mars wrote:ဘယ်လိုဖိုရမ်မျိုးလဲ ???
အဲဒါက အဓိကအရေးကြီးပါတယ်… ကိုယ့်ဖိုရမ်က ဘယ်လိုဖိုရမ်လဲဆိုတာကို အရင်ဆုံးသုံးသပ်ရပါတယ်… ဟုတ်ပြီ..
ကျနော်တို့ဖိုရမ်ကိုသုံးသပ်ကြည့်ရအောင်… ကျနော်တို့ဖို၇မ်က နည်းပညာသီးသန့်ဖို၇မ်ပါ… အဲဒိထဲကမှ ဘယ်လိုင်းကိုအဓိကအသားပေးရပ်တည်မလဲ ဆိုတာကိုပါ အဆစ်အနေနဲ့ထည့်စဉ်းစားရမယ်…
အဲလိုမှမဟုတ်ရင် ဟိုမရောက်ဒီမရောက်ဖြစ်သွားမှာစိုးတယ်… ဘာလို့လဲဆိုတော့ ကဏ္ဍတိုင်းအတွက် ပင်တိုင်အမာခံလူရှိတယ်ဆိုရင်တော့တစ်မျိုးပေါ့…
အဲဒိတော့ ဘယ်အပိုင်းကို အဓိကထားပြီးလုပ်တဲ့ဖိုရမ်လဲဆိုတာကို ဦးတည်ပြီး အဲဒိ Target ကို အဓိကထားပြီး ကျန်တာတွေကိုလည်း နိုင်သလောက် အရံလေးလုပ်သွားရင်
ကိုယ်အဓိကထားတဲ့ အပိုင်းနဲ့ တိုက်ဆိုင်တဲ့သူတွေက ဒီဖိုရမ်ကို လာပေါင်းရင်းနဲ့ ကြာရင် အင်အားကြီးလာမယ်ထင်ပါတယ်…
အဲဒိအတွက် ကဏ္ဍတိုင်းကတော့ အခုလောလောဆယ်မဖြစ်နိုင်သေးတော့ တစ်ခုခုကို ဇောင်းပေးပြီးလုပ်သင့်တယ်ထင်ပါတယ်….
နို့မို့ရင် ဖိုရမ်တွေ၊ ဆိုက်တွေ များလာတဲ့ဒီခေတ်ရေဆင်းကြောင်းမှာ အုတ်ရောရော ကျောက်ရောရောဖြစ်သွားမယ်လို့ထင်တယ်…
ဘယ်လို Forum မျိုးလဲ ဆိုတော့ နည်းပညာဖိုရမ်။
နည်းပညာဖိုရမ်ထဲမှာမှ ဘယ်လိုဖိုရမ်မျိုးလဲ။ နည်းပညာအားလုံးကို တစ်စုတစ်စည်းထဲ စုစည်းပေးမယ့် ဖိုရမ်။ လောလောဆယ်တော့ ဘာမှမစုစည်းပေးနိုင်သေးလို့ ၊ ပထမအဆင့်အနေနဲ့ Topic Focus စလုပ်ပြီး ၊ ထိရောက်အောင် လုပ်နေပါတယ်။
ကဏ္ဍတော်တော်များများအတွက် ပင်တိုင် အမာခံတွေက ရှိကြပါတယ်။ {C++ (ကို လောရှည်) ၊ *nix & networking & security (ကို xtrm) ၊ Webdev .... သူ့ဟာနဲ့သူ လူတွေ အဆင်သင့်ရှိတယ်ဆိုတာ လေ့လာမိကြမှာပါ။ }
ဒါပေမယ့် မေးမယ့်လူ မရှိကြတာရယ် ၊ ရေးပေးမယ်ဆိုရင်လည်း စာသေချာဖတ်ပြီး ၊ ပြန်မေးမယ့်သူ ၊ ပြန်ဆွေးနွေးမယ့်သူ မရှိကြလို့ဖြစ်ပါတယ်။ ပြီးတော့ သူတို့မှာလည်း Beginner တွေကို အစအဆုံးရေးပေးနိုင်တဲ့ အချိန်မရှိပါဘူး။ သူတို့က လမ်းဘဲညွှန်နိုင်မှာပါ။ အားဘဲပေးနိုင်မှာက။ အခက်အခဲရှိရင် ကူညီပြီးဘဲ ဖြေရှင်းနိုင်မှာပါ။ အစအဆုံး Tutorial လုပ်ပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဘာလို့လဲဆိုတော့
