Myanmar IT Resource Forum
Myanmar IT Resource Forum
Myanmar IT Resource Forum

You are not connected. Please login or register

View previous topic View next topic Go down  Message [Page 1 of 1]

sHa92

sHa92
Founder



Founder
မြန်မာနိုင်ငံမှာ ၅သိန်းတန် CDMA အသုံးပြုမှု မြင့်တက်လာမှု၊ EvDO စနစ် အသုံးပြုလာမှုများနှင့်အတူ၊ ဈေးနှုန်းသက်သာပြီး အဆင့်အတန်းမြင့်မြင့် အသုံးပြုလို့ရတဲ့ Android ဖုန်းများဟာ နေရာယူလာတာတွေ့ရပါတယ်...

အသုံးအများဆုံးဖုန်းတွေကတော့ Huawei C-8500 နဲ့ C-8600 တို့ဘဲဖြစ်ပါတယ်... ဈေးနှုန်းအားဖြင့် C-8500 က ၁ သိန်းဝန်းကျင်နဲ့ရရှိတဲ့အတွက် အသုံးများပြီး၊ C-8600 ကတော့ ပိုက်ဆံတတ်နိုင်ပြီး Screen ကြီးကြီးမှာ ကောင်းကောင်းသုံးချင်တဲ့ သူတွေအသုံးများပါတယ်.. ဈေးကလည်း ၂ သိန်းခွဲဝန်းကျင်လို့ထင်ပါတယ်.. (ကျွန်တော်တော့ ခုထိ တစ်လုံးမှမကိုင်နိုင်သေးဘူး.. Razz)

အဲဒီ့လို အသုံးပြုမှုမြင့်တက်လာတဲ့အတွက်၊ ဖုန်းနဲ့ပတ်သက်တဲ့ အခက်အခဲဟာလည်း အတော်များများတွေ့လာရမှာဖြစ်ပါတယ်... (ဥပမာ။ မြန်မာဖောင့်သွင်းခြင်း၊ root လုပ်ခြင်း၊ application install လုပ်ခြင်း၊ စသည်)

iPhone တို့ဘာတို့မှာဆို jailbreak လုပ်တာကို ၃ သောင်းခွဲလား၊ ဘယ်လောက်လဲတော့မသိဘူး တောင်းတယ်ထင်ပါတယ်... Free ရတဲ့ Application တွေတင်တာကို ဈေးတစ်မျိုးနဲ့လည်း တောင်းကြပါသေးတယ်....

အခု Android လည်း အလားတူပါဘဲ.. root လုပ်ခြင်း၊ မြန်မာဖောင့်မြင်ရစေရန် ပြုလုပ်ခြင်း၊ firmware upgrade လုပ်ခြင်းစတာတွေကို ဈေးတစ်မျိုးနဲ့တောင်းလေ့ရှိပါတယ်.. ပြီးတော့ လိုချင်တဲ့ Application များရှိရင်လည်း Google Android Market က မြန်မာကနေ Access လုပ်မရတဲ့အတွက် ဆိုင်တွေကို Free Version ဖြစ်နေရင်တောင် ပိုက်ဆံပေးရလေ့ရှိပါတယ်....

အော်.. ငါ့နှယ် အတော်ရှည်နေပြီ.. လိုရင်းကို မရောက်ဘူး...
အဲဒီ့တော့ အထက်ပါပြဿနာတွေအားလုံးအတွက် Website လေးတစ်ခုရှိပါတယ်... [You must be registered and logged in to see this link.] ဖြစ်ပါတယ်...
များသောအားဖြင့်တော့ Application တွေတင်ပေးလေ့ရှိပါတယ်... ကိုယ်လိုချင်တဲ့ Application ကိုလည်း တောင်းဆိုလို့ရပါတယ်.. ဥပမာ.. ကိုယ်က Folder Management Apps တစ်ခုလိုချင်တယ်.. ဒါပေမယ့် ဘယ်ဥစ္စာက ကောင်းမှန်းမသိဘူး.. ဘယ်လိုရှာရမယ်မှန်းလည်းမသိဘူးဆိုရင် အဲဒီ့မှာ Folder Mgmt Apps လိုချင်လို့ပါဆိုပြီးတောင်းလိုက်ရုံပါဘဲ.. (သူတို့ တတ်နိုင်သလောက်ရှာပေးပါလိမ့်မယ်)

နောက်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဘဲ C-8600 အသုံးပြုသူတွေအတွက် os upgrade လုပ်ပုံလုပ်နည်းလေးလည်း ရေးပေးထားပါသေးတယ်...

အဲဒီ့ website ကိုတော့ ကျွန်တော့်သူငယ်ချင်း(mgpyone) နဲ့ အခြားပညာရှင်များက ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်..

[You must be registered and logged in to see this link.] နော်.. မှတ်ထားကြဦး.. Smile

http://www.myanmaritresource.info

မိုးတစ္ဆေ

မိုးတစ္ဆေ
MITR New User



ကျေးဇူးပဲ အကိုရေ
Root လုပ်တာကော အဲ့ဒီမှာပဲမေးလို့ ရတယ် မဟုတ်လား Very Happy

Fox

Fox
MITR Reader



MITR Reader
အတော်ပဲ xD
ဘယ်မှာမေးရမှန်းမသိဖြစ်နေတာ
ဒါနဲ့ အဲ့ဒီ
c 8500.... c8600 ဆိုတာတွေကို
huawei ရဲ့ website မှာမတွေ့ဘူးဖြစ်နေတယ်
ကျေးဇူးပြုပြီးရှာပေးပါ့လားဟင်....
ကျွန်တော် CDMA category နဲ့ UMTS(3G) category မှာရှာတာတော့မတွေ့မိဘူး
မျက်စိပဲလျှန်းလို့လား website ကပဲမှားနေတာလားမသိဘူး
ကျွန်တော်ရှာတာ ဒီဆိုဒ်ကနေပါ...
[You must be registered and logged in to see this link.]

sHa92

sHa92
Founder



Founder
ကျွန်တော်လည်းရှာဖူးတယ်ဗျ...
မတွေ့ဘူး... :S
ဒါပေမယ့် သူငယ်ချင်းတစ်ယောက်ပြောတာကတော့ ရှိတယ်တဲ့... ဟိုးအထဲထဲမှာတဲ့.. Page ပေါင်းများစွာရဲ့ subpage ပေါင်းများစွာ အောက်မှာတဲ့ Very Happy

http://www.myanmaritresource.info

yellownavy

yellownavy
MITR New User



Can I use that website for Droid Incredible 2? Thanks!

Yellow

Sponsored content


View previous topic View next topic Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum

 

Free forum | ©phpBB | Free forum support | Report an abuse | Forumotion.com