Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
ကျနော်တို့ ဖိုရမ်ရဲ့ အုပ်ချုပ်မှု ပိုင်းမှာ လူအင်အား နည်းသည်ထက် နည်းလာပြီဖြစ်ပါတယ်.

ကျနော်ကိုယ်တိုင်ကလည်း စာမေးပွဲနဲ့ လုံးပန်းနေရပါတယ်
ဘီလူး ကိုလည်း ရာထူးဖြုတ်လိုက်ရပါတယ်
blueray ကလည်း မော်လမြိုင် ဆိုလား ပြန်သွားပါပြီတဲ့ဗျာ...
alt ကလည်း ထွက်မယ်တကဲကဲလုပ်နေပါတယ်
kohtet ကလည်း ဒီတစ်လ လားမသိဘူး ဖိုရမ်ထဲ သိပ်မ၀င်နိုင်ဘူးဆိုပြီး သိရပါတယ်.

ကျန်နေတာက ကိုနေရိုင်း တစ်ယောက်ဘဲရှိတော့ပါတယ်....

ကျနော်ကတော့ နောက် ၃ ရက်နေရင် ပြန်လာနိုင်ပါပြီ....

အခုလိုမျိုးထပ်မဖြစ်ရအောင် ကျနော်တို့ လူအင်အားတိုးရပါမယ်....
အောက်ပါအတိုင်း တိုးမည်ဟု စဉ်းစားမိပါတယ်

အစ်ကိုတို့ သူငယ်ချင်း အသိမိတ်ဆွေတွေထဲက Web ကျွမ်းသော (PHP,CSS,HTML,Java Script) စတာတွေ ကျွမ်းကျင်သော သူတစ်ဦး လိုပါတယ်.... Admin ရာထူးအတွက်ပါ....
>>>Admin ရာထူးအတွက် အရည်အချင်းကော ၊ အကျင့်စရိုက်ကော လုံးဝ ယုံကြည်စိတ်ချရမည်ဟု မိတ်ဆက်ပေးသော သူမှ အာမခံနိုင်ရပါမည်<<<

Moderator အတွက်တော့

ကို နေရိုင်း (ရာထူးတိုးမည်)
ကို ဘီလူး (ပြန်လည် ခန့်အပ်မည်) >> သူလည်း ပြန်ဝင်နေပြီ ဆိုတော့ ကျနော့် အထင် ခန့်သင့်တယ် လို့ ထင်လို့ပါ။ လူလည်း လိုနေလို့ပါ <<

နောက် ထပ် ၂ ဦး လိုပါသေးတယ်။ ထို ၂ ဦးအတွက် လည်း အသိရှိရင် မိတ်ဆက်ပေးပါ။ ဖိုရမ်အတွက် ပေးဆပ်နိုင်ရမည်။ အချိန်ပြည့်ဝင်နိုင်ရမည်။ အစပိုင်းတွင် ၀င်နိုင်ပြီး နောက်ပိုင်း ပုံပျက်သွားနိုင်သည့် သူမျိုး အလိုမရှိပါ။

Helper အတွက်တွင်မူ

ကျနော် Helper ၁၀ ဦး အထိ ထားချင်ပါတယ်။
Mod ၅ ယောက် အောက်မှာ သူတို့ကို ထားမှာပါ။ Mod 1 ယောက် help 2 ယောက် နှုန်း စဉ်းစားမိပါတယ်။


ကျနော် စဉ်းစားထားတာ က ယာယီသဘော အကြမ်းဖျင်းသဘောပါ.
အားလုံး အားလုံး ထပ်မံအကြံပေးကြပါဦး....
ဖိုရမ် အကောင်းဆုံး ဖြစ်လာအောင်ပေါ့.......

ယနေ့ အထိ Forum အတွက် ကူညီလာသော သူများအားလုံးကို အထူးကျေးဇူးတင်လျက်
$ƴǩǾ

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
အရေးကြီးပါတယ်နော်....

Admin, Mod, Helper အားလုံး ဆွေးနွေးပေးပါ....

မနက်ဖြန်ဖြေရမယ့် ဘာသာက လွယ်လို့ ကျနော် အွန်လိုင်း ၀င်ဖြစ်တာပါ...

နောက်နေ့ ဘာသာတွေက နည်းနည်း ပြန်ခက်သွားတော့ ကျနော် ထပ်ဝင်ဖြစ်မှာမဟုတ်ဘူး... ကြာသပတေး နေ့ညကျမှ ပြန်လာဖြစ်မယ်ထင်တယ်...

ကျနော် ပြန်လာရင် ဒီကိစ္စကို စတင် ပြန်လည် အကောင်အထည်ဖော်ချင်လို့ပါ....
ကူညီပေးကြပါနော်....

http://www.myanmaritresource.info

alt.332

alt.332
Administrator



Administrator
လူအင်အားတိုးမယ်ဆိုတာကောင်းပါတယ်...ဒါပေမယ့် မည်သူ့မည်သူ့ ကိုမှစော်ကားတာတော့မဟုတ်ပါဘူး...ယုံကြည်ရတဲ့သူတွေကိုပဲထားစေချင်ပါတယ်...နောက်ပြီးတော့ တစ်လ တစ်ခါဖြစ်၂ နှစ်ပါတ်တစ်ခါဖြစ်၂ Meeting လေးတွေလုပ်၂ နေရင်ပိုပြီးတော့ ကောင်းမယ်လို့ထင်ပါတယ်...

http://www.myanmaritresource.info

N@Y Y!N3

N@Y Y!N3
Moderator



Moderator
ဟုတ်ကဲ့ပါ .. လူ ကတော့ ဘာပဲပြောပြော တိုးသင့်တယ်လို့ထင်ပါတယ် .. ဘီလူးကိုလည်း ထောက်ခံပါတယ် .. သူပြန်လာမယ်ဆိုလို့ ၀မ်းသာပါတယ် ဗျာ .. နောက် Meeting ကျတော့ ဘယ်လိုမျိုးထိုင်မှာလဲ စိတ်ဝင်စားတယ် .. လူသစ်က တော့ Announce လုပ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ် ..

MITR တိုးတက်ပါစေဗျာ ..

K0ht3t

K0ht3t
Moderator



Moderator
ဟုတ်ပါတယ် ဖိုရမ်မှာ လူကတော့ နည်းသေးပါတယ် .... ဖြစ်နိုင်ရင်တော့ ထပ် ပြီးခန့် ဖို့လိုတယ်ထင်ပါတယ် .... meeting လုပ်မယ်ဆိုရင်တော့ အကို က တော့ တက်ဖြစ်မယ် မထင်ဘူး .. ဟီး ...

sHa92

sHa92
Founder



Founder
အစကတော့ ဒီနေ့ မ၀င်တော့ ဘူးလုပ်ထားတာ... အခုတော့ လာဖြစ်သွားပြီ
အစ်ကိုတို့ နဲ့ ဖိုရမ်ကြီး က တော်တော် သံယောဇဉ် မဖြတ်နိုင်အောင် လုပ်ထားတယ်ဗျာ...
စာလုပ်ဖို့ ရှိနေတာတောင် လာဖြစ်နေတယ်...

