Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

ET

ET
Moderator



Moderator
ဒါက ကျနော်သူငယ်ချင်း ကိုချိန်ခွင့်ရဲ့ ပိုစ်တစ်ခုပါ
ကျနော်ဒီမှာလာတင်ပြပါတယ် (၀န်ခံတာပါ)

ဒီနေရာမှာ အထွေထွေ network ဗဟုသုတလေးတွေ ၊ အခြေခံလေးတွေကို
ဝေမျှကြပါခင်ဗျာ ။ begineer နားလည်လွယ်လောက်တဲ့ 
အသေးစိတ်ရေးသားချက်လေးတွေနဲ့  ရေးသားသွားပါ့မယ် ။ အဲလိုပြောလိုက်လို့ 
အထင်တော့ မကြီးနဲ့ နော် ။ ကျွန်တော်လဲ လေ့လာဆဲ begineer ပါပဲ [You must be registered and logged in to see this image.]

ကဲ.....ကျွန်တော်သိသလောက်လေးနဲ့  စပြီဗျာ ။

TYPE OF NETWORK

1 . Local Area Network (LAN)
2 . Metropolitan Area Network (MAN)
3 . Wide Area Network (WAN)

1 . local area network

ကွန်ယက်ငယ်လေးပါ ။ အများဆုံး 1024 ပါဝင်ပြီး 900m အထိပဲ ချိတ်ဆက်နိုင်တယ် ။

2.-့  MAN က metropoliton town တွေ city ragne အတွင်းပဲ backbone နဲ့ မချိတ်ထားတဲ့ဟာ ကို Man လို့ ခေါ်တာ ၊

2 . Wide Area Network (WAN)

ကမ္ဘာတ၀န်းနဲ့ ချိတ်ဆက်ခြင်းပါပဲ ။ Internet ဟာ wan ပါပဲ ။

Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ

1 . ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။network cable

ကြိုးတွေဟာ ကြားခံပစ္စည်းတွေပါ ။Metallic Cable ဆိုတဲ့  tv antenna ကြိုးတွေနဲ့ 

Twisted Pair Cableလို့ ခေါ်တဲ့  ဖုံးကြိုးတွေပါ ။ wireless ဆိုတာကတော့  ကြိုးမဲ့ စနစ်ပါ ။

2 . Network Interface Card

ကွန်ပျူတာတစ်လုံးမှတစ်လုံး
သို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network
Medium တွေကို သုံးပြီး Data တွေကိုသယ်ယူကြတာပါ ။

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Network Protocols

(1) TCP/IP

Transmission Control Protocol/Internet Protocol ကိုရဲ့  အတိုကောက်ပါ ။ ခေတ်မီ networking applications တွေမှာ စက်တခုမှတခုသို့  data တွေသယ်ယူရာမှာ ခေတ်မီတဲ့  လုပ်နည်းကိုင်နည်းလိုအပ်ပါတယ် ။




networking ကိုလေ့လာနိုင်သော site


Code:
http://www.freebookcentre.net/Networking/Free-Tcp-Ip-Books-Download.html



Last edited by N@Y Y!N3 on 7th November 2009, 8:11 pm; edited 1 time in total (Reason for editing : လင့်တွင် ကုဒ် ခံခြင်း)

http://alinkarnya.blogspot.com/

C0D3R

C0D3R
MITR Master



MITR Master
အီးဘွတ်လေးများမရှိဘူးလားအစ်ကို
networking နဲ့ပတ်သက်လို့လေ
ရှိရင်တင်ပေးစေချင်ပါတယ်

http://www.myanmaritresource.info

ET

ET
Moderator



Moderator
ကိုမင်းကိုကိုရေ




[You must be registered and logged in to see this link.] ကဏ္ဍမှာ......

Networking နဲ့ ဆိုင်တဲ့ E-Books စာအုပ်လေးတွေရှိပါတယ်ဗျာ
အဲ့ဒိမှာသွားရောက်ဒေါင်းလော့ လုပ်နိုင်ပါတယ်ဗျာ
လင့်ကတော့ ဒီမှာပါ
Code:
http://www.myanmaritresource.info/networking-e-books-f20/



Last edited by N@Y Y!N3 on 7th November 2009, 8:12 pm; edited 2 times in total (Reason for editing : လင့်တွင် ကုဒ် ခံခြင်း)

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Network နှင့်ပတ်သတ်၍...


Networking ( Microsoft )

ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။

[You must be registered and logged in to see this image.]


နောက်တ ခုကတော.
RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။

[You must be registered and logged in to see this image.]




ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော.
A Type (ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ.
B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။

[You must be registered and logged in to see this image.]



ဒီ၂ ခုအကြောင်း တရားကိုပဲ အရင်ရှင်းရရင် ...

ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။
ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။


အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။



နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေါတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။

[You must be registered and logged in to see this image.]

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator

Switch ရဲ.သဘော
တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ
။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ့ အိမ်နံပါတ်ဘယ်လောက် ၊
ဘယ်လောက်ကို လာတဲ့ဧည့်သည် က ကိုယ့်ဘာသာ ကိုယ်ရှာပြီး သွားလို့ရအောင်
ပြထားတဲ့သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော့ Switch နဲ့ကွာခြားချက်တွေရှိပါတယ် ။ သူ့မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို့အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော့ ရောက်ရှိလာတဲ့ နက်ဝက် ရဲ့ Speed ကို ပြန်ပြီး Routing အနေနဲ့ တိုးပေးပါတယ် ။ အဲဒီအတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော့ ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို့မူများရှိရင်တော့ မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ့ဧည့်သည် ကို အိမ်တိုင်ရာရောက်လိုက်ပို့ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။

[You must be registered and logged in to see this image.]



ဒါဆိုရင် Network Card , Switch , Router တွေရှိတာနဲ. အားလုံးတတ်ဆင် ပြီးတာ နဲ. Network ရသလားဆိုတော. မရနိုင်သေးပါဘူး ။ ကားတစီးကို အားလုံးတတ်ဆင်ပြီးတာ နဲ. ကားက ၀ူးကနဲမထွက်သွားပါဘူး ၊ ကားကို မောင်နှင် နိုင်မဲ့သူရှိမှ အဆင်ပြေမှာပါ ။ အဲအတွက် ကွန်ပြူတာ အချင်းချင်းမှာလဲ နားလည်အောင် လုပ်ကိုင်ပေးမဲ့သူ Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Internet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
စသဖြင့် Protocol တွေလိုအပ်လာပါတယ် ။ Protocol ဆိုတာက ကွန်ပြူတာတွေ အချင်းချင်း ဆက်သွယ်ရာမှာ လုပ်ဆောင်ကြရမယ် rule တွေလို့ပဲကျနော် သဘောပေါက်ထားပါတယ် ။ ဆော့ဝဲရေးသားထားသူ အပေါ်မှာ မူတည်ပြီး Protocol အများအပြားရှိနေမှာပါ ။ အခု အသုံးပြုမှုအများဆုံးနဲ့အသုံးဝင်ဆုံး Protocol ကတော့ TCP/IP Protocol ပဲဖြစ်ပါတယ်။

[You must be registered and logged in to see this image.]



http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
Transmission Control Protocol (TCP)

TCP အကြောင်းကတော. သူ.မှာလုပ်ဆောင်ရမဲ. လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ် ။ (မှတ်ချက် ။ ကျနော. ဆရာ ကိုရဲထွန်းအောင် ကျနော.ကို ဥပမာပေးပြီး အင်းလေးဆားဗစ် တခုမှာ ရှင်းပြခဲ.တာကို အခုထိ မှတ်မိပါသေးတယ် ။ သူရှင်းသလိုပဲ ပြန်ရှင်းလိုက်မယ်ဗျာ ( ကျေးဇူးပါ ဆရာ) ။ ) ကျနော်တို. ကုန်တင်ကားကြီး ကို တခြားနယ်တခု လေယာဉ်ပြန်နဲ.ပို.ချင်တယ်ဆိုပါစို.ဗျာ ။ ဒါပေမယ်. လေယာဉ်ပျံက ကားတစီးလုံးကို သယ်နိုင်လောက်တဲ. အရွယ်အစား မရှိဘူး အဲ.တော. ကျနော်တို.အနေနဲ. ဘယ်လိုပို.ရမလဲ ။ ရှင်းပါတယ် ။ အမှတ်စဉ် အရည်အတွက် ရယ် ၊ ပါဝင်မဲ. ပစ္စည်းအပိုင်း နေရာရယ် (ဥပမာ . ကားဘောဒီဆို ဘောဒီ ၊ ကားစက်ပိုင်းဆို ကားစက်ပိုင်း ) တခုထားပြီး ကားပစ္စည်းတခုခြင်းစီ ဖြုတ်ပြီး ပို.ပေါ. ။ အဲ.တော. ( အမှတ်စဉ် ၊ အမျိုးအစား ၊ ပစ္စည်း ) ပာိုရောက်တော.မှ အမှတ်စဉ် အတိုင်း သူ.နေရာနဲ.သူ ပြန်ကောက်တတ်လိုက်ယုံ ပဲလေ ။ ဒီလိုပါပဲ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ပို.ဆောင်လို.အဆင်ပြေမဲ. အပိုင်းငယ်လေးတွေ ပိုင်းပြီး ပို.ဆောင်ရတဲ. တာဝန်ကို TCP ကလုပ်ဆောင် တာပါ ။ အဲ.ဒါကို segmentation လို.လဲခေါ်ပါတယ်။ ဒါက အစိတ်အပိုင်းလေးတွေ ပိုင်းထားတဲ. အချိန်ပဲရှိပါသေးတယ် ။

အမျိုးအစား(နေရာ)တွေရေးဖို. နေရာမှာတော. TCP header ကအလုပ်လုပ်မှာပါ ။သူ.နောက်မှာ စောစောက ပိုင်းထားတဲ. Data အစိတ်အပိုင်းတွေလာမှာပါ ။ TCP segment တွေကို အမှတ်စဉ် နံပါတ်တတ်ပေးဖို. လိုလာပြီ အဲ.အတွက် Sequence Number ဆိုတဲ.နေရာနဲ.အမှတ်စဉ် ထည်.ပေးမှာပါ ။ ဒါမှလဲ ပာိုရောက်လို. ဘယ်နေရာဘယ်အပိုင်း ၊ ဘယ်အမှတ်စဉ် လိုတယ် ချက်ချင်းသိပြီး လိုအပ်ရင် ပြန်ပို.လိုရအောင်ပါ ။ အဲ.တော. ( ၊ TCP Header ၊ Segment ) ဆိုပြီး အပိုင်းလေးတွေနဲ. ပို.ဆောင်ဖို.အဆင်သင်.ဖြစ်သွားပါပြီ ။



