Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

manawphyu

manawphyu
MITR New User



(၁) မိမိလျှောက်မယ့် Company အကြောင်းသိထားဖို့လိုအပ်

S-pass လျှောက်မယ်ဆိုရင် Industrial
တွေနဲ့လည်းအဓိကသက်ဆိုင်တယ်။မိမိလျှောက်တဲ့ Industrial မှာ Singaporean
တွေအတွက်ပဲ ”Quota ” ရှိတယ်။ Chinese အတွက်ပဲ Quota ရှိတယ်။
မြန်မာနိုင်ငံသားအတွက် Quota မရှိဘူး။ ဒါပေမဲ့ Foreigner Quota ထဲဝင်တဲ့
အတွက်ကြောင့် ပထမဦးဆုံးသွားပြီး လျှောက်မယ်ဆိုရင် ရနိုင်တဲ့
ရာခိုင်နှုန်းများတယ် ဆိုပြီးလျှောက်မယ်။ အဲဒီအချိန်မှာ မိမိလျှောက်တဲ့
Industrial ကို သေသေချာချာ စုံစမ်းမေးမြန်းဖို့ လိုအပ်တယ်။
မြန်မာနိုင်ငံသားအတွက် Quota ရှိ၊ မရှိ ဆိုတာကို မေးခိုင်းဖို့ လိုအပ်တယ်။
အဲဒီလိုမေးတဲ့အခါ မြန်မာနိုင်ငံသားအတွက် Quota မရှိဘူးဆိုရင် ရှေ့ဆက်
မတိုးဘဲ ရပ်လိုက်တာကောင်းမယ်။ ရှေ့ဆက်တိုးရင် Reject
ထိဖို့ရာခိုင်နှုန်းများတယ်။ ဒါ့ကြောင့် Interview ဝင်တဲ့အခါ Interviewer က
ကိုယ့်အကြောင်း Interview သလို ကိုယ်ကလည်း မိမိလျှောက်မယ့် Industrial
ရဲ့အချက်အလက်တွေကို သေသေချာချာ စုံစမ်းပြီး ပြန်မေးဖို့ လိုအပ်တယ်။


(၂) S-pass လျှောက်တဲ့အခါလိုအပ်ချက်များ

S-pass လျှောက်တဲ့အခါ Necessary
Requirment အနေနဲ့ working Experiment အနည်းဆုံး ၂ နှစ်လောက်
တော့ရှိရင်ပိုကောင်းမယ်။ ဘာကြောင့်လဲဆိုတော့ S-pass ဆိုတာ Skill Pass
ဖြစ်တဲ့အတွက်ကြောင့် Experience (၂) နှစ် (၃)
နှစ်လောက်ရှိရင်ပိုကောင်းတယ်။ နောက်ပြီးအနည်းဆုံး Singapore
နိုင်ငံအသိအမှတ်ပြု Diploma တစ်ခုရှိထားမယ်ဆိုရင် Approval ဖြစ်နိုင်တယ်။
Company ဘက်ကလဲဒီလို Foreigner မျိုးကို ကိုင်တွယ်လျှောက်ပေးတဲ့ Company
ဖြစ်တယ်ဆိုရင်လဲ Approval ဖြစ်ဖို့ Chance များတယ်။ ကိုယ့်ဘက်က Diploma
ပဲရှိပြီး Experience လဲမရှိဘူး။ Company ကလဲ S-pass
လျှောက်တာမကျွမ်းကျင်ရင်တော့ Reject ဖြစ်မှာ ကျိန်းသေသလောက်ပဲ။
အဲဒီအချက်တွေသိထားမှဖြစ်မယ်။