အားလုံးအားလုံး အခုလို ပြန်ပြောပေးကြတာ ၀မ်းသာပါတယ်....

Meeting ထိုင်ဖို့ အတွက်ကတော့ ရန်ကုန် သမားတွေ ဘဲ အဆင်ပြေမယ်ထင်ပါတယ်...
ရပ်ဝေးက သူတွေ အတွက် ကတော့ Chat Meeting ( Group Chat ) နဲ့ ဘဲ အဆင်ပြေမယ်ထင်တယ်.

လူထပ်ခေါ်ဖို့ကိုက ကိုနေရိုင်းအကြံပြုသလို Announce လုပ်ရုံနဲ့တော့ မရဘူးဗျ
ကျနော်တို့ လိုချင်တာက ယုံကြည်ရတဲ့သူကို... အပြင်မှာပါ သိနေတဲ့သူဖြစ်နေမှရမယ်ဗျ....
Admin ရာထူး အတွက် ဆိုရင် ရင်းရင်းနှီးနှီး သိနေမှကိုရမှာ.... Moderator အတွက်ကတော့ Online မှာ ရင်းနှီးတယ် တော်တော်လေး သိတယ်ဆိုရုံနဲ့ အဆင်ပြေနိုင်ပါတယ်.

အော် တစ်ခုတော့ ရှိတယ် ၊ Admin ရာထူးအတွက်ကို လက်ရှိ Moderator နဲ့ Helper ထဲက ဘယ်သူလုပ်နိုင်မယ်လို့ တာဝန်ယူနိုင်လဲဟင်...
လုပ်နိုင်မယ်ဆိုရင် ပြောပါလား... အစ်ကိုတို့လည်း ညံ့ကြတဲ့သူတွေမှမဟုတ်တာ.. ကျနော်ထက် တော်တဲ့ သူတွေချည်းဟာကို... Admin လုပ်ချင်ရင်ပြောနော်.. ဦးစားပေး အဆင့် ၁ ဖြစ်မယ်...

အဲဒီ့တော့ နောက်တစ်ခေါက် အနေ နဲ့ ပြောချင်တာကတော့ Admin & Moderators တွေရှာပေးထားပါလို့... ယုံကြည်ရမယ့်သူတွေပေါ့....

အားလုံးကို ကျေးဇူးပါ.

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
နောက်တစ်ခုအနေနဲ့ ထပ်ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ Member တွေများလာအောင်ပါ။
အခု အချိန်ထိ ကျေနပ်လောက်စရာ လူမရှိသေးသလို အမြဲ အားပေးမယ့် Member မရသေးတာ စိတ်တော်တော်ရှုပ်ရပါတယ်။

အခု Member ၀င်ဖို့ ကိစ္စကတော့ အပေါ်က ကိစ္စဖြေရှင်းပြီးမှ အဆင်ပြေမယ်ထင်ပါတယ်။

Member ထပ်ခေါ်တယ်ဆိုတာက GTALK, Social Website စတာတွေ ကနေ ခေါ် တယ်ဆိုတာက အလုပ်မဖြစ်တော့ဘူးဗျ
ကျနော်တို့ နောက်တစ်နည်းပြောင်းရမယ်လို့ စဉ်းစားမိလာပါတယ်။ ပြီးတော့ ဘာကြောင့် လူမလာတယ်ဆိုတာလည်း ကျနော် စဉ်းစားမိလာတယ်ဗျ.
အဲဒါလေး နည်းနည်း ဆွေးနွေးမယ်နော်.
ကျနော်နဲ့ အတူ ဆွေးနွေးပေးနိုင်မယ်ထင်ပါတယ်။

ကျနော် စာမေးပွဲ ဖြေရင်းနဲ့ စဉ်းစားမိလာတဲ့ အဖြေတစ်ခုကို ပြောကြည့်ပါမယ်။
အော် အစ်ကိုတို့ကို တစ်ခုတော့ ပြောချင်တယ်... ကျနော်လိုချင်တာ
ကျနော်စဉ်းစားထားတာထက်ကောင်းသော ၊ ဒါမှမဟုတ် ကျနော်နဲ့ အတူ ဖြည့်စွက်
စဉ်းစားလာနိုင်သော အဖြေကို လိုချင်လို့ပါနော်.
ကျနော်ကတော့ Admin မို့လို့ ကျနော်ပြောတာကို နားထောင်ပါ။
ကျနော်လုပ်ချင်တဲ့ အတိုင်းလိုက်လုပ်ပါလို့ ပြောတာမဟုတ်ဘူးနော်။
အဲဒါကြောင့် ကျနော့်ကို ထောက်ခံတဲ့ စကားမျိုးပြောမှာထက် ကျနော်ကတော့
ဖြည့်စွက် စဉ်းစားပေးမယ့် Reply မျိုးကို လိုချင်ပါတယ် ခင်ဗျာ။
(ကျနော် ပွင့်ပွင့်လင်းလင်းပြောတတ်တာက အစ်ကိုတို့ကို စိတ်ကသိကအောက် ဖြစ်စေရင်တော့ အနူးအညွတ်တောင်းပန်ပါတယ်ဗျာ)


ကျနော် စဉ်းစားမိလာတဲ့ အဖြေကတော့
ကျနော်တို့ Forum ထဲမှာ ရှိတဲ့ ပိုစ့်တွေက pro သိပ်မကျသေးဘူးဗျ...
Pro မကျဘူးဆိုလို့ ကျနော်က အခုရှိနေတဲ့ ပိုစ့်တွေကို
စော်ကားတာမဟုတ်ဘူးနော်. ရေးပေးနေတာကို
စော်ကားတာလဲမဟုတ်ပါဘူး. ကျနော်တောင် ကိုယ်တိုင်က Pro ကျအောင်
မရေးနိုင်သေးပါဘူး... ကျနော့်အဆင့်ကို လည်းကျနော် သိပါတယ်.

