Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
Google ဟာ သူ့ရဲ့ Search Engine ကို အသုံးပြုပြီး ရှာဖွေမှုတွေကို ပိုမိုမြန်ဆန်စွာနဲ့ ပြီးတော့ Site တွေကို များများရှာပြသည်ထက် ပြနိုင်ဖို့အတွက် Page Rank ဆိုတာပေါ်မှာ အခြေခံပါတယ်။

Page Rank ဆိုတာ Stanford University မှာ Larry Page က တီထွင်ဖန်တီးခဲ့တာပါ။ နောက်ပိုင်းမှာ Sergey Brin က Search Engine အသစ်ဖန်တီးဖို့ Project မှာ ပါဝင်လာခဲ့ပါတယ်။

Page Rank ကို အရှင်းဆုံးပြောမယ်ဆိုရင်တော့ အများဆုံးလင့်ခ် အလုပ်ခံရတဲ့ Website (Incoming Link များများ ရှိတဲ့ Website)၊ ပြီးတော့ Page Rank များတဲ့ Website တွေကို များများလင့်ခ်လုပ်ထားတဲ့ Website တစ်ခုဟာ Page Rank မြင့်နိုင်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ Google ရဲ့ ရှင်းလင်းချက်ထဲမှာလည်း Page A မှ Page B သို့ Link တစ်ခုကို ချိတ်တိုင်း Page B အတွက် Page A မှ မဲတစ်မဲ ပေးသကဲ့သို့ Google က ယူဆပါတယ်လို့ ပြောထားပါတယ်။

အသေးစိတ်တော့ ကျွန်တော်လည်း မတွက်တတ်ပါဘူး။ ကျွန်တော်နားလည်သလောက်ကိုတော့ မသိသေးသူများအတွက် ပြန်ရေးပြချင်ပါတယ်။ ကျွန်တော့်ထက်သိသူများလည်း Page Rank တွက်နည်းနဲ့၊ SEO လို့ အတိုကောက်ခေါ်တဲ့ Search Engine Optimization ကို ပြောပြနိုင်မယ်ဆိုရင် အလွန်ကောင်းမှာပါခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအကြောင်းအရာမျိုးတွေကို မြန်မာလိုရှင်းထားတာ သိပ်မတွေ့မိသေးလို့ပါ။
Website တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုနှင့် Page Rank ဆက်စပ်ပုံ
[You must be registered and logged in to see this image.]

Internet ဆိုတာကြီးမှာ A, B, C, D ဆိုတဲ့ Website လေးခုထဲရှိတယ်လို့ ယူဆကြည့်ရအောင်။ ဒါဆိုရင် Website လေးခုလုံးဟာ Page Rank 0.25 ရှိတယ်လို့ ဆိုနိုင်ပါတယ်။ B, C, D တို့ဟာ A ကို Link တစ်ခုဆီ ချိတ်ထားတယ်ဆိုရင် B, C, D တို့သည် A ကို Page Rank 0.25 ဆီ ပေးပါတယ်လို့ ယူဆနိုင်ပါတယ်။

PR(A) = PR(B) + PR(C) + PR(D)
PR(A) = 0.25 + 0.25 + 0.25 = 0.75

ဆိုကြပါစို့။ B ဟာ C ကိုလည်း လင့်ခ်ချိတ်ထားမယ်။ D ကလည်း A, B, C သုံးခုလုံးကို လင့်ခ်ချိတ်ထားမယ်ဆိုပါစို့ခင်ဗျာ။ Website တစ်ခုရဲ့ အခြား Website တစ်ခုသို့ လင့်ခ်ချိတ်ခြင်းဖြင့် မဲပေးတဲ့နေရာမှာ Page Rank ကို Outbound Link အရေအတွက်နဲ့ စားလို့ရတဲ့ ရလဒ်လို့ယူဆပါတယ်။ အောက်မှာ တွက်ပြထားတာလေးကို ကြည့်လိုက်ရင် ပိုရှင်းမယ်ထင်ပါတယ်။

PR(A) = PR(B)/2 + PR(C)/1 + PR(D)/3 = 0.125 + 0.25 +0.083 = 0.458

B သည် Aနဲ့C နှစ်ခုကို လင့်ခ်ချိတ်ထားတဲ့အတွက် A ကို 0.25 ရဲ့ တစ်ဝက်ဖြစ်တဲ့ 0.125 သာ မဲ(Vote)ပေးပါတယ်။ D သည် A, B, C သုံးခုလုံးကို လင့်ချိတ်ထားတဲ့အတွက် 0.25 ရဲ့ သုံးပုံတစ်ပုံ ဖြစ်တဲ့ 0.83 ကိုသာ A ကို မဲ(Vote) ပေးပါတယ်။ C ကတော့ A တစ်ခုထဲကိုသာ လင့်ခ်ချိတ်ထားတဲ့အတွက် A ကို 0.25 မဲပေးပါတယ်။ ဒါကြောင့် 0.125 + 0.25 + 0.083 = 0.458 ကို A ရဲ့ Page Rank အနေနဲ့ သတ်မှတ်ပါတယ်။

Google အားကိုး၊ WiKi အားကိုးနဲ့တော့ တတ်သမျှမှတ်သမျှ ပြန်ပြောထားပေးပါတယ်ခင်ဗျာ။ ဒီထက်ပိုပြီး အသေးစိတ် ရှင်းပြပေးနိုင်မယ့်သူများကိုလည်း အားကိုးတကြီး ဖိတ်ခေါ်ပါတယ်။ ဝေမျှပေးကြပါဦး။ ကျွန်တော်ရေးထားတယ် ဆိုတာကလည်း ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ စိတ်ဝင်စားလို့ ရှာရင်းဖွေရင်း ပြန်ဝေမျှတာပါ။ အမှားတွေ အများကြီးပါနိုင်ပါတယ်။ ကြုံတုန်းကြုံခိုက် ကျွန်တော့်ဘလော့ဂ်ကို ရောက်ခဲ့ရင် ၀င်ရောက် သွန်သင်နိုင်ပါတယ်ခင်ဗျာ။

Reference :

* Google Technology
* WiKi

http://www.myanmaritresource.info

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com