1 C++အကြောင်း အသေးစိတ်ဆွေးနွေးကြမယ် 9th April 2009, 1:22 pm
ဘီလူး
Reviewer
C++ ဆိုတာ Object-oriented programming မှာ basic ကျတဲ့ programming ဘာသာရပ်တစ်ခုပါ။ object-oriented ဆိုတာကတော့ အကြောင်းအရာတစ်ခုကို object အနေနဲ့  ကြည့်ရှူခြင်းဖြစ်ပါတယ်။ဥပမာအားဖြင့် မော်တော်ကားတစ်စီးဆိုပါတော့.........။ဒီမော်တော်ကားကို C++ နဲ့  program တစ်ခုဆွဲမယ်ဆိုရင် မော်တော်ကားကို object တစ်ခူုအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ အဲဒီ ကားဆိုတဲ့ object မှာ ဘာတွေပါနိုင်ပါသလဲ။....................... အဓိကအနေနဲ့ ကတော့ အင်ဂျင်ပါမယ်....... အဲ့ ဒီအင်ဂျင်ကို object oriented အနေနဲ့  class တစ်ခုရေးထားနိုင်ပါတယ်။သူ့ ရဲ့  အကျိုးကျေးဇူးကတော့ နောက်တစ်ခါ ကားတစ်စီးအတွက်ရေးတဲ့ အခါမှာ အင်ဂျင်ဆိုတဲ့ အပိုင်းရောက်လာရင် ရေးပြီးသား classes တွေကိုယူသုံးလို့ ရတာပါပဲ။ C++ ဟာ object oriented ဖြစ်တဲ့အတွက် object တစ်ခုအတွက် classes တွေ function တွေ ခွဲရေးလို့ ရပါတယ်။
အောက်မှာC++ ရဲ့  basic structure လေးကိုရေးလေးထားပါတယ်။
#include <iostream.h> // header file
#include <conio.h> //header file
void main () // main
{ // open
cout<< "Hello I am a begineer"; // output
cout << " Welcome Every body";
return 0; //return
} // close
အထက်ပါ program မှာ
#include <iostream.h> ဆိုတာက programming source မှာပါတဲ့  basic input/output function တစ်ခုပါ။ ဒီလို မျိုး function တွေ အများကြီးရှိပါသေးတယ်။
void main () ဆိုတာကတော့ program တစ်ပုဒ်စပြီးအလုပ်လုပ်တဲ့ နေရာပါ။ functions တွေဘယ်လောက်များများ။class တွေဘယ်လောက်ခွဲ ထားထား program တစ်ပုဒ်အလုပ်လုပ်ရင် main ကပဲစလုပ်ပါတယ်။ main ရဲ့ အရှေ့ က void ဆိုတာကတော့ return ပြန်မပြန်ကိုပြောတာပါ။ void ဆိုရင် return ပြန်ခြင်းမရှိပါဘူး။ return ပြန်တယ်မပြန်ဘူးဆိုတာက အကယ်လို့ class တွေ function တွေခွဲထားတယ်ဆိုပါက function တွေ class တွေမှာတွက်ချက်လို့ ရတဲ့တန်ဖိုးတွေကို main ဆီကိုပြန်ပို့ ခြင်းဖြစ်ပါတယ်။ main ကို ကြေညာပြီးရင် { ဖွင့်ပေးရပါတယ်။ဒါကဘာလဲဆိုတော့ main function ကိုဖွင့်ပြီလို့ ဆိုလိုပါတယ်။ အောက်က cout << "Hello I am a begineer"ဆိုတာက screen ပေါ် မှာ Hello I am a begineer"ဆိုတဲ့ စာလုံးကို ရိုက်ထုတ်တာပါ။ cout ဆိုတာ output အတွက်ဖြစ်ပြီး cin ဆိုတာကတော့ input အတွက်သုံးပါတယ်။ cout ကို << နဲ့ သုံးပြီး cin အတွက်ဆိုရင်တော့ >> ကိုသုံးပါတယ်။
အောက်က return 0 ဆိုတာကတော့ return မပြန်တာကိုပြောတာပါ။ program ရဲ့ အဆုံးမှာ main အတွက်} ပိတ်ပေးရပါတယ်။
ကျွန်တော်နောက်ထက်ထက်တင်ပေးပါအုံးမယ်။ ဆွေးနွေးစရာရှိရင် ဒီ topicအောက်မှာဆွေးနွေးနိုင်ပါတယ် ။