ကျနော်ပြောတဲ့ Pro ကျတဲ့ ပိုစ့်မျိုးဆိုတာက တော့ TuT တွေ ၊ ဆောင်းပါး
ကောင်းကောင်းလေးတွေ ၊ အခြေခံမှ အဆင့်မြင့်ထိ တဆင့်ခြင်း တက်သွားမည့်
ပိုစ့်များ ၊ ကို rhythm ရဲ့ Cracker Guide ကဲ့သို့ သော စာအုပ်များ ။
စတာစတာ တွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ အခုရှိတာတွေ လည်း Pro မကျဘူး
မဟုတ်ဘူး ကျပါတယ်။ အနည်းငယ်လိုအပ်နေခြင်းသာဖြစ်ပါတယ်။
(ဥပမာ - ကျနော်တို့ လက်ရှိ ပိုစ့်တွေကို အစ်ကိုတို့ ပြန်ပြီးတော့ Summary
လုပ်လေ့ရှိတယ်ဆိုရင် သိမှာပါ ၊ ကျနော်တို့ ဖိုရမ် ရဲ့ ပိုစ့်တွေမှာ Tips
& Tricks တွေ ချည်းစုပုံနေခြင်းပါ။ ဒီအတိုင်းဆက်သွားနေရင် Myanmar IT
Tips & Tricks Forum လို့ ပြောင်းရတော့မယ်ဗျ..) Very Happy Very Happy Very Happy အဲဒီ့တော့
ကျနော့် အနေနဲ့ ထပ်ပြောချင်တာက Pro ကျကျ ပိုစ့်မျိုးကို ရေးပေး
တင်ပေးစေချင်ပါတယ်။ အချိန်မရရင်လည်း ၁ လ ၊ ၁ မျိုး ဖြစ်ဖြစ် တင်ပေးရင်လည်း
အဆင်ပြေနိုင်ပါတယ်။

ကျနော် စဉ်းစားပြီးသိလာတာကို အစ်ကိုတို့နဲ့
တိုင်ပင်ရုံသက်သက်ပါနော် ၊ ပွင့်ပွင့်လင်းလင်းပြောတာကို စိတ်မခု
စိတ်မဆိုးပါနဲ့လို့ ထပ်တောင်းပန်ပါတယ်



အဲဒီ့တော့ Forum ထဲမှာ ရှိတဲ့ Post တွေသာကောင်းလာမယ်ဆိုရင် Member
အလိုလို ၀င်လာမှာပါ... ကျနော်တို့ကိုယ်တိုင်က Pro ကျတဲ့
ပိုစ့်တွေရေးရမယ်ဗျ.
ကျနော်တို့ ဖြစ်တဲ့ Admin ၊ Moderator & Helper တွေကသာ ပိုစ့်ကောင်းကောင်းရေးလာနိုင်ရင် Member မ၀င်မှာ မစိုးရိမ်ရတော့ပါဘူး. အဲဒါကြောင့် အပေါ်ကကိစ္စ အဆင်ပြေမှ ဖြစ်မယ်လို့ပြောတာပါ။


အခုဆိုရင် mmso မှာ ကျနော် ကိုယ်တိုင် ၀င်ရေးပါတယ်. ပြီးတော့ သူတို့အောင်မြင်မှုကိုလေ့လာနေပါတယ်။
ကျနော့် အထင်ပြောရရင် ကျနော်တို့ နဲ့ သူတို့ နဲ့ က ဖိုရမ်ထောင်ထားတဲ့ ကာလ
သိပ်မကွာဘူးလို့ထင်တယ်ဗျ. အဲဒါကတော့ ကျနော် အထင်ပါ။ ကျနော်လည်း
သေချာမသိပါဘူး။
တကယ်ဆိုရင် User Interface နဲ့ အခင်းအကျင်း ကအစ ၊ အခုဆိုရင် Loading Time မှာပါ ကျနော်တို့က အသာစီးရထားပါတယ်။

အဲဒါဆိုရင် မေးစရာရှိလာပါပြီ

သူတို့က ဘာလို့ လူသိများလဲ.. ဘာလို့ တဟုန်ထိုး အောင်မြင် လာလည်း
စတာတွေပါ

အဲဒီ့ အဖြေကတော့ ခုနက ကျနော် ပြောသလိုဘဲ... သူတို့ ဆီက Post တွေက Pro
ကျပါတယ်။ လူလည်း စုံတယ်ဗျ.. (ဥပမာ : brb, blackdevil, cyberhunter) သူတို့
အားလုံးက တော်ကြပါတယ်။ ကျနော်တို့ရဲ့ လက်ရှိ အခြေအနေထက်
အများကြီးတော်ပါတယ်။ လေ့လာမှုလည်းသူတို့က ပိုအားကောင်းတယ်။
အဲလို လေ့လာမှုမှာ သူတို့ကသာသွား ပြန်တော့ ပြန်လည် ဖြန့်ဝေမှုမှာပါ သူတို့က
သာသွားပါတယ်။ အဲဒီ့ အခါ သူတို့ Post တွေက လူတွေ အတွက် လေ့လာချင်စရာ
ဖြစ်လာပါတယ်။
အဲဒီ့လို ဖြစ်လာတဲ့ အခါမှာတော့ လူတိုင်းရဲ့ ပါးစပ်ထဲကို MZ ရောက်သွားသလို MMSO ဆိုတာလည်း ရောက်သွားပါတယ်။

ဒါက ကျနော် ကိုယ့်ဖိုရမ်ကို မကောင်းပြောနေတာမဟုတ်သလို ၊ ဖိုရမ်
မင်ဘာတွေနဲ့ အစ်ကိုတို့ကို စော်ကားနေတာလည်း မဟုတ်ပါဘူး။
ဖိုရမ်ကြီးပိုကောင်းလာအောင် လုပ်ပေးချင်တဲ့ စိတ်တအားထက်သန်
နေလို့ဖြစ်နေတာပါ။

အဲဒီ့တော့ ကျနော်ကလည်း Exam ပြီးတာနဲ့ Pro ကျမယ့် ပိုစ့်တွေ
စရေးပါတော့မယ် ။ အဲဒီ့လိုဘဲ အစ်ကိုတို့ကလည်း တတ်နိုင်သလောက်ရေးကြပါ။
အပေါ်မှာ ပြောခဲ့သလိုဘဲ အခုရေးထားတာတွေက မကောင်းဘူးပြောတာမဟုတ်ပါဘူး။
အခုရေးတာတွေက အလွန် ကောင်းပါတယ် ၊ လေ့လာဖို့ အတွက် လုံလောက်ပါတယ် ဆိုတဲ့ အဆင့်ကို ရောက်နေပါပြီ။ အစ်ကိုတို့ ဆောင်ရွက်ပေးရမှာက အရမ်းအရမ်း ကောင်းပါတယ် ၊ ဒါကို လေ့လာလိုက်တာနဲ့ ဘာကိုမှ ထပ် လေ့လာစရာမလိုလောက်အောင် ပြည့်စုံကောင်းမွန်ပါတယ် ဆိုတဲ့ အဆင့် မျိုးကို ရောက်အောင် လိုတာပါ။

