Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

Go to page : 1, 2  Next

သက်ဆိုးဘယ်လောက်ရှည်မလဲ....

သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_lcap20%သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_rcap 20% [ 1 ]
သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_lcap0%သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_rcap 0% [ 0 ]
သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_lcap80%သက်ဆိုးဘယ်လောက် ရှည်မလဲ Vote_rcap 80% [ 4 ]
Total Votes : 5


View previous topic View next topic Go down  Message [Page 1 of 2]

Fox

Fox
MITR Reader



MITR Reader
member ဦးရေရဲ့ ၁၀၀ ပုံပုံ တစ်ပုံတောင်မှ ပုံမှန်မဝင်ကြတဲ့
admin တွေကအစ active မဖြစ်...mod တွေကအစ ဖိုရမ်ပေါ်မှာ မမြင်ရတာကြာပါပြီ...သတင်းကလည်း နိုဝင်ဘာလကနေ မတက်..
ဖိုရမ်တစ်ခုရဲ့ အသက်ဖြစ်တဲ့ဆွေးနွေးငြင်းခုံတာကအစ tutorial တွေအလယ် ပြန် share တာ တွေအဆုံး မရှိတဲ့နောက်တော့
ဒီဖိုရမ် သက်ဆိုးဘယ်လောက်ရှည်မလဲ...........
နောင်တော်တို့ကောဘယ်လိုထင်ကြလဲမသိ..

nGr69

nGr69
MITR Reader



MITR Reader
ကျွန်တော်ပြောချင်တာကတော့ဗျာ
လွယ်လွယ်လေးနဲ့ စခဲ့ကြတာမဟုတ်ဘူးလို့ ထင်ပါတယ်
အဲ့တော့ဗျာ လွယ်လွယ်လေးနဲ့ တော့မပျက်လောက်ပါဘူး
မသကာ ပိုစ့်တက်မလာကြရုံဘဲရှိမှာပါ Razz Razz

ပိုစ့်မတတ်တာကလဲ
ဟိုမအားဒီမအား မအားခြင်း၉၆ပါး(မှားကုန်ပြီ Razz )
မအားကြလို့ ဖြစ်ပါလိမ့်မယ်ဗျာ

ဒီတော့ဗျာ
အဆိုးဘက်ကမကြည့်ဘဲ အကောင်းဘက်ကမြင်ပြီး
ကျွန်တော်တို့ မေးစရာရှိတာကိုမေးမယ်ဗျာ
(ပြန်ပြောခြင်းမပြောခြင်းဟာ ပြန်ပြောသင့်တဲ့လူတွေရဲ့ အလုပ်ပါ
ပြန်မပြောရင်တော့ ပြန်ပြောနိုင်တဲ့ လူမရှိလို့  ဟု မေးသူဘက်ကယူဆနိုင်ပါလိမ့်မယ်)

ကိုfoxအနေနဲ့  ရေးစရာရှိတာ ကိုလည်းရေးပါ
မျှဝေစရာရှိတာကိုလည်းမျှဝေပါခင်ဗျာ

Htet Naing

Htet Naing
Moderator



Moderator
ကျွန်တော်က Seminar နဲ့ ပတ်သက်တဲ့သတင်းတွေကို တင်ပေးနေကြပါ။ ခုတစ်လော seminar တွေသိပ်မလုပ်တော့ ကျွန်တော်လည်းမတင်ရဘူး ဖြစ်နေပါတယ်။ ပြီးတော့ Programming နဲ့ ပတ်သက်တာတွေလည်း သိသလောက် ပြန်မျှပေးပါတယ်။ အခြားသတင်းဆိုတာကလဲ သတင်းထောက်မဟုတ်တော့ ဘယ်လိုလုပ်ရမလဲ။ Journal တွေကနေပဲ အမြဲယူနေလို့ လဲမဖြစ်ဘူးလို့  ထင်လို့ ပါ။ ဒါပေမယ့်..ကျွန်တော်ကိုယ်တိုင်ကလဲလေ့လာနေဆဲဆိုတော့ သိပ်မတင်နိုင်တာပါ။

ပြီးတော့ member login ၀င်တာက connection ပေါ်မှာလည်း နဲနဲမူတည်နေပါတယ်။ နောက်တစ်ခုက ဒီလိုဖိုရမ်တွေကလဲ ဖောင်းပွနေတော့ member တွေကလဲ ဖောင်းပွပြီး Sign up သာ လုပ်နိုင်၊ ပုံမှန် login မ၀င်နိုင်ကြတာလဲပါပါတယ်။ reply ကလည်း ကျွန်တော်ပြန်နိုင်တဲ့ အကြောင်းအရာဆိုပြန်ပေးပါတယ်။

ခုလို သတိပေးတာကို ကျေးဇူးတင်ပါတယ်။ r

sHa92

sHa92
Founder



Founder
ဒီ Topic လေးမြုပ်နေတယ်...

ဘယ်လိုထင်ကြသေးလဲကွယ်...

