Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
အောက်မှာ ရေးသားမှာကတော့ Guide Line အသစ်ပါ... ကျနော်ရေးသားလာတာပါ... Moderator တွေနဲ့ Admin တွေကို ပြင်ဆင်ဖြည့်စွက်ပေးဖို့ အရင် ပြသရခြင်းဖြစ်ပါတယ်။
လိုအပ်သည်များ ၀င်ရေးသွားကြပါ။ ပြီးလျှင် အကောင်းဆုံး Guide Line ထုတ်ကြရအောင်ဗျာ.

____________________________________________________Start Below______________________________________________________________
vvvvvvvvvv


အားလုံးသော Myanmar IT Resource အသင်းဝင်များ မင်္ဂလာပါခင်ဗျာ...

ကျနော်တို့ Myanmar IT Resource ဖိုရမ်တွင် Member အများစုသည် စာရေးသားမှုနှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးနိုင်မှုတို့မှာ အချိန်အနည်းငယ်သာရှိကြပြီး ပုံမှန်ရေးသား ဖြန့်ဝေပေးနေသော သူများမှာ လူနည်းစုသာ ဖြစ်ပါတယ်။ ထိုလူနည်းစုတွင်မှ ဖိုရမ်ရဲ့ အုပ်ချုပ်သူအပိုင်းမှ လူမှာ (၇၀) ရာနှုန်းခန့်ဖြစ်ပြီး အခြား အသင်းသားများ၏ ဆွေးနွေးချက်များမှာ အလွန့်အလွန်နည်းနေသည်ကို တွေ့ရပါတယ်။ ထိုသို့ အသင်းသားများ Active မဖြစ်ခြင်း ၊ ပါဝင်ဆွေးနွေးမှုအားနည်းခြင်း စတဲ့အားနည်းချက်များ ရှိနေသည့်အတွက် များစွာသော လိုအပ်ချက်များနဲ့အတူ ဖိုရမ်သည် အချိန်အတိုင်းအတာ တစ်ခုအထိရောက်လာသည့်တိုင် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ၊ တိုးတက်မှုနှုန်းသည် အလွန်ပင် နှေးနေသည်ကို တွေ့ရှိရပါသည်။ ကျနော်တို့ ဖိုရမ်ရဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ အိုင်တီလောကကြီးကို တစ်ဖက်တစ်လမ်းမှ တိုးတက်စေလိုသော ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ထို့အတွက်လည်း ကျနော်တို့ အနေနဲ့ IT Only ကို သာ ဆွေးနွေးရန် ခေါင်းစဉ်များခွဲထုတ်ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဖိုရမ်ရဲ့ အသင်းသားများ နဲ့ မြန်မာနိုင်ငံရှိ IT ပညာကို လေ့လာလိုလျက်နဲ့ အမျိုးမျိုးသော မပြည့်စုံမှုတွေကြောင့် မလေ့လာနိုင်သေးသော သူများအတွက် ရှေ့ဆက်ဆောင်ရွက်ပေးရန် ကိစ္စများ မကုန်မခမ်းရှိနေပါသေးသည်။ ထို့အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ၊ ယခု လက်ရှိအခြေအနေကို အကောင်းဆုံးဆောင်ရွက်ရင်း နဲ့ အကျိုးကျေးဇူးများစွာပေးနိုင်သော ဖိုရမ်တစ်ခုဖြစ်စေရန် ယခု ကျနော်ရေးလိုက်သော Guideline ကို ဖတ်၍ အသင့်အတင့် အဆင်ပြေချောမွေ့လာပြီး ရှေ့ဆက်ရန် အဆင်သင့်ဖြစ်လာတဲ့ ဖိုရမ်တစ်ခု ဖြစ်လာရင်ဘဲ ၀မ်းသာပီတိဖြစ်မိပါပြီ။

