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ (၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို
ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့ 
ခက်ခဲလှတဲ့ အင်တာနက်ကွန်နက်ရှင်ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး
ကြိုးစားပေးပို့ ကာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁) ရက်နေ့  - World AIDS Day အထိမ်းအမှတ်အဖြစ် ယခုလို
နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှုအတွက် ကျွန်တော်တို့ 
မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron)
ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
ပြိုင်ပွဲသတ်မှတ်ချက်အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင်ဆရာဝန်
ကိုအောင်ရဲကျော် (Neutron) ရဲ့  3D Animation လေးကို
ကြည့်ရှူအားပေးရအောင်ပါ။
credit:www.myanmaritpros.com
လေးစားပါတယ် ကိုအောင်ရဲကျော်ရာ
စက္ကန့် (၃၀) နဲ့ ဒီလောက်လန်ထွက်နေအောင် စွမ်းဆောင်နိုင်တာ ဆရာကျတာပေါ့ဗျာ
စိတ်ကူးစိတ်သန်းနဲ့ အရည်အချင်းကို အားကျတယ်ဗျာ..........အားကျတယ်
လန်ထွက်လား မထွက်လား ဆိုတာ ဒီအောက်က လင့်ခ် မှာလေ့လာကြည့်ပါ
- Code:
http://en.eyeka.com/video/view/742554-HIV-real