(၃) ဘာကြောင့် Reject ဖြစ်ရတာလဲ



ကျောင်းသားတစ်ယောက်ဖြစ်ဖူးတဲ့အတွေ့အကြုံတစ်ခုပေါ့နော်။
သုံးခေါက်မြောက်မှ S-pass ရတယ်။ ၂ ခေါက်က Reject ဖြစ်ခဲ့တယ်။ ဘာကြောင့်ပထမ
နှစ်ခေါက်က Reject ဖြစ်ခဲ့သလဲဆိုရင် ပထမ Company က
သေးတဲ့အခါကျတော့လျှောက်တဲ့အချိန်ကစပြီးတော့ နောက်နေမနက် ၁၂
နာရီမတိုင်ခင်မှာ Reject ထိတယ်ဆိုတာသိရတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ပြိုင်တူ
နောက် Company တစ်ခုဆက်လျှောက်တယ်။ Reject ထိတယ်။ နောက်တစ်ခါ Appeal
ထပ်တင်တယ်။ အဲဒီထွက်လာတဲ့ Result ကလည်း Reject ပဲ။ အဲဒီအချက်ပေါ်မူတည်ပြီး
MSI အနေနဲ့ အကြံပေးချင်တာကတော့ တစ်ခုပြီးမှတစ်ခုလျှောက်သင့်တယ်။ ပြိုင်တူ
လျှောက်မယ်ဆိုရင် Reject ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။


(၄) Reject ဖြစ် မဖြစ် ဘယ်လောက်ကြာမှ သိနိုင်မှာလဲ

“Online Application ” Online
ကနေတစ်ဆင့်တင်တာရှိသလို “Manual Application ”
ကိုယ်ကိုယ်တိုင်တင်ခြင်းလဲရှိတယ်။ Online ကနေတင်တယ်ဆိုရင် ဥပမာပေါ့ အစောက
ပြောခဲ့သလို ဒီနေ့မနက်တင်ရင် မနက်ဖြန်နေ့လည် ၁၂ နာရီ မတိုင်ခင်သိရတော့
Processing ကမြန်တယ်။ ကိုယ်တိုင်တင်မယ်ဆိုရင်တော့ 2 to 4 weeks
ဝန်းကျင်ကြာတတ်တယ်။


(၅) Reject ဖြစ်ပြီးသားလူတွေအတွက် သိထားသင့်သောအချက်များ

Reject ဖြစ်ပြီးသားလူတွေအတွက်
အကြံပေးချင်တာက Company နဲ့တိုင်ပင်ပြီး Appeal ပြန်တင်တဲ့အခါ 3 Weeks ကနေ
1 Month လောက်ကြာတယ်ဆိုတော့ ဖြစ်နိုင်ရင် Appeal မတင်ဘဲနဲ့ Cancel
ပြန်လုပ်ပြီး new application အစအဆုံးအသစ်အတိုင်းလိုအပ်တဲ့ Documents တွေ
Data တွေကို ပြန်ရှာဖြည့်ပြီ့း  new application အနေနဲ့
ပြန်တင်မယ်ဆိုရင်တော့ Safe ဖြစ်မဲ့ရာခိုင်နှုန်းများမယ်။
အဲဒီလိုပြန်တင်လိုက်ခြင်းအားဖြင့် (၁)ရက် (၂) ရက် ဆိုပြန်ပြီး approve၊
ဆို approve၊ Reject ဆို Reject ကွဲကွဲပြားပြားသိပြီ။ အဲဒီမှာမှထပ်ပြီး
Reject ဆိုရင်ပြန်ပြီးသုံးသပ်ရတော့မယ်။ Company ဘက်ကချို့ယွင်းချက်လား?
ကိုယ့်ဘက်က ချို့ယွင်းချက်လား? ဖြစ်နိုင်ချေရှိတာက ကိုယ် လျှောက်တဲ့
Company မှာ CPF ( Central Provident Fund)မရှိဘူးဆိုရင် Reject
ဖြစ်နိုင်တယ်။