“ပညာမျှဝေချင်တဲ့ Professional တစ်ယောက်က ၊ နောက် လူငယ်တွေကို ကူညီချင်ပါတယ် ၊ အားပေးချင်ကြပါတယ် ၊ မျှဝေချင်ပါတယ် ၊ ဒါပေမယ့် ထိန်းကျောင်းရတဲ့ အလုပ်ကို သူတို့မလုပ်ချင်ကြပါဘူး။ သူတို့မှာလည်း အဲလောက်ထိ လုံလောက်တဲ့ အချိန်မရှိကြလိုံ့ဘဲဖြစ်ပါတယ်။ အဲဒီ့အတွက် လူငယ်တွေက စတင် လမ်းလျှောက်နေရပါမယ်။ လမ်းလျှောက်ရင်းက အခက်အခဲရှိနေမှ Pro တွေကို မေးမြန်းမယ်ဆိုရင် ၊ Pro တွေက ၀မ်းပန်းသသာ ကြိုဆို ၊ ကူညီကြပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘဲ ထိုင်ရာမထ ၊ ဘာမှတောင် မသိသေးဘဲ ၊ Hack ချင်လို့ပါ ဆိုတာမျိုး ၊ မေးနေတာမျိုးကတော့ ၊ ဘယ်သူမှဖြေချင်မှာ မဟုတ်ပါဘူး။”ကဏ္ဍတစ်ခုစီအတွက်သာ အပြန်အလှန်ဆွေးနွေးမယ့်သူ ၂ ယောက်ဘဲရှိဦး။ ကျနော်တို့ ဖို၇မ်လုံးဝ အသက်ပြန်ဝင်လာပါလိမ့်မယ်။
Forum တွေ ပေါများလာတဲ့ ရေစီးကြောင်းကြီးထဲမှာ အုပ်ရောရော ၊ ကျောက်ရောရော ၊ မဖြစ်ရအောင်ကတော့ ကျွန်တော် တို့ အတူတကွ ကြိုးစားကြရပါလိမ့်မယ်။
အဓိကကတော့ မေးခွန်းမေးမယ့်သူကလည်း Quality ရှိတဲ့ မေးခွန်းမျိုးကို မေးမယ် ဆိုရင် ၊ ပြန်ဖြေမယ့် Professional တွေလည်းတွေ့လာနိုင်ပြီး ၊ အကောင်းဆုံး အဖြေတွေကို ရလာပါလိမ့်မယ်။
mars wrote:နည်းပညာသီးသန့်ဖိုရမ်မှာ ဘာတွေရှိသင့်သလဲ ???
အဲဒါကလည်း ကျနော်တို့စဉ်းစားရမယ်လေ… သေချာစဉ်းစားသုံးသပ်ရမယ်… အဲလိုရှိရမယ့် အမျိုးအစားတွေကို ကျနော်သိသလောက် လေးပြောကြည့်မယ်… လိုတာကိုဖြည့်စွက်ပေးကြပါဗျာ…
- နည်းပညာဆိုင်ရာလေ့လာစရာတွေ သူ့ကဏ္ဍအလိုက်ရှိနေရမယ်…
- TuT နဲ့ ဆောင်းပါးတွေလည်း ပုံမှန်ရှိနေသင့်တယ်…
- ကဏ္ဍအလိုက် ဆွေးနွေးချက်တွေ အသေးစိတ်ဆန်စွာနဲ့ အသက်ဝင်နေရမယ်…
- Software နဲ့ Ebook တွေလည်း စုံလင်ရမယ်…
- အကူညီပေးမှုမြန်ဆန်ရမယ်…
လေ့လာစရာတွေ သူ့ကဏ္ဍနဲ့သူ ပြည့်စုံနေရမယ်ဆိုတာကတော့ အခုစပြီး ဖြည်းဖြည်းချင်းလုပ်နေပြီ။ (Common Problems တွေကို နည်းသည်ထက်နည်းအောင် လုပ်သွားမယ်။)
ပြီးတော့ မနေ့ညက ကျနော် တွေးမိတာလေးတစ်ခုက အခု နောက်ပြောင်းမယ့် Forum Style အသစ် ၊ System အသစ်မှာ HELP ZONE ကို လုံးဝမထည့်ဘူး။
တကယ့် Professional နည်းပညာတွေ ဆွေးနွေးနိုင်အောင်ဘဲ Category ကို ခွဲထားမယ်။
အဆင့်အတန်းရှိတဲ့ တကယ်ကောင်းတဲ့ မေးခွန်းတွေ ၊ ဆွေးနွေးချက်တွေဘဲ ရှိလာအောင်လုပ်သွားမယ်လို့စဉ်းစားတယ်။
Normal User (Internet User) တွေအတွက်ကတော့ Child Forum တစ်ခုထားမယ်။ အဲဒီ့မှာမှ သူတို့အတွက် သီးသန့်ထားပေးမယ်။
အဲဒါဆိုရင် တကယ့် Forum ကြီးမှာ Common PC Problem လေးတွေနဲ့ ပြည့်မနေတော့ဘူးလို့ စဉ်းစားမိပါတယ်။
ဘယ်လို မြင်လဲဆိုတာကိုတော့ ဆက်ပြီး တိုင်ပင်ကြတာပေါ့
mars wrote:ဘယ်လို member မျိုးတွေရှိသင့်သလဲ ???