အိုကေပါ ကျနော့် အမြင် ကျနော့် အတွေးကို ဒီလောက်နဲ့ ဘဲရပ်လိုက်ပါတော့မယ်။
ကျနော် ဘာကို ဆိုလိုတယ်ဆိုတာ အစ်ကိုတို့ အားလုံးနားလည်ကြမယ်ထင်ပါတယ်။
အားလုံးရဲ့ အမြင်လေးတွေ စတင်ပေးပါဗျာ။ (ဖိုရမ် အတွက် လူရှာတုန်းလေး ဒါကို ဆွေးနွေးထားတာပေါ့။ လူရရင် အကောင်အထည်ဖော်ကြမယ်လေ။)

ကျနော့်ကို ပံ့ပိုးကူညီကြသော အစ်ကိုတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။

$ƴǩǾ

>>>> SUMMARY <<<<

စာရှည်သွားလို့ လိုရင်းမရောက်မှာ စိုးလို့ အတို ပြန်ကောက်ပေးလိုက်ပါတယ်။

- ဖိုရမ်ကို ကူညီနိုင်မယ့် သူတွေ အရင် ရှာကြရပါမယ်။
- Member များလာအောင် Pro ကျမယ့် Post တွေ ရေးကြရပါမယ်။
- မရေးနိုင်ရင်တောင်မှ အနည်းဆုံးတော့ Member တွေအားလုံးရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ကြရပါမယ်။
- အရေးအကြီးဆုံးကတော့ ဖိုရမ် အုပ်ချုပ် သူတွေ စည်းလုံးရမယ်ပေါ့ဗျာ။ Very Happy



http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
ကျနော် တစ်ခုပြောဖို့ လိုသွားတယ်

ကျနော် အခု လောလောဆယ်တင် ထပ် စဉ်းစားမိလာတာပါ


ကျနော်တို့ ဖိုရမ်မှာ ရေးထားတဲ့ ပိုစ့် Type က ဘာလဲ ဆိုတာ သိသွားလို့ပါ။

ကျနော်တို့ ဖိုရမ်မှာလက်ရှိရေးထားတဲ့ Post Type က Blog ဆန်ဆန်ရေးထားတာပါ။
အပြန်အလှန်ဆွေးနွေးကြဖို့ ရေးနေတာမဟုတ်လို့ပါ။ ကျနော်တို့ ဖိုရမ် Type က တစ်မျိုးဖြစ်နေတာပါ။ Forum မဟုတ်ဘဲနဲ့ Blog အကြီးစားတစ်ခုဖြစ်နေလို့ပါ။

အဲလိုရေးတာ မကောင်းဘူးမဟုတ်ပေမယ့် ကျနော်တို့ဖိုရမ်က Help Forum မှမဟုတ်တာ။ ကျနော်တို့က အဲလိုတွေရေးထားကြတော့ လိုချင်တဲ့သူက လာရှာ။ တွေ့ရင်ယူသွားကြ။ ဘာမှပြောစရာမလိုဘူး။ အဲလိုမျိုးဖြစ်နေတာပါ။ အဲဒီ့တော့ ရေးတဲ့သူက ရေးရတာ မပျော်တော့ဘူး ဖြစ်ကုန်တာပါ။

ကျနော် လက်တလော ထပ်စဉ်းစားမိလို့ရေးလိုက်ပါတယ်။

ထင်မြင်ချက်တွေပေးကြပါဦး...

http://www.myanmaritresource.info

N@Y Y!N3

N@Y Y!N3
Moderator



Moderator
အင်း ကျနော် ထင်တာတော့ Pro Post တွေ ရေး နိုင်မဲ့လူမျိုးတွေ များ များ တိုးသင့်တယ်ထင်ပါတယ် .. ကျနော်လည်း ကြိုးစားပြီးရေးပေးပါ့မယ်ဗျာ .. ဟုတ်ပါတယ် $ƴǩǾ ပြောတာတွေ မှန်ပါတယ် ... လူတွေ ထပ်ခန့်ပြီးရင်တော့ ပိုကောင်းလာမယ်ထင်တယ် .. ခုလောလောဆယ်တော့ စာမေးပွဲ အပြီးကို စောင့်ရမှာပဲ Very Happy

sHa92

sHa92
Founder



Founder
ကျနော် စာမေးပွဲပြီးသွားပြီဖြစ်ပါတယ်။

ဟိုရက်က ကျနော်ရေးခဲ့တာ တစ်ရက်ကျော်ကြာခဲ့ပါပြီ.. အဲဒါကို ကိုနေရိုင်းတစ်ယောက်ဆီကဘဲ ပြန်စာရတယ်။
အဟင့် ၀မ်းနည်းလိုက်တာ

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
မဟုတ်ပါဘူး ညီ ရာ အကိုလည်း ဒီနေ့ မှ ၀င်ကြည့်မိလို့ပါ .... ဒီလကတော့ ခဏ ပဲ ၀င်နိုင်လို့ ပါ ... ညီ ပြောတာ မှန်ပါ တယ် .. ပညာတစ်ခု ကို အဲလို မျိုး pro ကျကျ ရေးနိုင်မှ ဖတ်တဲ့လူတွေ က အဲဒီအပိုင်းနဲ့ ပတ်သတ်ပြီးတော့ လူတွေ က စိတ်ဝင်စားလို့ လာကြတဲ့ လူတွေလည်း ရှိလာမယ် နောက် သူ တို့တွေ အနေနဲ့ မသိတာကလေးတွေ ကိုလည်း မေးချင်တာတွေ ကို မေးလို့ရမယ် .. နောက်ထပ် လေ့လာမယ့်လူတွေကိုလည်း သူတို့ က လမ်းညွန် မယ် .. အဲလိုမျိုးပေါ့ ... ကောင်း ပါတယ် .. အကို တို့တွေ လည်း နောက်ပိုင်းမှာ တော်တော် ကလေး သိလာတဲ့ အချိန် pro ကျတာ ကလေးတွေကို ရေးပေးပါ့မယ်......... အခု ကတော့ အိယော ဖောရော ဖြစ်နေတုန်းပဲ ဟီးဟီး ....