http://www.myanmaritresource.info

moe htet

moe htet
MITR New User



လှုပ်ရှာလာရင် သက်ဝင်လာမှာပါပဲ မအားကျလဲအားတဲ့အချိန်ဝင်လာကြပေါ့ ဟုတ်ဘူးလား

Fox

Fox
MITR Reader



MITR Reader
နှိုးဆော်တဲ့ post လေးတောင် ဝင်ဆွေးနွေးတဲ့လူ အရေအတွက်က အားရစရာပါ့လားကွယ် tongue

moe htet

moe htet
MITR New User



အားလုံးက၀ိုင်းဝန်ပြုလုပ်ရမှာပါပဲ မေးတဲ့သူကမေး ဖြေမယ်သူကဖြေပေါ့ ဒါဆိုသက်ဝင်လာမှာပါပဲ Admin များကလဲ သက်နိုင်သလောက် နေတိုင်းမဟုတ်တောင် ၀င်ရောက်ပေးပြီးဖြေဆိုပေးကြပါ ပြောတာပြောတာကျနော်ကလဲသိပ်မသိတော့မဖြေတတ်ဘူးဂျ ကျနော်လဲ နေတိုင်းမဟုတ်တောင်လာဖြစ်အောင် ကြိုးစားမယ်ဗျ ဖြေနိုင်သူဖြစ်အောင်လဲကြိုးစားပေးမယ်

tuntin

tuntin
MITR Reader



MITR Reader
ကျွန်တော်အထင်တော့commercial softwareတွေကိုတင်လို့မရတော့ သတင်းအပိုင်းတွေကိုပိုဦးစား သတင်းတွေကိုတစ်နေ့တစ်ပုဒ် နှစ်ပုဒ်လောက်တော့ထည့်ရေးသင့်တယ်။

http://tuntin.webs.com/

Htet Naing

Htet Naing
Moderator



Moderator
tuntin wrote:ကျွန်တော်အထင်တော့commercial softwareတွေကိုတင်လို့မရတော့ သတင်းအပိုင်းတွေကိုပိုဦးစား သတင်းတွေကိုတစ်နေ့တစ်ပုဒ် နှစ်ပုဒ်လောက်တော့ထည့်ရေးသင့်တယ်။

ခုလိုအကြံပေးတာကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခြား member တွေလဲ feedback လေးတွေပေးကြပါဦး။

nGr69

nGr69
MITR Reader



MITR Reader
ဖတ်သူအတွက် အကျိုးရှိမယ့်ဟာလို့  ထင်တာမှန်သမျှရေးသင့်တယ်လို့ ထင်ပါတယ်
မရေးခြင်းထက် ရေးခြင်းက ပိုပြီ သက်ဝင် ပါလိမ့်မယ်

အားမနာတန်းပြောရရင် ကို fox က မြင်းကမလှုပ် ခုံကလှုပ် ဆိုသလိုဖြစ်နေပါတယ်
(ချိတ်ဆိုးနဲ့ နော် Razz )

ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပေါ့
မေးခွန်းကိုမဖြေရင် ဖြေနိုင်တဲ့ လူမရှိလို့  ဟုမှတ်ပါ
ပိုစ့် အသစ်မတက်ရင် တင်နိုင်တဲ့ လူမရှိလို့  ဟုမှတ်ပါ

software တွေတင်လို့ မရဘူးဆိုတာ ကိုတော့သိပ့်ဘ၀င်မကျပါ
တင်လို့ ရအောင်လုပ်ကြမလား ဒီအတိုင်းနေမလား?
ကျွန်တော့်ယူဆချက်ကတော့ စွန့် လွှတ်သင့်တာကို စွန့် လွှတ်သင့်တယ်လို့ ထင်ပါတယ်

နောက်တစ်ခု(အဘန်းခံရမလားတော့မသိ)
မင်မင်တို့ မော်မော်တို့  သွေးအေးသွားကြတာလား?
စိတ်ကုန်သွားကြတာလား?
ခေါင်းရှောင်သွားကြတာလား?
Sad



solakoko

solakoko
Moderator



Moderator
ကျနော်တော့ ဖိုရမ်ကို မ၀င်တာကြာလို့  PW တောင်မေ့ချင်သလိုဖြစ်နေဘီ
ခွလွှတ်ကြပါ..။

အလုပ်လဲမအား..အပျင်းလဲ ကြီး..ဘာဆွေးနွေးလို့ ဆွေးနွေးရမှန်းလဲ မသိနဲ့ မိုလို့  မလာဖြစ်ခဲ့သလို
ဖိုရမ်မှ အနားယူတော့မယ်ဆိုပြီး ဆုံးဖြတ်ထားတာကြောင့်လဲ မ၀င်ဖြစ်တော့ခြင်းဖြစ်ပါတယ်.။

ဖိုရမ်ကြီး ခုလိုခြောက်ကပ်နေတာမြင်လို့  စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ

စိုစိုပြေပြေလေးရှိသွားအောင်လို့ 

ကဲ.ကဲ..ကဲ..အကုန်လုံးထ........ကြ.............အကုန်လုံးထ...........က.....

နာပြန်အိပ်လိုက်ဦးမယ် hak hak hak Very Happy

Fox

Fox
MITR Reader



MITR Reader
အေးလေနော့ ခုလောလောဆယ် မင်မင်ကိုင်နေတဲ့ android အကြောင်းလေးပဲဖြစ်ဖြစ်
တင်မယ်စိတ်မကူးဘူး

nGr69

nGr69
MITR Reader



MITR Reader
ကိုဆိုလာကြီးတော့အနားယူပါပြီတဲ့ ခင်ဂျာ

ဘယ်သူတွေအနားယူကြဦးမလဲ ခင်ဂျာ?

Question Question Question

sHa92

sHa92
Founder



Founder
Myanmar IT Resource ကြီး အနားယူပါတယ်တဲ့ဗျာ.. မနေ့ညက နှုတ်ထွက်စာတင်သွားတယ်ဗျ... ကျွန်တော် လက်ခံလိုက်ရမလား... Very Happy

http://www.myanmaritresource.info

z3r0c00l

z3r0c00l
Administrator



Administrator
ဟား... ဆိုက်ကို ....
မင်းကတိပေးထားတယ်လေ။ MITR ကို ဘယ်တော့မှ မစွန့်ခွာဘူး။ ဘယ်သူမှမလုပ်ရင်တောင် ကျွန်တော်တစ်ယောက်တည်းလုပ်မယ်ဆို။ အခုက မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ငါတို့လဲရှိပါသေးတယ်။
စွန့်ခွာစရာမလိုပါဘူးဆိုက်ကို။ ငါတို့အားလုံး အတူတူပြန်ကြိုးစားကြတာပေါ့။ Myanmar Forum တွေမှာ Post အသစ်တွေနည်းတာက ငါတို့တစ်ခုတည်းမဟုတ်ပါဘူး။ MZ လိုဆိုက်မျိုးမှာတောင် Post အသစ်က အရင်ကလောက်မတက်ပါဘူး။ Admin ထပ်ခန့်မယ်။ Mod ထပ်ခန့်မယ်။ အကြောင်းအမျိုးမျိုးကြောင့် အနားယူချင်တဲ့ သူများရှိရင် ဒီ Post လေးကနေ ကြေငြာနိုင်ပါတယ်။