ကျနော်တို့ ဖိုရမ်တွင် ယခင်ကလည်း Guideline တစ်ခုရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခင်ရေးသားခဲ့သော Guideline သည် Quote အဓိပ္ပါယ်နှင့် Post တင်ခြင်းနှင့် အနည်းငယ်သာ ဆိုင်သော အခြားသော အကြောင်းအရာများကိုသာ အလေးပေးရေးသားထား သည်ဖြစ်ရာ အကျိုးသက်ရောက်မှု သိပ်မရှိဟု ထင်ရသောကြောင့် ယခု Guideline ကို အသစ်ရေးသားပေးရခြင်းဖြစ်ပါတယ်။ ထို့အပြင် ယခင်ရေးသားထားသည့် Guideline သည် အခြားဖိုရမ်မှ သူတစ်ဦးရေးသား ဖူးသော Guideline ကို ပြန်လည်ကိုးကား၍ ရေးသားထားရသည့်အတွက်လည်း ကျနော်တို့ ဖိုရမ်နဲ့ အနည်းငယ်ကိုက်ညီမှုမရှိဘဲ လိုအပ်ချက်များလည်းရှိနေပါတယ်။ သို့ရာတွင် ယခုအသစ်တဖန် ရေးသားရာတွင် ယခင် Guideline မှ လည်းပြန်လည်ပါဝင်မည်ဖြစ်ပြီး အသစ်အသစ်သော ဖြည့်ဆည်းချက်များလည်း ပါဝင်မည်ဖြစ်ပါသည်။

နောက်ထပ်တစ်ခုပြောလိုတာက ယခုရေးသားလိုက်သော Guideline သည် မည်သည့် ပုဂ္ဂိုလ်ရေးမှမပါဘဲ ၊ ဖိုရမ်၏စည်းမျဉ်းစည်းကမ်း သဘောမျိုးလည်းမဟုတ်ပါ။ လိုက်နာစေလိုသော ၊ ဖြစ်သင့်သော ကိစ္စများကို ဖော်ပြဆွေးနွေးခဲ့ခြင်းသာဖြစ်ပါတယ်။ စည်းကမ်းတကျ လိုက်နာခြင်းမနာခြင်းသည် အသင်းသားများအပေါ်တွင်သာမူတည်နေပေသည်။ လိုက်နာခြင်းမရှိပါကလည်း မည်သို့သော အရေးယူမှုမျိုးများ မပြုလုပ်သော်လည်း အသင်းသားများအနေနဲ့ စည်းစနစ်ကျပါသော မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး လိုက်နာသင့်သည်ကို လိုက်နာသော လူပီသသောလူများ ဖြစ်သည်ဟု သတ်မှတ်ထားပါသောကြောင့် လိုက်နာသင့်သည်များကို လိုက်နာသွားမည်ဟုထင်မှတ်မိပါသည်။
____________________________________________________________________________________________________________________________________________________________

ကျနော့်အနေနဲ့ Forum မှာ ယခု ဖြစ်နေတာလေးတွေနဲ့ ဖြစ်သင့်တဲ့ကိစ္စတွေ ၊ ရှောင်သင့်တဲ့ ကိစ္စလေးတွေကို အရင်ဆုံးဖော်ပြပေးပါမယ်....