alt.332

alt.332
Administrator



Administrator
pro post တွေရေးပြီးရင်ကျွန်တော့်လည်းပြောကြနေ်.. Smile

http://www.myanmaritresource.info

ဘီလူး

ဘီလူး
Reviewer



Reviewer
ဒီလိုလုပ်ရင်ကော......ကျွန်တော်တို့ အခုတက္ကသိုလ်တွေဖွင့်တော့မယ်ဗျ....အဲကျွန်တော်ကကွန်ပျူတာက
ဆိုတော့....ကျွန်တော်တိုကွန်ပျူတာတက္ကသိုလ်မှာ....MITR ရဲ့  လက်ကမ်းစာစောင်ဝေဖို့ စဉ်းစားထားပါတယ်....အဲနည်းနည်းလေးပိုက်ပိုက်ပြသာနာကြောင့်ကျွန်တော်...black in white ပဲလုပ်ဖို့ အစီအစဉ်ရှိပါတယ်ဗျာ.....local ဆင်းမယ်ဗျာ...ဟီးဟီး....အဲ့ဒါကျွန်တော်ဘယ်လိုလုပ်သင့်တယ်ဆိုတာ..အကြံလေးပေးကြပါအုံး...အိမ်က
ကွန်ပျူတာကောင်းသွားပြီဆိုတော့ကိုယ့်ဘာသာကိုယ်ရိုက်ပြီး...တစ်ရွက်ကို print ပေါ့နောက်ဟာတွေကို
copy ပေါ့....ဟီးဟီး....လုပ်ကြည့်မလားလို့ ပါ....

Guest

Anonymous
Guest
လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်
ကျနော်လည်း ဒီနှစ် ကွန်ပျူတာတက်မှာဆိုတော့ ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ စဉ်းစားစရာလိုပါလိမ့်မယ်။ ဘာလဲဆိုတော့ အခု ၂၀၁၀ နဲ့နီးလာပါပြီ။ ဒီဟာနဲ့ ပါတ်သတ်ပြီးတော့ တစ်ခုခုဖြစ်မှာကို ပူရပါလိမ့်မယ်။ ဥပမာ - လူစုတယ်ဆိုပြီးတော့ ပေါ့လေ။
ကျနော်ကြားတာတွေကိုပြောတာနော်။ တစ်မျိုးမထင်နဲ့။

နောက်တစ်ခုက အခုတောင် ၂၀၁၀ ကြရင် အင်တာနက်ဆိုင်မှာ သုံးတဲ့သူတွေအားလုံး မှတ်ပုံတင်ရမယ် လို့တောင်ကြားတယ် ၊ အဲဒီ့ကိုလည်း ကျနော်တို့ဘက်က တစ်ချက်လောက် စဉ်းစားရမယ်နော်။

ကိုဘီလူးပြောတာကိုတော့ ကျနော်ထောက်ခံပါတယ်။ ဒီလိုလဲ လုပ်ချင်ပါတယ်။
ဒါပေမယ့် ကျနော် ဆိုက်ကို ကို့ ခဏခဏ ပြောပါတယ်။ ကျနော်တို့ဘက်က အထိုင်သိပ်မကျသေးပါဘူး။
ဥပမာ တော့ပစ်လွဲနေတဲ့ ပိုစ့်တွေ ၊ pro မကျသေးတဲ့ ပိုစ့် ၊ စာလုံးပေါင်းတွေ ကမောက်ကမ ဖြစ်နေတဲ့ ပိုစ့်တွေပေါ့။ အဲလိုပိုစ့်တွေကို အရင်ပြင်ပြီးခါမှ ကြော်ငြာဖို့ကိစ္စကို လုပ်ချင်ပါတယ်။

နောက် အားလုံး ပြည့်စုံပြီဆိုရင်လည်း ကြော်ငြာကို သေသေချာချာရေးပါမယ်။ကျနော်စဉ်းစားထားတာ ကိုအကြမ်းဖျင်း ပြောပြပါ့မယ်။ ဥပမာ - သင်တို့ အနေနဲ့ Pen ကို partition ခွဲလိုသလား ၊ double click နိုပ်ရုံနဲ့ window ပျက်သွားနိုင်တဲ့ code တွေကို မြင်ဖူးသလား ၊ googling လုပ်ပြီး hacking တွေကို ရှာမနေပါနဲ့ အွန်လိုင်းမှာ ရှိသမျှ ဟက်ကင်းတွေအားလုံးကို မြန်မာဖိုရမ်တစ်ခုမှာ တင်ရနိုင်ပါတယ်။ ဒီလို ဒီလိုလေးတွေပေါ့...............။ နောက်တစ်ခုက ကျနော်တို့ ဖုန်းကဏ္ဍ ကိုလည်း အနည်းငယ် လုပ်ရပါအုံးမယ်။ အခုအရမ်းကိုနည်းနေပါသေးတယ်။ wallpaper လှလှလေးတွေ ၊ ring tone တွေ ကို ဒီမှာ တင်ပေးနိုင်ရင် အိုကေပါတယ်။ဒီ့အတွက်လည်း စဉ်းစားထားပါတယ်။

ဒီလိုဖုန်း ပိုင်းကို ဦးစားပေးမယ်ဆိုတာကလည်း ကြော်ငြာတာတွေကို ဆေးတက္ကသိုလ် အထိပါကြော်ငြာချင်တာပါ။ အဲလိုဆိုရင်တော့ လူတော်တော်များများစိတ်ဝင်စားတဲ့ ဖုန်းကိုတော့ နည်းနည်းလုပ်ပေးရပါလိမ့်မယ်။

အားလုံးပြည့်စုံပြီဆိုရင်တော့ ကျနော်တို့စပြီး လူစခေါ်ပါမယ်။ ကိုယ့် ဂျီမေလ်း လစ်ထဲမှာ ရှိတဲ့သူတွေ အားလုံးကိုဖိုရမ်ကနေ ကြော်ငြာပါ့မယ်။ အဲဒီ့အချိန်နဲ့ ကြော်ငြာဝေမယ့် အချိန်နဲ့ကို ကွက်တိလုပ်ပါမယ်။
နောက်ကျနော် ဖိုရမ် facebook တစ်ခုလောက် လုပ်ထားရင်ကောင်းမလားလို့ စဉ်းစားထားတယ်။ အဲဒီ့အပြင်ကို ဖိုရမ်ဂျီတောလ့်တစ်ခုလည်းလုပ်ဖို့စဉ်းစားထားပါသေးတယ်။ ကိုယ်ဖြစ်နေတဲ့ အခက်အခဲတွေကို အဲဒီ့မှာဆွေးနွေးကြမယ်။ နောက် အက်ဒမင်တွေ meeting ထိုင်မယ်။ နည်းပညာနဲ့ ပါတ်သတ်ပြီးတော့ ဆွေးနွေးကြမယ်ပေါ့။ အဲလိုလေးတွေ အများကြီးစဉ်းစားထားပါသေးတယ်။ တစ်ခုပြီး တစ်ခုလုပ်သွားနိုင်ဖို့ကတော့ အက်ဒမင်ပိုင်းနဲ့ ပဲ ပါတ်သတ်ပါလိမ့်မယ်။ ကျနော်တို့ အားလုံး အတူတူသာ ကြိုးစားလုပ်နိုင်မယ်ဆိုရင် ကျနော်က ဒီဖိုရမ်ကို မြန်မာဖိုရမ်တွေထဲမှာ နည်းပညာနဲ့ ပါတ်သတ်ပြီး မသိတဲ့သူ မရှိရဖြစ်အောင် နာမည်အကြီးဆုံး အကောင်းဆုံးဖို၇မ်လို့ နာမည်ထွက်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က လိုအပ်ချက်တွေသာပြည့်စုံမယ်ဆိုရင်ပေါ့ ..........