ပာုတ်ပြီဗျာ .. ကျနော်တို. ပို.ဆောင်ဖို.အတွက် အရာတွေအားလုံး ထုတ်ပိုးလို.ပြီးသွားတဲ. အချိန်မှာ ကျနော်တို. ဘယ်ကို ပို.မှာလဲဆိုတာ ကလိုအပ်လာပါတယ် ။ အင်းလေးလား ၊ တောင်ကြီးလား ၊ မန္တလေးလား ၊ ပြင်ဦးလွင်လား ။ ဘယ် အရပ်ဒေသ ကို ပို.ဆောင်မှာလဲ ??? ။ ဘယ်သူကကျနော်တို. ပို.မဲ. ပစ္စည်းတွေကို လက်ခံယူထားမှာလဲ ??? ။ ရှင်းပါတယ် ။ ပို.ချင်တဲ. နေရာ နဲ. လက်ခံမယ်.သူ နံမည်ကို ထည်.ပေးလိုက်ယုံပါပဲ ။

Internet Protocol ( IP )

ကွန်ပြူတာတွေမှာလဲ တလုံးကနေ တလုံးကို ဒေတာတွေပို.ဆောင်ဖို.အတွက် သူ.တိုရဲ. ကိုယ်ပိုင် လိပ်စာတွေရှိမှ ဖြစ်မှာပါ ။ ဒီကိုယ်ပိုင်လိပ်စာတွေ ကတော. IP Address တွေဖြစ်လာပါတယ် ။ Data တွေကိုပို.ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး ရလာသော segment ရှေ.မှာ IP header ထည်.ပေးပြီး (တံဆိပ်ခေါင်းတပ်ပေးလိုက်တာပေါ.ဗျာ) အဲ.မှာ source နဲ. destination IP address ပါရှိရမှာပါ ။ ပေးတဲ.သူ ရဲ.နံမယ်နဲ. လက်ခံမဲ.သူရဲ. နံမယ်လိုပေါ. ။ IP header မှာလဲ IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address တို.ပါ ။ အဲ.ဒီလို အပိုင်းလေး အနေနဲ. ဖြစ်သွားပြီးမှ ပေးပို.ခြင်းကို စတင်လုပ်ကိုင် နိုင်မှာပါ ။ အဲ.ဒီလို ပေးပို.တဲ.အစိတ်အပိုင်းကို IP packet ( IP header +Data) လို.ခေါ်ပါတယ် ။ ပါဆယ်ထုတ်ပြီးသား လိပ်စာတတ်ပြီးသား ပေါ.ဗျာ ။

IP address ဆိုပြီးနံမယ် ကိုတော. အင်တာနက်သုံးတဲ.လူတိုင်း နီးပါးသိကျမှာပါ ။ှုIP ADDRESS က ဘာလှဲရှင်းပါတယ် ။ Internet Protocol ရဲ. လိပ်စာ ပေါ.ဗျာ ။ ကျနော်တို. အပြင်မှာ စာပို.တော.မယ်ဆိုရင် စာအိတ်ပေါ်မှာ အိမ်နံပါတ် ၊ လမ်း ၊ ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း ၊ နိုင်ငံ ဘာညာကွိကွ တွေရေးပေးပြီး ပို.ပေးရသလိုမျိုး IP address မှာလည်း internet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေက 32 bit binary ဂဏန်းတွေတွေပါ ။ စက်အချင်းချင်းနားလည်တဲ. ကိန်းဂဏန်းတွေနဲ. ဖော်ပြပေးတာဖြစ်ပြီး လူတွေအသုံးပြုရလွယ်ကူအောင်လို. Decimal ဂဏန်း တွေနဲ. အစားထိုးသုံးပြုပါတယ် ။

1010110100111011 = Binary ဂဏန်း
192 . 168 . 1 . 1 = Decimal ဂဏန်း

Binary ဂဏန်း
[You must be registered and logged in to see this image.]


သူ.မှာ ၀ ရယ် ၁ ရယ်ပဲပါဝင်ပြီး ။ ၀ နဲ. ၁ ကို တလှည်.စီ အသုံးပြုတာဖြစ်ပါတယ် ။
0001 = ၁ ဖြစ်ပြီး 0010 = ၂ ဖြစ်သွားပါတယ် ။ အလားတူစွာ 0011 = ၃ ဖြစ်သွားပါမယ် ။ အသေးစိတ်လေ.လာချင်ရင်တော. [You must be registered and logged in to see this link.] မှာ လေ.လာနိုင်ပါတယ် ။



Decimal ဂဏန်း
သူ.မှာတော. 1st Octet 2nd Octet 3rd Octet 4th Octet ဆိုပြီး အပိုင်း ၄ ပိုင်းပါဝင်ပါတယ် ။
decimal number တစ်ခုစီကို octet တစ်ခုလို.ခေါ်ပါတယ်။ decimal octet ရဲ.တန်ဖိုးက 8 bit ကိုကိုယ်စား
ပြုပါတယ် ။ ကွန်ပြူတာ တွေမှာ နက်ဝက်ကဒ် အတွက် လိပ်စာ သက်မှတ်ပေးတဲ.နေရာမှာလဲ အပြင်လောက လိုမျိုး နေရပ်လိပ်စာ မတူမှ အဆင်ပြေမှာပါ ။ ဒါမှလဲ လိပ်စာမှန်ပြီး ရောက်ရှိမှာဖြစ်ပါတယ် ။ ( ဥပမာ - စက်တစက် ကို 192.168.0.1 ပေးခဲ.ရင် နောက်စက်ကို

[You must be registered and logged in to see this image.]



192.168.0.2 ဖြစ်ရပါမယ် ။
IP Address ရဲ. အပိုင်းလေးပိုင်း က တစ်ခုကြားကို Decimal Point တွေနဲ. ခွဲခြားထားပါတယ် ။ ပေးနိုင်တဲ. အတိုင်းအတာတွေကတော. ၁ ကနေ ၂၅၄ အထိပဲဖြစ်ပါတယ်။ အဲ.ဒီမှာ (Address for the Network )နဲ့ Hosts ရဲ.လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားတယ် ။ ပထမ 8 bits ဟာ အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ် ။ အဲ.မှာ စပြီး CLASS A , CLASS B , CLASS C စသည်ဖြင်. နက်ဝက်အမျိုးအစား တွေပေါ်လာတာပါ ။ ဥပမာ - မြီု.နယ်ကြီးရင် အိမ်ခြေပိုများ သလိုပေါ. ။

[You must be registered and logged in to see this image.]


Class-A ကတော. အလွန်ကြီးမားတဲ. နက်ဝက်တွေမှာ အသုံးပြုပါတယ် ။ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ် ။
Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေ မှာ အသုံးပြုပါတယ် ။ Host ပေါင်း 1,048,576ကိုင်တွယ်နိုင်ပါတယ် ။
Class C ဆိုတာကတော. နက်ဝက်အသေးစား တွေအတွက်ပါ ။Hosts ပေါင်း 65,535 အများဆုံးပဲရနိုင်ပါတယ်။
အသေးစိတ် လေ.လာချင်ရင် တော. [You must be registered and logged in to see this link.] ဖတ်ရူနိုင်ပါတယ် ။

Subnet Mask ရဲ. အလုပ်လုပ်ပုံက ရိုးရှင်းပါတယ် ။ သူ.အနေနဲ. နက်ဝက် တခုမှာ ကွန်ပြူတာ အလုံးရေ ဘယ်လောက် ကနေ ဘယ်လောက်အထိ သတ်မှတ်ပေးတဲ.အလုပ်မျိုးပါ ။ သူ.အနေနဲ. ပိုင်းခြားထားတဲ. RULE တခုဖြစ်ပါတယ်

[You must be registered and logged in to see this image.]

http://alinkarnya.blogspot.com/

ET

ET
Moderator



Moderator
တွက်ချက်ချင်ရင်တော. [You must be registered and logged in to see this link.] မှာပါ ။ အသေးစိတ်လေ.လာချင်ရင် တော. [You must be registered and logged in to see this link.] မှာလေ.လာနိုင်ပါတယ် ။

edit ..( [You must be registered and logged in to see this link.] မှာလဲ pdf ဖိုင်ကို ဒေါင်းလုဆွဲပြီး လေ.လာလို.ရပါတယ် ။

OSI Reference Model ဆိုတာ

Open Networking စနစ်များအတွက်နည်းပညာ Model တစ်ခုဖြစ်တဲ့ ဒီ Open System Internnection (OSI) Reference Model ကို International Organization for Standardization (ISO) က ဥရောပမှာ ၁၉၇၄ခုနှစ်ကတည်းကစတင် Developed လုပ်ခဲ့တာဖြစ်ပါတယ်။ကနဦးမှာတော့သူဟာ အကြောင်းကြောင်းကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။ အလွှာ(၇)လွှာပါတဲ့ ဒီ OSI Model ဟာ Ethernet တို့ TCP/IP တို့စတဲ့ အမျိုးမျိုးသော Networking Protocol တွေကို Implement လုပ်ပေးနိုင်ပါတယ်။
ဒီနေရာမှာ အထူးသတိပြုဖို့ရှိလာတာကတော့ OSI သည် TCP/IP တို့လို ကွန်ပျူတာမှာ install လုပ်ပြီးအသုံးပြုရတဲ့ protocol မဟုတ်ဘူးဆိုတာပဲဆိုတာဖြစ်ပါတယ်။
Protocol ဆိုတာက ကွန်ပျူတာတွေအပြန်အလှန် ဆက်သွယ်ကြတဲ့ နေရာမှာတဖက်နှင့်တဖက် လိုက်နာလုပ်ဆောင်ကြရမယ့် rule တွေဘဲဖြစ်ပါတယ်။အနည်းငယ်ထပ်အကျယ်ချဲ့ရရင် protocol တစ်ခုဆိုတာသည် ပရိုဂရမ်မာတစ်ယောက် ကနေပြီး function (သို့) function များစွာတို့ကိုလုပ်ဆောင်နိုင်စေရန်ရေးသားထားတဲ့ set of instruction တွေဘဲဖြစ်ပါတယ်။အချို့ protocol တွေသည် OS (window XP၊ 2000)နှင့်အတူပါရှိပြီးသားဖြစ်သလို အချို့ကျတော့ software program တွေနှင့်အတူ install လုပ်ရပါမယ်။

