1 How to move the window buttons to right in Ubuntu. [tips and tricks] 12th April 2011, 10:49 am
sHa92
Founder
How can I move the window buttons to the top right of the window? (တကယ်က OS နဲ့ အတူပါလာတဲ့ Documentation ထဲက နည်းလေးပါ။)
Ubuntu မှာ window buttons လေးတွေကို သုံးနေကျအတိုင်း ညာဘက်ကို ရေဿွှ့ကြည့်ရအောင်
window buttons(close, minimize, maximize) လေးတွေက Ubuntu မှာ original ဆိုရင် ဘယ်ဘက်မှာရှိနေပါတယ်။ အဲဒါကို ကျွန်တော်တို့ရဲ့ပေါက်ဖော်ကြီး Windows အတိုင်း ညာဘက်ကို ပြန်ရွှေ့ထားချင်တဲ့သူတွေအတွက်ပါ။
ဘာမှတော့မခက်ပါဘူး။ လွယ်လွန်းလို့ "ဒါလေးများ" လို့တောင် ပြောနေပါလိမ့်မယ်။ လွယ်ပါတယ်... Windows Registry ပြင်သလောက်ဘဲရှိပါတယ်။
တခြား ပြင်ပေးတဲ့ application တွေတော့ရှိပါတယ်။ ဒီနည်းကတော့ manual ပေါ့။ ကျွန်တော်လည်း ဒီနေ့မှ အမှတ်မထင်တွေ့တာနဲ့ ပြန်တင်ပေးလိုက်တာပါ။
Ubuntu Documentation ကို မွှေနေကျလူဆိုရင်တော့ သိပြီးသားဖြစ်ပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ Alt+F2 ကို နှိပ်ပြီး Run Application window ကိုလှမ်းခေါ်ပါမယ်။
text box ထဲမှာ gconf-editor ဆိုပြီး ရိုက်ထည့်ပြီး Run လိုက်ပါ။
Left pane ထဲမှာ အောက်ပါ path အတိုင်း မှန်မှန်ရွေးလိုက်ပါ။
နောက်ပြီးရင် general ကို နှိပ်ရင် right pane ကို ရောက်လာပါလိမ့်မယ်။ အဲဒီ့ right pane ထဲမှာ button_layout ဆိုတာကို ရှာလိုက်ပါ။
တွေ့တယ်ဆိုရင် သူ့ရဲ့ value ကို အောက်ပါအတိုင်းပြောင်းလိုက်ပါ။
[code] :minimize,maximize,close [code]
OK နှိပ်လိုက်မယ်ဆိုရင် button တွေက ကျွန်တော်တို့လိုချင်တဲ့ ဘယ်ဘက်ကို ရောက်သွားပြီပေါ့ဗျာ။
အဲဒီ့ အစဉ်အတိုင်းမဟုတ်ဘဲ စိတ်ကြိုက်လဲထားလို့ရပါတယ်။ :maximize,minimize,close | close,maximize,minimize: | စသည်ဖြင့် စိတ်ကြိုက် position ထားလို့ရပါတယ်။ ဖျောက်ချင်တဲ့ button ရှိလည်း ဖျောက်ထားလို့ရပါတယ်။
တစ်ခုသတိထားရမှာက အဲဒီ့လို ပြင်မယ်ဆိုရင် close,maximize စတဲ့ valuse တွေနဲ့ , (comma) ကြားမှာ " " (space) မခြားမိဖို့ပါဘဲ။ ခြားမိရင် ကိုယ့် value တွေက မှန်ပေမယ့် Button တွေက ပေဿါ်မလာဘဲ နေပါလိမ့်မယ်။
စာကြွင်း။ ။ ရိုက်တာတော့ ဇော်ဂျီနဲ့ဘဲ။ linux ပေါ်က ရေးထားတာဆိုတော့ ဇော်ဂျီ ၂၀၀၉ နဲ့ဖြစ်သွားတယ်. ဖတ်ရအဆင်မပြေဖြစ်မလားမသိဘူး...

- Code:
/apps/metacity/general

Last edited by sHa92 on 12th April 2011, 1:13 pm; edited 1 time in total