စဉ်းစားထားတာတွေကတော့ တော်တော်များပါတယ်။ကိုယ်က စဉ်းစားတိုင်းသာ ဖြစ်မယ်ဆိုရင်တော့ .......... အဲဒါကြောင့် ကိုယ့်စိတ်ကိုယ်လျှော့ပြီး လိုက်လုပ်နေပါတယ်။ နောက်တစ်ခုက အခုလိုမောဒ့်တွေ ၀ိုင်းလုပ်ပေးကြတာကို ကျနော်ကျေးဇူးတင်ပါတယ်။ အပေါ်ကဟာလေးတွေက လည်းစဉ်းစားထားတာတစ်ချို့ ကိုချပြတာပါ။ ကိုယ့်ဘက်ကသာ ပြီးပြည့်စုံမယ်ဆိုရင်တော့ အားလုံးက အိုကေပဲ။

ဘီလူး

ဘီလူး
Reviewer



Reviewer
ဟုတ်တော့လည်းဟုတ်သားပဲ.....ဒီနှစ်ကွန်ပျူတာတက်မယ်ဆိုတော့....ကျွန်တော်တို့ လို ကုလားထိုင်ခြေ
ထောက်တွေကကြိုဆိုပါတယ်ဗျာ.......

ကျွန်တော့် ရဲ့  helper mail ကိုလည်းကြေညာထားတာအခုထိဘယ်သူ့ မှ add မလုပ်ကြဘူး......

sHa92

sHa92
Founder



Founder
/-\††@Cl<3r wrote:လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်
ကျနော်လည်း ဒီနှစ် ကွန်ပျူတာတက်မှာဆိုတော့ ကူညီပေးနိုင်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ စဉ်းစားစရာလိုပါလိမ့်မယ်။ ဘာလဲဆိုတော့ အခု ၂၀၁၀ နဲ့နီးလာပါပြီ။ ဒီဟာနဲ့ ပါတ်သတ်ပြီးတော့ တစ်ခုခုဖြစ်မှာကို ပူရပါလိမ့်မယ်။ ဥပမာ - လူစုတယ်ဆိုပြီးတော့ ပေါ့လေ။
ကျနော်ကြားတာတွေကိုပြောတာနော်။ တစ်မျိုးမထင်နဲ့။

နောက်တစ်ခုက အခုတောင် ၂၀၁၀ ကြရင် အင်တာနက်ဆိုင်မှာ သုံးတဲ့သူတွေအားလုံး မှတ်ပုံတင်ရမယ် လို့တောင်ကြားတယ် ၊ အဲဒီ့ကိုလည်း ကျနော်တို့ဘက်က တစ်ချက်လောက် စဉ်းစားရမယ်နော်။

ကိုဘီလူးပြောတာကိုတော့ ကျနော်ထောက်ခံပါတယ်။ ဒီလိုလဲ လုပ်ချင်ပါတယ်။
ဒါပေမယ့် ကျနော် ဆိုက်ကို ကို့ ခဏခဏ ပြောပါတယ်။ ကျနော်တို့ဘက်က အထိုင်သိပ်မကျသေးပါဘူး။
ဥပမာ တော့ပစ်လွဲနေတဲ့ ပိုစ့်တွေ ၊ pro မကျသေးတဲ့ ပိုစ့် ၊ စာလုံးပေါင်းတွေ ကမောက်ကမ ဖြစ်နေတဲ့ ပိုစ့်တွေပေါ့။ အဲလိုပိုစ့်တွေကို အရင်ပြင်ပြီးခါမှ ကြော်ငြာဖို့ကိစ္စကို လုပ်ချင်ပါတယ်။

နောက် အားလုံး ပြည့်စုံပြီဆိုရင်လည်း ကြော်ငြာကို သေသေချာချာရေးပါမယ်။ကျနော်စဉ်းစားထားတာ ကိုအကြမ်းဖျင်း ပြောပြပါ့မယ်။ ဥပမာ - သင်တို့ အနေနဲ့ Pen ကို partition ခွဲလိုသလား ၊ double click နိုပ်ရုံနဲ့ window ပျက်သွားနိုင်တဲ့ code တွေကို မြင်ဖူးသလား ၊ googling လုပ်ပြီး hacking တွေကို ရှာမနေပါနဲ့ အွန်လိုင်းမှာ ရှိသမျှ ဟက်ကင်းတွေအားလုံးကို မြန်မာဖိုရမ်တစ်ခုမှာ တင်ရနိုင်ပါတယ်။ ဒီလို ဒီလိုလေးတွေပေါ့...............။ နောက်တစ်ခုက ကျနော်တို့ ဖုန်းကဏ္ဍ ကိုလည်း အနည်းငယ် လုပ်ရပါအုံးမယ်။ အခုအရမ်းကိုနည်းနေပါသေးတယ်။ wallpaper လှလှလေးတွေ ၊ ring tone တွေ ကို ဒီမှာ တင်ပေးနိုင်ရင် အိုကေပါတယ်။ဒီ့အတွက်လည်း စဉ်းစားထားပါတယ်။

ဒီလိုဖုန်း ပိုင်းကို ဦးစားပေးမယ်ဆိုတာကလည်း ကြော်ငြာတာတွေကို ဆေးတက္ကသိုလ် အထိပါကြော်ငြာချင်တာပါ။ အဲလိုဆိုရင်တော့ လူတော်တော်များများစိတ်ဝင်စားတဲ့ ဖုန်းကိုတော့ နည်းနည်းလုပ်ပေးရပါလိမ့်မယ်။

