1 အဖြေရှာပေးကြပါခင်ဗျာ။ 15th April 2009, 12:34 pm
ζ. ζ. †
MITR Reader
ကျွန်တော့် အိမ်မှာက windows vista ultimate edition တင်ထားပါတယ်။ ပထမဦးဆုံး ကျွန်တော် adobe acrobat 9.0 ကိုတင်ပြီးတော့ alpha zawgyi 2009 နောက်ဆုံး version ကိုတင်တဲ့အခါကျတော့ layout installation ကိုရောက်တိုင်း "You do not have access to make the required system configuration modifications. Please rerun this installation from an administrators account" အဲဒါကြီးပေါ်ပေါ်လာတယ်ဗျာ။ ကျွန်တော် administrator account က run တာပါပဲ ။ သေချာအောင် run as administrator နဲ့တောင် run တာပါ။ အဲဒါကိုမရဘူးဗျာ။ အဲဒါနဲ့ windows ပြန်တင်ကြည့်တယ်ဗျာ။ ဒီတစ်ခါတော့ ကျွန်တော် alpha zawgyi ကို ဘယ် software မှမတင်ခင် သွင်းကြည့်လိုက်တော့ရတယ်ဗျ။ အဲနောက် adobe acrobat ထပ်သွင်းလိုက်တယ် ။ အဲဒီထိရတယ်ဗျာ။ နောက် ကျွန်တော် pdf file တွေ ဖွင့်တိုင်း ၅ စက္ကန့်လောက်ကြာရင် သူက error ပြတယ် ။ အဲဒီ error တော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ အဲဒီ error box က ok ကိုနှိပ်လိုက်တာနဲ့ adobe acrobat ကရပ်သွားတယ်ဗျာ။ အဲဒါကျွန်တော့်ကို ကူညီကြပါဦး။ ဘယ်နေရာမှားနေတုန်းလို့ ။ ကျေးဇူးမမေ့ပါဘူး