ဤတွင်မှဆက်ပြီး OSI model နှင့် protocol တို့ရဲ့ ဆက်နွယ်မှုကိုကြည့် ရအောင်။

OSI model သည်လိုက်နာလုပ်ဆောင်သင့်တယ်လို့အကြံပြုထားတဲ့ model သက်သက်သာဖြစ်ပါတယ်။ ကိုယ်တိုင်
Protocol တွေဖန်တီးမည့် programmer တွေအနေနှင့် OSI model အောက်မှ မဖြစ်မနေအကျုံးဝင်အောင်ရေးသားရမယ်လို့ ကန့်သတ်ချက်တွေတော့မရှိပါဘူး ဒါပေမယ့် OSI model ကိုလိုက်နာပြီး ပုံစံထုတ်ရေးသားထားတဲ့ protocol တွေသာလျှင် အခြား network တွေနှင့်ပေါင်းစပ်ချိတ်ဆက်တဲ့နေရာမှာ များစွာအခက်အခဲမရှိအပြန်အလှန် Communicate လုပ်နိုင်မှာဖြစ်ပါတယ်။ TCP/IP protocol ကို OSI model မပေါ်ခင်ကတည်းက အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် TCP/IP အပါအ၀င် အဲဒီအခါက အသုံးပြုနေသော protocol တွေကို OSI ဘောင်အတွင်းဝင်အောင် ထည့်သွင်းစဉ်တုန်းကများစွာအခက်အခဲတွေရှိခဲ့ပါတယ်။OSI model နှင့် မကိုက်ညီသော(၀ါ) OSI model ကိုလိုက်နာမှုမရှိသော ကိုယ်ပိုင် protocol တွေသည်တစ်ခုနှင့်တစ်ခုစုပေါင်းချိတ်ဆက်တဲ့ နေရာမှာ ကမ္ဘာသုံးမဖြစ်လာတော့ဘဲ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရရင် OSI model သည် network ပေါ်မှာအပြန်အလှန် communicate လုပ်နေသော ကွန်ပျူတာနှစ်လုံးတို့အကြားမှာဖြစ်ပေါ်နေတဲ့ theoretical representation တစ်ခုပင်ဖြစ်ပါတယ်။

ကွန်ပျူတာနှစ်လုံးတို့ဖြင့်အပြန်အလှန် communicate လုပ်လိုတဲ့အခါမှာ source လို့ခေါ်တဲ့ data ပေးပို့မယ့်ကွန်ပျူတာ၏ application layer မှစပြီး data တွေပေးပို့ပါလိမ့်မယ်။၎င်း data တွေသည်packet ပုံစံဖြင့် OSI model ၏အောက်ဆုံး layer ဖြစ်သော physical layer ထိတိုင်အောင် ဆင်းသွား ပါလိမ့်မယ်။ physical layer သည် network အတွင်းပို့လွှတ်မယ့်data တွေရဲ့ခရီးအစဖြစ်ပါတယ်။ physical layer ၌ data တွေကို cable ပေါ်သို့စတင်transmit လုပ်ပါတယ်။အဲ့ဒီလို transmit လုပ်လိုက်တဲ့ data တွေသည် ရည်ရွယ်ရာကွန်ပျူတာဖြစ်တဲ့ destination သို့ရောက်တဲ့အခါ physical layer မှစပြီး OSI model ရဲ့ layer တွေကိုတဆင့်ပြီးတဆင့် ဖြတ်ကျော်တက်ပြီး နောက်ဆုံး application layer သို့ရောက်သွားပါမယ်။
အဲ့ဒီ data ပေးပို့မှုဖြစ်စဉ်သည် millisecond အတွင်းပြီးမြောက်မှာဖြစ်ပါတယ်။ ဒါက data သွားပုံလမ်းကြောင်း ဖြစ်ပါတယ်။ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး communicate လုပ်ပုံကို logically အရကြည့်မယ်ဆိုရင် layer တူအချင်းချင်းသာ communicate လုပ်ကြပါတယ်။ဆိုရရင် ကွန်ပျူတာတစ်လုံးမှ application layer protocol သည် တစ်ဖက် ကွန်ပျူတာ၏ application layer protocol ဖြင့်သာ information တွေဖလှယ်ကြပါတယ်။ အခြား layer protocol များသည် Application layer ၏ data တွေကို ၀င်ရောက်စွက်ဖက်ဘို့ရန်မကြိုးစားကြပါဘူး။

http://alinkarnya.blogspot.com/

Guest

Anonymous
Guest
ဒီမှာပဲ ဆက်ရေးပေးလိုက်တော့မယ်။အိုင်တီမန်းကတော့ထင်တာပဲ



Website တွေကိုဘယ်လိုပိတ်တာလဲ

STOP! ဆိုတဲ့စာသားအနီရောင်ကြီးကိုမြင်တိုင်း ခင်ဗျားတို့ရော၊ ကျွန်တော်ရော
စိတ်ညစ်သွားကြမှာပါ။ ကျွန်တော်တို့တိုင်းပြည်မှာက အင်တာနက်ကို
လွတ်လွတ်လပ်လပ်သုံးလို့မရတာ အားလုံးအသိပဲ မဟုတ်လား။ ဘန်းထားတဲ့ Site
တွေကို တော်တော်များများ ကျော်တတ်ခွတတ်ကြပါတယ်။ ဟုတ်တယ်မဟုတ်လား။ အဲ..အဲဒီ
ကျော်တဲ့Site တွေကိုပါ ထပ်ဘန်းတော့ ဘယ်လိုလုပ်မလဲ.ဟရို့။

ပထမဆုံး
နောက်ခံသီအိုရီလေးအရင်ရှင်းပြပါရစေ။ အခု ခင်ဗျားတို့သိတဲ့ MPT တို့ ၊
BaganNet(အခု MTP) တွေကို ISP လို့ခေါ်ပါတယ်။ အဲဒီ ISP တွေမှာ Server
ကွန်ပျူတာ နှစ်မျိုးထား ရှိပါတယ်။ DNS Server နဲ့ Proxy Server ပါ။ DNS
ကတော့ ဒီ ကျော်တာခွတာနဲ့ မဆိုင်လို့ မပြောတော့ပါဘူး။ အဓိကက Proxy Server
ပါ။ Proxy ကို ဘာသာပြန်ရင် ကိုယ်စားလှယ်လို့ ခေါ်နိုင်ပါတယ်။ ဒါဖြင့်
ဘာကိုယ်စားလှယ်လဲ။ ဟုတ်ကဲ့..Website ကိုယ်စားလှယ်ပါ။ ဥပမာ ကျွန်တော်တို့က [You must be registered and logged in to see this link.]
ကို ၀င်ကြည့်တယ်ဆိုပါတော့။ အဲဒီ Microsoft ဆိုဒ်ကြီးကို
သိမ်ထားတဲ့ကွန်ပျူတာ တနည်းအားဖြင့် Microsoft Web Server က
သူ့ဆိုဒ်ကြီးကို ကျွန်တော်တို့ဆီလှမ်းပို့ပေးလိုက်မယ်။ စဉ်းစားကြည့်ဗျာ
Microsoft နဲ့ ကျွန်တော်တို့ကအဝေးကြီး။ အရမ်းကြာမှပေါ့မဟုတ် ဘူးလား။
အဲဒီလိုမကြာအောင် ဒီMPT မှာရှိတဲ့ Proxy Server က Microsoft website
ကိုကြိုပြီးယူထားတယ်။ ကျွန်တော်တို့က Microsoft Website
လိပ်စာရိုက်လိုက်တာနဲ့ အရင်လို Microsoft Web Server ကနေ လှမ်းမယူတော့ပဲ
အဲဒီ Proxy Server က သူ့ထဲမှာရှိတဲ့ Microsoft Website ကို
ကျွန်တော်တို့ဆီပို့ပေးလိုက်တယ်။ ပိုမြန်သွားတာပေါ့မဟုတ်ဘူးလား။

Website
ပိတ်တယ်ဆိုတာ ဒီနေရာမှာလာပါပြီ။ ဒီ Proxy Server ဆီ request လုပ်တဲ့
address တွေထဲမှာ သူတို့ပိတ်တဲ့ Site ရဲ့ address လေးပါလာပြီဆိုရင် Proxy
server က ထုတ်မပေးတော့ဘူး။ ကဲ..အဲဒီတော့ ကျွန်တော်တို့က
ကြည့်မရတော့ဘူးပေါ့။ဒါဖြင့် ဘယ်လိုကျော်မှာလဲ။ လွယ်လွယ်လေးပါ။ MPT က Proxy
Server ကိုမသုံးဘူးပေါ့။ နိုင်ငံခြားက Proxy Server ကိုလှမ်းသုံးမှာပေါ့။

ဘယ်လိုသုံးရတာလဲဆိုတော့
နှစ်နည်းရှိပါတယ်။ တစ်ခုက CGI Proxy သုံးတာ၊ နောက်တစ်ခုက Proxy Switch
Program တွေသုံးပြီး ကျော်တာပါ။ လွယ်တာက CGI Proxy ကလွယ်တာပါ။ CGI Proxy
Website ကိုဖွင့်၊ ကိုယ်ကျော်ချင်တဲ့ Site
ရဲ့လိပ်စာရိုက်ထည့်လိုက်ရုံပဲ။Google ထဲမှာ CGI Proxy
လို့ရိုက်ထည့်လိုက်ရင် CGI Proxy Site တွေအများကြီးထွက်လာမှာပါ။

နောက်တစ်ခုက
Proxy Switch Program ပါ။ ဥပမာ Your Freedom ပေါ့။ သူကတော့ ကမ္ဘာတစ်ဝန်း
အားနေတဲ့ Proxy Server တွေကို အလိုလိုရှာပေးတယ်။ ပိတ်ထားတဲ့ Site တွေကို
Auto ကျော်ပေးပါတယ်။ Configuration လုပ်ရတာတော့ နည်းနည်းလက်ဝင်ပါတယ်။
ပြီးတော့ Connection က နှေးသွားပါတယ်။

Guest

Anonymous
Guest
Proxy Server ဆိုတာဘာလဲ

Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က
သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ
ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache
လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update
မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး
ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့
သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ

Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ

Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။
နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous
Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy

Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။

SOCKS Proxy

သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy

CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy

FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး

အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက
ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI
Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ
ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

Guest

Anonymous
Guest
Anonymous Proxy Server မှာ ဆိုလိုတဲ့ IP သုံးပြီး ကျနော်တို့ ရဲ့ ကွန်ပျူတာတွေကို hacking ဟုတ်တာမဟုတ်ပါဘူး။

ပြုလုပ်တာကတော့ တချို့  jave code တွေသုံးတယ်။တချို့ ဆိုဒ်တွေကတော့ iframe တွေမှာ ခိုးယူနိုင်မဲ့ကုတ်တွေ

ထည့်သွင်းအသုံးပြုပြီး ကိုယ့်ကွန်ပျူတာမှာရှိတဲ့အချက်အလက်တွေခိုးယူတာပါ။တချို့ ကတော့ အဲလိုခိုးယူနိုင်တဲ့ဆိုဒ်တွေကို

direction လုပ်ပေးတာပါ။ ကိုယ့်ဖွင့်တဲ့ ဆိုဒ်ကတစ်ခု ၊တကယ်ရောက်သွားတော့ တခြားဆိုဒ်တစ်ခုဖြစ်နေတာမျိုးပေါ့။

proxy ဆိုတာ ကျော်ဖို့ ခွဖို့ နဲ့  မဟုတ်တာလုပ်ဖို့ အတွက်ပဲ အသုံးချတဲ့အရာတစ်ခုမဟုတ်ပါဘူး။

မိမိတို့ ရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့ အတွက်လဲ အသုံးချလို့ရပါတယ်။ဒါကြောင့် ဒါဟာအင်တာနက်သုံးသူတွေအတွက်

