Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

thihagyi

thihagyi
MITR New User



ကျွန်တော့်မှာရှိတဲ့ USB (Kingstone 4GB) တစ်ခုက format ချလို့မရလို့ပါ..ကျွန်တော်အပြင်ကကွန်ပြူတာတစ်လုံးမှာသွားသုံးပါတယ် ပြန်ရောက်တော့ကျွန်တော့်ကွန်ပြူတာမှာတပ်တဲ့အခါ USB Security software က virus ရှိတယ်ဆိုပြီးအထဲက file တစ်ချို့ ကို delete လုပ်ခိုင်းပါတယ် အဲ့ဒါနဲ့ ကျွန်တော်လည်းသူပြောတဲ့အတိုင်း delete လုပ်လိုက်တာ အဲ့ဒီမှာပြဿနာစတော့တာပါပဲ အဲ့ဒီ usb pendrive ကိုဖွင့်လို့ကိုမရတော့ပဲ သူ့ကိုဖွင့်ရင် format လုပ်ခိုင်းတော့တာပါပဲ format လုပ်ရင်လည်း လုပ်လို့မရပဲ write protect ဆိုပြီး format ချလို့မရပဲဖြစ်နေပါတယ်..အဲ့ဒါနဲ့ ကျွန်တော် write protect ကို registry ထဲကနေသွားပိတ်လိုက်ပါတယ် ဒါပေမယ့် format ကိုရိုက်လို့ုိမရဘူးဖြစ်နေတယ်.. ကွန်ပြူတာထဲမှာလည်း သူက Removable Disk ဆိုပြီးပဲပေါ်ပါတယ်ခင်ဗျာ..open လို့ရှိရင် format ချခိုင်းတယ်..format ချရင်လည်းချလို့မရပါဘူး.. ကျွန်တော်ကွန်ပြူတာကြောင့်လားဆိုပြီး ဒီပြင်ကွန်ပြူတာနှစ်လုံးမှာလဲ သွားလုပ်ကြည့်ပါတယ် ဒါပေမယ့်မရဘူးဖြစ်နေလို့ပါ..ဒီထဲက hardware အကြောင်းနားလည်တဲ့ညီအကိုတွေ သိရင်ပြောပြပေးပါဦးခင်ဗျာ.. ကျွန်တော်အွန်လိုင်းမှာလည်းရှာကြည့်ပါတယ် မတွေ့ဘူးဖြစ်နေလို့ပါ..။



Last edited by Fox on 6th August 2011, 1:09 am; edited 4 times in total (Reason for editing : TEMPORARY PLACE မှ ့HARDWARE PROBLEM သို ့ပြောင်း)

solakoko

solakoko
Moderator



Moderator
ဒီလိုလုပ်ကြည့်ပါဦးလား
run>cmd>format/x E:

or

run>cmd>convert E: /fs:ntfs


E: နေရာမှာ drive name ပေါ့ဗျာ
ကြားဖူးနားဝပြောကြည့်တာ
အဆင်မပြေရင် ပြန်ပြောနော်
hardware ကျွမ်းကျင်တဲ့သူတွေရှိမှာပါ
ပြောပြလိမ့််မယ်

thihagyi

thihagyi
MITR New User



မရဘူးခင်ဗျ ကျွန်တော်အကိုပြောသလိုလုပ်ကြည့်ပါတယ် FAT32 (default) နဲ့ တော့ရပါတယ် ဒါပေမယ့် error ပြန်တက်တယ်ခင်ဗျ NTFS နဲ့လည်းမရဘူး လုပ်ပါဦး [You must be registered and logged in to see this image.] ဖြေကြားပေးတဲ့အကို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျ။

sHa92

sHa92
Founder



Founder
/-tt@Ck3r ပြောတဲ့ Diskmgmt.msc ကနေ Format ချကြည့်ပြီးပြီလား

မရရင်တော့ Format ချတဲ့ Software တစ်ခုခုရှာကြည့်ပေးမယ်လေ။

http://www.myanmaritresource.info

thihagyi

thihagyi
MITR New User



ကျွန်တော်လုပ်ကြည့်ပါတယ်ခင်ဗျာ Disk Management က not responding ဖြစ်သွားတယ်ခင်ဗျ [You must be registered and logged in to see this image.]

