1 Microsoft မှ Windows 7 Activation Crack များကို တားဆီးရန်ကြိုးပမ်း 28th February 2010, 1:51 pm
mars
Moderator
မကြာမီကာလအတွင်း Microsoft မှ Windows 7 အသုံးပြုသူများအတွက် update များထုတ်ပေးမည်ဖြစ်ပြီး ၎င်း update များဟာ activation crack များ တရားမ၀င်ကူးယူအသုံးပြုခြင်းအား တားဆီးကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
Microsoft မှပြောကြားချက်အရ တရားမ၀င်အသုံးပြုလျက်ရှိသော activation crack ပေါင်း ၇၀ ကျော်ရှိကြောင်း သိရှိရပါတယ်။ Microsoft ၏ update ဟာ Windows Activation Technologies (WAT) ဖြစ်ပြီး ယခင်ကတော့ Windows Genuine Advantage (WGA) ဟုလူသိများလှပါတယ်။ ထို update ဟာ Windows 7 Home Premium, Professional, Ultimate နှင့် Enterprise အသုံးပြုသူများအတွက်ဖြစ်ပြီး ၎င်းဟာတရားမ၀င် Activate ပြုလုပ်ခြင်းအား ဖော်ထုတ်ပေးနိုင်ကြောင်းသိရှိရပါတယ်။ ယခင် ၂၀၀၆ ခုနှစ်မှာလည်း Microsoft မှ Windows XP အသုံးပြုသူများထံသို့ WGA update ပေးပို့ခဲ့ပြီး ၎င်းဟာ လုံခြုံရေးဆိုင်ရာအလွန်ကောင်းမွန်သော update တစ်ခုလည်းဖြစ်ပါတယ်။ Microsoft ၏ update ကြောင့် တရားမ၀င် activate ပြုလုပ်ခြင်းနှင့် Key ခိုးယူသုံးစွဲခြင်းတို့ကိုကာကွယ်နိုင်ပြီး Windows 7 ကူးယူအသုံးပြုခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။
Ref: myanmarinternetjournal