Topic အသစ်ဖွင့်ရာတွင် မတင်ခင် အရင်လေ့လာဆိုတဲ့ အချက်ကို Forum နဲ့ သက်ဆိုင်တဲ့ Rules တွေထဲမှာ ဖော်ပြပေးထားပြီးဖြစ်သော်လည်း မလိုအပ်သော Topic ထပ်ချင်းမျိုးများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။
ကျနော်တို့ ဖိုရမ်တွင် ကူညီပေးမည့်သူ မလောက်ငသည့် အခြေအနေမျိုးတွင် Member များမှ ထိုသို့ Topic များကို သေချာစွာကြည့်ရှုလေ့လာခဲ့ခြင်းမရှိဘဲ Topic အသစ်များထပ်မံဖွင့်ခြင်းမျိုးနဲ့ ကြုံရသောအခါ ထို Topic များကို လိုက်လံ ဖျက်ရာတွင် အခက်အခဲများစွာကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံ၏ Internet Connection နှေးကွေးသည့် ကြားတွင် ထိုသို့ ထပ်နေသော Topic များကို လိုက်လံဖျက်ခြင်း ပိတ်ခြင်းများ လုပ်ရသည့်အတွက် အကျိုးမမျှော်ကိုးဘဲ ဖိုရမ်ကို စေတနာအဓိကထားကူညီနေသော သူများမှာ အလွန်ဒုက္ခရောက်နေရပါတယ်။ ထို့အပြင် ထိုသို့ Topic ကိုထပ်တင်သောသူနှင့် ဖိုရမ်ကို ကူညီစောင့်ရှောက်နေသူတို့သည် လူချင်းရင်းနှီးနေပါက ထို Topic ကို ဖျက်ရမည် ၊ မဖျက်ရမည် ဒွိဟများဖြစ်ကာ အတော်ပင် အကျပ်ရိုက်စေခဲ့ပါသည်။ (ဥပမာ- Registry ပြုပြင်ခြင်းကိစ္စမျိုးတွင် ပထမအနေနဲ့ ၁ ယောက်က တင်ခဲ့သည်။ နောက်တစ်ရက်တွင် နောက်တစ်ယောက်က ထို Topic နှင့် သံတူကြောင်းကွဲ ၊ ပုံစံဆင်ဆင်လေး (ရေးသားပုံသာကွာ) ရေးသားခဲ့ရာ ကျနော်တို့ မည်သို့ လုပ်ရမည်မသိသဖြင့် ထို Topic ဆင်တူ ၂ ခုကို ပေါင်းပေးခဲ့ရဖူးသည်) ထို့ အတွက် Member များအနေနှင့် ဖိုရမ်တွင် စေတနာ ၊ မေတ္တာ ကိုသာ အဓိကထားပြီး ပီတိကိုစားနေကြသော သူတို့ကို စာနာထောက်ထားပြီး ၊ ထိုသူတို့၏ အချိန်များကို အလဟသ မကုန်ဆုံးစေဘဲ အခြားဖိုရမ်တိုးတက်ရေးကိစ္စများ ပြုလုပ်နိုင်ရန် အထက်ပါကိစ္စမျိုး မဖြစ်ပွားအောင် ဂရုတစိုက်လုပ်ပေးဖို့ ပြောလိုပါတယ်။ ဤ Guideline ထုတ်ဝေပြီးသည်မှစ၍ နောင်အခါများတွင်မူ ဖိုရမ်အား ကူညီနေသူများနှင့် မည်မျှပင်ရင်းနှီးပါစေ ပုဂ္ဂိုလ်ရေးအရထောက်ထားခြင်းမျိုး ရှိတော့မည်မဟုတ်ဘဲ နောက်မှ တင်ပြီး ထပ်နေသော Topic ကိုသာ ဖျက်သိမ်းမည်ဖြစ်ပါသောကြောင့် Topic အသစ်မတင်ခင်တွင် ထို Topic သည် Forum ထဲတွင် ရှိမရှိ အရင်ဆုံးကြည့်ပေးပါလို့ ပြောချင်ပါတယ်။

