1 ကြွက်တွေ တအားသောင်းကျန်းတယ် ညီလေးရေ[IT Joke] 25th August 2010, 12:38 am
ayoe88
MITR New User
တစ်ခါကပေါ့ဗျာ
မရေးတက်တော့လည်း ဒီလိုဘဲရေးရမှာပေါ့
အဲတော့ပြန်စမယ်
တစ်ခါကပေါ့ဗျာ
Services ဆိုင်ဖွင့်ဖို့ ဆိုင်ခန်းလာရှာ တယ်ခင်ဗျာ
အဲဒီမှာ ဆိုင်ခန်းတွေ့တယ် အနီးနား အကိုတစ်ယောက်ကို စုံစမ်းကြည့်တော့
ဆိုင်ဖွင့်ချင်သူ ----- အကိုဒီဆိုင်ခန်းတွေက ငှားမှာလား အကို
အနီးအနားကအကို-----အေးငှားမှာ ညီရ ညီလေးတို့က ဘာဆိုင်ဖွင့်ဖို့လဲ
ဆိုင်ဖွင့်ချင်သူ ------ ကွန်ပြူတာ ဆားဗစ်ဆိုင်ဖွင့်မှာပါ အကို
အနီးအနားကအကို-----အေးကောင်းတယ်ညီရေ ဒီနား မင်းတို့ဖွင့်တဲ့ဆိုင်မရှိသေးဘူးကွာ လုပ်သာလုပ်အားပေးတယ်ညီရေ
ဆိုင်ဖွင့်ချင်သူ------ဟုတ်ကဲ့အကို
အနီးအနားကအကို-----အော်ဒါနဲ့ပြောရအုံးမယ် ညီလေးတို့က ကွန်ပြူတာဆားဗစ်ဆိုင်ဖွင့်မှာဆိုတော့ သတိပေးရအုံးမယ်
ဆိုင်ဖွင့်ချင်သူ--------ဟုတ်ကဲ့ပြောပါအကို
အနီးအနားကအကို-----ညီလေးတို့ဖွင့်မယ့် ဆိုင်ခန်းတွဲမှာ ကုန်စုံဆိုင်တစ်ဆိုင်ရှိတယ်ကွာ သူတို့က ကြက်သွန်နီတို့ကြက်သွန်ဖြူတို့အားလူးတို့ အော်ကွာ
အစုံရောင်းတာဆိုတော့ ကြွက်တွေပေါတယ်ကွာ မင်းတို့ Virus တော့ကိုက်လိုက်မယ်
ဆိုင်ဖွင့်ချင်သူ-----------------ဟားဟားဟားဟားဟား(မှတ်ချက်။အဲဒီလိုတော့ မရယ်ခဲ့ပါဘူး အားနားလို့ပါ စိတ်ထဲကရယ်ချင်းသာဖြစ်ပါတယ်)
ဆိုင်ဖွင့်ချင်သူ-----------------ဟုတ်ကဲ့အကို ဒါတော့စိတ်ချ ကျွန်တော်တို့ Antivirus ကောင်းကောင်းသုံးထားပါတယ်။