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
လုပ်ကြပါဗျ ဒါတောင် Unicode မပြောင်းသေးဘူးနော် ပြောင်းများပြောင်းရင်ဘယ်လိုနေမယ်မသိပါ။
ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် တိုးတက်နိုင်ပါတယ် ခုလည်း ဒီနိုင်ငံမှာ ဒီဆိုဒ်က အရေးပါတဲ့ ဆိုဒ်တစ်ခုပါဘဲဗျာ။ ဘာတွေ စိတ်ဓာတ်ကျနေတာတုန်း။ Post မတင်ဖြစ်တဲ့ လူတွေကလည်း မအားလို့ဆိုတာ သိပါတယ် ဒါပေမယ့်လည်း ရာတုးကြီးကြီးယူထားရင် တာဝန်လည်းပိုကြီးပါတယ်ဗျာ။ အားလုံးအတွက် အချိန်နည်းနည်းဖဲ့ပေးကြပေါ့။ မှားတာရှိရင်လည်း တောင်းပန်ပါတယ်။

solakoko

solakoko
Moderator



Moderator
ကျနော်အနားယူမယ်ဆိုတော့ Mod အဖြစ်ကနေပြောတာပါဂျာ..
တာဝန်ယူပြီး တာဝန်မကျေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်ပါတယ်..ဒါကြောင့်ပါ.

တစ်တက်လုံးမလာတော့ဘူးလို့  ဆိုလိုတာမဟုတ်ပါဘူး..
ငါမလာလို့ လဲ ဒီဖိုရမ်ကြီး ဘာမှဖြစ်သွားမှာ မဟုတ်ဘူးဆိုတာ သိသာကြီးပါ...
လာလဲဘာမှ ဟုတ်တာ မဟုတ်ပါဘူး..
စသည်ပေါ့ဗျာ..တခြားအကြောင်းပြချက်လေးတွေလဲရှိပါတယ်.

အဲတော့ဗျာ
User ဘ၀နဲ့ ပဲ အဆင်ပြေတဲ့အချိန်၊အားတဲ့အချိန်လေးတွေ ၀င်ဆွေးနွေး၊၀င်လေ့လာသင်ယူပါတော့မယ်လို့ 

ပြီးတော့..
ဖိုရမ်ကြီးစိုပြေအသက်ဝင်နေဖို့ အတွက် အားလုံး ၀င်ဆွေးနွေးပေးကြမှ ရမယ်လေ ဟုတ်ဘူးလား..
ခုက ၀င်ဖတ်.ပြန်သွားတွေများလို့  ခြောက်ကပ်နေတာပါ
ခုလို ပို့ စ်မျိုးမှာတောင် ဘယ်လောက်များများက ၀င်ပြောကြလို့ လဲဆိုတာ မြင်တဲ့အတိုင်းပဲလေ..

နောက်တစ်ခုက Downloading Zone ထားမရတော့တာပါပဲ.အဲတာလဲ ပါပါတယ်

တခြား Member တွလဲ.
အဲလိုငြိမ်မနေပဲ အကြံအဥာဏ်လေးတွေပေး...ဘာလေးတွေစိတ်ဝင်စားတယ်၊ဘာတွေနားမလည်ဘူး၊ဘယ်လိုဟာ မကောင်းဘူးစသဖြင့် ပေါ့ဗျာ

ကြိုးစားကြပါ၊နိုးထကြပါ၊ပျောက်ပျောက်မသွားပါနဲ့ ၊လွယ်လွယ် ကတိ မပေးကြပါနဲ့ ၊ငြိမ်မနေကြပါနဲ့  ၀င်ဆွေးနွေးကြပါ၊အကူအညီတွေပေးပြီး အကူအညီတွေတောင်းခံကြပါ

ကဲ..ကဲ...ကဲ........
ဖိုရမ်ပြန်လည်အသက်ဝင်ဖို့ 
အကုန်လုံးထကြ.......အကုန်လုံး..ထ..က...

နာခဏပြန်အိပ်လိုက်ဦးမယ်.. :O

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ဒီလိုလုပ်ပါလား တစ်ရက်လောက် Member တွေစုပြီး ဘောလုံးကန်တာတို့ ဆွေးနွေးတာတို့ လုပ်ကြပါလား?
ဒါမှလည်း ခင်မင်ရင်းနှီးလာမယ်ထင်ပါတယ်။ ဒါမှလည်း FACEBOOK လိုမသုံးရမနေနိုင်အောင်ဖြစ်သွားမှာပေါ့။

nGr69

nGr69
MITR Reader



MITR Reader
စိတ်ကူးမိတာလေးပေါ့ဂျာ
adm ဆိုတစ်လ ပို့ စ် ဘယ်လောက်
mod ဆို ဘယ်လောက်
တက်ရမယ်လို့ သတ်မှတ်ရင်ကောင်းမလားမတိဘူး Razz

download zone ကိုတော့မရရအောင် လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်

( စိတ်မဆိုးကျနဲ့ ဗျာ ခုဟာကရေစုန်မြောသလိုကြီးဖြစ်နေတယ်
ဖောက်ထွက်ဖို့ နည်းလမ်းများ ရှာကြပါဦး )

