Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

1LaTeX and C/C++ Tutorial Project Empty LaTeX and C/C++ Tutorial Project 14th December 2009, 11:11 am

Law Shay

Law Shay
VIP Member



VIP Member
TeX ဆိုတာက HTML လိုပဲ Document Formatting Language တစ်ခုပါ။ သူ့ကို စာပုံနှိပ်တိုက်တွေမှာ စံထားအသုံးပြုတဲ့ Post Script Document တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ TeX ဟာ ပရိုဂရမ်းမင်း ဘုရားလို့ ပြောလို့ ရမဲ့ ဒေါ်နယ်လ် နုပ်ရဲ့ ရွှေလက်ရာလဲ ဖြစ်ပါတယ်။ (Bug တစ်ခုတွေ့ရင် ၂ ဒေါ်လာ ခွဲလားမသိဘူး ပေးမယ်လို့ ကြေငြာထားတယ်။)LaTeX ဆိုတာကတော့ သင်္ချာ၊ ပရိုဂရမ်းမင်း စာတွေ စီရာမှာ အဆင်ပြေအောင်လို့ TeX ကို တိုးချဲ့ထားတဲ့ Language ပေါ့။ (လာတက်ဆ်လို့ ဖတ်ပါ။ လေးတက်ဆ်ဆိုရင် ကွန်ဒုံးလုပ်တဲ့ ရာဘာ ဖြစ်သွားမယ်။) အဲဒီ လာတက်ဆ်ကို အသုံးပြုခြင်းဖြင့် Word လိုမျိုး WYSIWYG ဆောဖ့်ဝဲတွေသုံးတာထက်ပိုပြီး ဘာသာရပ်ဆိုင်ရာ စာတွေ စာစီတာ မြန်ဆန်အောင် လုပ်နိုင်ပါတယ်။LaTeX ကို လေ့လာကြလို့ ဒီတိုင်းပြောလိုက်ရုံနဲ့ မပြီးမှန်းသိပါတယ်။ အခု C/C++ သင်ပုန်းကြီးကို Community Project အသွင်နဲ့ လုပ်တဲ့အခါမှာ LaTeX ကို သုံးရင် မဖြစ်နိုင်ဘူးလားလို့ အတွေးထွက်လာပါတယ်။ ဒီနေရာမှာ LaTeX က ဇော်ဂျီကို support လုပ်မလုပ် မသေချာပေမဲ့ ၀င်း ဖောင့်တွေ အားလုံးကိုတော့ support လုပ်တယ်လို့ တွေ့ရှိရပါတယ်။ UTF-8 ကို support လုပ်တဲ့ class extension တွေ ရှိတယ်ဆိုပေမဲ့ မစမ်းကြည့်ရသေးပါ။ အဲဒီတော့ကာ ... LaTeX ကိုလဲ လေ့လာရင်း၊ လိုတဲ့ class လေးများလဲ (မြန်မာအားလုံးအတွက် အကျိုးပြု) ဖြည့်ရေးရင်းနဲ့ C/C++ သင်ပုန်းကြီး ပရောဂျက်ကို ဒီဖိုရမ်မှာပဲ စလိုက်ကြပါစို့လား ခင်ဗျာ။

စာကြွင်း ။ ။ Mystery Zillions Forum က ပညာရှင်များကိုလဲ ဖိတ်ခေါ်ချင်ပါတယ်။

2LaTeX and C/C++ Tutorial Project Empty Re: LaTeX and C/C++ Tutorial Project 14th December 2009, 5:08 pm

sHa92

sHa92
Founder



Founder
စိတ်တော့ ၀င်စားတယ်ဗျ။
လောလောဆယ်တော့ ကျောင်းစာတွေကော Project တွေကောရှုပ်နေလို့ ကျန်တာ မလေ့လာနိုင်သေးပါဘူးဗျာ။
အစ်ကိုအပါအ၀င်အခြား ပညာရှင်ကြီးတွေ ပါဝင်လာမှဘဲ နောက်ကလိုက်လေ့လာတော့မယ်။ Smile

လေ့လာချင်တဲ့သူတွေ အောက်ကလင့်ခ်မှာရတယ်နော်။
Code:
http://www.latex-project.org/

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Create a forum | Computers and Internet | Computers | ©phpBB | Free forum support | Report an abuse | Forumotion.com