နောက်ထပ် မဖြစ်သင့် မဖြစ်ထိုက်ဘဲ ဖြစ်နေတာလေးတစ်ခုကတော့ ဆွေးနွေးချက်စထားတဲ့ ခေါင်းစဉ်နဲ့ မဆိုင်သော တခြားကိစ္စများကို ၀င်ရောက်မေးမြန်းခြင်း နဲ့ Topic တင်တဲ့ အခါ သက်ဆိုင်ရာခေါင်းစဉ် အောက်မှာ မတင်ကြခြင်းဘဲ ဖြစ်ပါတယ်။ အဲဒါကတော့ အဖြစ်ပိုများနေပါတယ်။
မနေ့ကတင် "အလိုရှိသည်" ဆိုတဲ့ Topic ထဲမှာ E-Mail လာတောင်းနေတာမျိုးတွေ့နေရပါတယ်။ ကျနော်တို့ ဖိုရမ်က မြန်မာလိုသာ အများဆုံးရေးထားတဲ့ ဖိုရမ်တစ်ခုပါ ၊ ဘာလို့ အဲလို အမှားမျိုးတွေကို Member တွေက ပြုလုပ်ကြရတာလဲ။ မတော်တဆ သတိမမူမိလို့လား ၊ ဒါမှမဟုတ် မြန်မာလိုကိုဘဲ နားမလည်ကြတဲ့ တိုင်းရင်းသားမို့လို့လား ၊ ကွန်ပြူတာ အခုမှ စကိုင်ပြီးတော့ အင်တာနက် အခုမှ စသုံးတဲ့ သူတောင် ထိုသို့ အမှားမျိုးလုပ်မည်မထင်ပါ။ အဲဒါကြောင့် အဲလိုကိစ္စဖြစ်တာ ဘာကြောင့်လဲလို့ ကျနော် အကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ် ၊ တစ်ခါတစ်လေဆိုရင် တမင်များလုပ်လေသလားတောင် ထင်မိပါတယ်။ အဲဒီ့လိုမျိုးတွေ မဆိုင်တဲ့ Topic တွေအောက်ကို ၀င်ရေးခြင်း များဟာလည်း အပေါ်မှာပြောခဲ့သလိုဘဲ ဖိုရမ်ကို ကူညီနေတဲ့ သူတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးမရှိ ဖြုန်းတီးပစ်ရာကျပါတယ်။ နောက်တစ်ချက်အနေနဲ့ Topic တင်တဲ့အခါတွေမှာ သက်ဆိုင်ရာ Category တွေ အများကြီးသေချာ ရှင်းရှင်းလင်းလင်းခွဲပေးထားပါရက်နဲ့ မဆိုင်တဲ့ Category တွေအောက်ကို လာပြီးတော့ Topic အသစ်တွေ ဖွင့်ခြင်း ၊ Category ၂ ခု ၊ ၃ ခုတွင် Topic တစ်ခုတည်းကို ထပ်ခါတလဲလဲ တင်ခြင်းတွေကိုလည်းတွေ့နေရပါတယ်။ ကျနော်တို့ ဖိုရမ်ဟာ ပြည့်စုံသော အိုင်တီအရင်းအမြစ်များစုပေါင်းရာနေရာ ဖြစ်လာစေဖို့အတွက် အသင်းသားတွေ စိတ်တိုင်းကျ ကျွမ်းကျင်သော နယ်ပယ်မှ ဆွေးနွေးဖို့ Category ပေါင်း မြောက်များစွာကို ဖွဲ့စည်းပေးထားပြီးဖြစ်သော်လည်း လိုအပ်ချက်များရှိနေမှာ စိုးရိမ်သောကြောင့်ပင် "အထွေထွေ" ဆိုသော Category တစ်ခု ခွဲထားပေးပါတယ်။ အကယ်လို့များ အသင်းသားတွေ အနေနဲ့ မိမိရေးချင်တဲ့ အကြောင်းအရာကို မည်သည့်ထဲတွင်ရေးရမည်ကို မသိသော အခါ ထိုအထဲတွင်ရေးရန် စီစဉ်ပေးထားသည့်ကြားကပင် မဆိုင်သော Category တွေအောက်ကို Topic တစ်ခုရောက်သွားပြီးရော ၊ မိမိရေးချင်တာရေးလိုက်ရရင် ပြီးရော ဆိုသည့် သဘောမျိုးဖြင့် တင်နေကြပါသည်။ Topic အသစ်တင်ခြင်း ၊ Reply လုပ်ခြင်း ၊ ထင်မြင်ချက်ပေးခြင်း ၊ ဝေဖန်ခြင်း စသည်တို့ အတွက် အထူးကျေးဇူးတင်ပါသော်လည်း ထိုသို့ ပြုလုပ်ကြသောအခါ အသင်းသားများကလည်း တင်လိုစိတ်ဖြင့် ၊ သိစေလိုသောစိတ်ထား သဘောထားဖြင့်တင်ကြသည် ဖြစ်သော်လည်း မဆိုင်သည့်နေရာတွင် တင်လိုက်ခြင်းက ဖိုရမ် ကို ကူညီနေသောသူများအား ပို၍ပို၍ပင် အနှောက်အယှက်များကြုံစေပါသဖြင့် သေချာကြည့်ရှုပြီးမှ တင်စေလိုကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