Htet Naing

Htet Naing
Moderator



Moderator
ဆက်မော် wrote:ဒီလိုလုပ်ပါလား တစ်ရက်လောက် Member တွေစုပြီး ဘောလုံးကန်တာတို့ ဆွေးနွေးတာတို့ လုပ်ကြပါလား?
ဒါမှလည်း ခင်မင်ရင်းနှီးလာမယ်ထင်ပါတယ်။ ဒါမှလည်း FACEBOOK လိုမသုံးရမနေနိုင်အောင်ဖြစ်သွားမှာပေါ့။
ဟုတ်ကဲ့..အဲ့လိုဆိုရင် ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာဆိုရင် အဆင်ပြေမလဲဆိုတာ ညှိကြတာပေါ့။
ကျန်တဲ့ admin, mods တွေလဲ ဆွေးနွေးပေးကြပါဦး။

Fox

Fox
MITR Reader



MITR Reader
39 လမ်းမှာဆုံမယ်လေ Very Happy

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ကဲပြောတာကြာတယ် ဒီအပတ်အတွင်းချိန်းလိုက်ပါလား?
Admin တွေ Moderator တွေ ခုထိမနိုးကြသေးဘူးလားဗျ။ကို solar ko ko ရေ ထပါတော့ဗျာ

solakoko

solakoko
Moderator



Moderator
ကိုလာဆိုလို လာပါဘီဂျ..Shocked
အစည်းအဝေးလုပ်တဲ့အခါ ဒီ Topic မှာဝင်ဆွေးနွေးတဲ့သူတွေကိုပါ ဖိတ်သင့်တယ်..
မြင်းက မလှုပ်ပဲ ခုံကလှုပ်ပေးနေကြပေမဲ့..ဖိုရမ်ကောင်းကျိုးလိုလားကြတဲ့သူတွေဖြစ်လို့ ပါ..
ပြီးတော့.. Mod အသစ်များလဲ ထပ်ဖြည့်ပြီ အနားယူချင်သူများကို အနားပေးမယ်လို့ လဲ သိရပါတယ်ဗျာ..
အဆင်ပြေမှာပါ.....
cheers

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
Sunday Morning 9 am to 11 am , ဘီယာဆိုင်ကောင်းကောင်း အဲလေ နေရာကောင်းကောင်းေ၇ွးကြပါလား? အချိန်ပြောပြီနော် နေရာလေးကို အကြံ့ပူပေးကြပါလား?
ရာထူးကြီးကြီးတွေ ပြောအုန်းလေ
.. bounce bounce bounce

z3r0c00l

z3r0c00l
Administrator



Administrator
ဒီတစ်ပတ်တော့အဆင်မပြေလို့ပါဗျာ။ ကျွန်တော် မိသားစုကိစ္စတစ်ခုရှိလို့ပါ။ သင်္ကြန်အပြီးလောက် ချိန်းရင်ကောင်းမယ်ဗျ။ ဘယ်လိုသဘောရကြလဲ

solakoko

solakoko
Moderator



Moderator
ိဖိုရမ်အရေး..စိတ်ဝင်စားသူတွေရှိလို့ ..၀မ်းသားပါတယ်ဗျား..
ပြီးမှ ပျောက်ပျောက်မသွားဖို့ ပဲလိုပါတယ်..
အဆင်ပြေပါစေ..

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
$ƴǩǾ တို့ကရော စာမေးပွဲနီးလို့မ၀င်ဖြစ်တာလား မသိ......ကျန်တဲ့ လူကြီးပိုင်းကရော ဒီလိုကိစ္စလေးတွေကို ဘယ်လိုသဘောရလဲ
........Admin များခင်ဗျ

sHa92

sHa92
Founder



Founder
အချိန်တန်ပြီဗျာ...
ဟဲဟဲ.. ကျွန်တော် ဒီအချိန်ကို စောင့်နေတာပါ...

မြင်းက မလှုပ်ပဲ ခုံကလှုပ်တယ်လို့ အပေါ်မှာပြောထားတာလေး တွေ့ပါတယ်...
လူတိုင်း အဲဒီ့လို ထင်နေသေးလို့ ကျွန်တော် တကယ် မလာသေးတာပါ...
ဒီဖို၇မ်ရဲ့ တာဝန်ရှိသူများကသာလျှင် ဒီဖိုရမ် အရေးဆွေးနွေးရမယ်၊ Member ဆိုတာက ဒီအတိုင်း ၀င်ဖတ်၊ ၀င်မှတ်၊ စိတ်ပါရင် reply ပြန်၊ မပါရင် မပြန်၊ ဆိုပြီး ယူဆနေကြလို့ဖြစ်ပါတယ်..
အခုလည်း ကျွန်တော်က တစ်လုံးမှ ၀င်မပြော၊ ပြောရင်လည်း ပေါ့ပေါ့လေးပြောနေတော့၊ မြင်းကမလှုပ် ခုံကလှုပ်တို့၊ အိုးကမပူ စလောင်းကပူတို့ ဖြစ်လာတာပေါ့။
တကယ်က ဒီဖိုရမ်က Member အင်အားနဲ့ လည်ပတ်နေတာပါ။ Admin၊ Moderator ဆိုတဲ့ လူတွေနဲ့ လည်ပတ်နေတာ မဟုတ်ပါဘူး။
အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Forum အရေး ဘယ်သူတွေးမလဲ။ Admin တွေး။
Forum အထိန်း ဘယ်သူထိန်းမလဲ။ Moderator ထိန်း။ ဆိုတာတွေဖြစ်နေပါတယ်။

