Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1Making smoking animation with PS [Turotial] Empty Making smoking animation with PS [Turotial] 11th January 2010, 3:55 pm

solakoko

solakoko
Moderator



Moderator
Making smoking animation with PS ဆိုလို့ အထင်တော့မကြီးလိုက်ပါနဲ့ 
ကျွမ်းကျင်လို့ တော့မဟုတ်ပါဘူး

Photoshop နဲ့  Animation မလုပ်တတ်သေးတဲ့သူတွေအတွက်
နဲနဲပါးပါး အထောက်အကူဖြစ်သွားမယ်ဆို ကျနော်တင်ပေးရကျိုးနပ်ပါပြီ
အဲဒီအတွက် ကျနော့်ရဲ့ ပထမဆုံးအကြိမ် Animation ပြုလုပ်ခဲ့တဲ့ အတွေ့ အကြုံလေးကို
ပြန်လည်ဖော်ပြခြင်းသာဖြစ်ပါတယ်
Tutorial လို့ မသတ်မှတ်ပါနဲ့ 
Tutorial ဆိုအရမ်းမြင့်သွားလို့ ပါ
ကျနော့အတွေ့ ကြေုံလေးကိုတင်ပေးခြင်းဖြစ်တယ်လို့ မှတ်ပါ
အာစရိများခွင့်လွှတ်တော်မူကြပါ



ကဲစမယ်နော်
Animation တစ်ခုဖြစ်ဖို့ ဘာတွေလိုမလဲ

(၁) Idea .
ဘယ်လိုပုံလုပ်ချင်တာလဲ..
ကိုယ့်ရဲ့ Photoshop ကျွမ်းကျင်မှုပေါ်မူတည်ပြီးသေသပ်ကောင်းမွန်တဲ့ Animation ပုံကိုလုပ်ပါ
ကျနော်ကတော့ Photoshop ကိုမကျွမ်းတဲ့အတွက် လွယ်မယ်ထင်တဲ့ ဆေးလိပ်သောက်နေတဲ့ပုံကိုလုပ်ပါတယ်
ဆေးလိပ်တပ်ထားတဲ့ ပါးစပ်ကနေ မီးခိုးလေးထုတ်ပေးဖို့ ပဲလိုတယ်လေ
ဒီဖိုရမ်လေးမှာ Profile Avator လေးလုပ်ချင်တာတစ်ခုနဲ့ ..ဒီ Animation ကိုစလုပ်ခဲ့တာလဲဖြစ်ပါတယ်

Photoshop ကို Animation လုပ်မှစသုံးဖြစ်ပါတယ်
အဲဒါကြောင့် ဆင်ကန်းတောတိုးသလို ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ..တိုင်တွေပတ်ပြီး..နောက်ဆုံး ဆေးလိပ်ဖွာနေတဲ့ Animation
တစ်ခုတော့ဖြစ်လာခဲ့ပါတယ်

ကဲကဲ..
ဆေးလိပ်ဖွာနေတဲ့ Animation လုပ်ဖို့  Idea ရပြီ

(၂)လိုတာတွေစုထားမယ်
ဘာတွေစုမလဲဆိုတော့
လူဓါတ်ပုံလိုမယ်၊ဆေးလိပ်လိုမယ်၊မီးခိုးလိုမယ်(အဲဒါတွေကို Photoshop နဲ့ ဖန်တီးတတ်ပါက စုစရာမလိုပါဘူးထင်ပါတယ်)
ကျနော်က မဖန်တီးတတ်တဲ့အတွက် ဆေးလိပ်ပုံနဲ့  မီးခိုးပုံကို google မှရှာလိုက်ပါတယ်
[You must be registered and logged in to see this image.]
အဲဒီပုံတွေကတော့ Animation အတွက်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်

Adobe Photoshop ကိုဖွင့်လိုက်ပါ
အပေါ်မှ Menu bar မှ
File>New ကိုသွားလိုက်ပါ
Width နဲ့ Height နေရာမှာ 120 pxiels ဆီဖြည့်လိုက်ပါ(ဒီဖိုရမ်မှာ size ကိုကန့် သတ်ထားတဲ့အတွက် 120 pxiels သာထားပါသည် အပျော်လုပ်ချင်ပါက size ကိုကြိုက်သလိုထားပါ)
ပြီးရင် Ok နှိပ်ပါ .လိုချင်တဲ့အရွယ်ရပြီနော်