ထို့အတွက် Topic တွေနဲ့ ပတ်သက်လို့ အကျဉ်းချုပ်အနေနဲ့ ပြောချင်တာကတော့

- အကြောင်းအရာတစ်ခုကို အသစ်ဖွင့်ပြီးရေးတော့ မည်ဆိုပါက ထိုအကြောင်းအရာသည် ယခင်က Forum ထဲတွင် ဆွေးနွေးခဲ့ဖူးခြင်းရှိမရှိကို သေချာရှာပေးပါ။
- Forum ထဲတွင် မရှိသေးသော အကြောင်းအရာဖြစ်ကြောင်း သေချာ၍ စတင်ဆွေးနွေးမည်ဆိုပါကလည်း ထိုအကြောင်းအရာသည် မည်သည့် Category မျိုးတွင် ထည့်သွင်းဆွေးနွေးသင့်သည် ၊ မည်သို့သော ခေါင်းစဉ်မျိုးတပ်သင့်သည် ဆိုတာတွေကို သေချာစဉ်းစားပြီးမှ သက်ဆိုင်ရာနေရာတွင် ဆွေးနွေးခြင်းစတင်ပေးပါ။
- ရှိပြီးသား အကြောင်းအရာတစ်ခုထဲကို ၀င်ရောက်ဆွေးနွေးတော့မည်ဆိုလျှင်လည်း မိမိဆွေးနွေးမည့်ကိစ္စသည် Topic နှင့်ကိုက်ညီမှုရှိမရှိ အရင်ဆုံးကြည့်ပြီးမှ ၀င်ရောက်ဆွေးနွေးစေလိုပါတယ်။

____________________________________________________________________________________________________________________________________________________________

သိလိုသည်များကို မေးမြန်းရာမှာ ဖြစ်လေ့ရှိနေတာနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။
ဖိုရမ်စဖွင့် ချိန်မှစ၍ ယနေ့ အချိန်အထိ အချို့သော အသင်းဝင်များသည် မေးခွန်းများကိုမေးသည့်အခါ အနည်းငယ်လောက်သာ ပြောသွားကြပြီး မေးခွန်းအပြည့်အစုံကို မေးမြန်းခြင်း မတွေ့ရှိရပါ... ကျနော့် အနေနဲ့ အကြံပေးချင်တာက ဖြေပေးမည့် သူမှ ပြန်လည်၍ပင် မေးခွန်းထုတ်စရာ မလိုတော့ဘဲ တစ်ခါတည်း အဖြေပေးနိုင်လောက်အောင် အကြောင်းအရာတိကျစွာနဲ့ ပြည့်စုံတဲ့မေးခွန်းများကိုသာမေးသင့်ပါသည်...
သို့မှသာ ပြန်လည်ဖြေကြားပေးမည့် သူအတွက်လည်း အထောက်အကူဖြစ်သလို ၊ မေးခွန်းမေးသော သူသည်လည်း လိုချင်သော အဖြေကို အမြန်ဆုံးနည်းနဲ့ ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။

____________________________________________________________________________________________________________________________________________________________