Member ထဲက Forum အရေးနဲ့ ပတ်သက်ပြီး အရေးတစ်ယူနဲ့ ၀င်ဆွေးနွေးတဲ့သူ လက် ၁၀ ချောင်းမပြည့်ပါဘူး။ အခု ဒီ Post မှာလည်း မပြည့်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် အားရစေလောက်အောင်တော့ ဖြစ်သွားပါတယ်။

အရင်က ကျွန်တော်၊ ဘာကြီးလုပ်မယ်၊ ညာကြီးလုပ်မယ် ပြောဖူးပါတယ်... အခုအချိန်မှာ တကယ်မလုပ်ရသေးတဲ့ အတွက် ပြောနိုင်တာကတော့ ကတိအလွယ်ပေးတယ်လို့ ပြောလို့လည်းရပါတယ်။ ဒါပေမယ့် အဲဒီ့ ကတိအလွယ်ပေးတာဆိုတာ ဖြစ်သွားတဲ့ နောက်ကွယ်က အကြောင်းတစ်ချက်တော့ရှိပါသေးတယ်... (အကြောင်းပြချက်ပေးတယ်ဆိုတာထက်၊ သိစေချင်လို့ ပြောတာပါ) အဲဒါကတော့...
ကျွန်တော် အားတက်သရော၊ Theme ချိန်းတယ်... feedback က တက်မလာ.... ပြောင်းသင့်တာလေးတွေ ပြောင်းကြည့်တယ်.. ပိုစ့်တွေက တက်မလာ... ဒီကြားထဲ ဒီလပိုင်းတွေအတွင်း ဖိုရမ်ကခြောက်ကပ်ကပ် ၀င်တဲ့သူရှိပေမယ့် ဘယ်သူမှ ဘာမှမရေး...
အချိန်တွေ ပေးဆပ်ပြီး ဆက်လုပ်ရမယ့်သူက၊ ဘယ်က အားအင်တွေ စိတ်ဓါတ်ခွန်အားတွေနဲ့ ဆက်ပြီးပြင်ပေးရမယ် မသိ။ အဲဒီ့တော့ ကျွန်တော်လည်း ကိုယ့်တက်လမ်းအတွက် စာတွေဘဲ လှိမ့်ဖတ်နေတော့တယ်.. စာလည်း မရေးတော့ဘူး. ရေးဖို့လည်း ပျင်းသွားတယ်... (အခုချိန်မှာ ကျူတိုရီရယ် ရေးချင်စိတ်သာရှိရင်၊ စာရေးချင်စိတ်သာရှိရင် ဖိုရမ်စလုပ်စကနေ၊ ကျွန်တော်မပျောက်သွားခင် အချိန်ထိ ကျွန်တော် မျှဝေခဲ့သမျှ ပညာတွေထက် အများကြီးအကျိုးရှိမှာတွေ စနစ်တကျ မျှဝေပေးလို့ရတယ်ဆိုတဲ့ အခြေအနေတစ်ခု ရောက်လာပြီလို့ ပြောလို့ရပြီ။ ကိုယ်တိုင်လည်း အတော်ရင့်ကျက်လာပြီ။ ဒါပေမယ့် ခက်တာက Motivation ဘဲ။ ကျွန်တော့်ကို ရေးချင်စိတ် ဖြစ်လာအောင်လုပ်ပေးမယ့်အရာ မရှိဘူး။ ရေးမယ်လို့ ကြံလိုက်ပြီး အားကြိုးမာန်တက် ဖိုရမ်ကိုလာကြည့်တယ်၊ စိတ်ဓါတ် သုညနဲ့ ပြန်ဆင်းသွားရတယ်..)

ဒီ Topic လှုပ်လှုပ်(လှုပ်လှုပ်) ဖြစ်နေတာကို စောင့်ကြည့်နေတာ၊ ပုံမှန် လှုပ်တာလား၊ ကောက်ရိုးမီးလား ကြည့်ကြည့်နေရင်း မနေ့ကထိတော့ ပုံမှန်လှုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျွန်တော် အခု ပိုစ့်ကိုရေးတာဖြစ်ပါတယ်။

ဒီနေ့ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတမိန့်ခွန်းတစ်ချို့ သတင်းစာမှာဖတ်လိုက်ရတယ်၊ တိုင်းပြည်တိုးတက်ဖို့၊ ကိုယ့်အဆင့်အတန်းမြင့်မားဖို့၊ အစိုးရကိုချည်း အားကိုးနေလို့မရပါဘူးတဲ့၊ ကိုယ်တိုင် အလုပ်လုပ်မှ တိုးတက်မှာပါတဲ့။ ဟိုးအရင် ဒီနိုင်ငံ ဒီမိုကရေစီဆိုတာ မဖြစ်ခင်တည်းက ကျွန်တော်လက်ခံထားတဲ့ အယူအဆနဲ့ ကွက်တိ။ အခုလည်း ဒီအတိုင်းပါဘဲ။ အရမ်းကို တစ်သီးတစ်သန့်ဆန်နေတဲ့ ကျွန်တော်တို့ရဲ့ Member တွေကို၊ သူတို့ကိုယ်တိုင် ဖိုရမ်အရေး စိတ်ဝင်စားလာမှ ပြန်လည်အသက်ဝင်လာမှာပါ....

အဲဒီ့တော့ နည်းနည်းလေး ထပ်စဉ်းစားလိုက်ကြပါဦး...