ကျွန်တော်သတိရပြီ ဟိုရက်ကအွန်လိုင်းမှာ Data Doctor Recovery - Pen Drive ဆိုတဲ့ကောင်ကိုကျွန်တော်တွေ့လို့ download လုပ်ပြီး run တော့ ကျွန်တော့်ဆီကို Norton က virus Alert တက်လာတယ်ခင်ဗျ အဲ့ဒါတော့ ရှိတယ် အကြံပေးကြပါဦး

C0D3R

C0D3R
MITR Master



MITR Master
xy explorer လိုသုံးပြီးအရင်ဖွင်ရင် hidden ဖြစ်နေတဲ့ virus တွေပေါ်လာမယ်

ဒါမှ antivirus ကသတ်မှာ

http://www.myanmaritresource.info

thihagyi

thihagyi
MITR New User



ဂွပြီ ကျွန်တော့် antivirus ကကုန်လုံးကိုအစဖျောက်ပစ်လိုက်တယ် [You must be registered and logged in to see this image.] download ဆွဲပြီး run တော့ သူကဒေါင်းလုပ်ဆွဲထားတဲ့ဖိုင်ရော အကုန်လုံးဖျက်ပစ်လိုက်တယ်.

satsoepiang

satsoepiang
MITR Reader



MITR Reader
သင့် usb ကို တရုတ်ကလာတဲ့ mp4 တွေမှာ ပါတဲ့ software နဲ့ formet ချကြည့်ပါလား။
ဒါပေမယ့် ခဏခဏတော့မကောင်းဘူး။ တစ်ခါတစ်လေspace တွေနည်းသွားတတ်တယ်။

ဇေယျာ

ဇေယျာ
MITR New User



အကိုရေ HDD Low Level Format Tool နဲ ့ချကြည် ့ပါလား။ ပြီးရင် Windows ကနေပြီးတော် ့ Format ပြန်ချ

ကြည် ့။ ကျွန်တော် ကအဲဒီဟာလေးနဲ ့အဆင်ပြေဘူးလို ့နော်... Razz


HDD Low Level Format Tool
Code:
http://hddguru.com/download/software/HDDGURU-Low-Level-Format-Tool/LLFsetup.2.36.1181.exe



Last edited by Fox on 6th August 2011, 1:06 am; edited 2 times in total (Reason for editing : code*)

thihagyi

thihagyi
MITR New User



ကိုဇေယျာပြောသလိုလဲကျွန်တော်လုပ်ကြည့်ပါတယ် မရသေးပါဘူးခင်ဗျ.. ကို satsoepiang ပြောသလိုလုပ်ဖို့ကျတော့အဲ့ဒီ software ကို ကျွန်တော်မသိတော့ဘယ်လိုရှာရမှန်းလဲမသိပါဘူး Sad
အခုလိုဝင်ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဖိုးသား

ဖိုးသား
MITR Reader



MITR Reader
အစ်ကိုရေ usb နဲ့ပတ်သတ်လို့ညီသိသမျှလေးပါ

USB - stick ထိုးမရခြင်းနှင့်ဖြစ်တက်တာလေးများ

[You must be registered and logged in to see this link.]

စက်မှာ USB PORT ကို အသုံးပြုလို ့မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်
တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ ့ပြီဆိုရင် Universal serial
bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….

[You must be registered and logged in to see this link.]

USB PORT ကို သုံးလို ့မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….
ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

[You must be registered and logged in to see this link.]