ရပိုင်ခွင့်တစ်ခုသက်သက်သာလျှင် ဖြစ်ပါတယ်။

ဒါပေမယ့် အလကားရတဲ့ proxy တွေကို အသုံးပြုခြင်းကြောင့် မိမိတို့ ရဲ့  login/password အစရှိတာတွေကို ခိုးယူဖြင်းခံရနိုင်ပါတယ်။

Guest

Anonymous
Guest
သတိရလို့ ထပ်ပြောဦးမယ်။

အလကားရတဲ့ proxy တွေစိတ်မချရဘူးဆိုတော့ ပိုက်ဆံပေးရတဲ့ proxy ကကော စိတ်ချရရဲ့ လား။

ဒါလဲမသေချာပါဘူး။ ဘယ်သူမှယုံလို့ မရပါဘူး။ အမှန်အတိုင်းပြောရရင် proxy မသုံးဘဲ ဒီတိုင်းသုံးရင်လဲ

ISP ကလူတွေက ယုံလို့ ရတာမှ မဟုတ်တာ။ ISP ကလူတစ်ယောက်က လူတွေရဲ့  အရေးကြီးတဲ့ 

အချက်အလက်တွေ ခိုးယူခြင်းမပြုပါဘူးဆိုပြီး ဘယ်သူမှအာမမခံနိုင်ပါဘူး။ ဒါကြောင့် IT သမားတွေ စိတ်ဓာတ်ကောင်းဖို့ လိုတယ်

ဆိုတာကို အိုင်တီဟောပြောပွဲ ခေါင်းစဉ် အောက်မှာ ပြောခဲ့ရတာပါ။

ဘယ်သူမှယုံလို့ မရဘူးဆိုပေမယ့် ကြောက်နေလဲ ဘာမှကိုသုံးလို့ ရမှာမဟုတ်ဘူးလေ။
မှန်ကန်တဲ့ ဥပဒေကတော့ သင့်ကို အသင့်အတင့်တော့ အကာအကွယ်ပေးနေမှာပါပဲ။

ဘယ်လို proxy တွေနည်းနည်း စိတ်ချ၇မလဲ။
တရားဝင်အားဖြင့်တော့ ကိုယ်တိုင် https ၀ယ်ပြီး proxy host လုပ်ပြီး သုံးရင်ရပါမယ်။
ဒါမှမဟုတ် ရိုးရိုးproxy host လုပ်လို့ ရတဲ့ free hosting မှာတစ်ယောက်ထဲ password ခံပြီး
proxy script တွေ လုပ်ပြီးသုံးပေါ့ ။

တချို့  vpn server /software တွေကလဲ စိတ်ချရတယ်လို့ ပြောလို့ ရပါတယ်။
100 % တော့ ဘာမှစိတ်မချရပါဘူး။

Guest

Anonymous
Guest
NAT ( Network Address Translation ) ဆိုတာ ဘာလဲ။ ပြောရမယ်ဆိုရင်တော့ သူဟာ ကိုယ့်ရဲ့ Private Internal Network ထဲက Computer တွေကို ISP ကချပေးတဲ့ IP Address တစ်ခုတည်းနဲ့ပဲ Internet Connection အသုံးပြုလို့ရအောင် IP Address တွေနဲ့ TCP/UDP Port No. တွေကို Translation လုပ်ပေးတဲ့ Server တစ်လုံးပါပဲ။

IP Address တွေ TCP/UDP Port No. တွေကို ဘာလို့ Translation လုပ်ပေးရတာလဲ ဘယ်လိုလုပ်ပေးတာလဲ။ ကျွန်တော်တို့အနေနဲ့ IP Address တွေကို အမျိုးအစားအားဖြင့် နှစ်ပိုင်းခွဲထားပါတယ်။ Global IP Address နဲ့ Local IP Address ဆိုပြီးတော့ပါ။ အဲဒီထဲကမှ Local IP Address ဆိုတာက အသေသတ်မှတ်ပြီးသား ရှိပါတယ်။ Class A အတွက်ဆိုရင် Net ID 10.0.0.0 Subnet Mask 255.0.0.0၊ Class B အတွက်ဆိုရင် Net ID 172.16.0.0 Subnet Mask 255.255.0.0 ၊ Class C အတွက်ဆိုရင် Net ID 192.168.0.0 Subnet Mask 255.255.0.0 ဆိုတာတွေဟာ Local Private IP Address တွေပါလို့ IP Address တွေကို ချမှတ်သတ်မှတ်ပေးနေတဲ့ ICANN အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ICANN ဆိုတာ Internet Corporation for Assigned Names and Numbers ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးက Internet ပေါ်မှာ IP Address တွေ တစ်ခုနဲ့တစ်ခုမထပ်အောင် မတိုက်အောင်စနစ်တကျ ထိန်းချုပ်ခန့်ခွဲပေးနေတဲ့ အဖွဲ့ကြီးပါ။

ခုနကပြောခဲ့တဲ့ Local Private Network တွေဟာ Internet နဲ့ တိုက်ရိုက်မချိတ်ဆက်ထားတဲ့ Network တိုင်းမှာ သုံးနိုင်ပါတယ်။ Internet နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Network တွေမှာတော့ သုံးစွဲခွင့် မရှိပါဘူး။ ဒါဟာ ICANN က ချမှတ်ထားတာပါ။ ကျန်တဲ့ IP Address တွေကတော့ Global IP Address တွေပါပဲ။ သူတို့ကိုတော့ Internet နဲ့ တိုက်ရိုက်ချိက်ဆက်ထားတဲ့ နေရာတိုင်းမှာ Computer တိုင်းမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီမှာ ပြဿနာက ရှိလာပါတယ်။ ဘာပြဿနာလဲ။

Internet ပေါ်မှာ IP Address တွေဟာ တစ်ခုနဲ့တစ်ခု လုံးဝ ထပ်လို့မရပါဘူး။ Unique ဖြစ်ရပါမယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ IP Address ဟာ IPv4 (IP version 4) ဖြစ်ပါတယ်။ သူ့မှာ binary (0 and 1) ကိန်းလုံးပေါင်း 32 လုံး (32 bits) နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတော့ Address ပေါင်းက ( 2 Power 32) အရေအတွက် ရပါတယ်။ (အကျယ်တ၀င့်ကိုတော့ IP Address ပိုင်း IP Subnetting ပိုင်းတို့မှာ လေ့လာပေးပါနော်။ ကျွန်တော်ကတော့ ရှည်နေမှာ စိုးလို့ မပြောတော့ဘူး။) ရုတ်တရက် ကြည့်လိုက်ရင် (2 Power 32) ဆိုတော့ ဟာ..အများကြီးလားလို ထင်စရာ ရှိပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့အသုံးပြုနေကြတာဆိုတော့ အချိန်ကြာလာတာနဲ့အမျှ Address တွေက တဖြည်းဖြည်း နည်းပါးလာပါတယ်။ Company ကြီးတွေကလည်း Internet ရဲ့ ကောင်းကျိုးကို သိလာတာနဲ့အမျှ သူတို့ရဲ့ Company အတွင်းမှာ Internet Connection ရအောင် အလျင်အမြန် ကြိုးစားလာကြပါတယ်။ Company ကြီး တစ်ခုတည်းအတွင်းမှာတင် Company ခွဲပေါင်း ထောင်နဲ့ချီပြီး ရှိနေတတ်ပါတယ်။ သူတိုအားလုံး Internet ကို တိုက်ရိုက်ချိတ်မယ်ဆိုရင် Global IP Address တွေဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကုန်သွားမှာပေါ့။ ဒါဆိုရင် သူတို့ကို Global IP Address (၄) (၅)ခု လောက်ပေးပြီး အလှည့်နဲ့ Internet ကို သုံးခိုင်းရမှာလား။ ကဲ... ဘယ်လိုလုပ်ကြမလဲ။

အဲဒီ ပြဿနာကို NAT ဆိုတဲ့ Network Address Translation က ဖြေရှင်းပေးလိုက်ပါတယ်။ သူက Local IP Address ကနေ Global IP Address၊ Global IP Address ကနေ Local IP Address အပြန်အလှန် Translation လုပ်ပေးနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့က Internet Service Provider လို့ခေါ်တဲ့ ISP ကနေ Global IP Address တစ်ခုကို ယူလိုက်ပါမယ်။ ပြီးရင် ကျွန်တော်တို့ရုံးက Computer တစ်လုံးမှာ NIC( Network) Card နှစ်ကဒ်ဆိုက်ပြီး တစ်ကဒ်ကို အဲဒီ Global IP ပေးလိုက်ပါမယ်။ ပြီးရင် အဲဒီကဒ်ကို Internet နဲ့ ချိတ်ပေးပါမယ်။ ကျန်တဲ့ကဒ်ကိုတော့ Local IP Address တစ်ခု ပေးလိုက်ပါ။ အဲဒီစက်မှာ NAT Service Run လိုက် ပါမယ်။ ဒါဆိုသူက NAT Server ဖြစ်သွားပြီနော်။ ကျန်တဲ့ တစ်ရုံးလုံးက Computer တွေကိုလည်း NAT Server က Local IP Address နဲ့ Subnet တူတဲ့ IP Address တွေ ပေးလိုက်ပါ။ ပြီးတော့ အရေးအကြီးဆုံးက သူတိုရဲ့ Default Gateway နေရာမှာ NAT Server ရဲ့ Local IP Address ကို ထည့်ကိုထည့်ပေးရပါမယ်။ ဒီလိုဆိုရင် တစ်ရုံးလုံး Internet Connection ရသွားပြီပေါ့။ ဘယ်လောက် အဆင်ပြေသလဲ။ တစ်ရုံးလုံးစာအတွက် Global IP Address တစ်ခုပဲ လိုတယ်။ ဒီလောက်ဆိုရင် NAT Server ဆိုတာ ဘယ်လို Server ဆိုတာ နည်းနည်းတော့ သိလောက်ပြီ ထင်ပါတယ်။

ပိုပြီး သိလာအောင် ထပ်ပြောပြပါဦးမယ်။ ကျွန်တော်တို့တွေ Network ပေါ်မှာ Data တွေ ဟိုဘက်ဒီဘက် ပို့ကြယူကြတဲ့အခါမှာ ပုံသေပုံစံ(Frame) လေးတွေနဲ့ ပို့ကြယူကြပါတယ်။ ဒါမှ စံတစ်ခုအနေနဲ့ရှိပြီး Computer တွေကြားက ချိတ်ဆက်မှုတွေကို ပိုမိုလွယ်ကူစေမှာပေါ့။ အဲဒီ ပုံစံလေးတွေထဲမှာ မပါမဖြစ်ပါတာက Source IP Address (ပို့သူ/ တောင်းသူလိပ်စာ) နဲ့ Destination IP Address (လက်ခံမယ်သူ / တောင်းဆိုတာကိုပြန်ကြားမယ့်သူ လိပ်စာ) တွေပါမယ်။ ပြီးတော့ Source TCP/UDP Port နဲ့ Destination TCP/UDP Port တို့တွေလည်း ပါပါတယ်။