အဲဒါကတော့ရှိချင်သလိုတွေ ရှိနေမှာပဲလေ… အဲ.. ဒါပေမယ့် ဒီဖိုရမ်မှာရှိနေတဲ့ မန်ဘာတွေကလည်း သူတို့လုပ်နိုင်တဲ့အတိုင်းအတာ တစ်ခုထိပါလာမယ်ဆိုရင် မဆိုးဘူးပေါ့ဗျာ… အဲဒိတော့ နည်းပညာဖိုရမ်တစ်ခုမှာ ဘယ်လိုမန်ဘာမျိုးတွေရှိနေသင့်သလဲဆိုတာကို
ကျနော်စဉ်းစားမိသလောက်လေးပဲ ချရေးကြည့်မယ်…
- ဖိုရမ်ကိစ္စရပ်တွေမှာ တတ်ကြွတဲ့ မန်ဘာ၊
- ဖိုရမ်မှာတတ်လာတဲ့ error တွေကို အကုန်နီးပါးမဟုတ်တောင် ကူညီပေးနိုင်တဲ့ မန်ဘာ၊
- နည်းပညာနဲ့ဆိုင်တဲ့ ဆွေးနွေးချက်တွေမှာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးပေးနိုင်တဲ့ မန်ဘာ၊
- ဆွေးနွေးချက်တွေကို ကိုယ်တိုင်ဦးဆောင်နိုင်စွမ်းမရှိပေမယ့် ၀င်ရောက်မေးမြန်းပြီး စကားဝိုင်းတွေကို မြိုင်ဆိုင်စေတဲ့မန်ဘာ၊
- ဖိုရမ်အတွက် အသစ်အသစ်သော software & ebook တွေ၊ သတင်းတွေကို တင်ပေးနိုင်တဲ့ မန်ဘာ၊
- TuT နဲ့ တွေကိုမှန်မှန်အသက်သွင်းပေးနိုင်တဲ့ မန်ဘာ၊
- ကဏ္ဍတိုင်းအလိုက် Feedback ပေးမယ့် မန်ဘာ၊ (followup လုပ်ပေးမယ့် မန်ဘာမျိုး)
တကယ်တော့ Member ဆိုတာ Forum တစ်ခုရဲ့ အသက်ပါ။
ကျနော် အပေါ်မှာ ပြောသလိုဘဲ System အသစ်နဲ့ Forum ကို ၂ ခြမ်းခွဲပေးလိုက်မယ် ဆိုရင်တော့ လူတန်းစား ၂ မျိုး ၊ သူ့အလိုလို ကွဲသွားပါလိမ့်မယ်။
Professional ဖြစ်ချင်တဲ့ ၊ ဖြစ်အောင်လုပ်နေတဲ့ ၊ ဖြစ်ပြီးတဲ့ သူတွေက သပ်သပ် ။ Normal User (Internet ဘဲ သုံးပြီးတော့ Professional မလုပ်မယ့် User) ဆိုပြီးတော့ပေါ့
အဲဒီ့ ၂ မျိုးကမှ ထပ်ကွဲရမှာက အစ်ကို ပြောခဲ့တဲ့ Member အမျိုးအစားတွေဖြစ်ပါတယ်။
mars wrote:အားလုံးဆီက တောင်းပန်တယ်.. အားနာတယ်... ဆိုတာမျိုးထက် ကျနော်လိုချင်မိတာက ငါကတော့ဖြင့် ဘယ်အပိုင်းတွေကိုရတယ် ငါကူမယ် .. ဘယ်လိုအချိန်မျိုးတွေ ဘယ်လိုရက်မျိုးတွေမှာ အတတ်နိုင်ဆုံးဖိုရမ်မှာ ငါရှိနေပြီး ဖိုရမ်အတွက်လုပ်ပေးမယ်ဆိုတာမျိုးတွေကို တာဝန်ယူပေးမယ့် စကားမျိုးလေးတွေ ကြားချင်မိတာပါ... ဒါမှလည်း ကျနော် စိတ်ကူးမိတဲ့ ဖိုရမ်တစ်ခုဖြစ်လာမယ်ထင်တာပဲ....
ဟုတ်ပါတယ်ဗျာ။ ကျနော်လည်း အမြဲတမ်းပြောတဲ့ စကားဖြစ်ပါတယ်။
အခုကတော့ တစ်ခုခုမပြောလိုက်နဲ့ ၊ ပြောလိုက်တာနဲ့ တောင်းပန်တယ် ၊ အားနာတယ် ၊ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ အကြောင်းအမျိုးမျိုးထွက်လာကြတယ်ဗျ။
အဓိကကတော့ အပေါ်က ကျွန်တော်ပြောခဲ့သလိုဘဲ ၊ မေးခွန်းတွေကို မေးပါ၊ မေးရင်လည်း တန်ဖိုးရှိမယ့် စကားမျိုး ၊ မေးခွန်းမျိုးကိုဘဲမေးကြပါ။
ပြန်ဖြေမယ့်သူတွေက အဆင်သင့်ရှိပြီးသားဖြစ်ပါတယ်။ မေးဖို့နဲ့ သူတို့ရေးထားတာတွေ မျှဝေထားတာတွေကို ပြန်ဆွေးနွေးကြဖို့ဖြစ်ပါတယ်။