USB ရှေ့ပေါက် motherboard ပေါ်က ကြိုးကို ထိထိမိမိ သေချာတပ်ရဲ့လား/တခါတခါ ကြိုးလွတ်နေလိုdetected
မရတာဖြစ်နိုင်ပါတယ်..ဒါကြောင့် USB ကြိုးကိုသေချာစစ်ကြည့်လိုက်ပါ။

[You must be registered and logged in to see this link.]

usb port ကို registry ကနေပိတ်ထားတာလဲဖြစ်နိုင်တယ်…

start>run>regedit>
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor ကို
ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာပါလိမ့်မယ်။ Value တန်ဖိုးက
default ဆိုရင် (3) ပါ။ တန်ဖိုးကတစ်ခုခုဖြစ်နေတယ်ဆိုမူလတန်ဖိုး(3)ကို
ပြောင်းထားပေးလိုက်ပါ…

[You must be registered and logged in to see this link.]

ကိုယ့်စက်မှာပဲဖြစ်ဖြစ် သူများစက်မှာပဲဖြစ်ဖြစ် usb အသုံးပြုတဲ့အခါတိုငး် virus စစ်ဖို ့လိုပါမယ်..ဘာလို့လဲဆိုရင်
အဲကနေပဲအဝင်များဆုံးပါ။ဒုတိယကကျွှန်တော်တို့ internet ကနေ software ဒေါင်းလိုက်တိုင်းမှာ vrius ဆိုတာ
ကဖိုင်လေးတွေနဲ့ကပ်ပါလာတက်ပါတယ်ဗျ။

stick ထဲမှာပြည့်နေရင်လည်းလက်မခံဘူး…မလိုအပ်တဲ့ ဖိုင်တွေကိုဖျက်ပြီးမှထည့်သင့်တယ်….

Stick ကကောင်းပါရက်နဲ ့usb port ကအလုပ်မလုပ်တာ usb port ကအလုပ်လုပ်ပါရက်နဲ ့stickကမကောင်းတာ
ရင်တခြားသောကွန်ပျူတာတွေမှစမ်းသပ်ကြည့်ပါ…

[You must be registered and logged in to see this link.]

နောက်တစ်ခုက reinstall ဖြစ်နေတာပါ။အဲလိုဖြစ်ရင် install ပြန်လုပ်ပေးပါ။

[You must be registered and logged in to see this link.]

တခါတခါ၀င်းဒိုး driver တွေကြောင့်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.. device manager ထဲက usbdriver detail
ကနေ ခေါ်ကြည့်ရင်သိ်ပါတယ်…driver မတင်ရသေးရင် driver warning တောင်းပါတယ်..motherboard driver
ပြန် run ပေးလိုက်ပါ…(သို ့)usb driver ရှိရင် usb driver ပြန် run ပေးလိုက်ပါ…..

[You must be registered and logged in to see this link.]

USB stick ကိုထိုးလို့ဘာမှကိုမပေါ်ဘူးဆိုရင်တော့ သူ ့ကို virus အရင်စစ်ကြည့်ရမယ်…virus အရင်ရှင်းထုတ်ပြီး
မှ ကိုယ်လိုချင်တဲ့ဒေတာ တွေကို fomat ချရမယ်…တခါတခါကျတော့ fomat ချတာ NTFS file နဲ ့ချ မှရတာမျိုးရှိ
သလို FAT file system နဲ ့ချမှရတဲ ့အခါလည်းရှိပါတယ်..

stick ကဘာနဲ ့format ချမှအဆင်ပြေမလဲလို ့ဆိုတော့NTFS file နဲ့အရင် စမ်းကြည့်ရမှာပဲ …သူနဲ ချလို့မှမရရင်
error message ထုတ်ပေးပါလိမ့်မယ်…အဲဒီအခါကျတော့ FAT file ပေးပြီး format ချကြည့်သင့်တယ်….