လေးစားစွာဖြင့်
sHa92

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အမှန်အတိုင်းဝန်ခံရရင်တော့ ဒီ သက်ဆိုးဘယ်လောက်ရှည်မလဲဆိုတာ ကျွန်တော်နဲ့ ကိုမြေခွေး တိုင်ပင်ပြီး တင်လိုက်တာပါ။
နိုင်ငံခြားဖိုရမ်တစ်ခုမှာ အဲဒီ့လို Post မျိုးကို Member ကိုယ်တိုင်ကဘဲတင်ပါတယ်။ နောက်ပြီး ကျန်တဲ့ Member တွေက ၀ိုင်းဝန်းပြီး ဆွေးနွေးပါတယ်။ ထူးခြားချက်ကတော့ အဲဒီ့ Topic မှာ Admin တွေ Moderator တွေရဲ့ ဆွေးနွေးမှု ၁ ခု ၂ ခုသာပါဝင်နေတာပါဘဲ။
အဲဒီ့လိုလေးတွေ့တော့ ကျွန်တော်လည်း၊ ကျွန်တော့် Member တွေ၊ ဒီ Forum နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ serious ဖြစ်သလဲဆိုတာ သိချင်တဲ့အတွက် ဒီ Topic ကို တင်ခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ဘဲ ဒီပိုစ့်သက်တမ်း ၁ လခွဲလောက်ရှိမှ တကယ်ဆွေးနွေးကြပါတယ်။ တင်တင်ချင်းတုန်းကဆို ပြန်လည်ဆွေးနွေးသူမပြောနဲ့ ဖတ်သူတောင် ရှိရဲ့လား မတွေးရဲပါဘူး။

ကျွန်တော့်ဘ၀က Member တစ်ယောက်ရဲ့ Feedback ကို ဖတ်ချင်လို့ Member Account အသစ်တွေလုပ်ပြီး၊ Admin တွေဆီပေးတဲ့ Feedback တွေကို တစ်ချို့နေရာတွေမှာ ပြင်းပြင်းထန်ထန် ရေးခဲ့တာတွေတောင်ရှိပါတယ်။

ဆက်ပြောရင် ဒီဖိုရမ်မှာ Active ဖြစ်ခဲ့တဲ့ Member ပေါင်းများစွာမှာ ကျွန်တော်ကိုယ်ခွဲခဲ့ရတဲ့ Account ပေါင်းများစွာရှိခဲ့ပါသေးတယ်။ အခုတော့ အဲဒီ့ Account တွေကိုလည်း စိတ်ကုန်သွားပါပြီ။

ဆက်လက်ပြီး မြင်းကမလှုပ်၊ ခုံကလှုပ်။ အိုးကမပူ စလောင်းကပူကြပါဦး...
အစ်ကိုတို့အားလုံးရဲ့ အဖိုးတန်တဲ့ ဆွေးနွေးချက်တွေကို စောင့်မျှော်နေပါတယ်...

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အိုဘားမား ပြောတဲ့ Change We Need! ဆိုတာကို ကျွန်တော့်ရဲ့ signature မှာ အားနေလို့၊ နေရာလွတ်နေလို့ အလှတင်ထားတာတော့ မဟုတ်ပါဘူး...
ကျွန်တော်လည်း သူ့လိုဘဲ နောက်ထပ်တစ်လုံးဖြစ်တဲ့ Yes, We Can. ဆိုတာလေး ဆက်ပြီးပြောချင်ပါသေးတယ်...

(စာကြွင်း။ ။ အဲဒီ့ Phrase က အိုဘားမား အရင်ပြောတာ မဟုတ်ပါဘူးတဲ့။ ဆယ်သန်းဆိုတဲ့ မြန်မာ သတင်းစာဆရာက ဒုတိယကမ္ဘာစစ်ကတည်းက အရင်ပြောထားတာပါလို့ ကိုမြေခွေးမှ ဖြည့်စွက်ပါတယ်။)

http://www.myanmaritresource.info

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ဇာတ်လိုက်လာလိုက်တာ ကြည့်လို့တော့ပိုကောင်းသွားပါပြီ အားပေးမဲ့လူများ မများဘဲကြည့်ရတော့မယ် ထင်ပါ့
ဇာတ်ရှိန်လေးတက်လာပြီဆိုတော့ ကဲ Member များလည်း ၀င်ဆွေးနွေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်ဗျာ။ Very Happy Very Happy Very Happy

z3r0c00l

z3r0c00l
Administrator



Administrator
သင်္ကြန်အပြီး တနင်္ဂနွေနေ တစ်နေ့လောက်အားလုံး Tokyo Donuts မှာတွေ့ကြရအောင်ပါ။ ဒီပို့စ်လေးမှာ ပါဝင်ဆွေးနွေးထားသူများအားလုံး တက်ရောက်စေချင်ပါတယ်။ မဖြစ်မနေတက်ရောက်ရမည့်သူများကတော့
$ƴǩǾ, alt.332, z3r0c00l, dr.burma, ko shinn thant, samurai, ထက်နိုင်, ဆက်မော်, fox, nGr69, စသောသူများ တက်ရောက်စေချင်ပါတယ်။ Member တွေထဲကတော့ rat, TWO TWO, ငစလူ စသောသူများလဲ တက်ရောက်စေချင်ပါတယ်။ တက်ရောက်နိုင်သည်၊ မတက်ရောက်နိုင်သည် ပြန်လည်ဖြေကြားပေးကြပါ။ အဲဒီမှာ MITR Reborn ပြန်လုပ်ပါမယ်။ အားလုံးတာဝန်တွေကို စနစ်တကျခွဲဝေယူကြပြီးတော့ MITR ကြီးတိုးတက်လာအောင် ပြန်လည်ကြိုးစားကြပါစို့။ အဓိကပြောချင်တာကတော့ လက်ရှိ Admin တွေနဲ့ Mod တွေ နှုတ်ထွက်မယ်ဆိုတဲ့ အသံတွေ မကြားပါရစေနဲ့။ အားလုံးအတူတူကြိုးစားခဲ့ကြတာ အားလုံးပဲ အတူတူရှေ့ဆက်ပြီးသွားချင်ပါတယ်။ အဲဒီနေ့မှာဆွေးနွေးမယ့်အကြောင်းအရာလေးတွေကိုလဲ အကြမ်းဖျဉ်းလေး ဒီလိုစီစဉ်ထားပါတယ်။

