1 ထမင်းဘူးအရွယ် Desktop PC ပြည်တွင်းဝင်ရောက် [Local News] 29th April 2010, 3:58 pm
mars
Moderator
ထမင်းဘူးတစ်ဘူး အရွယ်အစားမျှသာရှိသော Dell မှထုတ်လုပ်သည့် Inspiron Zino အမျိုးအစား Desktop PC တစ်မျိုး ကွန်ပျူတာဈေးကွက်အတွင်း ၀င်ရောက်လာကြောင်းသိရသည်။အဆိုပါ Desktop PC ၏အရွယ်အစားမှာ အလျား ၈ လက်မနီးပါး၊ အနံ ၈ လက်မနီးပါး၊ အမြင့် ၃ လက်မကျော်နှင့် အလေးချိန်မှာ 1.6kg မျှသာရှိပြီး မော်ဒယ်လ်အမျိုးအစားမှာ Dell Inspiron Zino 400 ဖြစ်ကြောင်း ၄င်းကို တင်သွင်းသည့် Dell Authorized Distributor ဖြစ်သော Blu Ray Digital IT Showroom မှ တာဝန်ရှိသူတစ်ဦးကပြောသည်။““အခုဝင်ရောက်လာတဲ့ Dell Inspiron Zino 400 မှာဆိုရင် ထူးခြားချက်အနေနဲ့က High Definition Support လုပ်ပြီး HDMI Connector ပါဝင်တဲ့အတွက် HDMI Port ပါဝင်တဲ့ TV နဲ့ပါတွဲဖက်ပြီး ဗီဒီယိုတွေကို ခံစားကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် SATA နှစ်ခုပါ ပါဝင်ပါတယ်” ဟု ၎င်းကရှင်းပြသည်။၎င်း Desktop PC တွင် AMD Athlon 2850e Processor (1.8 GHz) တပ်ဆင်ပါရှိပြီး Graphics အနေဖြင့် ATI Mobility Radeon HD 3200 ပါဝင်ကြောင်းသိရသည်။ အချက်အလက်သိမ်းဆည်းမှုအတွက် 500GB SATA Hard disk ပါဝင်ပြီး Memory အနေဖြင့် 2GB DDRII 800MHz ပါရှိကာ 8GB အထိ တိုးမြှင့်တပ်ဆင်နိုင်ကြောင်းသိရသည်။ Network ချိတ်ဆက်မှုအတွက် Gigabit LAN, Wireless LAN 802.11 b/g များပါဝင်ပြီး Optical အနေဖြင့် DVD SuperMulti Double Layer ပါရှိသည်။ အဆိုပါ Desktop PC များကို ကျပ်လေးသိန်းဝန်းကျင်ဖြင့် ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: myanmarinternetjournal