[You must be registered and logged in to see this image.]
အဲဒီထဲကို ဓါတ်ပုံထဲ့မယ်
File>open မှတစ်ဆင့် မိမိဓါတ်ပုံဆီကိုသွားပြီး Ok ပေးလိုက်ပါ
ဒါဆို ဘေးးမှာ ဓာတ်ပုံအပိုထပ်ပွင့်လာလိမ့်မယ်
ဓာတ်ပုံထဲမှ လိုချင်တဲ့ အစိတ်အပိုင်းကို ရွေးပြီး drag ဆွဲထည့်ရအောင်
ပုံထဲမှာပြထားတဲ့အတိုင်း Rectangular Marquee tool ကို click နှိပ်လိုက်ပါ
ပြီးရင် အသစ်ဖွင့်ထားတဲ့ ဓါတ်ပုံမှ လိုချင်တဲ့နေရာကို သင့်တော်သလို လိုက်ချိန်ပြီးရင်
Keyboard မှ Ctl key ကိုဖိပြီး..Blank layer ထဲသို့  select လုပ်ထားသော အပိုင်းကိုဆွဲထဲ့လိုက်ပါ
[You must be registered and logged in to see this image.]

ပြီးရင် မလိုတဲ့ နောက်ထပ်ဖွင့်ထားတဲ့ ဓါတ်ပုံကို ပိတ်လိုက်လို့ ရပါပြီ
ကျန်တာဆက်ပြင်ရအောင်
[You must be registered and logged in to see this image.]
ပုံမှာပြထားတဲ့အတိုင်း Move tool ကို ကလစ်နှိပ်လိုက်ပါ
မညီမညာဖြစ်နေတဲ့…ခုဏက ဆွဲထည့်ထားတဲ့ ပုံကို ၀ိုင်းပြထားတဲ့နေရာမှာရှိတဲ့ လေးဒေါင့်အကွက်မှနေ
အစွန်းတွေကို ညီသွားအောင်ချိန်လိုက်ပါ
အစွန်းတွေညီသွားပြီဆို Enter နှိပ်လိုက်ပါ
ဒါဆို size ချိန်ပြီးတဲ့ လူပုံရပြီ
အဲဒါကို ဆေးလိပ်တပ်ပေးရဦးမယ်.
ဘယ်လိုတပ်မလဲဆိုတော့..
File>Open မှ ကျနော်ရှာထားတဲ့ ဆေးလိပ်ပုံဆီကိုသွားပြီး Ok ပေးလိုက်ပါ
[You must be registered and logged in to see this image.]
ဘေးမှာ ဆေးလိပ်ပုံတစ်ပုံထပ်ပွင့်လာပါလိမ့်မယ်
ပုံမှာပြထားတဲ့အတိုင်း Polygonal Lasso Tool ကို select လုပ်လိုက်ပါ
ပြီးရင်အသစ်ဖွင့်ထားတဲ့ဓါတ်ပုံမှ ဆေးလိပ်ကို ရွေးပြီး လိုက်ဖြတ်လိုက်ပါ(စတဲ့နေရာနဲ့ ဆုံးတဲ့နေရာ ဆက်မိမှရမယ်နော်)
ဆေးလိပ်ကို ဖြတ်လို့ ပြီးပြီဆို keyboard မှ Ctl ကီးကိုဖိပြီး လူပုံပေါ်သို့  ဆေးလိပ်ကို drag ဆွဲထည့်လိုက်ပါ
ပြီးရင် အသစ်ထပ်ဖွင့်ထားတဲ့ဆေးလိပ်ပုံကို ပိတ်လိုက်လို့ ရပါပြီ
ကျန်တဲ့အပိုင်းဆက်ပြင်ကြမယ်
ဆွဲထည့်လိုက်သောဆေးလိပ်ပုံဟာ မျက်နှာနဲ့  ကြီးနေခြင်း(သို့ )သေးနေခြင်းဖြစ်နေပါလိမ့်မယ်
သင့်တော်အောင်ချိန်ဖို့ အတွက် အောက်ကပုံမှာပြထားတဲ့အတိုင်း
Move tool ကို select ပေးလိုက်ပါ
[You must be registered and logged in to see this image.]
ပြီးရင် ဆေးလိပ်ကို ပုံမှာပြထားတဲ့နေရာကနေ မျက်နှာနှင့်သင့်တော်အောင် အကြီးအသေးညှိလိုက်ပါ
သင့်တော်ပြီဆိုပါက Enter နှိပ်လိုက်ပါ
ပုံကိုကြည့်လိုက်ပါ ဆေးလိပ်နဲ့ မျက်နှာ သင့်တော်သွားပြီဆိုပါက
အဲဒါကို ပုံသေယူလိုက်တော့မယ် Menu bar မှ
Layer>flatten image ကိုနှိပ်လိုက်ပါ
ဒါဆိုဆေးလိပ်ကို ပါးစပ်နဲ့  fix လုပ်လိုက်ပါပြီ
Layer နှစ်ခုကို အသေပေါင်းစပ်လိုက်တဲ့သဘောပါ