1. MITR New Formation (MITR အသစ်ဖွဲ့စည်းခြင်း)
2. Responsibility Distribution (တာဝန်ခွဲဝေခြင်း)
3. Appoint New Moderator & New Admin (Mod အသစ် နှင့် Admin အသစ်များထပ်မံခန့်အပ်ခြင်း)
4. Refreshment Program (အကျွေးအမွေးအစီအစဉ်) (မိမိဖာသာတာဝန်ယူရန်)

နေ့ရက်နှင့်အချိန်ကို ထပ်မံညှိနှိုင်းပါမည်။





Regards,
z3r0c00l

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
နောက်ဆုံးအစီအစဉ်လေးကိုတော့ သိပ်မကြိုက်ဘူးဗျ။
ကျန်တာတော့ သဘောတူပါသည်။ လာခဲ့ပါ့မည်။ အချိန်က မနက် ၉နာ၇ီမှ ၁၀နာရီ အရောက်လာခဲ့ကြပါ။
အားလုံး အကျီအဖြူဝတ်ထားရင်ပိုကောင်းပါမည်။ bounce bounce bounce

z3r0c00l

z3r0c00l
Administrator



Administrator
အားလုံးအင်္ကျီအဖြူဝတ်ထားရင် တူညီဝတ်စုံနဲ့ ယောက်ျားလေးအရွယ်ကောင်း ၁၀ ယောက်ကျော်လောက်စုထိုင်နေမှာ ကျွန်တော်တို့ကို ဆွဲစိသွားမှာပေါ့။ Sad Sad Sad Sad Smile Smile Smile Smile Smile

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
အင်း ဒါတော့ကြောက်တတ်သားဗျာ။ ကြိုက်တာ ၀တ်ပါ အချိန်ပြောပြီးပြီနော် သိပ်မဆွဲနဲ့တော့ မြန်မြန်လေး ပြန်လုပ် မဟုတ်ရင် သွေးအေးသွားမယ်ဗျ။

z3r0c00l

z3r0c00l
Administrator



Administrator
နေ့ရက်ကို 24.Apr လို့သတ်မှတ်လိုက်ရင် အဆင်ပြေကြမလားခင်ဗျာ။
Tokyo Donuts လို့သတ်မှတ်လိုက်တာကတော့ အားလုံးအတွက် ငွေကြေးကိစ္စအဆင်ပြေကြစေချင်လို့ပါ။ အကယ်၍သာ ဒီကိစ္စကို Beer ဆိုင်မှာဆွေးနွေးမယ်ဆိုရင် ပိုက်ပိုက်က တော်တော်ထွက်သွားပါလိမ့်မယ်။ အဲဒါကြောင့် American System ဖြစ်တဲ့ Tokyo Donuts ကိုဆွေးနွေးလိုက်ခြင်းပါ။ အချိန်ကတော့ ညနေ ၄ နာရီလောက်ဆိုအဆင်ပြေမလားမသိဘူး။ ဘာလို့လဲဆိုတော့ ကိုထက်နိုင်က ၁၂ နာရီနောက်ပိုင်းမှအားမယ်ဆိုလို့ပါ။ ဒီလိုအချိန်ပြင်လိုက်လို့ ကျွန်တော်က ကိုထက်နိုင်တစ်ယောက်တည်းကိုစဉ်းစားနေတာမဟုတ်ပါဘူး။ ကျန်တဲ့သူများလဲ သင်တန်းတွေဘာတွေတက်တဲ့သူများရှိကြရင် အဲဒီအချိန်အားလောက်ပြီလို့ယူဆလို့ပါ။ ယခုအစီအစဉ်များ မိမိနဲ့အဆင်မပြေပါက လွတ်လပ်စွာ ပြောဆိုဆွေးနွေးငြင်းခုံနိုင်ပါတယ်။

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ဟိုက် အနော်က ၅ နာရီမှစမှာဗျ။ ရပါတယ် အစုအပေါင်းလုပ်နေတော့ တစ်ရက်တော့ ဖျက်ရမှာပေါ့ အားနေတဲ့နေ့က များနေတယ်ဆိုတော့ အွန်း ချိန်းပြီးမလာရင်တော့ ဘီယာလိုက်တိုက်ခိုင်းမယ်။ Razz Razz Razz

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ကျွန်တော် Mail က [You must be registered and logged in to see this link.] ပါ။ အားလုံးဆက်သွယ်နိုင်ပါသည်။ ဘီယာလည်းတိုက်နိုင်ပါသည်။ Razz Razz Razz

z3r0c00l

z3r0c00l
Administrator



Administrator
အက်ထားပါတယ်။ Accept လဲလုပ်ဖူး။ကြည့်လိုက်ပါဦး။ ကျွန်တော်က [You must be registered and logged in to see this link.] ပါ။

Fox

Fox
MITR Reader



MITR Reader
ဒီတစ်ခါလည်း ဘီယာမသောက်ရတော့ပြန်ဘူး ;(

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
nGr69 နဲ့ ဒီtopic ကို စရေးတဲ့လူများက အားလုံးစည်းစည်းလုံးလုံးဖြစ်အောင် သူတို့ ဘီယာဒကာခံမယ်လို့ သတင်းကြားနေရပါတယ်ခင်ဗျ။ ထောက်ခံတဲ့လူများရှိကြပါသလား။ Very Happy Very Happy

