1 Windows 7 PC အများစုတွင် memory အလွန်အကျွံသုံးစွဲမှုဖြစ် 28th February 2010, 1:50 pm
mars
Moderator
Windows 7 အသုံးပြုသည့် PC အများစုတွင် memory သုံးစွဲမှုအလွန်အကျွံဖြစ်ပေါ်ကြောင်း Devil Mountain Software ရဲ့ XPnet မှပြောကြားလိုက်ပါတယ်။ အဆိုပါကုမ္ပဏီမှ တိုင်းတာစစ်ဆေးချက်အရ Windows 7 အသုံးပြုသည့် ကွန်ပျူတာ ၈၆ ရာခိုင်နှုန်းတွင် memory သုံးစွဲသည့်ပမာဏ ၉၀ မှ ၉၆ ရာခိုင်နှုန်းအထိရှိပြီး Windows XP ရဲ့ memory သုံးစွဲမှုဟာ ၄၀ ရာခိုင်နှုန်းသာရှိတာကြောင့် Windows XP အသုံးပြုကွန်ပျူတာများထက် နှစ်ဆကျော်ပိုမိုသုံးစွဲကြောင်း နည်းပညာအရာရှိဖြစ်သူ Craig Barth မှပြောကြားခဲ့ပါတယ်။ XPnet ရဲ့အဆိုအရ Windows XP တွင် memory သုံးစွဲမှုပျှမ်းမျှပမာဏ 1.7GB သာရှိပေမယ့် Windows 7 မှာတော့ 3.3GB ရှိကြောင်း သိရပါတယ်။ XPnet ဟာ Windows Composite Performance Index (WCPI) ဖြင့်တိုင်းတာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ memory အလွန်အကျွံသုံးစွဲမှုဟာ မည်သည့်အတွက်ကြောင့်ဖြစ်တယ်ဆိုတာကိုတော့ အသေး စိတ်ဖော်ပြခဲ့ခြင်း မရှိပါဘူး။
ref; myanmarinternetjournal
ref; myanmarinternetjournal