ဖိုးသား
[You must be registered and logged in to see this link.]

yanyunchan

yanyunchan
MITR New User



ကျွန်တော်လည်း အလားတူ ပြသ၁နာမျိုး ဘဲ ဖြစ်နေပါတယ်။ ဘယ်လိုမှ Format ချလို့မရပါ။

solakoko

solakoko
Moderator



Moderator
physical ပိုင်း ပျက်တာလဲ ဖြစ်နိုင်ပါတယ်...

အပြင်မှာ နားလည်တဲ့သူတစ်ယောက်ယောက်ကို ပြကြည့်ပါလား..

usb နဲ ့ပတ်သတ်လို ့ ရှင်းပြထားကြတာ တော်တော်စုံနေပြီ ဆိုတော့...

အဆင်မပြေရင် အသစ်သာဝယ်လိုက်ပါ လို ့ Sad

myohein11

myohein11
MITR New User



အကိုတို့ပြောပြတာကျေးဇူးပါခင်ဗျာ
ကျွန်တော် ကပြသနာဖြစ်နေတာလေးရှိလို့ပါ
ကျွန်တော့်stick ကcomputer ထဲကနေ ပြီး်file ကူးထည့်ရင် ၀င်တယ်ဗျ
ဒါပေမယ့် စက်ကဖြုတ်ပြီး ပြန်ဖွင့်ကြည့်တော့file Damage ဖြစ်နေတယ်လို့ပြောတယ်ဗျ
ပြီးတော့်ဖိုင်ထဲမှာ ဘာမှမပါလာတော့ဘူး ဗျ
တခြားစက်မှာသွားစမ်းလဲ အဲ့အတိုင်းပဲဖြစ်နေတယ်
ခင်ဗျ
virus စစ်ကြည့်တော့မတွေ့ဘူးဗျ
အဲ့ဒါဖိုင်တွေကူးလိုက်တိုင်းအဲ့လိုဖြစ်နေလို့
ကူညီ ပေးပါ
အားကိုးပါတယ်ဆရာတို့ ရယ် Embarassed Sad Sad

blackheart

blackheart
MITR New User



myohein11 wrote:အကိုတို့ပြောပြတာကျေးဇူးပါခင်ဗျာ
ကျွန်တော် ကပြသနာဖြစ်နေတာလေးရှိလို့ပါ
ကျွန်တော့်stick ကcomputer ထဲကနေ ပြီး်file ကူးထည့်ရင် ၀င်တယ်ဗျ
ဒါပေမယ့် စက်ကဖြုတ်ပြီး ပြန်ဖွင့်ကြည့်တော့file Damage ဖြစ်နေတယ်လို့ပြောတယ်ဗျ
ပြီးတော့်ဖိုင်ထဲမှာ ဘာမှမပါလာတော့ဘူး ဗျ
တခြားစက်မှာသွားစမ်းလဲ အဲ့အတိုင်းပဲဖြစ်နေတယ်
ခင်ဗျ
virus စစ်ကြည့်တော့မတွေ့ဘူးဗျ
အဲ့ဒါဖိုင်တွေကူးလိုက်တိုင်းအဲ့လိုဖြစ်နေလို့
ကူညီ ပေးပါ
အားကိုးပါတယ်ဆရာတို့ ရယ် Embarassed Sad Sad
ညီလေး အဲ့ဒါက stick အမျိုးအစားညံလို့ဖြစ်တာပါ အကို SONY stick အမျိုးအစား တစ်ခုသုံးဖူးတယ် ဖိုင်တွေပျက်ပျက်သွားလို့ Warranty ကာလအတွင်းမို့ ဆိုင်မှာပြန်လဲတယ် သူတို့က လဲ SONY အမျိုးအစားဘဲ ပြန်ပေးလိုက်တယ် ပြန်သုံးကြည့်တော့ပြန်ဖြစ်တာဘဲ နောက်ဆုံးမသုံးတော့ဘဲ ထားလိုက်ရတယ် Warranty ကျန်သေးတယ်ဆိုရင် ဆိုင်မှာအမျိုးအစားကောင်းတာလေး တစ်ခုနဲ့ပြန်လဲပြီး သုံး
လိုက်ပါ။ Verbatim နဲ့ Sandisk stick အမျိုးအစားတွေက ဒီပြဿနာမျိုး သိပ်မတွေ့ရဘူး အမျိုးအစားကောင်းတာလေး ဝယ်သုံးပါလို့ အကြံပြုပါတယ်။