solakoko

solakoko
Moderator



Moderator
ရှလွတ်..ဂလု.ဂြီ..ဂြီ..ဂြီ......... Very Happy

လင်းထက်

လင်းထက်
MITR Reader



MITR Reader
နယ်က မန်ဘာတွေကိုလည်း တစ်ချက်တော့ထည့်စဉ်းစားပေးကြဦးလေ.... အဲ့အချိန်တက်တော့တက်ချင်တယ်
ပြီးရင် ပဲခူးကိုပြန်ရမှာ ဆိုတော့ .....ရပါတယ်။ နှစ်ဆန်း2 ရက်နေ့လောက်ကစပြီး စာရင်းကောက်တာတို့ ဘာတို့ သေချာချိန်းကြပါလား.... ရက်အတိအကျနဲ့ နေရာအတိအကျကို သိရင် မန်ဘာအားလုံးကို မေးလ်
ပို့ပေးပေါ့... ဖျက်မယ်ဆိုရင်တောင် သေချာအဲ့လိုလေး ဆုံပြိးမှ ဖျက်လိုက်ကြတာကပိုကောင်းတယ် ဖျက်ဖို့ကိုတော့ ဒီပို့စ်မဖတ်ခင် လုံးဝစိတ်ကုးထဲတောင်မရောက်ပါဘူး.... ခုလဲအဲ့လိုတော့လုံးဝကို မဖြစ်စေ့ချင်ပါ
ဘူး.... log in တောင်မဝင်ဖြစ်တော့တာ ကလည်း လိုင်းနဲ့လုံးဝကို ဆိုင်တယ်ဗျ...တတ်နိုင်သလောက်လေး တောင့်ခံကြပါဦးဗျာ....

z3r0c00l

z3r0c00l
Administrator



Administrator
MITR ကို ဖျက်ပစ်လိုက်ဖို့ကို စိတ်ကူးထဲမှာလုံးဝကိုမရှိတာပါ။ နယ်က အစ်ကိုတို့ပါ လာချင်တယ်လို့ သိရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ အချိန်ကို ပြန်လည်ညှိနှိုင်းပေးပါ့မယ်။

nGr69

nGr69
MITR Reader



MITR Reader
ကြိုက်တဲ့နေရာမှာ အဆင်ပြေတဲ့အချိန် ချိန်းကြပါ
ကြိုးစားပြီးရောက်အောင်လာခဲ့ပါ့မယ်
အပြောမဟုတ်အလုပ်သက်သေပါ

ပြီးခဲတဲ့  barcamp ygn မှာ ချိန်းတဲ့နေရာမှာစောင့်နေတာ
ကျွန်တော်နဲ့  ကို rat ပါ
ကျန်တဲ့သူတွေတော့သိဘူးနော်
Razz

download zone ကြီးအတွက် ဘာမှပြန်မပြောကြပေမယ့်
မြင်းကမလှုပ်ခုံကလှုပ်သွားတဲ့ အတွက်
စိတ်မကောင်းဖြစ်ပေမယ့် ကျေနပ်မိပါတယ်

ဆက်မော်

ဆက်မော်
MITR Reader



MITR Reader
ဟုတ်တယ် ချိန်းပြီးမလာရင် တော်တော်စိတ်ဆိုးရမှာဘဲ။ ဟိုတစ်ခေါက်တုန်းကလည်း Barcamp မှာ စောင့်နေတဲ့ လူတွေရှိပြီး လာလည်းမလာကြဘူး။ ဂတိပေးပြီးရင်တော့ ဖြစ်အောင်လုပ်ကြပါဗျာ။

z3r0c00l

z3r0c00l
Administrator



Administrator
စိတ်ချပါ။ ကျွန်တော် $ƴǩǾ & alt.332 ကိုလဲ ဖုန်းဆက်ထားပါတယ်။ အဲဒီနေ့ကိုတော့ သေသေချာချာကိုလာကြမှာပါ။

Htet Naing

Htet Naing
Moderator



Moderator
ဒါဆို April 24 အချိန်ကိုတော့ ၉ နာရီကနေ 3 နာရီအတွင်းညှိကြတာပေါ့။ နယ်ကလာမယ့် member များလဲ အဆင်ပြေအောင်လို့ ပါ။ ကျွန်တော်ကတော့ BarCamp Yangon 2011 အင်္ကျီဝတ်လာပါ့မယ်။ Laptop မှာလဲ BarCamp 2010, BarCamp 2011 Sticker တွေကပ်ထားပြီး Myanmar IT Resource ဆိုတဲ့ စာတန်းကိုလဲ ကပ်ထားပါတယ်။ တခြား member တွေလဲအဲ့လို ထင်ရှားတဲ့အမှတ်အသားလေးတွေပြောထားကြပါလား.. Very Happy

gmail က htetnaing90 ပါ။
ဖုန်းနံပါတ်က 09-5107137 ပါ။

Fox

Fox
MITR Reader



MITR Reader
သိသလောက်တော့ mod/admin တွေ ချိန်းတဲ့ပွဲဆို မလာတဲ့လူမရှိသလောက်ပါပဲ
အဲ member ပိုင်းက တော့ မတက်ဖြစ်တာတွေတော်တော်များပါတယ်
ကျွန်တော်အပါအဝင်ပေါ့ Very Happy
အပြင်ထွက်ရမှာလောက်ပျင်းတာမရှိဘူး Wink

sHa92

sHa92
Founder



Founder
Oops! BCY2011 တုန်းက ကျွန်တော်လာတယ်လေဗျာ...
အရေးကြီးကိစ္စ၊ မဖျက်ရင်မရတဲ့ကိစ္စကလွဲရင်၊ ချိန်းပြီး မလာတာရှိဘူးပါဘူးဂျာ..
ပြီးတော့ Member တွေ အပါအ၀င်ချိန်းဖူးတာ BCY2011 တစ်ခုဘဲရှိပါသေးတယ်... အဲတုန်းက ထိပ်မှာကြည့်လိုက်တော့ ဘယ်သူမှမရှိတာနဲ့ ၀င်လာပြီး အထဲရောက်မှ ပြန်တွေ့တာလေ..

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 2]

Go to page : 1, 2  Next

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum on Forumotion | ©phpBB | Free forum support | Report an abuse | Forumotion.com