တစ်ခါတည်း ပြောရဦးမယ်။ NAT ကို အလုပ်လုပ်ပုံပေါ် မူတည်ပြီး Basic NAT နဲ့ PAT ဆိုပြီး Level ခွဲနိုင်ပါတယ်။ Basic NAT ဆိုတာကတော့ ရိုးရိုး Network Address Translation ပါပဲ။ သူက Local Source IP Address တွေကို Internet Connection ပေါ်တက်တဲ့အခါကြရင် Global Source IP Address ဖြစ် ပြောင်းလဲပေးပါတယ်။ ဥုံဖွဆိုပြီး မန်းလိုက်တာတော့ မဟုတ်ဘူးနော်။ သက်ဆိုင်ရာ ISP တစ်ခုကနေ ရယူထားတဲ့ Global IP Address ကို အဲဒီ NAT Server မှာ နဂိုကတည်းက သတ်မှတ်ပေးထားရမှာ။ ဒါမှ သူက ပြောင်းလဲပေးနိုင်မှာ။ သူကိုယ်တိုင်မှာမှ Global IP တစ်ခုမရှိရင်တော့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကိုတော့ သိထားရမယ်နော်။ ရုံးတွင်း Computer သွားလိုတဲ့နေရာ၊ လိုချင်တာကို အဲဒီ Computer အစား NAT Server က သွားယူပေးတဲ့ပုံစံမျိုးပါပဲ။

Destination IP Address ကတော့ အစောကတည်းက Global IP ဖြစ်နေမှာဆိုတော့ NAT Server က ဘာမှလုပ်ပေးစရာမလိုတဲ့အတူတူ ဒီတိုင်းကြည့်နေမှာဘဲ။ ခုနက ရုံးတွင်း Computer သွားလိုတဲ့နေရာ၊ လိုချင်တာရှိတဲ့နေရာဆိုတာကလဲ ဒီ Destination IP Address ပိုင်ရှင်ဆိုတော့ NAT Server အနေနဲ့ ဘာမှပြုပြင်ပေးစရာ မလိုဘဲ အဲ့ဒီ Address ကိုသာ ရောက်အောင် သွားပေးမှာပါ။ ကဲ...ကဲ... ဒါက အသွားပိုင်း လိုချင်တာသွားယူတဲ့ အပိုင်းပေါ့နော်။ လိုချင်တာရလို့ ပြန်လာပြီဆိုပါတော့ Network ပေါ်မှာက အသွားဖြစ်ဖြစ်၊ အပြန်ဖြစ်ဖြစ် Data စီးဆင်းမှုတိုင်းက ခုနကပြောခဲ့သလို ပုံစံလေးအတိုင်းသာ စီးဆင်းပါတယ်၊၊ ဒီတော့ သူမှာလည်း Source IP Address တို့ Destination IP Address တို့ ပါဝင်တာပေါ့။ Port တွေ ခဏလေးနေဦးနော်။ သူတို့က PAT နဲ့ ကျမှ ဆိုင်မှာမို့ ခဏလေး။

အဲ...အပြန်လမ်းမှာကျတော့ Source IP Address က Global IP Address ဖြစ်သွားပြီ။ သူက Internet ပေါ်က လာတဲ့ သဘောမျိုး ဖြစ်သွားပြီကိုး။ ဒီတော့ NAT Server က သူ့ဆီရောက်လာတဲ့အခါမှာ ဘာမှပြောင်းလဲ ပေးမနေတော့ပါဘူး။ ဒီအတိုင်းပဲ ဆက်သွားခွင့်ပြုခဲ့ပါတယ်။ အဲ... ဒီတစ်ခါပြုပြင်ပေးရမှာက Destination IP Address ပါ။ သူက Internet ကို ဖြတ်သန်းလာရတဲ့အတွက် Global IP Address နဲ့ လာပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ NAT Server မှာ သတ်မှတ်ထားတဲ့ Global IP Address ပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တယ်နော်။ တကယ်လိုချင်တာက NAT Server ကိုယ်တိုင် မဟုတ်ပဲ ရုံးတွင်းက Computer လေးတစ်လုံးဖြစ်ပေမယ့် တကယ်သွားယူတာက NAT Server ဖြစ်နေလို့ ဟိုက ပြန်အကြောင်းကြားတော့ NAT Server လိပ်စာတပ်ပြီး NAT Server ဆီ ရောက်လာတာပါ။ သူ့ဆီရောက်လာတော့ NAT Server က ဒီ Data ကို လိုချင်တာ ဘယ်သူဆိုတာ သိပြီးသား ဖြစ်တာနဲ့အညီ အဲဒီရုံးတွင်း Computer လေးရဲ့ လိပ်စာကို ခုနက Destination IP Address မှာ ပြောင်းထည့်ပြီး ဆက်လက် လမ်းညွှန်ပေးလိုက်ပါလိမ့်မယ်။ ဒါဟာ Basic NAT ရဲ့လုပ်ဆောင်ပုံပါ။ ပုံလေးနဲ့ဆိုရင် ပိုမြင်မလားလို့ ပုံဆွဲပေးလိုက်ပါတယ်။
[You must be registered and logged in to see this image.]
ပြီးတော့ နောက်တစ်မျိုးဖြစ်တဲ့ PAT (Port Address Translation)လာပါပြီ သူက Basic NAT လုပ်ပေးနိုင်တာ အားလုံး လုပ်ပေးနိုင်တဲ့အပြင် Protocol တွေရဲ့ Port Number တွေအထိပါလိုက်ပြီး လိုအပ်ရင် ပြောင်းလဲမှုတွေ လုပ်ပေးနိုင်ပါတယ်။ Protocol အများစုဟာလည်း ကိုယ်ပိုင် Port Number တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ICMP (Internet Control Message Protocol) လို Protocol မျိုးတွေကျတော့ ခြွင်းချက်အနေနဲ့ Port Number မရှိပါဘူး။ အဲဒီလို Protocol မျိုးတွေနဲ့ ဆက်သွယ်မှု ပြုကြတဲ့အခါမှာတော့ PAT မလိုဘူးပေါ့ဗျာ။ Port Number တွေမှာလည်း Source TCP/UDP Port Number တွေနဲ့ Destination TCP/UDP Port Number တွေရှိကြပါတယ်။ သူတို့ဆီမှာတော့ Global တွေ Local တွေရယ်လို့ ခွဲထားတာမရှိပါဘူး။ Protocol တွေပေါ်မှာ မူတည်ပြီးတော့သာ ခွဲခြားသွားတာပါ။

ဟာ...ဒါဆို သူ့ကိုပြောင်းလဲ ပေးနေစရာ လိုသေးလို့လား။ ကျွန်တော်တို့အနေနဲ့ Source IP Address နဲ့ Source TCP/UDP Port Number တွေက အတွဲပုံစံမျိုးတွေပါ။ TCP/UDP Port Number တွေဆိုတာ သက်ဆိုင်ရာ IP Address ပိုင်ရှင် Computers တွေ အပေါ်မှာသာ ရည်ညွှန်း သက်ရောက်တာ ဖြစ်ပါတယ်။ အဲဒီတော့ IP Address ပြောင်းရင် TCP/UDP Port Number တွေဟာလည်း သက်ဆိုင်ရာ IP Address ပိုင်ရှင်အသစ်ပေါ်မှာ ပြောင်းလဲ ရည်ညွှန်းရပြန်ပါတယ်။ ဆိုလိုတာက တန်ဖိုးမပြောင်းပေမယ့် သူတို့ရည်ညွှန်းရာ Computer ပြောင်းလဲပေးရတဲ့သဘောပါ။

ဥပမာပြောရရင် ပထမဦးဆုံး အသွားလမ်းကို ပြန်ကြည့်ရအောင်။ ပထမဆုံး Source TCP/UDP Port Number ဟာ ရုံးတွင်း Computer A ကို ရည်ညွှန်းပါတယ်။ အဲ...ဒါပေမယ့် ဒုတိယအဆင့်ရောက်တော့ Source TCP/UDP Port Number ဟာ NAT Server ကို ပြောင်းလဲ ရည်ညွှန်းရပါတယ်။ ဒါကိုပြောတာပါ။ ရှင်းရှင်းပြောရရင်တော့ IP Address မပြောင်းမချင်း TCP/UDP Port Number ရည်ညွှန်းချက် ပြောင်းစရာ မလိုဘူး။ IP Address ပြောင်းသွားရင်တော့ TCP/UDP Port Number ရည်ညွှန်းချက်လည်း လိုက်ပြောင်းရမယ် ဆိုတာပါပဲ။ Destination ပိုင်းမှာလည်း ဒီလိုပါပဲ။ ကဲ...ဒီလောက်ဆိုရင်တော့ NAT Level နှစ်မျိုးလုံးအကြောင်းကို တော်တော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်နော်။

သြော်...တစ်ခု ထပ်ပြောပြရဦးမယ်။ NAT Server က Internet Connection ကို Sharing လုပ်ပေးတဲ့ Server အမျိုးအစားတွေထဲမှာ အကောင်းဆုံးတော့ မဟုတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူက Network Traffic ကို မထိန်းနိုင်လို့ပဲ။ အဲ...ကောင်းတာလေးတွေလည်း ရှိသေးတယ်။ Security ပိုင်းမှာပေါ့။ သူကလုံးဝ Outbound သီးသန့်ပဲဆရာ။ Internal ကနေ External ကို ထွက်လို့ရနိုင်ပါတယ်။ အဲဒါပေမယ့် External ကနေ Internal ထဲကို လှမ်းဝင်ဖို့ ကြိုးစားတာတို့ Internal ထဲက Resource တွေကို External လှမ်းယူတာမျိုးတို့ကို လုံးဝ လုံးဝ ခွင့်မပြုပါဘူး။ ပြောရရင်တော့ Unidirectional လို့လဲ ပြောလို့ရပါတယ်။

ကဲ...ကဲ... ဘာပဲပြောပြော Global IP Address တစ်ခုလေးနဲ့ Computer များများကို ချိတ်ချင်တယ်ဆိုရင်တော့ အသုံးပြုစရာ ရွေးချယ်စရာ Server တွေထဲမှာ NAT Server ကို ထည့်သွင်း စဉ်းစားကြပေါ့ဗျာ...။
Zawlin(youth)

Guest

Anonymous
Guest
Internet traffic တွေကို ပိတ်ဆို့ခြင်းအမျိုးမျိုး

Internet traffic တွေကို ပိတ်ဆို့တဲ့ နည်းလမ်းအများကြီးရှိကျပါတယ်။
တစ်ခါတစ်လေ ၂ နည်း (သို့ မဟုတ်) ဒီထက်ပိုတဲ့နည်းတွေနဲ့ ပိတ်ဆို့
တတ်ကျပါတယ်။ ဒါကတော့ မိမိသုံးစွဲတဲ့ ISP(Internet Service
Provider)ပေါ်မူတည်ပြီး ကွဲပြားခြားနားကျပါတယ် ။ Internet Traffic
တွေပိတ်ဆို့တဲ့နည်းလမ်းတွေကတော့