အားလုံးပြည့်စုံပြီဆိုရင်တော့ ကျနော်တို့စပြီး လူစခေါ်ပါမယ်။ ကိုယ့် ဂျီမေလ်း လစ်ထဲမှာ ရှိတဲ့သူတွေ အားလုံးကိုဖိုရမ်ကနေ ကြော်ငြာပါ့မယ်။ အဲဒီ့အချိန်နဲ့ ကြော်ငြာဝေမယ့် အချိန်နဲ့ကို ကွက်တိလုပ်ပါမယ်။
နောက်ကျနော် ဖိုရမ် facebook တစ်ခုလောက် လုပ်ထားရင်ကောင်းမလားလို့ စဉ်းစားထားတယ်။ အဲဒီ့အပြင်ကို ဖိုရမ်ဂျီတောလ့်တစ်ခုလည်းလုပ်ဖို့စဉ်းစားထားပါသေးတယ်။ ကိုယ်ဖြစ်နေတဲ့ အခက်အခဲတွေကို အဲဒီ့မှာဆွေးနွေးကြမယ်။ နောက် အက်ဒမင်တွေ meeting ထိုင်မယ်။ နည်းပညာနဲ့ ပါတ်သတ်ပြီးတော့ ဆွေးနွေးကြမယ်ပေါ့။ အဲလိုလေးတွေ အများကြီးစဉ်းစားထားပါသေးတယ်။ တစ်ခုပြီး တစ်ခုလုပ်သွားနိုင်ဖို့ကတော့ အက်ဒမင်ပိုင်းနဲ့ ပဲ ပါတ်သတ်ပါလိမ့်မယ်။ ကျနော်တို့ အားလုံး အတူတူသာ ကြိုးစားလုပ်နိုင်မယ်ဆိုရင် ကျနော်က ဒီဖိုရမ်ကို မြန်မာဖိုရမ်တွေထဲမှာ နည်းပညာနဲ့ ပါတ်သတ်ပြီး မသိတဲ့သူ မရှိရဖြစ်အောင် နာမည်အကြီးဆုံး အကောင်းဆုံးဖို၇မ်လို့ နာမည်ထွက်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က လိုအပ်ချက်တွေသာပြည့်စုံမယ်ဆိုရင်ပေါ့ ..........

စဉ်းစားထားတာတွေကတော့ တော်တော်များပါတယ်။ကိုယ်က စဉ်းစားတိုင်းသာ ဖြစ်မယ်ဆိုရင်တော့ .......... အဲဒါကြောင့် ကိုယ့်စိတ်ကိုယ်လျှော့ပြီး လိုက်လုပ်နေပါတယ်။ နောက်တစ်ခုက အခုလိုမောဒ့်တွေ ၀ိုင်းလုပ်ပေးကြတာကို ကျနော်ကျေးဇူးတင်ပါတယ်။ အပေါ်ကဟာလေးတွေက လည်းစဉ်းစားထားတာတစ်ချို့ ကိုချပြတာပါ။ ကိုယ့်ဘက်ကသာ ပြီးပြည့်စုံမယ်ဆိုရင်တော့ အားလုံးက အိုကေပဲ။

ငါ့မှာ Wallpaper လေးတွေတော့ ရှိတယ်။ တင်ကြည့်ဦးမယ်။ Very Happy
ဆေးကျောင်းဆိုရင်တော့ မင်းဆော် ကူညီမယ်ထင်တယ်။ Very Happy

စဉ်းစားထားတာတွေ ကိုဘီလူးကော အတက်ကာကော ကောင်းပါတယ်။
ကူညီကြတာ ကျေးဇူးဗျာ။
MZ တင်မကဘူး ၊ မြန်မာမှာ ရှိသမျှ ဖိုရမ်ထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ်။

အခု programming ပြိုင်ပွဲကိုလည်း လူတိုင်းစိတ်ဝင်စားလာပြီ.
MZ ကလူတွေတော်တော်များများတောင် ရောက်လာတယ်။
ကျနော့်ကိုလည်း ၀ိုင်းကူကြပါဦး။ Smile Smile

http://www.myanmaritresource.info

K0ht3t

K0ht3t
Moderator



Moderator
/-\††@Cl<3r wrote:.။ နောက်တစ်ခုက ကျနော်တို့ ဖုန်းကဏ္ဍ ကိုလည်း
အနည်းငယ် လုပ်ရပါအုံးမယ်။ အခုအရမ်းကိုနည်းနေပါသေးတယ်။ wallpaper
လှလှလေးတွေ ၊ ring tone တွေ ကို ဒီမှာ တင်ပေးနိုင်ရင်
အိုကေပါတယ်။ဒီ့အတွက်လည်း စဉ်းစားထားပါတယ်။

အဲဒီ့ အတွက် ကို မပူ ပါနဲ့ အကို အတတ်နိုင်ဆုံးရှာပေးပါ့မယ် .. ပြီးတော့ မေးလ် ကနေပြီးတော့ ပို့မယ်ဆိုရင် လည်း အကို Fwd mail တွေ စုထားတာ ရှိတယ် .. ပြီးတော့ အလင်းစေတမန် ကနေပြီးတော့ ထပ်ပြီး ကြေငြာလိုက် မယ် .. [You must be registered and logged in to see this image.]

Guest

Anonymous
Guest
အတိုင်းထက်အလွန်ပေါ့ဗျာ ။အခုကျနော် စီးပွားရေးသမားတွေနဲ့ နည်းနည်းအဆက်အဆံပြုနေပါတယ်။ အဆင်သာပြေမယ်ဆိုရင်တော့ ဖိုရမ်မှာ ကိုယ်ဖြစ်နေတဲ့ ဖုန်းပြဿနာတစ်ခုကိုတင်လိုက်တာနဲ့ ချက်ခြင်း ဖြေပေးနိုင်မှာပါ(ရုံးချိန်အတွင်းမှာပေါ့) ကြိုးစားဆဲပါ။


နောက်တစ်ခုက အခုဖိုရမ်မှာ မလိုအပ်တဲ့ ပိုစ့်တွေရှိပါတယ်။ဥပမာ announcement တို့ ၊ admin ခန်းထဲက တစ်ချို့ပိုစ့်တွေပေါ့။ အဲဒါတွေကို တစ်ခြားတစ်နေရာကိုရွှေုထားချင်ရွှေုထားမယ်။ ဖျက်တော့မဖျက်ချင်ဘူး။ နောက်ဖိုရမ်ကို တိုက်ခိုက်ပြီး ၊ တစ်ခြားအန္တရယ်ဖြစ်စေနိုင်တယ့်ပိုစ့်တွေထားဖို့ နေရာတစ်နေရာလောက်လည်းထည့်ချင်ပါတယ်။ ဆိုက်ကိုကိုပြောဖူးပါတယ်။reborn လုပ်ချင်တာပါ။
အဆင်ပြေလို့ ခွင့်ပြုမယ်ဆိုရင် ကျနော် တစ်နာရီအတွင်းအပြီးလုပ်နိုင်ပါတယ်။ ဘယ်လိုသဘောရှိလဲ မသိဘူး။မဖျက်ဘဲ တစ်နေရာမှာထားမှာဖြစ်တဲ့အတွက် ပြန်စစ်လို့လဲရမှာပါ။