(၆) ကိုယ်လျှောက်မယ့် Company Background ကိုသိထားဖို့လိုအပ်

ကိုယ်လျှောက်မယ့် Company CPF ( Central
Provident Fund) မှာ account ရှိမရှိ သေသေချာချာမေးဖို့လိုအပ်တယ်။ Company
ရဲ့ Background ကိုပြန်ပြီး ကြည့်သင့်တယ်။ ပြီးတော့ Spass
လျှောက်ဖူးမလျှောက်ဖူး ကိုအသေအချာစုံစမ်းသင့်တယ်။ အကယ်၍ Foreigner အတွက်
Spass မလျှောက်ဖူးဘူး။ MOM မှာလည်း account မရှိဘူးဆိုရင် Foreigner
တွေကို များသောအားဖြင့်မခန့်ကြဘူး။ ဒါကြောင့် Company အကြောင်းကို
ထဲထဲဝင်ဝင်သိထားသင့်တယ်။


(၇) အလုပ်ရှာပေးတဲ့ Agency တွေကို အားကိုးသင့် မသင့်

အဲဒါကျတော့ Agency တွေကိုအားကိုးသင့်
မသင့် ပြောရခက်တယ်။ ဘယ်နေရာမဆို မှန်ကန်တိကျတဲ့ Agency တွေရှိသလို
မမှန်မကန်လုပ်နေတဲ့ Agency တွေလဲရှိတယ်။ ဒါကတော့ဘယ်နိုင်ငံဘယ်
နိုင်ငံဘယ်နေရာမဆိုပါ။သေချာလေ့လာဆုံးဖြတ်ရွေးချယ်တတ်ဖို့ပဲလိုတယ်။
မှန်ကန်တဲ့ Agency နဲ့ ကိုယ်က ဆက်သွယ် မိတယ်ဆိုရင်တော့
ကိုယ့်အတွက်အများကြီး အထောက်အကူ ဖြစ်တယ်။ သူတို့က တစ်ကယ့်ကို
သိနားလည်တတ်ကျွမ်းတဲ့ Professional တွေဆိုတော့ သူတို့နဲ့အတူ Company အတူ
ဆွေးနွေးတိုင်ပင်ပြီးလုပ်မယ်ဆိုရင် အချိန်ကုန် သက်သာတယ်။
လူပင်ပန်းစိတ်ပင်ပန်းသက်သာတယ်။


(၈) ဝန်ဆောင်ခအမျိုးမျိုးရှိ

တစ်ချို့ Agency တွေက
အစအဆုံးကူညီပေးရတယ်ဆိုရင် စင်္ကာပူဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်ရှိပြီး
တစ်ခါတည်းအပြီးယူတာ။တစ်ချို့ကျတော့ မိမိရမဲ့ လစာရဲ့ တစ်လစာပဲ ယူတယ်။
အဲဒါကျတော့ Company ပေါ်မှာမူတည်တယ်။ နောက်တစ်ခု မြန်မာလူမျိုးတွေ
ထူးခြားပြီး သိထားသင့်တဲ့အချက်က Company ကနေပြီး Authority Recommendation
Letter ရှိတယ်ဆိုရင် ဒေါ်လာ ၃၀၀ ကနေ ၅၀၀ ဝန်းကျင်ပဲပေးရတယ်။
ပြီးတော့သူတို့က စာရွက်စာတမ်းတွေကို ကိုယ်တိုင်စီစစ်ပြီး တင်ပေးတယ်။
Agency နဲ့ကျောင်းနဲ့ အချင်းချင်း ချိတ်ဆက်ပြီး
လိုအပ်တာတွေဆောင်ရွက်ပေးတာဆိုတော့ကိုယ့်အတွက် Spass Approval
ရနိုင်မဲ့ရာခိုင်နှုန်း မြင့်တာပေါ့။

source: myanmartraining

http://manawphyulay.mmsarpay.org

youming

youming
MITR New User



ကျေးဇူးတင်ပါတယ်။ ဗဟုသုတရပါတယ်။ alien

View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com