1 Text Tut 6th March 2010, 6:41 pm
alt.332
Administrator
[You must be registered and logged in to see this image.]
ဒီတစ်ခါတော့ ဘာ Effect မှမသုံးပဲနဲ့.. Text တွေကို color လှလှလေးတွေဖြည့်ကြည့်ရအောင်ဗျာ။ ပထမဦးဆုံး မိမိကြိုက်နှစ်သက်ရာ width height နဲ့ New Document တစ်ခုယူလိုက်ပါ။ ကျွန်တော်ကတော့ 250x250px ယူထားပါတယ်။
ပြီးရင် Background ကို ကြိုက်နှစ်သက်ရာ Color ဖြည့်လိုက်ပါ။ ကျွန်တော်ကတော့ Black ကိုပဲဖြည့်ထားပါတယ်။ Color ဖြည့်ပြီးရင် Layer တစ်ခုယူပြီးတော့ ကြိုက်နှစ်သက်ရာ Font နဲ့ ကြိုက်နှစ်သက်ရာစာသားကို ရေးလိုက်ပါ။ Font ကို bold လုပ်ရင်လုပ် ဒါမှမဟုတ် ခပ်ထူထူ Design လေးကိုရွေးရင်ပိုသင့်တော်ပါတယ်။

ပြီးသွားရင် အစ်ကို/အစ်မတို့ အပေါ်ဆုံးကပုံမှာပြထားသလိုမျိုး Text ထဲကို ဖြည့်ချင်တဲ့ ပုံကို New Layer တစ်ခုယူပြီး ထည့်ပေးပါ။

ပြီးရင် အဲ့ဒီ့ ပုံထည့်ထားတဲ့ Layer ပေါ်မှာ Right click ထောက်ပြီးတော့ Create Clipping Mask ဆိုတာလေးကိုရွေးလိုက်ပါ။
အပေါ်က လိုမျိုး ပုံစံထွက်လာပါလိမ့်မယ်.... ပုံထည့်ထားတဲ့ Layer ကို Select လုပ်ပြီး Move tool သုံးပြီးတော့ ကြိုက်သလိုမျိုး ညှိလို့ရပါတယ်။
Credit To HF
(Have Fan)