Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

mars

mars
Moderator



Moderator
ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ မိတ္တူကူးစက် အမျိုးမျိုးပါဝင် သော အိုင်စီတီ(ဆက်သွယ်ရေး၊ သတင်းနှင့်နည်းပညာ)ဆိုင်ရာကုန်ပစ္စည်းလိုင်း ၃၆ မျိုး အား တတိယအသုတ်အဖြစ် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ရက်နေ့မှစ၍ တည်ဆဲနှုန်းထား များမှ သုည ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရှိရသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အာ ဆီယံ သဘောတူညီချက်တစ်ခု ဖြစ်သော Agreement On the Common Effective Preferential Tariff Scheme For ASEAN Free Trade Area ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သည့် Common Effective Preferential Tariff Product List And Tariff Reduction Plan ကို ဘဏ္ဍာရေးနှင့် အ ခွန်ဝန်ကြီးဌာနမှ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် နေ့စွဲပါ အမိန့် ကြော်ငြာစာ အမှတ် ၂၄၇/၉၇ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ CEPT Pr- oduct List ၏ထည့်သွင်းစာရင်း (Inclusion List)တွင်ရှိနေသောကုန်ပစ္စည်းများအနက် ဆက်သွယ်ရေး၊ သတင်းနှင့် နည်းပညာဆိုင်ရာကုန်ပစ္စည်းလိုင်း ၃၆မျိုးအား e-ASEAN Framework Agreement အပိုဒ် ၆(၂)အရ တည်ဆဲနှုန်းထားများမှ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ “ အိုင်စီတီ ပစ္စည်းဆိုတာ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းအားလုံးကို ဆိုလိုပါ တယ်။ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း၊ Printer တွေနဲ့ အဆင့်မြင့် မိုက်ခရိုဖုန်းအားလုံး စ သဖြင့် ပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ခုနှစ်မှာ ကုန်စည် ၉၂လိုင်းနဲ့ ၂၀၀၉ ခု နှစ်မှာ ကုန်စည် ၅၅ လိုင်းတို့ကို သုညရာခိုင်နှုန်းသို့ လျှော့ချပြီးဖြစ်ပါတယ်။ အခု တတိ ယသုတ်မှာ မြန်မာနိုင်ငံ အမှတ်သတ်မှတ်ထားတဲ့ အိုင်စီတီကုန်ပစ္စည်း လက်ကျန်အား လုံးကို သုညရာခိုင်နှုန်းသို့ အပြီးလျှော့ချလိုက်ခြင်းဖြစ်ပါတယ်” ဟုအကောက်ခွန်မူဝါဒ ဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လေ့လာတင်ပြရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။အိုင်စီတီ(သတင်း၊ဆက်သွယ်ရေး၊နည်းပညာဆိုင် ရာ)ပစ္စည်းများကို သုညရာခိုင်နှုန်းသို့ အကောက်ခွန်လျှော့ချခြင်းသည် e-ASEAN Fr- amework Agreement အရ အသုတ် သုံးသုတ်ခွဲ၍ လျှော့ချခြင်းဖြစ်ပြီး အာဆီယံ မူ လခြောက်နိုင်ငံတွင်မူ ၂၀၀၃ ခုနှစ်မှစတင်လျှော့ချခဲ့ပြီး ကျန် လေးနိုင်ငံဖြစ်သည့် က မ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အတွက်မူ ၂၀၁၀ တွင် အပြီးလျှော့ ချသွားမည်ဖြစ်ကြောင်း သိရသည်။ အိုင်စီတီပစ္စည်းများ အပေါ် အကောက်ခွန်လျှော့ ချရာတွင် မူလအာဆီယံခြောက်နိုင်ငံအတွက် ၂၀၀၃ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် စတင်လျှော့ခဲ့ပြီး ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ ဟူ၍ အသုတ်သုံးသုတ်ခွဲလျှော့ချခဲ့ကာ မြန် မာနိုင်ငံအတွက်မူ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ဟူ၍ အသုတ် သုံးသုတ်ခွဲ၍ လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref: mtalk

http://sidnaing.co.cc/

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com