အခု ဆက်လက် ပြီးတော့ ပြောသွားမှာကတော့ ယခင် Guideline မှာ ပါခဲ့ဖူးတာတွေကိုလိုအပ်သည်များကို ပြင်ဆင်ပြီး ပြောသွားမှာဖြစ်ပါတယ်။

Quote များဖြင့်ဖော်ပြရတွင်...
သူတစ်ပါး၏ရေးသားချက်များကို Quote လုပ်ပြီး ဆွေးနွေးမှုများကို မြန်မာ Forum များ၊ Blog များတွင် အမြောက်အများတွေ့ရှိရသလို ဤဖိုရမ်တွင်လည်း တွေ့လာရပြီဖြစ်ပါသည်။ သူတစ်ပါး၏ ရေးသားထားသော အချက်များကို Quote လုပ်ပြီး ပြန်လည်ဖော်ပြသည်ဆိုသည်မှာ မူရင်းပြောထားသည့် အချက်များကို ဝေဖန်နိုင်ရန် (သို့မဟုတ်) ကိုးကားနိုင်ရန် (သို့မဟုတ်) ထပ်ဆင့် ဆင့်ပွားပြောဆိုနိုင်ရန် Main Point ကို ကူးယူဖော်ပြကြခြင်း ဖြစ်ပါသည်... သို့သော် အချို့သော Quote များသည် Main Point ကို ကူးယူဖော်ပြခြင်းသာ မဟုတ်တော့ဘဲ အကုန်လုံးနီးပါး ကူးချထားသည့်အတွက် အလွန်ရှည်နေသည်ကို တွေ့ရပါသည်... ထို့ကြောင့် သူတစ်ပါးရေးသားထားသည်များကို Quote လုပ်ပြီးဖော်ပြလိုပါက Main Point ကိုသာ ကူးယူဖော်ပြသင့်ပြီး ထို အချက်များကိုသာ အဓိကထားဆွေးနွေးသွားစေလိုပါတယ်။

စာအရေးအသား ရေးသားရာတွင်...
ဆွေးနွေးချက်များကို ရေးသားဖော်ပြရာတွင် Personal တိုက်ခိုက်ထားခြင်းများ၊ ကြမ်းတမ်းသည့်စကားလုံးများ၊ ရိုင်းစိုင်းသော စကားလုံးများ ၊ နိုင်ငံရေးနှင့်ဆက်နွယ်သည်များကို မပြောသင့်ဆိုသည့်အချက်ကို ဖိုရမ်၏စည်းကမ်းချက်များတွင် ထည့်သွင်းပြီးဖြစ်၍ အထူးထပ်မံ ပြောနေရန် မလိုအပ်တော့ပါ။ ထိုအချက်တို့အပြင် ထပ်မံဖြည့်စွက်ချင်သည်မှာ၊ ဆွေးနွေးချက်များကိုရေးသားရာတွင် အတက်နိုင်ဆုံး မြန်မာလိုပဲ ပြောဆိုဆွေးနွေးပေးသင့်ပြီး ၊ အပျော်တမ်းစိတ်အပန်းဖြေမှုသဘောမျိုးရှိသည့် Chat လောကတွင် အသုံးပြုကြသော Myanglish ကို လုံးဝမသုံးကြဖို့ပြောကြားလိုပါတယ်။ ထို့အပြင် Tutorial များရေးသားရာတွင်လည်း ကူးယူထားသည် ဖြစ်စေ ၊ ကိုယ်တိုင်ရေးထားသည်ဖြစ်စေ မြန်မာလိုအတတ်နိုင်ဆုံးရေးပေးကြပါ။ ကျနော်တို့ကိုယ်တိုင်လည်း ယခုကစပြီး မြန်မာလိုစစ်စစ်ကိုသာ အသုံးပြုသွားမှာပါ။ ယခင်က English လို ဖော်ပြခဲ့ဖူးသော တိုက်ရိုက်ကူးယူဖော်ပြဖူးသည့် Post များနှင့် ကိုယ်တိုင်ဆွေးနွေးခဲ့ဖူးသော English လို Post များကိုလည်း မြန်မာလို ပြောင်းလဲပေးသွားမှာဖြစ်လို့ ၊ အသင်းသားများကလည်း ကျနော်တို့ နည်းတူ မြန်မာလိုသာ ရေးသားပေးစေလိုပါတယ်။ မည်သည့် နိုင်ငံခြားဖိုရမ်က ကူးယူခဲ့သည့် Post ဖြစ်စေ ဗဟုသုတအလို့ငှာ လက်ခံပေးထားသော်လည်း မြန်မာလိုသာ ဘာသာပြန်ပေးလိုက်လျှင် English စာကို အားနည်းသော ကျနော်တို့ မြန်မာလူမျိုးတွေအတွက် လေ့လာရာမှာ ပိုမိုလွယ်ကူသွားစေမှာ အမှန်ဖြစ်ပြီး၊ ဖိုရမ် ရဲ့ ရည်ရွယ်ချက်ကိုလည်း ၁၀၀ ရာနှုန်းအထောက်အပံ့ပေးနိုင်မှာပါ။