1. Bolcked URL’s via the DNS-server

ဒီနည်းလမ်းကတော့
ဈေးအပေါဆုံးနဲ့အလွယ်အကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ DNS ဆိုတာက Domain
Name System ဖြစ်ပါတယ် ။ အင်တာနက်အသုံးပြုတဲ့ကွန်ပျူတာတိုင်းမှာ
တစ်ခုတည်းတော့ Address ရှိပါတယ်။ အဲဒီ Address ဟာ ဂဏန်းအားဖြင့် ၎
လုံးရှိပြီး 0 to 255 ထိဖြစ်ပါတယ် ။ အဲဒီ လိပ်စာတွေကို (.)dot
ဖြင့်ခြားထားပါတယ်။ ဥပမာအားဖြင့် [url=http://www.goolge.com/]
Code:
[/url][url=http://www.goolge.com/][You must be registered and logged in to see this link.]
ရဲ့ address ဟာ 64.233.167.99 ဖြစ်ပါတယ် ။ အဲဒီတော့
အဲဒီလိပ်စာကိုပိတ်နိုင်ရင် google.com ကိုပိတ်နိုင်ပြီးလေ ။ ဒီတော့ အောက်က
ဥပမာလေးတစ်ခုကြည့်လိုက်ပါ။

၁။ comand prompt ခေါ်ပြီး C:\WINDOWS\system32\drivers\etc ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၂။ အဲဒီမှာ “HOSTS” ဆိုတဲ့နာမည်နဲ့ဖိုင်ကိုရှာပါ။ တွေ့ ရင်အဲဒါကို Notepad ဖြင့်ဖွင့်လိုက်ပါ။
၃။
အဲဒီမှာ 127.0.0.1 localhost ဆိုတဲ့ ဟာကိုရှာပါ ။ ပြီးရင်
မိမိပိတ်လိုတဲ့ဝက်ဆိုက်ကို127.0.0.1 localhost ရဲ့အောက်မှာ ဒီလိုထည့်လို့
ရပါတယ်။

127.0.0.1 localhost
127.0.0.2 [url=http://www.blockedsite.com/]
Code:
[/url][url=http://www.blockedsite.com/][You must be registered and logged in to see this link.]
127.0.0.3 [url=http://www.yamanya.com/]
Code:
[/url][url=http://www.yamanya.com/][You must be registered and logged in to see this link.]
127.0.0.4
Code:
[url=http://www.phoelapyae.com/][You must be registered and logged in to see this link.]

အဲလိုမျိုးဖြင့်
မိမိပိတ်လိုသော ၀က်ဆိုက်ကို နံပါတ်လေးတိုးရုံဖြင့်ပိတ်လို့ ရပါတယ် ။
အဲဒီလိုမျိုးဖြင့် Internet Traffic တွေကိုပိတ်တတ်ကျပါတယ်။

2. Keyword filter

ဒါ့အပြင်
Keyword filter နည်းနဲ့လဲပိတ်တတ်ကျပါတယ်။ ဒါကတော့
မိမိရှာတဲ့စကားလုံးကိုပိတ်တာပါ ။ ဆိုပါစို့ .. သင်က အင်တာနက်မှာ
မကောင်းတာကိုရှာမယ်ဆိုရင် အဲဒီမကောင်းတဲ့စာလုံးတွေကို ပိတ်ထားရင် သင်က
အဲဒီစာလုံးနဲ့ ရှာလျှင်လဲ ဘယ်လိုမှတွေ့နိုင်မှာမဟုတ်ပါဘူး။အဲဒီနည်းကတော့
ကျောင်း၊စာကြည့်တိုက်၊ကုမ္ပဏီတို့မှာ အသုံးပြုများကျပါတယ်။

3. Blocked ports

Ports
တွေဟာ ဆာဗာ(သို့မဟုတ်)ကွန်ပျူတာတစ်လုံးအတွက်တော့
တံခါးနဲ့တူပါတယ်။တံခါးပိတ်ထားမှတော့ ဘယ်လိုမှဝင်လို့မရပါဘူး။သူတို့တွေရဲ့
rank ကတော့ 0 to 65535 ရှိပါတယ်။ Standard အနေနဲ့ကတော့ 0 to 1024
ရှိပါတယ်။ အဲဒီ port တွေကို သုံးမျိုးအားဖြင့်ခွဲလို့ရပါတယ်။ Well Known
Ports ၊ Registered Ports ၊ Dynamic or Private Ports ဆိုပြီး
ခွဲနိုင်ပါတယ်။ အသေးစိတ်ကို အောက်ပါလင့်မှာ ဖတ်ရှုလေ့လာနိုင်ပါတယ် ။
Code:

[url=http://www.iana.org/assignments/port-numbers]http://www.iana.org/assignments/port-numbers[/url]
တကယ်လို့
မိမိအသုံးပြုတဲ့ ISP က port တစ်ခုကိုပိတ်လိုက်ရင် အဲဒီ port တစ်ခုလုံးကို
အသုံးပြုနိင်မှာမဟုတ်ပါဘူး။ အများဆုံးပိတ်တတ်တာတွေကတော့ port
80,1080,3128,8080 ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အဲဒီ port တွေက အသုံးများတဲ့
proxy ports တွေဖြစ်လို့ပါပဲ။တကယ်လို့ မိမိအသုံးပြုတဲ့ ISP က ဘယ် port
တွေပိတ်ထားသလဲဆိုတာ အလွယ်တကူစမ်းလို့ ရပါတယ်။ Command Prompt ဖွင့်ပြီး
telnet login.icq.com 80 ဆိုပြီး Enter ခေါက်လိုက်ပါ။ ဒီနေရာမှာ 80 ဆိုတာ
port နံပါတ်ဖြစ်ပြီး အဲဒီနေရာမှာ မိမိစမ်းလိုသော port ကိုထည့်ပြီး
စမ်းနိုင်ပါတယ်။ command prompt မှာဖွင့်လို့ “timeout” ဖြစ်လို့
ရှိရင်တော့ အဲဒီ port ကိုသင်အသုံးပြုနေတဲ့ ISP ပိတ်ထားတယ်ဆိုတာ
သိနိုင်ပါတယ်။ အောက်မှာ အသုံးများတဲ့ port တွေကို ဖော်ပြလိုက်ပါတယ်။

20+21 - FTP (file transfer)
22 - SSH (secure remote access)
23 - telnet (remote access) and also Wingates (special kind of proxies)
25 - SMTP (send email)
53 - DNS (resolves an URL to an IP)
80 - HTTP (normal web browsing) and also a proxy
110 - POP3 (receive email)
443 - SSL (secure HTTPS connections)
1080 - Socks proxy
3128 - Squid proxy
8000 - Junkbuster proxy
8080 - a proxy

4. Censorware on the client

ဒါကတော့
မိမိအသုံးပြုတဲ့ ကွန်ပျူတာမှာ ပိတ်ဆို့ ခြင်းဖြစ်ပါတယ်။ အပေါ်ဆုံးမှာ
ကျွန်တော်တင်ပြထားသလိုမျိုးပေါ့။ သာမာန်အားဖြင့်တော့ Internet Traffic
ပိတ်ဆို့ မှုတွေဟာ ISP တို့ အစိုးရတို့ ပိတ်ဆို့တာများပါတယ်။
မိမိသုံးတဲ့ကွန်ပျူတာမှာတော့ ဘယ်သူမှ မိမိဘာသာမပိတ်ကျပါဘူး။ ဒါပေမဲ့
အချို့ ကျောင်း၊ အိမ် ၊ ကုမ္ပဏီတွေမှာ ပိတ်တတ်ကျပါတယ်။ အဲဒါက အများအားဖြင့်
ဆော့ဝဲလ်သုံးပိတ်တတ်ကျပါတယ်။ အောက်မှာ ပိတ်တတ်တဲ့ ဆော့ဝဲလ်အချို့
ကိုတင်ပြလိုက်ပါတယ်။

1.NetNanny
ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် … [url=http://www.netnanny.com/index.html]
Code:
[/url][url=http://www.netnanny.com/index.html]http://www.netnanny.com/index.html[/url]

2.CyberSitter
ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် …
Code:
[url=http://www.cybersitter.com/]http://www.cybersitter.com/[/url]

3.AOL Parental Control

ဒီဆိုက်မှာ လေ့လာနိုင်ပါတယ် … [url=http://www.aol.com/info/parentcontrol.html]
Code:
[/url][url=http://www.aol.com/info/parentcontrol.html]http://www.aol.com/info/parentcontrol.html[/url]

အထပ်ပါဆိုက်တွေကတော့ အချို့ အသုံးပြုကျတဲ့ဆော့ဝဲလ်တွေပါ။ ဗဟုသုတအနေနဲ့ သာအချို့ ကိုသာတင်ပြလိုက်တာပါ။

5.Censorware on the server(inside of Networks)

ဒါကတော့ ဆာဗာဘက်က အသုံးပြုကျတဲ့ နည်းတွေပါ။

1.Bess/N2H2

Bess ကတော့ proxy filter ပါပဲ။တက္ကသိုလ်တွေ ၊ ကုမ္ပဏီတွေမှာ အသုံးပြုကျပါတယ်။
ဒီလင့်မှာ လေ့လာနိုင်ပါတယ် ….
Code:
[url=http://www.n2h2.com/products/bess_home.php]http://www.n2h2.com/products/bess_home.php[/url]

2.DansGuardian

ဒါကတော့
Open Source Webfilter ပါ။ Non-commercial သုံးဖို့အတွက် free ပေးထားတာပါ။
free ဆိုတော့ တော်တော်များများအသုံးများကျပါတယ် ။ ဒီကောင်က URL and
keyword Filter အနေနဲ့ပါ proxy လုပ်ပေးပါတယ်။
ဒီလင့်မှာ လေ့လာနိုင်ပါတယ် …
Code:
[url=http://dansguardian.org/]http://dansguardian.org/[/url]

6. WhiteList

ဒါကတော့ VIP တွေအတွက်ပေါ့ဗျာ။ ဘာမှပိတ်ထားခြင်းမရှိတဲ့ နေရာတွေမှာသုံးပါတယ်။ဒါပေမဲ့ တစ်ခုနှစ်ခုလောက်ပဲ ပိတ်ချင်ရင် သုံးတာပါ။

7.IP blocking on the routers

ဒါကတော့ routers တွေမှာ IP ကို block လုပ်လိုက်တာပါ။

Guest

Anonymous
Guest
Proxy အကြောင်းသိကောင်းစရာ

Proxy Server ဆိုတာ ဘာလဲ

Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က
သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို
ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ
ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့
ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache
လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update
မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး
ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့
သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ

Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး
ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို
လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန်
Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ

Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။
နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous
Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy

Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။
HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။
အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို
Chat Program တွေပါ။

SOCKS Proxy

သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို
လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး
အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား
SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy

CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy

FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight
တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့
Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး

အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက
ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။
မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web
Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ
Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း
အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်
သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI
Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ
ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

16Network အကြောင်းသိကောင်းစရာများ Empty Peer-to-Peer Network 15th March 2010, 1:47 am

ET

ET
Moderator



Moderator
Peer-to-Peer Network လေးတစ်ခုလောက်တည်ဆောက်ကြည့်ကြရအောင်။ အရင်ဆုံး Peer-to-Peer Network ရဲ့
သဘောသဘာဝလေးကို အပေါ်မှာလည်း ကျနော် ပြောပြထားပါတယ်။ Peer-to-Peer Network ကို
နောက်တစ်မျိုးခေါ်နိုင်ပါ သေးတယ်။ အဲဒါကတော့ Workgroup Network ပါ။ အဲဒီ Network မျိုးကိုတော့ သာမန်ရုံးတွင်း Computer အချင်းချင်းချိတ်ဆက်ပြီး Data
တွေဖလှယ်ကြတဲ့နေရာမျိုးမှာ သုံးပါတယ်။ သူတို့မှာ Server လိုစွမ်းဆောင်ရည်ပိုမိုမြင့်မားတဲ့ Computer မျိုးတွေပါဝင်လေ့မရှိ ပါဘူး။ ပုံမှန်စွမ်းဆောင်ရည်ရှိတဲ့
Desktop PC တွေ၊ Laptop တွေ လောက်ပဲပါဝင်လေ့ရှိကြပါတယ်။ အချင်းချင်း Data တွေဖလှယ်ဖို့ အပြင် Command Line က "net send" လို Command မျိုးသုံးပြီး Message
တွေအပြန်အလှန်ပို့ဖို့ရယ် ပြီးတော့ Printer တို့ Hard Disk Space တို့ CD-ROM တို့လို Peripheral Hardware Device တွေကို အချင်ချင်း Share
လုပ်နိုင်ဖို့အတွက်လည်း ဒီ Network မျိုးက အသုံးဝင်ပါတယ်။

Peer-to-Peer Network တစ်ခုချိတ်ဆက်တော့မယ်ဆိုရင် အဓိကအရေးအကြီးဆုံးလိုအပ်တဲ့Device တွေကဘာလဲသိလား မသိသေးရင်မှတ်ထားနော်။ Computer တွေပါပဲ။ ဟဲဟဲ။ Computerတွေတောင်မှ အနည်းဆုံး နှစ်လုံးရှိမှ ဖြစ်မှာပါ။ နို့မို့ဆိုရင် Network ဘယ်လိုလုပ်ပြီးချိတ်မှာလဲ။ အဲဒီတော့ Computer တွေကအရေးအကြီးဆုံး Device
တွေဆိုတာ မဟုတ်ဘူးလား။ အဲနောက် တစ်ခုအရေးအကြီးဆုံးကတော့ Cable တွေရယ် Network Card တွေရယ်ပါပဲ။ တကယ်လို့ Computer နှစ်လုံးတည်း ချိတ်မယ်ဆိုရင် Switch တောင်မလိုသေးပါဘူး။ နှစ်လုံးထက်ပိုသွားပြီ (Printer တို့ဘာတို့ အပါအ၀င်ပေါ့)ဆိုရင်တော့ Switch လိုပါပြီ။ အဲဒီပစ္စည်း တွေ စုံပြီဆိုရင်တော့ Peer-to-Peer
Network တစ်ခုစတင်တပ်ဆင်လို့ရပါပြီ။

Computer တွေအပိုင်းကတော့ သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ Network Card ကလည်းကြိုက် နှစ်သက်ရာ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။ အခုနောက်ပိုင်း
Motherboard တွေမှာဆို LAN Port ဆိုပြီး Network Card Built-in ပါလာ တတ်တာမို့ သိပ်ကိစ္စမရှိပါဘူး။ Cable တွေကတော့ UTP Cat 5 ဆိုတဲ့ Unshielded Twisted Pair
Cable Category 5 ကိုသုံးပါမယ်။ Cable အမျိုးအစားအများကြီးထဲမှာ ဈေးနှုန်းအရရော Performance ပိုင်းမှာရော တပ်ဆင်ရတဲ့အပိုင်းမှာရော အားလုံးမှာ အသင့်တော်
ဆုံးဖြစ်တဲ့အပြင် ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်တဲ့ Network Card အများစုနဲ့လည်းCompatible ဖြစ်နိုင်တာကြောင့် ဒီ Cable အမျိုးအစားကို ရွေးချယ်အသုံးပြုတာပါ။
Switch ကို လည်း မိမိနှစ်သကရာတံဆိပ်ထဲက Ethernet Switch အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။ ကိုယ်တပ်ဆင်မယ့် Computer အရေအတွက်၊ Network တည်ရှိတဲ့ အကျယ်အ၀န်း
အနေအထားကို လိုက်ပြီး 8 ports Switch လား၊ 16 ports Switch လား၊ 8 ports Switchနှစ်ခုလားဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ကဲအားလုံးစုံပြီဆိုရင် တော့
စတင်တပ်ဆင်ကြတာပေါ့။

အဲဒီမှာ Cabling နဲ့ပတ်သက်လို့တော့ နည်းနည်းထပ်ပြောပြပါဦးမယ်။အိမ်က၀ါယာကြိုးတွေမှာတောင် လျှပ်စစ် ဓာတ်အားရယူနိုင်ဖို့
ပလပ်ပေါက် တွေတပ်ဆင်ထားရတယ်မဟုတ်လား။ ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းကထွက်လာတဲ့ကြိုးကိုလည်း အဲဒီပလပ်ပေါက်တွေမှာထိုးနိုင်ဖို့အတွက် 3 pins လား၊ 2
pins လားစသည်ဖြင့် ပလပ်ပေါက်အမျိုးအစားကို လိုက်ပြီး သင့်တော်တဲ့ပလပ်ခေါင်းတွေတပ်ထားရတယ်လေ။ တကယ်လို့ Original ပလပ်ခေါင်းက
ပလပ်ပေါက်နဲ့မကိုက်ညီဘူး ဆိုရင် ကြားထဲကနေ Converter ခေါင်းတစ်ခုခံထားရတယ်နော်။ဒါမှသူတို့ (ပလပ်ခေါင်းနဲ့ပလပ်ပေါက်) ချိတ်ဆက်မိပြီး လျှပ်စစ်ပစ္စည်းဆီကို
လျှပ်စစ်ဓာတ်အား ရောက်သွားပြီး အလုပ်လုပ်နိုင်တော့မှာပေါ့။အဲဒီသဘောပါပဲ။ Network ဆင်မယ့် Cable တွေမှာလည်း
သက်ဆိုင်ရာပလပ်ခေါင်းနဲ့အလားတူတဲ့ Cable ခေါင်းတွေ တပ်ဆင်ထားရပါမယ်။လျှပ်စစ်ပစ္စည်းတွေမှာ ပလပ်ခေါင်းကကြိုးရဲ့တစ်ဘက်ထိပ်မှာပဲပါပြီး
ကျန်တဲ့တစ်ဘက်ကတော့ အဲဒီပစ္စည်းတွေထဲမှာပဲ များသောအားဖြင့် အသေတပ်ထားကြတတ်ပါတယ်။ဒါပေမယ့် Network Cable တွေမှာတော့ Cable ခေါင်းကို ကြိုးရဲ့
ထိပ်နှစ်ဘက်လုံးမှာ တပ်ဆင်ဖို့လိုအပ်ပါတယ်။ Computer ရဲ့ Network Card ကInterface (ပလပ်ပေါက်လိုပေါ့) ဟာ Cable ကို အသေတပ်ဆင်ထားဖို့မလိုအပ်ပါဘူး။
အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်ပါတယ်။ ပြီးတော့ Network Card က Interface နဲ့Ethernet Switch တွေမှာပါတဲ့ Interface တွေကလည်း အတူတူပါပဲ။ ဒါကြောင့် Network
Cable တွေမှာတော့ Switch နဲ့ Computer ကြားက Cable တွေဟာ Cableခေါင်းနှစ်ခုတူညီနေရမှာဖြစ်ပါတယ်။ အဲဒီလို Switch နဲ့ Computer
ကြားမှာချိတ်ဆက်တဲ့ Cable မျိုး ကို Straight Cable လို့ခေါ်ပါတယ်။ဒီတစ်မျိုးတည်းရှိတာလားဆိုရင်တော့ မဟုတ်ပါဘူး။ Cross Cable ကျန်ပါသေးတယ်။
သူ့ကိုတော့ Computer အချင်းချင်းကြား(Computer)နှစ်လုံးတည်းချိတ်တဲ့အခါမျိုးပေါ့)ပြီးတော့ Switch နှစ်လုံးကြားမှာချိတ်ဆက်အသုံးပြုပါတယ်။ (တချို့ Switch တွေမှာတော့ Uplink Port ဆိုပြီး Switch နှစ်လုံးချိတ်ဖို့ သီးသန့် Port ပါတတ်ပါတယ်။
အဲဒီလိုမျိုးမှာဆိုရင်တော့ Straight Cable နဲ့တင်ချိတ်ဆက်နိုင်ပါတယ်။ )

အဲဒီ Straight Cable နဲ့ Cross Cable နဲ့က Cable အမျိုးအစားကောခေါင်း(Connector Type) ရောအတူတူပါပဲ။ ဘယ်နေရာမှာ မတူတာလဲဆိုရင်တော့ Cable နဲ့
Connector နဲ့ ချိတ်ဆက်တဲ့နေရာမှာ မတူတာပါ။ချိတ်ဆက်ပုံချိတ်ဆက်နည်းပေါ့။ဝါယာကြိုးတွေမှာ တပ်ဆင်ရမယ့် ၀ါယာနန်းကြိုးနှစ်မျှင်သာပါတာများပေမယ့် UTP Cat 5
Cable မှာတော့ နန်းကြိုးလေးတွေ ရှစ်မျှင် တောင်ပါပါတယ်။ အဲဒီနန်းကြိုးလေးရှစ်မျှင်ကို Connector မှာ သွားတပ်တဲ့အခါ အစီအစဉ် ထားသို တပ်ဆင်ပုံလေးတွေက
Cross နဲ့ Straight ကို ကွဲပြားသွားစေတာပါ။ တပ်ဆင်ပုံနှစ်မျိုး ရှိပါတယ်။ဝါယာအစီအစဉ်ပေါ့။ ဖြူစိမ်း၊စိမ်း၊ ဖြူမော်၊ပြာ၊ ဖြူပြာ၊မော်၊ ဖြူညို၊ညို
ဆိုပြီးအစဉ်လိုက်ပုံစံတစ်မျိုးရယ်၊ နောက်တစ်မျိုးကတော့ ဖြူမော်၊မော်၊ဖြူစိမ်း၊ပြာ၊ ဖြူပြာ၊စိမ်း၊ ဖြူညို၊ညို ဆိုပြီးတော့တစ်မျိုးရယ်ပါ။ Cable
ရဲ့ထိပ်နှစ်ဘက်စလုံးကို ပထမပုံစံတစ်မျိုးတည်းနဲ့ဖြစ်ဖြစ်၊ဒုတိယပုံစံတစ်မျိုးတည်းနဲ့ဖြစ်ဖြစ် စီစဉ်ပြီး Connector နဲ့ ချိတ်ဆက်
ထားမယ်ဆိုရင် အဲဒီ Cable ဟာ Straight Cable ပါ။ တကယ်လို့အဲလိုမဟုတ်ဘဲ Cableရဲ့တစ်ဘက်ထိပ်မှာ ပထမပုံစံအတိုင်းစီစဉ်ပြီး နောက်တစ်ဘက်ထိပ်မှာတော့
ဒုတိယပုံစံအတိုင်း စီစဉ်ထားမယ်ဆိုရင် အဲဒီ Cable ဟာ Cross Cable ပါ။မှတ်မိသွားအောင် အောက် မှာ ပုံလေးတွေနဲ့ပြထားပါတယ်။
သြော်အရေးကြီးတာပြောရဦးမယ်။ UTP Cable မှာတပ်ဆင်ရမယ့် Connector က RJ 45
Connector ပါ။ တခြား Connector နဲ့ ချိတ်ဆက်လို့ရနိုင်မှာ မဟုတ်ပါဘူး။


