1 စာလုံးတွေ ၀ါးတားတား မဖြစ်အောင် [Tips & Tricks] 18th March 2010, 9:55 am
solakoko
Moderator
Connection မရလို့ တခြား Cyber Café တစ်ခုကို သွားသုံးတဲ့အခါတုန်းက ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲလေးတစ်ခုပြောချင်ပါတယ်ဗျာ။ဘာလဲဆိုတော့ကား…. Zawgyi-font သုံးထားရက်နဲ့ 
စာလုံးတွေကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့ အကြောင်းလေးပါ။ကြုံဖူးကြမလားမသိဘူး..Firefox မှာ
စာလုံးတွေဝါးတားတားနဲ့ ဖြစ်နေတာ၊Gtalk ကမြန်မာစာတွေ မှာ လဲ ၀ါးတားတားဖြစ်နေတာ၊Task bar မှာ မြန်မာလိုပေါ်ရမဲ့ဟာ မပေါ်ပဲနဲလေးဒေါင့်ကွက်တွေဖြစ်နေတာ၊File or Folder တွေကို မြန်မာလို နာမည်ပေးရင် လေးဒေါင့်အကွက်တွေဖြစ်နေတာ စသည်ပေါ့ဗျာ။
ဒါတွေဟာ Zawgyi-font သုံးထားရက်နဲ့ အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေပါဗျား။တစ်ချို့  တွေတော့ကြုံဖူးကြမယ်ထင်တယ်နော်။အဲသလိုဖြစ်လာရင် Cyber ၀န်ထမ်းတွေကို ခေါ်ပြီးပြင်ခိုင်းစရာမလို
ပဲကိုယ်တိုင်ဖြေရှင်းနိုင်အောင်အချက်လေးတွေကို ပြောပါ့မယ်ဗျား။အခုလိုတင်ပေးရခြင်းအကြောင်းကတော့ အခုထိ ဒီပြဿနာလေးတွေကို ကျနော် ကြုံခဲ့ရလို့ ဖြစ်ပါတယ်။ချရာကြီးလုပ်ခြင်း မဟုတ်ပါ။နားလည်ပေးကြမယ်ထင်ပါတယ်။
ဒီအောက်ကအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားပါ။ ။
1.Desktop>R-click>Properties>Apperance>Advance ကို အဆင့်ဆင့်သွားလိုက်ပါ
2.Advance ကိုနှိပ်ပြီးရင် Item:ဆိုပြီး အကွက်လေးမှာ ဇောက်ထိုးပုံတြွိဂံလေးကိုထပ်နှိပ်ပြီး
Active Title bar ကိုရွေးပါ။ပြီးရင် အောက်က Font: အကွက်မှာ Zawgyi-One ကိုထပ်ရွေးပါ၊
ပြီးရင် Ok နှိပ်ပါ၊
3.ပြီးရင် Advance Tab >Item: >Icon ကိုရွေး>တစ်ဆက်ထဲ အောက်က Font: မှာ Zawgyi-One ကိုထပ်ရွေးပြီး OK ကိုနှိပ်ပါ၊
4.အထက်ပါအတိုင်း Advance Tab >Item: ထဲမှာရှိတဲ့ Inactive Title Bar,Menu,Message Box,Palette Title,Selected Items,Tool Tip တစ်ခုချင်းစီကို ရွေးပြီး အောက်က Font: ကိုလဲ Zawgyi-One ကိုပြောင်းပေးပါ၊အားလုံးပြီးသွားရင် OK >Apply>Ok လုပ်ပြီးပိတ် လို့ ရပါပြီ။
အခုလိုလုပ်ခြင်းအားဖြင့် Icon,Message Box,Title Bar,Task Bar,Menu စသည်တို့ ကို မြန်မာလို နာမည်ပေးရင် လေးဒေါင့်ကွက်တွေမပေါ်ပဲမြင်ရမှာဖြစ်ပြီး မြန်မာလို လဲ နာမည်ပေးလို့ ရပါပြီ။
နောက်ပြီး…စာလုံးတွေကို ၀ါးတားတားမဖြစ်စေချင်ရင်တော့
Desktop>R-click>Properties>Apperance>Effects ကိုသွားပြီး Use the following method to smooth edges of screen fonts ဘေးကအကွက်ကို Select ပေးပြီး အောက်က အကွက်ထဲ မှာ Standard Type မထားပဲ Clear Type ကိုရွေးပြီး Ok>Apply>Ok လုပ်ပြီး
ပိတ်နိုင်ပါပြီ။ဒါက တော့ ၀ါးတားတားမဖြစ်အောင် ပြုလုပ်တာဖြစ်ပါတယ်။
အဲအဲ…
တစ်ခုကျန်သေးတယ်..၀ါးတားတားနဲ့ တော့မဆိုင်ပါဘူး..
အပျင်းပြေပေါ့
Gtalk Icon ကို Mouse နဲ့ ထောက်ကြည့်လိုက်ရင် ကိုယ်ရေးတဲ့စာလေးပေါ်ချင်တယ်ဆိုရင်
Gtalk Icon>R-click>Properties>အောက်ဆုံးက Comment ဆိုတဲ့ အကွက်ထဲကစာတွေဖျက်ပြီး..
ကြူကြမယ်ဟေ့ ကောင်းကောင်း ဘာညာပေါ့ဗျာ။ကြိုက်သလိုရေးပြီး Apply>Ok လုပ်လိုက်ပါ
ဒီပုံလိုပါ
[You must be registered and logged in to see this image.]
ပြီးရင် Gtalk ကို Mouse နဲ့ ထောက်ကြည့်လိုက်ပါ။အဆင်ပြေပါစေ။
အားလုံးပဲ ၀ါးတားတားအဖြစ်မှ ကင်းဝေးနိုင်ကြပါစေ။ ။
Thank you…

Last edited by solakoko on 26th April 2010, 7:40 pm; edited 1 time in total