htaylwino

htaylwino
MITR New User



ကျွန်တော် တခုလောက်မေးပါရစေ ဗျာ ကျွန်တော့် USB stick က အကောင်းပါဗျာ free space လဲရှိပါတယ်
ဒါပေမယ့် ဘာဖိုင် မှ ကိုသွင့်လို့မရဘူးဖြစ်နေတယ် ကူညီကြပါဗျာ ရှိပြီးသားဖိုင်တွေကတော့ဖွင့်လို့ရနေပါသေးတယ် နောက်ထပ်သွင်းတဲ့ဖိုင်တွေ က ခုသွင်းခုပျောက် ဖြစ်နေတယ် 4GB ပါ ကျွန်တော် နားမလည်တော့လို့ကူညီကြပါဗျာ

rat

rat
MITR Reader



MITR Reader
အတွေ့အကြုံကို share လိုက်ပါတယ်
၁. Detect ရပါတယ် Properties ခေါ်ကြည့်ရင် size လဲမြင်ရပါတယ် error : ဘာ ဒေတာ မှသွင်းလို့မရတော့ပါဘူး ဒါဆိုရင် Memory write protect ဖြစ်သွားတာပါ
၂. Detect ရပါတယ် Properties ခေါ်ကြည့်ရင် size လဲမြင်ရပါတယ် Data copy/paste လဲရတယ် ပြီးရင်ပြန်ဖွင့်ကြည့်ရင် Data corrupt or File damage ဖြစ်နေရင် Memory ကို control လုပ်ပေးတဲ့ Firmware ကြောင်နေပါဘီ
၃. USB stick ထိုးလိုက်တိုင်း Format တောင်းပါတယ် Format ရိုက်လဲအဆင်ပြေပါတယ် data ထဲ့တော့လဲရတယ် ပြန်ထုပ်ပြီး ပြန်တပ်လိုက်ရင် Format ပြန်တောင်းပါတယ် ဒါဆိုရင် Memory sector ပျက်တာပါ
၁ နဲ့ ၂ error ဆိုရင် ၀ဲလိုက်ပါတော့ အသစ်ဝယ်လိုက်ပါ ၃ ဆိုရင်တော့ ရနိုင်ပါသေးတယ်

တခြားError တွေရှိနိုင်ပါသေးတယ် ဖြေရှင်းနည်းတွေလဲအများကြီးပါဘဲ မရဖို့က ပိုများပါတယ် Laughing စိတ်ဒတ်မကျပါနဲ့

USB နဲ့ပတ်သက်ပြီး Problem မဖြစ်အောင်
၁. Stick ကိုစက်မှာအကြာကြီးတပ်မထားပါနဲ့ (မလိုအပ်ပဲ)
၂. Safety Remove နဲ့သာဖြုတ်ပါ မရရင် computer shutdown ချပြီးမှဖြုတ်ပါ
၃. Computer front penal မှာမတပ်ပါနဲ့ MB မှာ cable မှားတပ်ထားရင် Power ပြောင်းပြန်ဆီးပြီးပျက်တပ်ပါတယ်
၄. DATA ကိုဘယ်တော့မှအပြည့်မထဲ့ပါနဲ့
၅. အသစ်ဝယ်ဖို့ကိုဘယ်တော့မှမနှစ်မျောပါနဲ့ Razz

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com