နောက်တစ်ခုကတော့ ကျနော်ပြောထားပါတယ်။Forum Member တွေအတွက် Downloading Service ကိုစီစဉ်ပေးနိုင်မယ်ဆိုရင် ကိစ္စတစ်ခုကိုအကောင်အထည်ဖော်ချင်ပါတယ်။ အဲဒါကတော့ ဖိုရမ်မှာ ပိုစ့်တစ်ခုမတင်ဘဲ 0 post နဲ့နေနေကြတဲ့ မန်ဘာ အယောက် ၂၀၀ကျော်ရှိပါတယ်။ သူတို့ကို ပါဝင်ရေးသားဖို့ ကျနော်တို့ ဆွဲဆောင်ဖို့လိုပါတယ်။ နောက်ပြီး inactive ဖြစ်နေတဲ့ userတွေဆီကို မေလ်းပို့ဖို့ စာဘယ်လိုရေးရရင်ကောင်းမလဲဆိုတာကို ၀ိုင်းစဉ်းစားပေးစေချင်တယ်။ သူတို့င်္ဆီကို email ပို့ပြီးဖိုရမ်မှာ ပြန်ဝင်ကြည့်ဖို့ပြန်ခေါ်ပါမယ်။

နောက်တစ်ခုက ဖိုရမ်မှာပြင်စရာတွေရှိပါတယ်။ အဲဒါတွေကိုတော့ နောက်မှပဲပြောပြတော့မယ်။ Very Happy

K0ht3t

K0ht3t
Moderator



Moderator
အဲ ......... အဲဒါ ကျတော့ ဘယ်လို လုပ်ရမလဲ မသိ ... မြန်မာချက်အွန်လိုင်းလို ဆိုရင်တော့ ကိုယ်ရေးစာမျက်နှာ အလှ ပြိုင်ပွဲ ဆိုပြီးတော့ လုပ်လို့ရသေးတယ် Razz Razz .. ဘယ်လိုလုပ်ကြမလဲ [You must be registered and logged in to see this image.] ပြောသလိုပဲ မေးလ် ပို့ပြီးတော့ ဆွဲ ဆောင်ကြည့်လိုက်တာပေါ့ ပြီးမှ အရေးပါတဲ့သိသင့်သိထိုက်တဲ့ Zone တစ်ခုခု ကို ဖိုရမ် မှာ အကျိုးရှိတဲ့ ပိုစ့် ၁၀ ခု တင်မှ ဖတ်လို့ရမယ်တို့ ဘာတို့ ပေါ့ .... Smile Smile

N@Y Y!N3

N@Y Y!N3
Moderator



Moderator
ကျနော် နည်းနည်း စမ်းပြောကြည့်မယ်ဗျာ .. Forum Download ကို ပိုစ့်အရေအတွက်သတ်မှတ်ပြီး ပေးလိုက်ရင် activity များလာမှာပါ .. ဒါပေမယ့် ဖတ်တော့ဖတ်သင့်တယ်လို့ထင်တယ်
ဘာလို့လဲ ဆိုတော့ မန်ဘာဝင်ထားတာကို ..
နောက် တစ်ခု က မေးလ်ပို့မယ်ဆိုရင် သင့် rank ဘယ်လောက်ရှိပြီဆိုတာပါ ..ထည့်ရေးသင့်တယ်ထင်တယ် ..

နောက် Download ဆွဲဖို့ ကိစ္စကို ကျနော်လည်း နယ်မှာ ဆိုပေမယ့် အချိန်ရှိပါတယ် .. ဆွဲခိုင်းမယ်ဆို ဆွဲပေးဖို့ အသင့်ပါပဲ .. ခုထဲက ဆွဲလို့ရမယ့်အပိုင်းတွေ ဆွဲချင်တယ် ..

nay@zaw

nay@zaw
VIP Member



VIP Member
ကျနော် အနေနဲ့ကတော့ဒေါင်းလုပ်ထက် တောင်တဲ့လူ အရေအတွက်ကနည်းနေတယ် ။
ဖြစ်နိုင်ရင် mediafire direct link တွေရှာပေးလိုက်ပါ Smile
ဒေါင်းလိုက် အပ်လုပ်လုပ်လိုက် နဲ့ညီအကိုတွေ မပင်ပန်းဘူးပေါ့ ။
ဆောတီနော် ။ ပြောမှားဆိုမှာရှိရင် ။ ဒီနေ့ ကျနော် နည်းနည်း သောက်လာမိတယ် ။
မှားရင်ဆောတီနော် ။

Guest

Anonymous
Guest
ဒါနဲ့ ကျနော်ဖိုရမ်မှာတင်တဲ့ ပိုစ့်တော်တော်များများက အင်တာနက်ဂျာနယ်က ကောင်းနိုးရာရာလေးကိုစုပြီးတင်ပေးတာပါ။ ဒါပေမယ့် ဟိုးတစ်နေ့ကတော့ သူများပြောတာခံလိုက်ရတယ်။
သူဘာပြောလဲဆိုတာကိုတော့ မပြောချင်ဘူး။ အကုန်လုံးကိုတော့ မေးချင်တယ်။ ဒီအင်တာနက်ဂျာနယ်က နေ ကိုယ့်ဘာသာကိုယ် အလုပ်အရှုပ်ခံ စာရိုက်ပြီးတင်ပေးနေတာတွေကို ရပ်လိုက်ရင်ကောင်းမလား ၊ ဆက်လုပ်ရရင်ကောင်းမလားဆိုတာကို သိချင်ပါတယ်။

K0ht3t

K0ht3t
Moderator



Moderator
မရပ်ပါနဲ့ ညီ ရယ် .. ဆက်ပြီးသာလုပ်ပါ .. ကိုယ့် အလုပ်ကိုယ် သာ ကိုယ် ဆက်လုပ်ပါ ညီ .. သူများတွေက ပြောချင်ရင်တော့ ပြောမှာပဲ ညီ ရေ .. လူတွေက ဒီအတိုင်းပဲ ..သူ တို့ကျတော့ ကိုယ့်လို
လုပ်နိုင်လားဆိုတော့ လုပ်နိုင်တာမဟုတ်ပဲ သူများကိုသာပြောချင်ကြတာ ကိုယ့်ထက်သာမှာကို မနာလိုကြဘူးလေ ... ဆက်သာလုပ်ညီ ...

GO ! GO! Your aims ! IGNORE ! IGNORE ! Whatever of gossips !

sHa92

sHa92
Founder



Founder
kohtet wrote:GO ! GO! Your aims ! IGNORE ! IGNORE ! Whatever of gossips !
စာသားကိုတော့ ကြိုက်တယ်ဗျာ။
တစ်နေရာရာမှာ သိမ်းလို့ရအောင် သိမ်းသွားပြီ။ Razz Razz Razz

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com