Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

solakoko

solakoko
Moderator



Moderator
ဘန်ကောက်-September 28, 2010

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာမီဒီယာ တစ်ခု ဖြစ်သော ဧရာဝတီ သတင်း မဂ္ဂဇင်း (The Irrawaddy) ၏ ပင်မ အင်တာနက် ဝဘ်ဆိုက်ကို ဟက်ကာများ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံရကြောင်း အယ်ဒီတာ ဦးအောင်ဇော်က စက်တင်ဘာလ ၂၇ ရက် တနင်္လာနေ့တွင် အတည်ပြု ပြောကြားလိုက်သည်ဟု The New York Time သတင်းဌာနက ဖော်ပြခဲ့သည်။

Distributed denial of service (DDOS) ဟုခေါ်သော ဟု ခေါ်ဆိုသော ဝဘ်ဆိုက်တစ်ခုလုံး၏ လုပ်ဆောင်ချက်များ ရပ်တန့်သွားအောင် တိုက်ခိုက်သည့် အင်တာနက် အခြေပြု တိုက်ခိုက်မှုကို တနင်္ဂနွေနေ့ သန်းခေါင်ကျော်ခန့်တွင် စတင်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် တိုက်ခိုက်သော ဟက်ကာများသည် လွန်ခဲ့သော ၂ နှစ်ခန့်က ဝဘ်ဆိုက်ကို ယာယီ ပိတ်သိမ်းသည့် အထိ တိုက်ခိုက်ခံရသော အကြိမ်တွင် အသုံးပြုခဲ့သော နည်းလမ်းများထက် ပိုမိုခေတ်မှီသော နည်းစနစ်ကို သုံးစွဲထားသည်ဟု သိရသည်။
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ-(၂) [Global News] Ae5f7d216b01654deb5ef4b8934a43c5
DDoS နည်းဖြင့် ဝဘ်ဆိုက်တစ်ခုအား ဝိုင်ဝန်းတိုက်ခိုက်ပုံ နမူနာပုံစံ

အဆိုပါ တိုက်ခိုက်မှုသည် ပြည်တွင်း သို့မဟုတ် မည်သည့် ပြည်ပနိုင်ငံမှ တိုက်ခိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း၊ လတ်တလော ဝဘ်ဆိုက်သို့ လာရောက်သူများကို သတင်းဌာန၏ ပင်မဝဘ်ဆိုက်
Code:
www.irrawaddy.org
အစား အရန်ဝဘ်ဆိုက်သို့ လမ်းကြောင်းပြောင်းလဲ ပေးထားကြောင်း၊ ကျွမ်းကျင် ပညာရှင်များဖြင့် ပင်မဆိုက်ကို မူလအနေအထား ပြန်ရနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ကြောင်း အယ်ဒီတာ ဦးအောင်ဇော်က ပြောကြားခဲ့သည်ဟု သိရသည်။

PatheinCityNews

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com