မီးခိုးထုပ်ပေးဖို့ ပဲရှိတော့တယ်
အပေါ်မှာလုပ်ခဲ့တဲ့အတိုင်းပါပဲ
File>open မှတစ်ဆင့် ရှာထားတဲ့ မီးခိုးပုံသို့ သွားလိုက်ပါ
ပုံမှာပြထားတဲ့အတိုင်း
[You must be registered and logged in to see this image.]
Polygonal Lasso tool ကို select ပေးပြီး မီးခိုးတွေကို သင့်တော်သလိုဖြတ်ယူလိုက်ပါ
ပြီးရင် Ctl key ကိုဖိပြီး ဆေးလိပ်ပေါ်သို့  drag ဆွဲထည့်လိုက်ပါ
Move tool ကိုအသုံးပြုပြီး ဆွဲထည့်လိုက်တဲ့မီးခိုးတွေကို သင့်တော်သလိုချိန်လိုက်ပါ
ဒါဆို ဆေးလိပ်လဲတပ်ပြီးပြီ
မီးခိုးလဲတပ်ပြီးပြီ(ဖြတ်ညှပ်ကပ်တွေ ဒီလိုပဲလုပ်တာလားမသိဘူး)
ရုပ်တိရှိသွားအောင် ဆေးလိပ်ထိပ်မှာ မီးလေးနဲနဲတို့ ပေးလိုက်မယ်
မီးခိုးနဲ့ ဆင်သွားအောင်နဲနဲပြင်လိုက်မယ်နော်
အဲဒါတွေတော့  အောက်က ပုံမှာပြထားတဲ့ tools နဲ့ 
ပြင်လိုက်ပါတယ်
[You must be registered and logged in to see this image.][img][/img]
ဒါဆို Ok ပါပြီ
ဒီထပ်လဲမလုပ်တတ်တာ့ဘူး
[You must be registered and logged in to see this image.][img][/img]
ကဲပြင်ဆင်ခြင်းအဆင့်ပြီးပါပြီ…
Animation ပုံလေးဖော်ဖို့ ပဲရှိတော့ပါတယ်
ဘယ်လိုဖော်မလဲဆိုတော့..
အပေါ် Menu bar မှ Window > Animation ကို ကလစ်လုပ်လိုက်ပါ
အောက်မှာ animation အကွက်လေးပေါ်လာပါလိမ့်မယ်
[You must be registered and logged in to see this image.]
ပေါ်လာပြီဆို မင်နီနဲ့ ဝိုင်းပြထားတဲ့နေရာမှာ မျက်လုံးလိုလို ဘာလိုလိုဟာလေးရှိတယ်
အဲဒါကို ဘယ်လိုခေါ်လဲတော့မသိဘူး

အောက်ကပုံကိုကြည့်ပါ
[You must be registered and logged in to see this image.]
မင်အပြာနဲ့ ကျနော် ထပ်ဝိုင်းပြထားပါတယ်
အဲဒီအလုံးလေးကို ကလစ်ဆက်တိုက်နှိပ်ကြည့်လိုက်ပါ
အဲလိုနှိပ်ကြည့်လိုက်ရင် ပုံမှာ မီးခိုးတွေ ထွက်လိုက် .ပိတ်လိုက်ဖြစ်နေတာတွေ့ ရလိမ့်မယ်
ဆက်တိုက်နှိပ်ကြည့်လိုက်ပါ
ဟုတ်လားမသိဘူး..