ကဲ Cable တွေကို လိုအပ်သလို လိုအပ်သလောက် အကွာအဝေး အတိုင်းအတာလေးတွေ ဖြတ်ပြီးထိပ်တွေမှာ RJ 45 Connector လေးတွေတပ်ဆင်ထားလိုက်ပါ။ ကျွန်တော်ကတော့ Switchတစ်လုံးနဲ့ပဲ ချိတ်ပြမှာဆိုတော့ Cross Cable မလိုပါဘူး။ အားလုံးကို Straight Cable နဲ့ပဲချိတ်ပြမှာပါ။ Switch နဲ့ စက်တစ်လုံးစီတိုင်းကို Straight Cable
တွေနဲ့ ချိတ်ဆက်လိုက်ပါ။ ဒါဆိုရင် တော့ ကျွန်တော်တို့ရဲ့ကြိုးသွယ်တန်းမှုအောင်မြင်ပြီးဆုံးသွားပါပြီ။ သြော်မေ့လို့ Switch တွေကို Power ပေးဖို့တော့
မမေ့နဲ့ဦးနော်။ ကြိုးတွေ သွယ်တန်းပြီး Computer တွေဖွင့်လိုက်ရုံနဲ့ကြိုးသွယ်တန်းမှု မပြီးသေးပါဘူး။ Switch ကိုလဲ Power ပေးပြီး ဖွင့်ပေးရပါဦး
မယ်။

ကျွန်တော်တို့ရဲ့ Computer တွေအားလုံးဟာ Windows XP Professional OS တွေတင်ထားတယ်လို့ ယူဆလိုက်မယ်နော်။ Windows XP က Network Card ကို Detect သိလား
မသိဘူးလားဆိုတာကို အရင်ကြည့်ပါ။ My Network Place ကို Right Click နှိပ် ပြီးProperties ကို ရွေးပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့စက်မှာ တပ်ဆင်ထားတဲ့ Network
Card တွေကို တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့စက်မှာ Network Card စိုက်ထားပါရဲ့နဲ့အဲဒီမှာမတွေ့ရဘူးဆိုရင်တော့ Windows XP က Card ကို Detect မသိလို့ပါ။
ဒါဆိုရင်ဘယ်လိုလုပ်မ လဲ။ စိတ်မပူသွားပါနဲ့။ Network Card က Motherboard မှာbuilt-in ပါတဲ့ Card ဆိုရင် Motherboard Driver ခွေကို ထည့်ပြီး Network Card
ကို Install လုပ်ပါ။ သီးသန့်ထပ်စိုက်ထားတဲ့ Network Card ဆိုရင်လည်း Cardoယ်တုန်းကပါလာတဲ့ Driver ခွေကို ထည့်ပြီး Install လုပ်နိုင်ပါတယ်။
ဘယ်လိုလုပ်မှာလဲ။ My Computer ကို Right Click နှိပ်ပြီး Properties ကို ခေါ်ပါ။ပြီးရင် Hardware Tab အောက်က Device Manager ထဲကိုသွားပါ။ အဲဒီမှာ My Computer
Nodes ကို Right Click နှိပ်ပြီး Scanning Plug And Play Hardware ကိုနှိပ်ပါ။ပုံမှန်ဆိုရင်တော့ အဲဒီမှာတင်တွေ့ပါလိမ့်မယ်။ Ethernet Controller ဆိုပြီး
တွေ့ရပါလိမ့်မယ်။ အဲဒါကို Right Click နှိပ်ပြီး Update Driver ကိုနှိပ်ပါ။ပြီးရင် Driver Location တောင်းရင် CD ကို ညွှန်းပြီး Install လုပ်လိုက်ပါ။
သူ့ဟာသူ Driver ရှာပြီး Card ကို Install လုပ်ပါလိမ့်မယ်။ အဲဒီလိုလုပ်လို့အောင်မြင်သွားရင်တော့ My Network Place ရဲ့ Properties ထဲမှာ Local Area
Connection ဆိုပြီးပေါ်လာပါလိမ့်မယ်။ နှစ်ကဒ်ဆိုရင် Local Area Connection 1 ,Local Area Connection 2 ဆိုပြီးအစဉ် လိုက်ပေါ်နေပါလိမ့်မယ်။
အဲဒီထဲကမှကိုယ်ကြိုက်တဲ့ကဒ်ကို Double Click နှိပ်ပါ။ ပြီးရင် Properties
ကိုရွေးပါ။

ပြီးရင် Internet Protocol (TCP/IP) ကို Select မှတ်ပြီး Propertiesကိုနှိပ်ပါ။ အဲဒီမှာ IP Address ပေးရပါမယ်။ Network တစ်ခုလုံးကို Same Network
ဖြစ်နေအောင် IP Address ပေးရပါမယ်။ (ဥပမာ 192.168.0.x ပေါ့) ပြီးလို့ Tabနှိပ်လိုက်တာနဲ့ Subnet Mask က Auto ဖြည့်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးရင်
OK နဲ့ထွက်လိုက်ပါ။

Network တစ်ခုလုံးမှာ တပ်ဆင်ပါဝင်မယ့် စက်တွေအားလုံးကို အဲဒီနည်း နဲ့ IP Address တွေသတ်မှတ်ပါ။ အားလုံးပြီးသွားရင် ipconfig (Command Line Command)
ကိုသုံးပြီး IP Address ကိုစစ်ကြည့်ပါ။ ဟိုဖက်ဒီဖက် Computer အချင်းချင်းConnection မိသလား မမိဘူးလား သိရအောင် ping (Command Line Command )
ကိုသုံးပြီး အပြန်အလှန်စမ်းကြည့်ပါ။ အောင်မြင်တယ်ဆိုရင်ပြီးတာပါပဲ။
ကျန်တဲ့အဆင့်တွေကို ဆက်လုပ်ပါ။ ဆက်လုပ်ရမှာက My Computer ကို Right Click
နှိပ်ပြီး Properties ကိုနှိပ်ပါ။ ပြီးရင် Computer Name Tab အောက်ကိုလာပါ။

ပြီးရင် Change ကိုနှိပ်ပါ။ အဲဒီမှာ Computer Name နဲ့ Workgroup Name ပေးပါ။
Computer Name ကတော့ တစ်လုံးနဲ့ တစ်လုံးမတူရပါဘူး။ Workgroup Name ကတော့
အားလုံးအတွက် သတ်မှတ်ထားတဲ့ Name ကိုပဲပေးရမှာပါ။ ပြီးရင် OK နှိပ်ပါ။ ခဏ
စောင့်ပါ။ အားလုံးအဆင်ပြေရင် "Welcome from the Workgroup" ပေါ်လာပါလိမ့်မယ်။

ပြီးရင် စက်ကို Restart ချရပါလိမ့်မယ်။ စက်ပြန်တက်လာရင် Workgroup Network
တစ်ခုဒါမှမဟုတ် Peer-to-Peer Network တစ်ခုချိတ်လို့ပြီးသွားပါပြီ။
ဒါပေမယ့်ဒီမှာတင် မရပ်လိုက်ပါနဲ့ဦး။

ပြီးရင် Workgroup ထဲမှာ (Network ထဲမှာပေါ့နော်) တပ်ဆင်ထားတဲ့စက်တွေမှာ
အသုံးပြုမယ့်လူတွေရဲ့ User Name တွေနဲ့ Password တွေကို သက်ဆိုင်ရာ
စက်အသီးသီးမှာ သက်ဆိုင်ရာ လူတွေအတွက် Configure လုပ်ပေးပါ။ My Computer ကို
Right Click နှိပ်ပြီး Manage လို့ပြောပါ။ Computer Management Console
ပေါ်လာပါလိမ့်မယ်။

အဲဒီထဲကမှ Local Users and Groups Nodes ကို Select မှတ်ပြီး သူ့ဘေးက (+) ကို
နှိပ်ပါ။ အဲဒီထဲကမှ Users Nodes ကို Right Click နှိပ်ပြီး New User
လို့ပြောပါ။

Username ပေးပါ။ Full Name နဲ့ Description က Optional ပါ။ မထည့်လဲ ရပါတယ်။
Password ပေးပါ။ Confirm Password ပေးပါ။ User must change password at next
log on ဘေးက Check Box ကို ဖြုတ်ပါ။ မဟုတ်ရင်နောက်တစ်ခါ အဲဒီ User Log on
ဝင်တဲ့အခါ Password ကို ပြောင်းပေးကိုပေးရပါလိမ့်မယ်။ အောက်က Check Box
တွေကိုတော့ မိမိလိုအပ်ချက်ပေါ်မှာ မူတည်ပြီး On ချင်ရင် On ပေးပါ။
ကျွန်တော်ကတော့ ဒီအတိုင်းထားခဲ့ပါမယ်။ ပြီးရင် Create ကိုနှိပ်ပါ။

User တစ်ယောက် Create လုပ်ပြီးပါပြီ။ Users Folder အောက်မှာ ကိုယ်ခုနက create
လုပ်ခဲ့တဲ့ User လေးအတွက် သူ့ရဲ့ User Name နဲ့ Folder လေးလည်း ရောက်နေတာကို
တွေ့ရပါလိမ့်မယ်။အဲဒီလိုပဲ ကျန်တဲ့စက်တွေမှာလည်း သက်ဆိုင်ရာ User တွေအတွက်
Configured လုပ်ပေးလိုက် ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ Workgroup Network
(သို့မဟုတ်) Peer-to-Peer Network တစ်ခုချိတ်ဆက်မှုဟာ အမှန်တကယ် ပြီးဆုံးပါပြီ။

http://alinkarnya.blogspot.com/

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com