ထို့ကြောင့် နောက်ဆုံးအနေနဲ့ ပြောကြားချင်တာကတော့ Myanmar IT Resource ဖိုရမ်ကြီးကို ကောင်းမွန်ပြည့်စုံလာပြီး စတင်တည်ထောင်ခဲ့ကတည်းက ယနေ့အထိ ဖြစ်ပေါ်လာသော ရည်ရွယ်ချက်များ အထမြောက်ပြီး ကောင်းမွန်စွာရှင်သန်နေစေရန်အတွက် အသင်းသားတိုင်း ဤ Guideline ကို သေချာစွာ ဖတ်ရှုပြီး ပါရှိသည့် အချက်များကို လိုက်နာဆောင်ရွက်ပေးမည်ဟုထင်မိပါသည်။

မှတ်ချက်၊၊ ၊၊ ဤ Guideline ကိုရေးသားရာတွင် ကျနော့်အတွက် ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် အခြားဖိုရမ်များမှ Guideline မျိုးစုံရေးသားပုံများ ၊ နည်းစနစ်များကို ကိုးကားပြီး ပါဝင်သင့်သော အချို့စကားလုံးများကိုလည်း တိုက်ရိုက်ထည့်သွင်းထားရပါသည်။ ယခင်ဖော်ပြခဲ့ဖူးသော Guideline သည် MITP ၏ Guideline ကို ပြင်ဆင်ရေးသားထားခြင်းအဆင့်မျှသာဖြစ်ပြီး ယခုတွင်မူ တစ်ကိုယ်တည်းရေးသားသည့် ပထမဆုံး Guideline ဖြစ်သည့်အတွက် အမှားအယွင်းများလည်းပါရှိနိုင်သည်ကို နားလည်ပေးစေလိုပါသည်....

http://www.myanmaritresource.info

sHa92

sHa92
Founder



Founder
လုပ်ဦးလေ
ဝိုင်းပြီး Edit လုပ်ပေးပါဦးဆိုမှ
ဘယ်သူမှလည်း မရေးကြဘူး။

http://www.myanmaritresource.info

N@Y Y!N3

N@Y Y!N3
Moderator



Moderator
အင်း အားလုံးကောင်းပါတယ် .. တစ်ခု အကြံပေးချင်တာက ကျေးဇူးတင်တယ်ဆိုရင် Thank နှိပ်ပေးရမယ့်အကြောင်းလေး နည်း နည်း ထည့်ရေး ရင် ကောင်းမယ်ထင်တယ်ဗျ
နောက် chat ထဲလည်း ၀င်ပြီး ရင်းနှီးအောင်လုပ်ကြဖို့ပေါ့ မန်ဘာတွေ ..