ကဲ Animation ကိုစမယ်
လူတစ်ယောက်ဆေးလိပ်သောက်တာကိုမျက်စိထဲမြင်ကြည့်လိုက်ပါ
ဆေးလိပ်ကိုတပ်ထားမယ်၊ပြီးရင် မီးရဲပြီးတော့ မီးခိုးတွေထွက်မယ် ဟုတ်တယ်နော်
အဲဒီတော့ ပုံနှစ်ပုံပဲ ဖန်တီးဖို့ လိုတယ်ပေါ့
ဘယ်လိုလဲဆိုတော့ အစမှာ ဆေးလိပ်တပ်ထားတာနဲ့ စမယ် ပြီးရင် မီးခိုးထွက်မယ် (၂)ခုပဲ
အဲဒီ(၂)ခု အဆင်သင့်မရှိတဲ့အတွက် နဲနဲတော့အလုပ်ရှုပ်ခဲ့တယ်ဆိုပါတော့
အခု ပြည့်စုံပြီဆိုတော့ Animation ဖန်တီးပြီးသိမ်းဖို့ ပဲကျန်တော့တယ်
အပေါ်မှာပြောခဲ့သလို window >animation ကို ကလစ်နှိပ်လိုက်ရင်အောက်မှာ
Animation အကွက်လေးပေါ်လာပါလိမ့်မယ်
အောက်ကပုံကိုကြည့်ပါ
[You must be registered and logged in to see this image.]
အစမှာ ဆေးလိပ်တပ်ထားတာနဲ့ စမယ်ဆိုတော့..မီးခိုးကို ခဏဖြုတ်ထားလိုက်ဦးမယ်
ဘယ်လိုဖြုတ်မလဲဆိုတော့ ညာဘက်မှာ မင်နီနဲ့ ဝိုင်းပြထားတဲ့နေရာ
အဲနေရာက မျက်လုံးပုံလေးကို uncheck ပြန်လုပ်လိုက်ပါ
ဒါဆိုမီးခိုး ပျောက်ပြီးဆေးလိပ်ပဲကျန်ခဲ့လိမ့်မယ်
မီးခိုးမရှိတဲ့ပုံနဲ့ စမယ်..မီးခိုးထွက်တဲ့ပုံနဲ့ ဆုံးမယ်လေ
ဒီ (၂)ဆင့်ပဲရှိတာကိုး
မီးခိုးမရှိအောင် မျက်လုံးလေးကို uncheck လုပ်ပြီးပြီဆိုတော့
နောက်တစ်ပုံကမီးခိုးထွက်နေတာ လာမယ်
အဲဒီအတွက် အပေါ်ကပုံမှာပြထာတဲ့အတိုင်း animation နောက်တစ်ခုပေါ်ရန်ဆိုတာကို
ကလစ်လုပ်လိုက်ပါ(Duplicate selected frames )လို့ ခေါ်ပါတယ်
အဲဒါကိုနှိပ်ပြီးရင် ညာဘက်က မျက်လုံးပုံလေးကို check ပေးလိုက်ပါ
ဒါဆိုမီးခိုးပြန်ထွက်လာပါလိမ့်မယ်
မီးခိုးက ထွက်လိုက် ပိတ်လိုက်နဲ့  Looping ပတ်အောင်လုပ်မှာဖြစ်တဲ့အတွက်
အပေါ်မှာပြောခဲ့သလို မီးခိုးထွက်နေတဲ့ layer က မျက်လုံးကို uncheck ပြန်လုပ်လိုက်
Duplicate selected frames ကိုနှိပ်ပြီး animation အကွက်တစ်ကွက်ထပ်ဖေါ်လိုက်နဲ့ 
(၃)ခါလောက်လုပ်လိုက်ပါ
အောက်ကပုံလိုဖြစ်လာပါလိမ့်မယ်
[You must be registered and logged in to see this image.]
ပြီးရင်..
တစ်ပုံနဲ့ တစ်ပုံကြား ဘယ်နှစ်စက္ကန့် ခြားမလဲဆိုတာရှိပါသေးတယ်
အောက်ကပုံကိုကြည့်ပါ
[You must be registered and logged in to see this image.]

