Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
Bangkok မှာ ကျောင်းတက်မယ် .

အချိန်ပြည့်၊ (သို့) Bangkok မှာ ကျောင်းတက်မယ့် ကျောင်းသားတွေဟာ Bangkok
မြို့ရဲ့ တိုးတက်နေတဲ့ အလှနဲ့ ရှေးဆန်တဲ့ ယဉ်ကျေးမှုတွေကို အံ့ဩဘွယ်ရာ
တွေ့ကြုံရမှာ ဖြစ်ပါတယ်။ Bangkok မြို့မှာ Mahidol, Chulalongkorn,
Thammasat, Silpakorn, Kasetsart နှင့် the Asian Institute of
Technology စသည့် တက္ကသိုလ် အများအပြားရှိ ပါတယ်။ ထို့အပြင် အခြားသော
private universities နှင့် Technical Institute များလဲ
အခြေစိုက်ရာနေရာဖြစ်ပါတယ်။

အိမ်ငှားရန်နှင့် နေထိုင်ဖို့ .

Bangkok မြို့ရဲ့ကျောင်းတော်တော်များများအနီးတွင် International Student
များအတွက် တစ်လလျှင် Thai Baht 2500 မှ 6000 ထိရှိသော အိမ်ခန်း
အမြောက်အများကို အလွယ်တကူရှာဖွေနိုင်ပါလိမ့်မည်။ ထိုအိမ်ခန်းများ၏
အနီးတွင် ဆေးခန်း၊ အ၀တ်လျှော်ရန် နေရာ၊ ဆံသဆိုင်၊ စတိုးဆိုင်၊ Internet
Cafe နှင့် စားသောက်ဆိုင်များကို အလွယ်တကူရှာဖွေ တွေ့ရှိနိုင်ပါသည်။

အခုမှ Bangkok တွင် ကျောင်းတက်မည့်သူများအတွက်ကတော့
အိမ်ခန်းကောင်းကောင်းနှင့် ဈေးပေါပေါရရှိစေရန် ပထမဦးစွာ
ကျောင်းနားတွင်ရှိသော Hotel များတွင် ရက်အနည်းငယ်ခန့် နေသင့်ပါသည်။ ထို
Hotel များသည် တစ်ညကို Baht 500 ခန့်နှင့် ရရှိနိုင်ပြီး မနက်စာပါ
ပါဝင်ပါသည်။ ကျောင်းစတက်သော အချိန်ရောက်မှ ကျောင်းရှိသူငယ်ချင်းများ၏
အကူအညီကိုယူပြီး အိမ်ခန်းများစွာထဲမှ ဈေးသင့်တော်ပြီး မိမိနှင့်
အဆင်ပြေမည့် အိမ်ခန်းကို သေချာစွာရွေးချယ်သင့်ပါသည်။

အိမ်ခန်းများကို ငှားရမ်းရာတွင် အခန်းခကိုလည်း ပေးချေနိုင်ပါသည်။ သို့သော
ဖုန်းခ၊ မီတာခနှင့် ရေသုံးစွဲခတို့မှာ အိမ်ခန်းငှားခတွင် မပါဝင်ပဲ
မိမိသုံးစွဲသည့် ပမာဏ ပေါ်မူတည်၍ ပေးချေရမည်ဖြစ်ပါသည်။ Apartment Complex
တစ်ခုတွင် အိမ်ခန်းပေါင်း ရာနှင့်ချီ၍ ရှိနိုင်ပါသည်။ အိမ်ခန်းတစ်ခုတွင်
အိပ်ခန်း၊ ရေချိုးခန်း နှင့် ၀ရန်တာ တို့ပါရှိပါသည်။ အိမ်ခန်းများတွင်
ဖုန်းကို လိုင်းခွဲဖြင့် အသုံးပြုရသဖြင့် dial up ဖြင့် Internet
သုံးမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါ။ ADSL လိုင်းရှိပြီးသား
အိမ်ခန်းများကို ရွေးချယ်ရန် အကြံပြုပါရစေ။ ADSL အသုံးပြုခမှာ တစ်လလျှင်
Baht 650 မှ 700 ထိရှိနိုင်ပါသည်။

နေထိုင်မှုအတွက် ကုန်ကျစရိတ် .

နေထိုင်မှုအတွက် ကုန်ကျစရိတ်များမှာ တစ်ဦးချင်းစီ၏ နေထိုင်မှုပေါ်တွင်
မူတည်ပြီး များစွာပြောင်းလဲနိုင်ပါသည်။ နေထိုင်မှုနှင့်
စားသောက်စရိတ်အတွက်ကိုတော့ ပြည်တွင်း ကျောင်းသားများထံမှ
မေးမြန်းသင့်ပါသည်။ ကျောင်းသားအများ စုသည် အကြံဥာဏ်ပေးဖို့
ဝန်မလေးတတ်ကြပါ။ အောက်ပါဇယားသည် Bangkok တွင် ကျောင်းတက်မည့်
ကျောင်းသားများ အတွက် ခန့်မှန်းချေ ကုန်ကျစရိတ်ဖြစ်ပါသည်။


နေထိုင်စရိတ်


150,000 THB / Year

အိမ်ခန်းငှားရမ်းခ (ကျောင်းပြင်)



180,000 THB / Year

ကားခနှင့် သွားလာစရိတ်


18,000 THB / Year

သွားလာစရိတ်


15,000 THB / Year

အထက်ပါ ကုန်ကျစရိတ်ဖြင့် Bangkok တွင်အေးဆေးလွယ်ကူစွာ နေထိုင်နိုင်ပြီး
ကျောင်းပိတ်ရက်များတွင် နေရာတော်တော်များများကို
သွားရောက်လည်ပတ်နိုင်ပါသေးတယ်။

သောက်သုံးရေ .

မြို့တော်ရေပေးစနစ်မှ ရေများကို မသောက်သုံးရပါ။ ဘေးကင်းရန်
ထိုင်းလူမျိုးများ ကျင့်သုံးလေ့ ရှိသည့်အတိုင်း ဈေးဆိုင်တိုင်းတွင်
ရောင်းသော ရေပုလင်းများ ကိုဝယ်ပါ။ Bangkok တွင် သောက်သုံးရေများကို
ဝယ်ရာတွင် အလွန်လွယ်ကူပြီး ဈေးနှုန်းလည်း သက်သာပါသည်။

အစားအစာ .

ထိုင်းအစားအစာများကို စားဖူးထားလျှင် Bangkok သို့ရောက်သောအခါ တကယ့်
ထိုင်းအရသာစစ်စစ်များကို ခံစား ရတော့မည်။ အဓိကအစားအစာမှာ ဆန်ဖြစ်ပြီး
အစားအစာ မျိုးစုံနှင့် တွဲဖက်စားသုံးကြသည်။ အဓိကအရသာ ၄ မျိုးမှာ အပူ၊
အချဉ်၊ အချို နှင့် အငံ ဖြစ်သည်။ ထိုအရသာများကို
ပေါင်းစပ်လိုက်ခြင်းဖြင့် ထိုင်း အစားအစာများကို ပို၍အရသာ ရှိသွားစေသည်။
တက္ကသိုလ် ပရ၀ုဏ်အတွင်းတွင် အစားအသောက်များသည် ဈေးနှုန်းသက်သာပြီး
ဟင်းတစ်ပွဲလျှင် 15 Baht ခန့်ရှိသည်။

ခင်မင်စွာဖြင့်
ET

http://alinkarnya.blogspot.com/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com