Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
Apple iPad ပြည်တွင်းသို့ ဧပြီလအတွင်း ၀င်ရောက်မည် 2w50c2h

Appleမှ နောက်ဆုံးထုတ်လုပ်လိုက်သည့် iPadကို ပြည်တွင်းတွင် ဧပြီလ ဒုတိယပတ်အတွင်း တင်သွင်းရောင်းချသွားမည်ဟု သိရသည်။
“iPadက အခု Appleကနေ ဧပြီလ၃ရက်နေ့ကစပြီး စတင်ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ ပြည်တွင်းကိုတော့ ဧပြီလ ဒုတိယပတ်အတွင်းမှာ တင်သွင်းရောင်းချဖို့ စီစဉ်ပါတယ်။ ၀ယ်ယူဖို့ အမှာစာတွေရှိတယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တင်သွင်းရတာပိုကောင်းမှာပါ”ဟု i-Shopမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖုန်းနှင့် လက်တော့ပ်၏ ကွာဟချက်ကို ဖြည့်ဆည်းပေးထားသည့် iPadသည် ၉.၇လက်မအရွယ် LCD Displayဖြင့် Multitouchစနစ် အသုံးပြုကာ 3G, 802 11n, Wi-Fi Bluetooth 2.1တို့ ပါဝင်ကြောင်း သိရသည်။ Resolutionမှာ 1024x768ရှိပြီး iPhone Operating Systemကို အသုံးပြုထားသည်။ iPadတွင် Application တစ်ဒါဇင်ကျော်ပါဝင်ပြီး iWork ဗားရှင်းအသစ်လည်း ပါဝင်သည်။ ထို့အပြင် e-bookများကိုဖတ်ရှုနိုင်မည့် အခမဲ့ Applicationများလည်း ပါဝင်ပြီး အီးမေးလ်၊ ဓာတ်ပုံ၊ သီချင်းနှင့် ဗီဒီယိုတို့ကို အလွယ်တကူကြည့်ရှုနိုင်မည် ဖြစ်သည်။ iPadတွင် အသုံးပြုနိုင်သော Applicationပေါင်း 140,000ရှိပြီး 16GB, 32GB, 64GBဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ Appleမှ နောက်ဆုံးထုတ်လုပ်လိုက်သည့် iPad ကို ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Apple အမှတ်တံဆိပ် ပစ္စည်းများ ရောင်းချပေးနေသော ပြည်လမ်းရှိ i-Shop(ဖုန်း- ၅၀၇၄၃၈)တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည် ဖြစ်သည်။

Ref: internetjournal

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com