ခြားချင်တဲ့ ပုံကို အောက်နားမှာတြိဂံပုံလေးရှိတယ်
အဲဒါကိုနှိပ်လိုက်ရင်ပုံမှာပြထားတဲ့အတိုင်း.ပေါ်လာပါလိမ့်မယ် .စက္ကန့် ချိန်လိုက်ပါ
ကြိုက်တဲ့အချိန်မှာပေါ်ခိုင်းလို့ ရပါတယ်
အောက်ကပုံကိုဆက်ကြည့်ပါ
[You must be registered and logged in to see this image.]
အချိန်တိုက်ပြီးပါက play နှပ်ကြည့်ပါ..မကြိုက်သေးရင် pause လုပ်ပြီး ထပ်ချိန်ပါ
မကြိုက်ပါက မကြိုက်တဲ့ဟာကို select လုပ်ပြီး delete လုပ်ပါ
အားလုံးစိတ်တိုင်းကျပြီဆို သိမ်းဖို့ ပဲကျန်တော့တယ်
အောက်ကပုံကိုဆက်ကြည့်ပါဦး
[You must be registered and logged in to see this image.]
မင်နီနဲ့ ဝိုင်းပြထားပါတယ်
Edit in image ready ဆိုတာလေးကိုကလစ်နှိပ်လိုက်ပါ
ဒါဆို Adobe image ready နဲ့ ပွင့်သွားပါလိမ့်မယ်
Adobe image ready နဲ့ ပွင့်သွားရင် ..
ထိုမှတစ်ဆင့်
အောက်ကပုံထဲမှာပြထားတဲ့အတိုင်း Ie ပုံစံ အိုင်ကွန်လေးရှိတယ်
[You must be registered and logged in to see this image.]
Preview in iexplorer ဆိုပြီးရှိတယ်
သဘောကတော့ Internet explorer နဲ့ ပြန်ဖွင့်မယ်ပေါ့ဗျာ
အဲဒါကိုကလစ်လုပ်လိုက်ပါဗျာ
ပြီးရင် Internet explorer နဲ့ ပွင့်လာပါလိမ့်မယ်
အဲဒီအခါကျမှ ပုံကို မိမိကွန်ပျူတာမှာ save မှတ်လိုက်ပါ
ဒါဆို Animation ပုံလေးရပါပြီ..
ကြိုက်တဲ့နေရာမှာupload လုပ်ပြီးတင်နိုင်ပါပြီဗျာ
[You must be registered and logged in to see this image.]
အဲဒါတွေကတော့
ကျနော့် Profile က Avator ကိုအဆင့်ဆင့်ပြုလုပ်ခဲ့ပုံလေးဖြစ်ပါတယ်
ရမ်းသမ်းပြီးလုပ်ခဲ့တာဖြစ်တဲ့အတွက်……ဗရုတ်သုတ်ခဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်
ဒါပေမဲ့ကျနော်သိတာကို အသင်းသားများမသိတာတွေလဲပါကောင်းပါ နေပါလိမ့်မယ်
အဲဒီအတွက်…မိမိတို့ မသိတာများကို မှတ်သားပြီး လွယ်ကူတဲ့ Animation လေးတွေလုပ်နိုင်ကြပါစေဗျာ
လွယ်ကူတဲ့ Animation များလုပ်နည်းကို ဖန်တီးတတ်တဲ့သူများမှလဲ
ကျနော့် အမှားများကို ပြင်ဆင်ပေကြပါကုန် (မှတ်သားထားပါ့မယ်)

ကျနော်တင်တဲ့အချိန်မှာ ကွန်နက်ရှင်သိပ်မကောင်းပါခင်ဗျာ
Screen shot များမမြင်ရပါက ခွင်လွတ်ပါလို့ ....



Last edited by solakoko on 26th April 2010, 7:21 pm; edited 2 times in total

C0D3R

C0D3R
MITR Master



MITR Master
အစ်ကိုလည်းဆေးလိပ်သောက်ရင်ကောင်းမလားလို့

ညီရေးတဲ့ photoshop နဲ့လေ ကောင်းပါတယ်ရေးထားတာ

ကျွန်တော်လည်း photoshop ဆိုဝေးနေတာ tutorial လေးဆိုတော့လိုက်လုပ်လို့ရတာပေါ့

+rep

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျနော် တောင်းဆိုတာနဲ့ ချက်ချင်းလုပ်ပေးတာ ကျေးဇူးတင်တယ်ဗျာ။
ကျနော် ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာတွေပါ ရေးပြီးသွားသလိုဖြစ်သွားပြီ။ Smile
နောက်လည်း အတွေ့အကြုံလေးတွေ မျှပါဦးဗျို့။

http://www.myanmaritresource.info

connection

connection
MITR New User



အကိုရေးကျေးဇူးပဲဗျာ
ညီလေးကအဲ့ဒါလေးလုပ်ချင်တာဗျာ

ခုမှပဲတွေ့တောကတယ်ကျွန်တော်က ငယ်ငယ်တည်းက ဆေးလိပ်ကြိုက်တာ
ဆယ်တန်းဖြေပြိးတော့စသောက်တယ်
အဟီး
အကိုကျေးဇူးအလွန်တင်ပါတယ်ခင်ဗျာ

aungthan

aungthan
MITR New User



Animation လေးက ရှုင်းရှင်းလေးနဲ့ ဖော်ပြထားတဲ့အတွက် နားလည်လွယ်ပါတယ်။ ကျေးဇူးလည်းအရမ်းတင်ပါတယ်။

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Make a forum | ©phpBB | Free forum support | Report an abuse | Forumotion.com