ကျနော်တော့ အဲလို ဆီလျော်အောင်မရေးတတ်တော့ အကြံပဲပေးလိုက်တာပါ ဗျာ [You must be registered and logged in to see this image.]

ဘီလူး

ဘီလူး
Reviewer



Reviewer
ကောင်းလည်းကောင်းပါတယ်..................
တောင်းလည်းတောင်းပန်ပါတယ်.........
portable တွေတိုက်သွားတဲ့အတွက်ရယ်......portable တွေမှာ English လိုတွေချည်းလုပ်ထားတဲ့အတွက်ပါ....ဖျက်သင့်ရင်လည်းဖျက်လိုက်ပါ့မယ်

ကိုနေရိုင်းရေဘယ်လိုလုပ်မတုန်းပို့ စ်တိုက်နေတာ......ကျွန်တော့်ဟာကိုဖျက်လိုက်ရမလားပြန်ပြောပါအုံး

sHa92

sHa92
Founder



Founder
အဲဒါတွေကို ရည်ရွယ်ပြောတာဟုတ်ဘူးနော်
အဲလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ...
စိတ်ဆိုးနဲ့
တခြားသူတွေကို General အနေနဲ့ ပြောလိုက်တာ

http://www.myanmaritresource.info

ဘီလူး

ဘီလူး
Reviewer



Reviewer
အာ မဟုတ်ဘူးဟ ငါကစိတ်ဆိုးလို့ ပြောတာမဟုတ်ဘူး...........တိုက်နေလို့ ပြီးတော့ ကိုနေရိုင်းတင်ထားတဲ့ဟာကငါ့ဟာတွေထက်ပိုကောင်းနေလို့ ပြောတာပါကွ............အချင်းချင်းဘာမှ
စိတ်ဆိုးစရာမရှိပါဘူးကွာ

N@Y Y!N3

N@Y Y!N3
Moderator



Moderator
ဘီလူးရေ ... ဟိုတုန်း က ငါ သေချာ မကြည့်မိလိုက်လို့ တောင်းပန်ပါတယ် ... ပညာမျှဝေတယ် ဆိုတာလည်း အတူတူပါပဲဗျာ .. ဘယ်ဟာပိုကောင်းတယ် ဆိုတာ မရှိပါဘူး ဗျာ [You must be registered and logged in to see this image.] ကျနော်လည်း ဘာမှ မဟုတ်ပါဘူး .. ကျနော်လည်း နောက် ဆင်ခြင်ပါ့မယ်ဗျာ [You must be registered and logged in to see this image.]

K0ht3t

K0ht3t
Moderator



Moderator
အကို့ သဘော က တော့ ကိုယ် သတိ ထားမိစေချင်တဲ့ အချက်ကလေးတွေ ကို နံပါတ်စဉ်ကလေးတွေ နဲ့ တပ်ပြီးတော့ ပြောစေချင်တယ် ညီ ... လူတွေ က ဖိုရမ်တွေကို ၀င်ရင် အဲဒီ့ စည်းကမ်းတွေကို သိပ်ပြီးတော့ ဖတ်ဖြစ်ကြတာမဟုတ်ဘူး လေ .. တခါတလေ ကျရင် အဲဒီ့ စည်း ကမ်းကလေးတွေ က ရှည် နေရင် ပိုပြီးတော့ မဖတ်ချင်ကြတော့ ဘူး ...နဲ နဲ လေး ချုံ့ ရရင် ချုံ ကြည့်ပါလား .. အကြံ ပေးကြည့်တာပါ ...

sHa92

sHa92
Founder



Founder
အခုလို အကြံပေးတာ ကျေးဇူးပါကိုထက်
ကျနော် ချုံ့လို့ရသလောက် ချုံ့လိုက်ပါမယ်။
အစ်ကိုတို့လည်း အစ်ကို့တို့ တွေ့တာလေးတွေကို အချက်အလက်နဲ့ ပြောပေးပေါ့

http://www.myanmaritresource.info

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com