Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
အင်္ဂလိပ်စာလေ့လာလိုသူများအတွက် ဗြိတိသျှကောင်စီမှ နာရီပေါင်း ၆ဝဝ ကျော်ရှိ interactive အင်္ဂလိပ်စာသင်ခန်းစာများကို အချိန်မရွေး အခမဲ့လေ့လာနိုင်သည့် British Council Online English Suite အား အင်တာနက်ပေါ်တွင် ဖြန့်ဝေလိုက်သည်ဟု သတင်းရရှိပါသည်။

အဆိုပါသင်ခန်းစာများတွင် pre-intermediate မှ upper-intermediate အဆင့်အထိ အစဉ်အတိုင်း ဆက်၍လေ့လာနိုင်သော သင်ခန်းစာခြောက်ခုပါဝင်ပြီး Cambridge FCE စာမေးပွဲဖြေကြားရန် သင်ခန်းစာဖြင့် အဆုံးသပ်ထားပါသည်။ ၎င်းအပြင် အဆိုပါသင်ခန်းစာများဟာ နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ စာမေးပွဲများဖြစ်တဲ့ ESL, ESOL, IELTS နဲ့ TOEFL ဖြေဆိုရန်ရှိသူများအနေနှင့် ကြိုတင်ပြင်ဆင်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

ဗြိတိသျှကောင်စီမှ online အင်္ဂလိပ်စာ သင်ခန်းစာများ အခမဲ့ဖြန့်ဝေ [Local News] Alison

သင်ခန်းစာအားလုံးအား မိမိကိုယ်တိုင် ကြိုက်နှစ်သက်တဲ့အချိန်တွင် လေ့လာနိုင်ပြီး သင်ခန်းစာတစ်ခုတွင် module ခြောက်ခုပါဝင်ကာ module တစ်ခုတွင် unit ၅ ခု ပါဝင်ပါတယ်။ သင်ခန်းစာတိုင်းတွင် သင်ယူသူများ၏ ဘာသာစကား ပိုမိုကျွမ်းကျင် ပြေပြစ်စေရန်နှင့် ရှင်းလင်းစွာ နားလည်နိုင်စေရန် အပြင်တွင် native speaker များနှင့် အပြန်အလှန် အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုဆက်ဆံလျှင် လက်တွေ့ တွေ့ကြုံရမည့် အခြေအနေများနှင့်အတူ မိမိ၏နားလည်တတ်မြောက်မှုကို စစ်ဆေးပေးသော လေ့ကျင့်ခန်းများစွာလည်း ပါဝင်ပါသည်။

"ဒီသင်ခန်းစာတွေရဲ့အားသာချက်က အခမဲ့သုံးလို့ရတယ်၊ pre-intermediate ကနေ upper-intermediate အဆင့်အထိ သင်ခန်းစာတွေ စုံစုံလင်လင်ပါတယ်၊ သင်ကြားသူအဆင်ပြေတဲ့အချိန်မှာ အသုံးပြုနိုင်တယ်၊ Forum စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးလို့ရတယ်။ မျက်နှာချင်းဆိုင်သင်ကြားပေးတဲ့ အင်္ဂလိပ်စာသင်တန်းတွေကို မတက်နိုင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခုပါပဲ။" ဟု ဗြိတိသျှကောင်စီ သင်ကြားရေးဌာနမှ လက်ထောက်မန်နေဂျာ Jill Turner မှပြောပြပါသည်။

"ဒါပေမဲ့ online course ဖြစ်လို့ သင်ယူသူတွေအတွက် အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ လိုအပ်ချက်အတိုင်း ဆရာက သင်ရိုးကိုပြင်ပေးတာမျိုး၊ အားပေးနှစ်သိမ့်တာမျိုး၊ စောင့်ကြည့်စစ်ဆေးပေးတာမျိုး နဲ့ ရှင်းပြပေးတာမျိုးတွေတော့ ရမှာမဟုတ်ဖူး။ တစ်ဦးထဲသင်တာမျိုးဖြစ်လို့ စကားပြောလေ့ကျင့်တာတို့၊ အခြားသင်တန်းသား၊သင်တန်းသူတွေနဲ့ ထိတွေ့ဆက်ဆံရတာတို့ မိတ်ဖွဲ့နိုင်တာတို့လဲမရှိဖူးပေါ့။ တော်တော်များများက စကားပြောတတ်ချင်လို့ အင်္ဂလိပ်စာသင်တန်းတွေတက်ကြတာလေ။ ဒါမျိုးတွေက ဗြိတိသျှကောင်စီ သင်ကြားရေးဌာနမှာ မျက်နှာချင်းဆိုင်သင်ကြားပေးတဲ့ သင်တန်းတွေရဲ့ အဓိက အားသာချက်တွေပါပဲ။" လို့ သူ့အမြင်ကိုရှင်းပြပါတယ်။

British Council Online English Suite အားအသုံးပြုလိုပါက
Code:
 http://alison.com/publishers.php?publisher=British%20Council
သို့ ဝင်ရောက် အသုံးပြုနိုင်ပါသည်။

Read more: ဗြိတိသျှကောင်စီမှ online အင်္ဂလိပ်စာ သင်ခန်းစာများ အခမဲ့ဖြန့်ဝေ - Myanmar Network
Code:
 http://www.myanmar-network.net/page/online-1#ixzz11VWhGurL
သို့ ဝင်ရောက် အသုံးပြုနိုင်ပါသည်။

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com